
သွားကျန်းမာရေးဆိုတာ ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုပါပဲ။ ကျွန်တော်တို့ နေ့စဉ်သွားလာလှုပ်ရှားနေရတဲ့အချိန်မှာ လူတွေနဲ့စကားပြောရင် ကိုယ့်ဆီက ခံတွင်းနံဆိုးတွေထွက်ရင် လူအထင်သေးသလို ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုတွေ ပျက်ပြားစေပါတယ်။ နောက်ပြီး သွားတွေ ဝါကျင်နေတာမျိုးနဲ့ သွားဖုံးတွေမသန်မာရင်အစားသောက်စားတာကအစ စိတ်ညစ်ရပါတယ်။
ကဲ.. ဒါဖြစ်ရင် သွားကျန်းမာရေးကို ဂရုစိုက်ချင်လို့ ဆေးခန်းတွေမသွားပဲအိမ်တွင်းနည်းလမ်းလေးနဲ့
ကိုယ့်သွား၊ သွားဖုံးကို ဂရုစိုက်ချင်တဲ့သူတွေအတွက် နည်းလမ်းလေးကို ဟောဒီမှာ မျှဝေပေးလိုက်တယ်နော့။
ပါဝင်ပစ္စည်း
–အုန်းဆီ တစ်ဇွန်း
– နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း
– ပက်ပါးမင့်အဆီ တစ်စက်(သို့) နှစ်စက်
ပါဝင်ပစ္စည်းတွေအားလုံးရောပြီး သွားပွတ်တံနဲ့ နေ့စဉ် မနက်၊ ညတိုက်ပေးနိုင်ပါတယ်။ သွားတွေကိုုဖြူဖွေးစေရုံသာမက သွားဖုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ သဘာဝနည်းလမ်းတွေဟာအချိန်တစ်ခုကြာမှအကျိုးအာနိသင်သိသာတဲ့အတွက် သင့်အနေနဲ့ စိတ်ရှည်ရှည်ထားဖို့တော့ လိုအပ်ပါတယ်နော်။ ဗီဒီယိုလေးလည်း ဖော်ပြပေးလိုက်ပါတယ်။