အပူလောင်ဒဏ်ရာတွေကို သဘာဝအတိုင်းလျှော့ချဖို့ နည်းလမ်း (၆)ခု
lifestylemyanmar.com
|
2020-01-13



အပူလောင်ဒဏ်ရာတွေဟာ အထူးသဖြင့် အိပ်မှုကိစ္စတွေလုပ်တဲ့အခါ (သို့) ချက်ပြုတ်ချိန်မှာ ဖြစ်လေ့ရှိပါတယ်၊ အပူလောင်ဒဏ်ရာတွေ သက်သာသွားပြီးရင် ပျောက်ဖို့ခဲယဉ်းတဲ့ အမာရွတ်တွေ ကျန်ခဲ့တတ်ပါတယ်။ စိတ်မပူပါနဲ့၊ ဒီအမာရွတ်တွေကို လျှော့ချဖို့ နည်းလမ်းအချို့ ရှိပါတယ်၊ ဒဏ်ရာတွေ သိပ်မပြင်းထန်ပါက လုံးဝဖယ်ရှားပစ်နိုင်ပါတယ်။ အပူလောင်ဒဏ်ရာတွေကို လျှော့ချဖို့ ဒီသဘာဝနည်းလမ်းလေးတွေကို စမ်းကြည့်ပါ။

၁။ အာလူး

အာလူးမှာ အံ့သြဖွယ်ကောင်းတဲ့ အင်တီအောက်ဆီဒင့်တွေနဲ့ ပြည့်နှက်နေပါတယ်။ သဘာဝအရောင်ချွတ်ပေးတဲ့ ဂုဏ်သတ္တိများပါဝင်ပြီး အသားအရေကို မပျက်စီးစေနိုင်ပါဘူး။ အာလူးအချပ်လိုက် (သို့) အရည်ကို သုံးနိုင်ပါတယ်။ အာလူးအရည်ကို ဒဏ်ရာအမာရွတ်ပေါ်မှာ လိမ်းပြီး တစ်ညလောက် ထားပါ။ နောက်နေ့မနက်မှ ဆေးကြောပါ။ တစ်လလောက် ယုံယုံကြည်ကြည်နှင့် လုပ်လျှင် တိုးတတ်မှုကို မြင်ရပါလိမ့်မယ်။

၂။ ခရမ်းချဉ်သီး

အာလူးလိုပဲ ခရမ်းချဉ်သီးတွေက အမာရွတ်တွေမှာ အံ့သြဖွယ်ကောင်းအောင် အလုပ်လုပ်ပါတယ်။ ခရမ်းချဉ်သီးမှာ ဗီတာမင်အေနှင့် စီတို့ပါဝင်ပါတယ်၊ ခရမ်းချဉ်သီးအချပ်လေးတွေကို တစ်နေ့နှစ်ကြိမ်လောက် ကပ်ပေးရင် ရလဒ်ကောင်းတာကို တွေ့ရမှာပါ။ ခရမ်းချဉ်သီးရည်ကို လိမ်းပြီး လုံးဝခြောက်သွားမှသာ ဆေးကြောပါ။

၃။ သံပုရာ

သံပုရာဟာ အရေပြားဖြူဖွေးစေဖို့ ကူညီပေးနိုင်ပါတယ်။ သံပုရာဖျော်ရည်ထဲမှာ ဗာဒံဆီအနည်းငယ်ထည့်ပြီး မီးလောင်ရာ အမှတ်အသားပေါ်တွင် လိမ်းပါ။ ရက်သတ္တပတ် အနည်းငယ်လောက် နေ့တိုင်းလိမ်းပေးရင် အမာရွတ်တွေကို လျှော့ချနိုင်ပါလိမ့်မယ်။ သံပုရာရှိ ဗီတာမင်စီနှင့် ဗာဒံဆီရှိ ဗီတာမင်အီးတို့က အသားအရေကို ကျန်းမာစေပါတယ်။

၄။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကို ထက်ခြမ်းခြမ်းပြီး အနှစ်ကို ရယူပါ။ သံပုရာရည်နည်းနည်းနဲ့ ရောပြီး အမာရွတ်ပေါ်မှာ နေ့စဉ်လိမ်းပေးပါ။ လိမ်းပြီးရင် နာရီဝက်ခန့်ကြာအောင် ထားပြီးမှ ရေအေးဖြင့် ဆေးပါ။ တစ်နေ့လျှင် နှစ်ကြိမ် သုံးပေးပါ။

၅။ ကုလားပဲမှုန့်

ကုလားပဲအမှုန့်ကို ဒိန်ချဉ်၊ နနွင်းနှင့် ခပ်ပျစ်ပျစ်ရောပြီး အမာရွတ်တွေ လျော့ပါးစေဖို့ လိမ်းပေးနိုင်ပါတယ်။ နေ့တိုင်းလိမ်းလျှင် သိသိသာသာ ထူးခြားပါလိမ့်မယ်။ အချိန်အနည်းငယ်ကြာပေမယ့် သေချာပေါက် အလုပ်ဖြစ်ပါတယ်။

၆။ ပျားရည်

အိပ်ရာမဝင်ခင် မီးလောင်ရာ အမာရွတ်ပေါ်မှာ ပျားရည်လိမ်းပြီး အဝတ်ဖြင့်စည်းထားပါ။ နောက်နေ့မနက်မှ ဆေးကြောပေးပါ။ ရက်သတ္တပတ်အနည်းငယ်မှာ အပြောင်းအလဲတွေကို တွေ့ရပါလိမ့်မယ်။

LM_Nandar
Lifestyle_Myanmar


Source-makeupandbeauty





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..