အသက် (၄၀) နောက်ပိုင်းမှ ကိုယ်ဝန်ဆောင်ခြင်းရဲ့ အားသာချက်နဲ့ အားနည်းချက်တစ်ချို့
chitmaymay.com
|
2019-12-25



အသက်အရွယ်တစ်ခုရလာတော့မှ ရင်သွေးလွယ်ခြင်းဟာ ယနေ့အချိန်မှာတော့ သာမန်ကိစ္စတစ်ခုလိုဖြစ်နေပါပြီ။ အခုလိုအသက်ကြီးမှ ကိုယ်ဝန်ဆောင်ရခြင်းရဲ့ အကြောင်းအရင်းတွေကလည်း တစ်ယောက်နဲ့တစ်ယောက် တူကြမှာမဟုတ်ပါဘူး။ အလုပ်ကြောင့်၊ လက်တွဲဖော်ကြောင့်၊ ကိုယ့်ဘဝရည်မှန်းချက်တွေဖြည့်ဆည်းဖို့ သို့မဟုတ် တာဝန်ယူဖို့အတွက် အဆင်သင့်မဖြစ်သေးတာကြောင့် စတဲ့ အကြောင်းအရင်းတွေ အများကြီးရှိနိုင်ပါတယ်။ ဒီနေရာမှာ အရေးကြီးတာက သင့်ဘဝဖြစ်ပြီး သင့်ရွေးချယ်မှုပါပဲ။ အကယ်လို့သင်က အသက် ၄၀ နောက်ပိုင်းမှ ကလေးယူဖို့အတွက် စဉ်းစားထားတယ်ဆိုရင်တော့ အသက်ကြီးမှကိုယ်ဝန်ဆောင်ခြင်းရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိထားသင့်ပါတယ်။

ကောင်းကျိုးများ




၁။ အသက်ရှည်ရှည်နေနိုင်မယ်

အသက်ကြီးမှကလေးရတဲ့ အမျိုးသမီးတွေဟာ အသက်ရှည်ရှည်နေနိုင်ဖို့ အခွင့်အလမ်းများနိုင်ပါတယ်။ သုတေသနအရ အငယ်ဆုံးကလေးကို အသက် ၂၉ နှစ်မတိုင်ခင်အချိန်မှာ မွေးဖွားခဲ့ပါက ၉၅ နှစ်ကို ထက်ဝက်ပိုင်းလိုက်သလိုပါပဲ။

၂။ မှတ်ဥာဏ်ချို့ယွင်းမှုကို လျှော့ချနိုင်တယ်

အသက် ၃၅ နှစ်နောက်ပိုင်းမှ ကလေးမွေးတဲ့အမျိုးသမီးတွေဟာ နှုတ်ရေးမှာအားသာတတ်ပါတယ်။ ဟော်မုန်းတွေက ဦးနှောက်ကိုသက်ရောက်စေတဲ့အတွက် အခုလိုကောင်းကျိုးဖြစ်လာရခြင်းပါ။ ဟော်မုန်းတွေသာမဟုတ်ဘဲ ဦးနှောက်အတွက် လိုအပ်တဲ့ Estrogenနဲ့ Progesterone တို့လည်း အပါအဝင်ဖြစ်ပါတယ်။

၃။ ပိုဥာဏ်ပညာရှိပြီး အတွေ့အကြုံပိုများတယ်

အသက်ကြီးလာလေလေ ဗဟုသုတတွေ၊ အတွေ့အကြုံတွေလည်း ပိုပိုပြီးများလာတယ်ဆိုတာကို ဘယ်လိုမှမငြင်းနိုင်ပါဘူး။ ၂၀ အရွယ်တုန်းကသင်နဲ့ ၃၀ အရွယ်တုန်းက သင်နဲ့ကို ယှဉ်ကြည့်လိုက်မယ်ဆိုရင် မတူညီမှုတွေကို တွေ့ရပါလိမ့်မယ်။ အသက် ၄၀ ကျော်အမျိုးသမီးတွေဟာ သူတို့ရဲ့သားသမီးတွေအပေါ် ပိုစိတ်ရှည်တတ်ပြီး စာနာထောက်ထားစိတ်အပြည့်နဲ့ ကလေးတွေကို ပြုစုပျိုးထောင်တတ်ပါတယ်။

