ဟိုက်ဒရိုကွီနုန်းအရေပြားအရောင်တင်လိမ်းဆေးဆိုတာ
hellosayarwon.com
|
2018-11-20

အရေပြားတောက်ပစေသောအရာတော်တော်များများတွင် ဟိုက်ဒရိုကွီနုန်းသည်အောင်မြင်မှုရနိုင်သည်သေချာသောအရာတစ်ခုဖြစ်သည်။သို့သော် သူ့၏မကောင်းသောဆိုးကျိုးများလည်းရှိနိုင်သည်။ ဒိဆောင်းပါးသည် ဟိုက်ဒရိုကွီနိုလုံးပါသောထုတ်ကုန်များသုံးမည်ဆိုပါက ဟိုက်ဒရိုကွီနိုလုံးအကြောင်းသတင်းအချက်အလက်ကိုပေးနိုင်သည်။ ဟိုက်ဒရိုကွီနှုန်းလိမ်းဆေးသည်အရေပြားချွတ်သောအရာတစ်ခုဖြစ်ပြီးအရေပြားမဲနေသောနေရာများကိုပိုတောက်ပစေရန်သုံးနိုင်သည်။ထိုသို့မဲနေခြင်းသည် ကိုယ်ဝန်ဆောင်ခြင်း သန္ဓေတားဆေးသုံးခြင်း ဟော်မှန်းဆေးများ သို့မဟုတ် ထိခိုက်မိခြင်းကြောင့်ဖြစ်နိုင်သည်။အရေပြားပေါ်ရှိဆဲလ်များ၏အင်ဇိုင်းကိုတားခြင်းဖြင့်အလုပ်လုပ်သည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက ဟိုက်ဒရိုကွီနှုန်းကို လိမ်းဆေးတွင်ပါဝင်သောအရာအဖြစ်သာသုံးခဲ့သည်။ စိတ်ရှုပ်စေသောအရာက ထိုဆေးသုံးပါက ဖြစ်လာနိုင်သောဆိုးကျိုးများရှိသည်။ ထိုကြောင့် ထိုထုတ်ကုန်များသုံးရန် စဉ်းစားလာကြသည်။ထိုလိမ်းဆေးသည် လူတိုင်းအတွက်မဟုတ်ပါအဓိကအားဖြင့်အချိုသောအခြေအနေရှိေနေသောလူများ ဥပမာ ပန်းနာရင်ကြပ် နှင်းခူ ကိုယ်ဝန်ဆောင်ခြင်း သို့မဟုတ်အရေပြားဓာတ်မတည့်သူများခံစားလွယ်သောအသားအရည်ရှိသူများတွင်မသုံးသင့်ပါ။ ဟိုက်ဒရိုကွီနှုန်းး၏မကောင်းသောနောက်တစ်ချက်ပါ တခါသုံးပြီးပါက ရပ်ရန်ခက်ခဲသည်။မယ်လနင်ဖြစ်စေသောအင်ဇိုင်းတိုင်ရိုကိုင်းနေ့ကို တားခြင်းဖြင့်အလုပ်လုပ်သည်။ဟိုက်ဒရိုကွီနှုန်းသည် တိုင်ရိုကိုင်းနေ့ကိုတားပြီးအရေပြားအရောင်ဖြစ်စေသောအရာကိုပါတားသည်။ကံမကောင်းစွာ ဟိုင်ဒရိုကွီနိုလုံးကိုသုံးပြီး ရပ်လိုက်ပါက ပုံမှန်ထွက်နေသော တိုင်ရိုကိုင်းနေ့ကိုမတားနိုင်တော့ပဲ သင့်ပုံမှန်အသားအရေတဖြည်းဖြည်းချင်းပြန်ဖြစ်သွားလိမ့်မည်။ ထိုကြောင့်ဆရာဝန်မှ လေးလစီသုံးခြင်း၊အခြားပျော့သော တိုင်ရိုကိုင်းနေ့တားဆေး -ဥပမာအဇီလစ်အက်စစ် ကိုဂျစ်အက်စစ်နှင့်အာဗျူတင် - နှင့်တစ်လှည့်စီသုံးရန်ဆရာဝန်မှညွှန်ကြားသည်။ နောက်တစ်ချက်မှတ်သားရန်မှာ ဟိုင်ဒဥရိုကွီနိုလုံးသည်အခြားသောအရာများ ဖီနော၊ဟိုက်ဒရိုဂျင်ပါအောက်စိုက်၊စလီစလစ်အက်စစ် သို့မဟုတ် ဗန်ဇောပါအောက်စိုက် များနှင့်အလွယ်တကူ ဓာတ်ပြုလွယ်သည်။ ဟိုင်ဒရိုကွီနိုလုံးကို ပါအောက်စိုက်ပါသော ထုတ်ကုန် (ဟိုက်ဒရိုပါအောက်စိုက် သို့မဟုတ် ဘန်ဇွုင်းပါအောက်စိုက်) များနှင့်တွဲသုံးမိပါကအရေပြားအရောင်စွဲခြင်းကိုဖြစ်စေသည်။ထိုကြောင့် ထိုပစ္စည်းများနှင့်တွဲသုံးခြင်းကိုရှောင်သင့်ပြီး မရှင်းလင်းသည်ရှိပါက ဆေးပညာအကြံပြုချက်ကိုယူသင့်သည်။ နောက်ဆုံးအနေနှင့် ဟိုက်ဒရိုကွီနှုန်းသည် ကြာရှည်စွာနေ လေထိပါက ထူးခြားသောအညိုအရောင်အဖြစ်အလွယ်တကူပြောင်းလဲလွယ်သည်။ ထိုအခြေအနေက ဟိုက်ဒရိုကွီနှုန်းကိုဖန်ဘးူတွင်ထည့်တားသောအခြေအနေတွင်ပိုဖြစ်တတ်သည်။ ဟိုက်ဒရိုကနှုန်းအကြောင်းစဉ်းစားနေပါက သူကို မေဖောက်နိုင်သောပစ္စည်းဖြင့်ထည့်ထားသင့်ပြီးအလင်းဖြင့်ထိခြင်း လေထိသောပမဏနည်းအောင်လုပ်ပေးခြင်းများလုပ်သင့်သည်။ နိဂုံးချုပ်မည်ဆိုပါက ဟိုက်ဒရိုကွီနှုန်းကိုမှန်ကန်သောပမာဏ (ဆရာဝန်ညွန်ကြားချက်ပါက ၄ ရာခိုင်နှုန်း) ကိုသာသုံးသင့်ပြီးအပြင်လိမ်းဆေးအဖြစ်သာသုံးခြင်းနှင့်အခြားဖော်ပြပါအရာများနှင့်တွဲမသုံးသင့်ပါ။ ဟိုက်ဒရိုကွီနှုန်းသည် သင့်အရေပြားပေါ်တွင်မယုံနိုင်လောက်အောင်ထိရောက်စေသည် ဟုလေ့လာချက်များကပြောပြီးဖြစ်သည်။သို့သော်အသားဖြူစေသောအရောမသုံးမှီ မကောင်းသောဆိုးကျိုးများ သင်လိုချင်သည့့်အရာ သင့်အခြေအနေများကိုထည့်သွင်းစဉ်းစားသင့်သည်။

သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Some text some message..