ကိုယ်ဝန်ဆောင်နေစဉ် ခရီးသွားခြင်းနှင့် ပတ်သက်ပြီးတော့ သင်သိထားသင့်တဲ့ အချက်တွေကို သိပါသလား။ ကိုယ်ဝန်ဆောင်နေစဉ် ခရီးသွားတာဟာ သူတို့နှင့် သူတို့ကလေးတွေအတွက် လုံခြုံမှုရှိမရှိ အမျိုးသမီးတွေက မကြာခဏတွေးကြတယ်။ ခရီးသွားတဲ့အခါ အန္တရာယ်ကင်းပြီး ပျော်စရာကောင်းဖို့အတွက် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ တစ်ချို့ကိစ္စလေးတွေအတွက် စဉ်းစားဖို့ အရေးကြီးပါတယ်။ ကြိုတင်ကာကွယ်မှုများက လက်ရှိကိုယ်ဝန်အဆင့်နှင့် မိခင်ရဲ့ ကျန်းမာရေးအခြေအနေနှင့် သယ်ယူပို့ဆောင်ရေးနည်းလမ်းပေါ်မှာ မူတည်ပါတယ်။ ခရီးသွားဖို့ အကောင်းဆုံးအချိန်ကတော့ သင်ဘယ်အချိန်မှာ ပထမသုံးလပတ်ဝင်မယ်ဆိုတာကို စဉ်းစားသင့်ပါတယ်။ အောက်မှာ ဆက်ပြီး ပြောပြပေးပါ့မယ်။
ပထမသုံးလပတ်
ပထမသုံးလပတ်မှာ သင်ခရီးရှည်မသွားသင့်ပါဘူး။ အကြောင်းကတော့ ကိုယ်ဝန်ပျက်ကျခြင်းတွေ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ကာလမို့ပါ။ နောက်တစ်ခုက ပထမသုံးလပတ်မျာ ရောဂါလက္ခဏာတွေဟာ ပိုမိုပြီးတော့ ပြင်းထန်ပါတယ်။ ပျို့ခြင်း ၊ အန်ခြင်းနှင့် အဆင်မပြေမှုတွေက ဘယ်လိုခရီးကို ဖြစ်စေနိုင်ပါတယ်။
ဒုတိယသုံးလပတ်
သင်ကိုယ်ဝန်ဆောင်နေတဲ့ အချိန်မှာ ခရီးသွားဖို့ လိုအပ်မယ်ဆိုရင် ဒုတိယသုံးလပတ်က အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ပထမသုံးလပတ်အတွင်း ဖြစ်တတ်တဲ့ စိတ်အနှောက်အယှက်ဖြစ်စေသော ရောဂါလက္ခဏာများ ပျောက်ကွယ်သွားပါတယ်။ ကိုယ်ဝန်ပျက်ကျမှုကိုလည်း သိသိသာသာ လျှော့ချပေးပါတယ်။ သင့်အနေနဲ့ သင့်ကိုယ်ဝန်ကို ရက်သတ္တပတ်များအတွင်း ရေတွက်လျှင် ဒုတိယ၁၂လမှရက်သတ္တပတ် ၁၂မှ ၂၈အထိကြာပါတယ်။ သင် လများအတွင်း ကိုယ်ဝန်ကို စောင့်ကြည့်နေလျှင်၄လမှ ၆လအထိ ကြာပါတယ်။ သင့်ရဲ့ ဒုတိယသုံးလပတ်အတွင်းမှာ သင်ရဲ့ ဝမ်းဗိုက်က ကြီးထွားဦးမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သင်မျှမျှတတနှင့် အဆင်ပြေစွာ ခရီးသွားနိုင်ပါလိမ့်မယ်။ သင့်အစီအစဉ်တွေနဲ့ ပတ်သက်ပြီး သင့်ရဲ့ မီးယပ် အထူးကုဆရာဝန်နှင့် စစ်ဆေးသင့်ပါတယ်။
တတိယသုံးလပတ်
