စိုင်ယာတီကာအကြောနာ ကြောင့် ဖြစ်သော နာကျင်မှုကို သက်သာဖို့ ဘာတွေစားသင့်သလဲ
hellosayarwon.com
|
2018-11-20

စိုင်ယာတီကာအကြောနာ(Sciatica) ဆိုသည်မှာ စိုင်ယာတစ်အာရုံကြောတွင် ကို ဖိမိခြင်း (သို့) ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် ဖြစ်သည့်အခြေအနေတစ်ရပ်ဖြစ်သည်။ (၎င်းကိုအရပ်ထဲတွင် ပေါင်တန်းခြင်း၊အကြောညပ်ခြင်း ဟု လည်း ခေါ်ကြသည်)။ သင်သည် စိုင်ယာတစ်အာရုံကြောတစ်လျှောက် နာကျင်ခြင်း နှင့်အခြား ခံစားချက်များကို ခံစားရမည်။ ဥပမာ။  ။ခြေထောက်နာကျင်ခြင်း၊ ထုံကျဉ်ခြင်း နှင့်အားနည်းခြင်း။ နာကျင်မှုသည် ညဖက် (သို့)အထိုင်၊အထ၊ ရယ်မောခြင်း နှင့် ချောင်းဆိုးခြင်းတို့တွင် ပိုဆိိုးသည်။ ရောဂါဖြစ်စေသောအကြောင်းရင်းကို ဖော်ထုတ်ကုသရမည့်အပြင် ကျန်းမာသောအစားအသောက်များစားခြင်းသည်လည်း စိုင်ယာတီကာအကြောနာ ကြောင့် ဖြစ်သည့် နာကျင်မှုကို သက်သာစေသည်။

အစားအသောက်

အစွမ်းထက်သောအစားအသောက်များတွင် မဂ္ဂနီဆီယမ် ကြွယ်ဝသောအစားအသောက်များ ပါဝင်သည်။အဘယ်ကြောင့်ဆိုသော် စိုင်ယာတီကာအကြောနာခြင်းအကြောင်းရင်းတွင် Piriformis ကြွက်သား ကျုံ့ခြင်း၊ ရုန်းခြင်း ကြောင့် လည်းဖြစ်နိုင်သည်။ မဂ္ဂနီဆီယမ်သည် ကြွက်သား ကျုံ့ခြင်း၊ ရုန်းခြင်းကို ပြေလျော့စေရန် လိုအပ်သည်။
မဂ္ဂနီဆီယမ်ကြွယ်ဝသောအစားအသောက်များစွာရှိပါသည်။ ၎င်းတို့မှာ နို့ထွက်ကုန်များ၊ ငါး၊အသား၊ ပင်လယ်စာ၊ ပန်းသီး၊ ဆန်လုံးညို၊ တရုတ်ဇီးသီးအစရှိသည်တို့ ဖြစ်ပါသည်။
ဗီတာမင် ဘီ ၁၂ များပြားစွာ ပါဝင်သောအစားအသောက်များ ဥပမာ ။အသည်း၊ ခုံးကောင်၊ ကမာကောင်၊ သိုးငယ်သား နှင့် ဒိန်ခဲတို့သည်အကြောညှပ်ခြင်းကြောင့် နာကျင်ခြင်းကို သက်သာစေသည့်နေရာတွင်အကျိုးများပါသည်။

အကူအညီဖြစ်သောအစားအသောက်များ
ဟယ်လီဘက်ငါး (Halibut) သည် နှလုံးခုန်နှုန်း မမှန်ခြင်း၊ သွေးတိုးရောဂါ ကဲ့သို့သော နှလုံးရောဂါများကို ကုသရာတွင်အသုံးပြုသည့်နေရာ၌ နာမည်ကြီးပါသည်။ သို့သော် ဟယ်လီဘက်ငါး (Halibut) သည်အကြောညှပ်ခြင်းကို ကုသရာတွင်လည်းအကူအညီဖြစ်ပါသည်။အထူးသဖြင့် ကြွက်သားတောင့်တင်ခြင်း၊ ကြွက်သားကျုံ့ခြင်း၊ရုန်းခြင်းကြောင့် ဖြစ်သော နာကျင်မှုကိုအဓိက သက်သာစေသည်။အဘယ်ကြောင့်ဆိိုသော် ထိုငါးတွင် မဂ္ဂနီဆီယမ် နှင့် ဗီတာမင် ဘီ ၁၂ သိသိသာသာ ပါဝင်သောကြောင့် ဖြစ်သည်။ ထို့ပြင် ဟယ်လီဘက်ငါးသည်အခြားအာဟာရများလည်း များစွာပါဝင်သည်။ ဥပမာ ။  ။ tryptophan ၊အိုမီဂါ သရီး ဖက်တီးအက်ဆစ်၊ ဆီလီနီယမ်၊ ဖော့စဖောရပ်စ်၊ ဗီတာမင် ဘီ ၃ နှင့် ဗီတာမင် ဘီ ၆ ။  

