ရေသောက်တယ်ဆိုတာ ကောင်းပေမဲ့ ရေသောက်ပုံသောက်နည်း ပြောင်းလိုက်တာနဲ့ ဝိတ်ကျစေနိုင်တဲ့အချက်ကို သိထားရင်တော့ ဝိတ်ချတဲ့နေရာမှာ ပိုပြီးထိရောက်နိုင်ပါတယ်။
၁ Quantity ရေကို ပမာဏဘယ်လောက်သောက်မလဲဆိုတာက အရေးကြီးပါတယ်။ ပုံမှန်ဆိုရင်တော့ ယောက်ျားတစ်ယောက်က တစ်နေ့မှာ ရေ ၃.၁ လီတာ သောက်သင့်ပြီးတော့ မိန်းမတစ်ယောက်က တစ်နေ့မှာ ၂.၇ လီတာသောက်သုံးပေးသင့်ပါတယ်။
ဒီရေ ပမာဏမျိုးသောက်သုံးတဲ့ အချိန်မှာ လေ့ကျင့်ခန်းတွေလည်းလုပ်ဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို ရေအနည်းဆုံး ဘယ်လောက်သောက်ရမလဲဆိုတာက သင့်ရဲ့ weight ကို 0.03 နဲ့မြှောက်ပြီး ရလာတဲ့ အဖြေအတိုင်း ရေကိုသောက်သုံးပေးသင့်ပါတယ်။ Tips အနေနဲ့ ဘယ်နေရာသွားသွား ရေဗူးကို သယ်သွားပါ။
၂ Fractionate the amount of water သင်က နေ့ဘက်ထက် ညဘက်မှာပိုပြီး ရေသောက်များတယ်ဆိုရင် ဒီလို ညဘက်မှ ရေများများသောက်ဖြစ်တာကို ရပ်သင့်ပါတယ်။ နေ့ဘက်မှာ အလုပ်များလို့ ရေမသောက်မိဘူးဆိုတာ နားလည်ပေမဲ့ ညဘက်မှာ ရေများများသောက်တာကို လျှော့ပေးပြီး နေ့ဘက်မှာပဲ ရေကိုများများသောက်ပေးပါ။
Tips အနေနဲ့ မနက်အိပ်ရာနိုးတိုင်း ရေ 150 ml သောက်ပေးပါ။