၄။ ငွေကြေးပိုင်းဆိုင်ရာမှာလည်း တောင့်တင်းမှုရှိတယ်

အသက် ၄၀ ပြည့်ပြီဆိုတာနဲ့ အမျိုးသမီးအများစုမှာ အလုပ်တစ်ခုမြဲမြဲမြံမြံရှိနေပါပြီ။ ခဏခဏအလုပ်ပြောင်းတာ၊ တစ်ခုပြီးတစ်ခုလုပ်ကြည့်တာတွေ၊ ငွေရေးကြေးရေး မငြိမ်တာတွေ ဖြစ်လာတော့မှာမဟုတ်ပါဘူး။ အရာရာတည်ငြိမ်မှုရှိပြီဖြစ်တဲ့အတွက် အသက်ကြီးမှကလေးမွေးသည့်အခါ အလုပ်အကိုင်အပေါ် အထိခိုက်ခံလာနိုင်ပြီး ကလေးတွေအပေါ်မှာ ပိုပြီးအာရုံစိုက်ထားနိုင်မှာဖြစ်ပါတယ်။

အန္တရာယ်များ




၁။ ကိုယ်ဝန်ရဖို့ အလားအလာနည်းတယ်

နှစ်တွေကြာလာလေလေ ကိုယ်ဝန်ရနိုင်ဖို့ အခွင့်အရေးနည်းနည်းသွားလေဖြစ်ပါတယ်။ အသက် ၃၂ နှစ်ရောက်တဲ့အခါ မျိုးစိတ်က သိသိသာသာ လျော့နည်းလာမှာဖြစ်လို့ သန္ဓေအောင်ခြေနှုန်းကလည်း နည်းနည်းသွားနိုင်ပါတယ်။

၂။ ကိုယ်ဝန်ပျက်ကျနိုင်ခြေများတယ်

အသက် ၄၅ နှစ်ကျော်ပြီဆိုတာနဲ့ ကိုယ်ဝန်ပျက်ကျနိုင်ခြေကလည်း ၅၀ ရာခိုင်နှုန်းလောက်ထိကို မြင့်သထက်မြင့်လာနိုင်ပါတယ်။ ကိုယ်ဝန်ပျက်ကျခြင်းတစ်ခုတည်းသာမဟုတ်ဘဲ အသက်ကြီးလာလေလေ ခန္ဓာကိုယ်၊ သားအိမ်နဲ့ ဟော်မုန်းဓာတ်အလုပ်လုပ်မှုတို့ကပါ လျော့ကျလာနိုင်ပါသေးတယ်။

၃။ အရိုးပွဖို့ အခွင့်အလမ်းများတယ်

အသက်ကြီးမှကလေးမွေးခြင်းက အသက်အရွယ်တော်တော်ရပြီဖြစ်တဲ့ အမျိုးသမီးတွေဆီမှာ အရိုးပွရောဂါဖြစ်နိုင်ခြေကို တိုးစေပါတယ်။ သုတေသနအရ အသက် ၃၅ နှစ်နောက်ပိုင်းမှ ကလေးမွေးသူတွေဟာ စောစောမွေးသူတွေထက် ထိုရောဂါဖြစ်နိုင်ခြေ နှစ်ဆပိုများပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေချိန်အတွင်းမှာ အရိုးတွေကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

၄။ ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရောဂါဖြစ်လာနိုင်တယ်

ဒီလိုဆီးချိုအမျိုးအစားက ယာယီသာဖြစ်တတ်ပြီး အခြေအနေအများစုမှာတော့ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အင်ဆူလင်ပမာဏ လုံလောက်မှုမရှိခြင်းကြောင့် ပေါ်ပေါက်လာရတာဖြစ်ပါတယ်။ အသက် ၄၀ ကျော် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ဒီရောဂါအခြေအနေဖြစ်နိုင်ခြေက ၇၄ ရာခိုင်နှုန်းလောက်ထိရှိတယ်လို့ သုတေသနတွေမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရောဂါဖြစ်မဖြစ် စမ်းသပ်စစ်ဆေးပြီး ဆရာဝန်တွေနဲ့ ပြသတိုင်ပင်ပါ။

#Chit_May_May

#Thinzar

Ref- brightside




Some text some message..