ရှောင်ရမည့်အစားအစာများ
ပြုပြင်ထားသောအစေ့အဆန်များ အာဟာရမပြည့်ဝသောအစားအသောက်များ (သို့) ကိုယ်အလေးချိန်တက်စေသောအစားအသောက်များသည် စိုင်ယာတစ်အာရုံကြောတွင် ပြဿနာဖြစ်စေသည်။ သို့သော် စိုင်ယာတီကာအကြောနာခြင်းကို လှုံ့ဆော်ပေးသော၊ ပိုဆိုးစေသောအစားအသောက်ရယ်လိုု့တော့ သတ်သတ်မှတ်မှတ်မရှိပါ။ လေ့လာမှုများအရ ဗီတာမင် ဘီသည် ကျန်းမာသောအာရုံကြောတစ်ရှုးအတွက် မရှိမဖြစ်လိုအပ်သည်။အစေ့အဆန်များကို သန့်စင်ပြုပြင်ထုတ်လုပ်သော လုပ်ငန်းစဉ်တွင် ဗီတာမင် ဘီအပါအဝင် တန်ဖိုးရှိသောအာဟာရများကို ဖယ်ထုတ်လိုက်သည်။ ထို့ကြောင့် ပေါင်မုန့်ဖြူ၊အမျှင်ဓါတ်နည်းသော စီရီယယ်၊အသင့်စားဆန်၊ ပါစတာ နှင့် ကိတ်မုန့် ဂံျု ဖြင့် ဖုတ်ထားသော မုန့်များ ကဲ့သို့သော ပြုပြင်ထားသောအစေ့အဆန်များအစား သဘာဝအစေ့အဆန်များကို စားသုံးခြင်းသည်အာဟာရနှင့်အမျှင်ဓါတ်အမြောက်အမြား ထောက်ပံ့ပေးပြီးအစာချေဖျက်မှုကို တိုးမြှင့်ပေးကာအစာစားချင်စိတ်ကို ထိန်းချုပ်ပေးသည်။
ထပ်တိုးသကြားများ သကြား ထပ်ထည့်ခြင်းသည်အချိုအရသာ နှင့် ကယ်လိုရီဓါတ် တိုးမြှင့်ပေးပါသည်။ သို့သော်အာဟာရ များစွာ မဖြစ်သည့်အပြင် သွေးတွင်းသကြားဓါတ်အပေါ် သက်ရောက်မှု များသည်။ သကြားဓါတ်များသောအစားအသောက်များသည် ရောင်ရမ်းခြင်းဖြစ်စဉ်ကို ပိုအားပေးသည်။ ထို့ပြင် ထိုအစားအသောက်များကြောင့် လတ်ဆတ်သောအသီးအနှံကဲ့သို့သော ရောင်ရမ်းခြင်းကို တားသည့်အကျိုးများသောအစားအသောက်များကို သိပ်မစားဖြစ်တော့ပါ။ ထပ်တိုးသကြား မြှင့်မားစွာပါဝင်သည့်အစားအစာ ဥပမာအချို့မှာ သကြားလုံး၊အချိုရည်၊ ပန်ကိတ်အရည်၊အချိုပွဲ၊ ကိတ်မုန့်အပေါ်ကအလှဆင်ထားသည့် သကြားလွှာ ၊ ကိတ်မုန့် တု့ိဖြစ်ပါသည်။
ပြည့်ဝဆီ ပြည့်ဝဆီသည် ရောင်ရမ်းခြင်းကို ပိုဖြစ်စေသည်။ ပြည့်ဝဆီအဓိကရင်းမြစ်မှာ နီရဲပြီး ပြုပြင်ထားသောအသားများ၊ မွေးမြူရေးကြက်၏ ပေါင်၊ခြေထောက်၊အတောင်ပံများ၊ မွေးမြူရေးကြက်အရေခွံ၊ ကြော်ထားသော စားစရာများ၊အဆီများသော နို့ထွက်ကုန်များ နှင့် ဥအနှစ် တို့ဖြစ်ပါသည်။ သင်သည်အစားအသောက်များတွင် ပြည့်ဝဆီအစားအိုမီဂါ သရီးဖက်တီးအက်ဆစ်ကိုအစားထိုး စားသုံးနိုင်သည်။ ၎င်းသည် စိုင်ယာတီကာအကြောနာ၊အကြောညပ်ခြင်းနှင့် ဆိုင်သော နာကျင်မှုနှင့် ရောင်ရမ်းခြင်းကို လျော့နည်းစေသည်။
အသွင်ပြောင်းဆီ အသွင်းပြောင်းဆီများသည် ဓာတုနည်းအရထုတ်လုပ်ထားသောအဆီများဖြစ်သည်။ ၎င်းသည် သင့်ခန္ဓာကိုယ်ရှိ မကောင်းသောအဆီ (LDL) ကို မြှင့်တက်စေပြီး ကောင်းသောအဆီ (HDL) ကို လျော့နည်းစေသည်။ သင်ရှောင်ကြဉ်သင့်သောအသွင်ပြောင်းဆီအစားအစာများမှာ မာဂျရင်း (သို့)  ဟိုက်ဒြိုဂျင် ဓါတ်ပေါင်းထားသောအသီးအရွက်ဆီပါဝင်သောအစားအစာများ ဖြစ်ပါသည်။ ယေဘုယျအားဖြင့်အကယ်၍ သင်သည် သင်ခံစားနေရသော စိုင်ယာတီကာအကြောနာ၊အကြောညပ်ဝေဒနာ သက်သာစေသော သဘာ၀အစားအသောက်များကို စားသုံးလိုလျှင် သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။

သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Some text some message..