အခုကာလကို ရောက်လာတဲ့အခါ ကိုယ်အလေးချိန်တက်ပြီး သွက်လက်မှုနည်းသွားပါတယ်။ သင်ဟာ ပင်ပန်းနွမ်းနယ်နေတယ် ခံစားရပြီး ရပ်နေတဲ့အခါ၊ လမ်းလျှောက်တဲ့အခါ၊ အဆင်မပြေနိုင်သော ဘယ်လို ခရီးကို မဆို မသွားသင့်တော့ပါဘူး။ ဒီအချိန်မှာ သင်ရဲ့ ဆေးကုသမှုမှတ်တမ်းနှင့် အရေးပေါ်အခြေအနေနှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများကို လက်ဝယ်ထားသင့်ပါပြီ။ တစ်ချိန်တည်းမှာပင် ဆေးကုသမှု ခံယူရန် ခက်ခဲစေသော ဝေးလံသော နေရာများကို ရှောင်ပါ။
ဘာနဲ့ ခရီးသွားမလဲ
လေယာဉ်- တစ်ချို့က လေယာဉ်နှင့် ခရီးသွားတဲ့ အခါ ကိုယ်ဝန်ပျက်ကျခြင်း၊ အချိန်မတန် မီးဖွားခြင်း ကို ဖြစ်စေနိုင်တယ်လို့ ယုံကြည်ကြပေမယ့်လည်း လေယာဉ်ပျံအခန်းများက ပတ်ဝန်းကျင်အခြေအနေများပေါ်မှာ မူတည်ပါတယ်။ လေထုဖိအား၊ အပူချိန်၊ အောက်စီဂျင်နှင့် ပတ်သက်သော ပြဿနာတွေ ကတော့ မရှိပါဘူး။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကတော့ လမ်းတစ်လျှောက်ထိုင်ခုံများကို ရွေးချယ်သင့်ပါတယ်။ ၃၆ပတ်ကနေပြီးတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို လေယာဉ်စီးခွင့် မပြုပါဘူး။
ကား-ကားနဲ့ ခရီးသွားတဲ့အခါ ကိုယ်ဝန်ဆောင်တွေအနေနဲ့ နှစ်နာရီတစ်ခါ မတ်တပ်ရပ်သင့်ပါတယ်။ သင့်ရဲ့ ခါးပတ်ကို သင့်ရဲ့ ခါးအောက်မှာသာ ထားပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ရက်သတ္တပတ် ၃၂ပတ်အထိသာ ကားစီးသင့်ပါတယ်။ အန္တရာယ်များကို ရှောင်ကြဉ်ဖို့ နောက်ဆုံးကိုယ်ဝန်ဆောင်ရက်သတ္တပတ်များအတွင်း ကားနှင့် ဝေးဝေးရှောင်ပါ။
မီးရထား- အထူးသဖြင့် အမြန်နှုန်းရထားများ၊ သူတို့ရဲ့ လှုပ်ရှားမှုတွေက ပုံမှန်ဖြစ်တယ်။ ပတ်ပတ်လည်လမ်းလျှောက်ဖို့ အခန်းတစ်ခန်းအဖြစ် ရေချိုးခန်းလည်း ပါဝင်ပါတယ်။
အရေးတကြီးလိုအပ်ချက်များ
ဘယ်နေရာကို သွားသွား လမ်းတစ်လျှောက် ရေယူပါ။ သင့်ခရီးစဉ်အတွင်း ရေဓါတ်ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ သက်တောင့်သက်သာ ဝတ်ဆင်ပါ။ သွေးလည်ပတ်မှုကို လျှော့ချနိုင်မယ့် အဝတ်အစားမျိုး ဝတ်ဆင်ပါ။ အစားအသောက် ရွေးစရာမလိုပါဘူး။ လမ်းလျှောက်ပါ။အခြေအနေအရ ကိုယ်ဝန်ဆောင် အမျိုးသမီးများဟာ ခြေထောက်တွေကို ဆန့်ပြီး လည်ပတ်စေပါ။ မည်သို့ပင် ဖြစ်စေကာမူ သင့်ရဲ့ ဆရာဝန်နှင့် အမြဲတမ်းစစ်ဆေးပါ။ ကိုယ်ဝန်ဆောင် တစ်ခုချင်းစီက ကွဲပြားခြားနားပြီး ၊ ကိုယ်ဝန်ဆောင်နေစဉ် ခရီးသွားခြင်းက သင်နှင့် သင့်ကလေးအတွက် လုံခြုံမှုရှိမရှိ ကို ပြောပြဖို့ အကောင်းဆုံးဆရာဝန်တစ်ဦး ဖြစ်ပါတယ်။
Chit_May_May
Nyein_Thu
sources-Youaremom