မျက်ကပ်မှန် လေး
တွေရောင်စုံနဲ့ မျက်ဝန်းကိုအလှဆင်ဖို့ခေတ်စားနေတာ ကြာပါပြီ။
မျက်စိပါဝါ
ရှိသူတွေ မျက်မှန်လွတ်ချင်တဲ့အခါ မျက်ကပ်မှန်အစားထိုးတပ်ဆင်ကြသလို အလှသက်သက် အရောင်လေးတွေနဲ့ မျက်ကပ်မှန်တွေ၊ Big Eye မျက်နက်ဆံအကြီးနဲ့ မျက်ကပ်မှန်တွေ တပ်လာကြပါတယ်။
မျက်မှန်
နဲ့လို ရုပ်မရင့်တော့ဘူး၊ပေါ့ပါးတယ်၊ မျက်ဆံပိုလှ၊ပိုထင်ရှားစေတယ် ဆိုတော့ ပိုအဆင်ပြေတာပေါ့။ ဒါပေမယ့် မျက်မှန်ထက် ပိုပြီး မျက်လုံးမှာ ထိတွေ့နီးကပ်ရတာမို့ သန့်ရှင်းမှုဂရုစိုက်ဖို့၊မထိခိုက်မိစေဖို့ နဲ့ရောဂါပိုးမဝင်စေဖို့ကို ပိုသတိထားရပါလိမ့်မယ်။ တစ်ကိုယ်လုံးမှာ အနုနယ်ဆုံးပြင်ပအစိတ်အပိုင်းဖြစ်တဲ့ မျက်စိကျန်းမာရေးအတွက် မျက်ကပ်မှန်တပ်သူတွေ သိထားသင့်တဲ့ အချက်တွေကို အကြံပြုလိုက်ပါတယ်။ အရင်ဆုံးပြောချင်တာက
မကြစိပါဝါေ
ကြာင့်ပဲဖြစ်ဖြစ်၊ အလှအပအတွက်ပဲဖြစ်ဖြစ် မျက်ကပ်မှန်တပ်မယ်ဆိုရင်ဈေးပေါတာတွေ မသုံးပါနဲ့။ အရည်အသွေးမကောင်းတဲ့ မျက်ကပ်မှန်တွေဟာ
မျက်စိကျန်းမာရေး
အတွက်ကောင်းကျိုးမပေးနိုင်သလို တာရှည်ခံတဲ့ သက်တမ်းလည်း တိုပါတယ်။
အမြဲမတပ်ဘူး၊သိပ်မသုံးဖြစ်လို့ ဆိုရင်တောင် သုံးသင့်တဲ့သက်တမ်းကျော်လွန်ရင် ဆက်မသုံးပါနဲ့။ ကြာနေပြီဆို အသစ်လဲလိုက်ပါ။
မျက်ကပ်မှန်ကို မကိုင်တွယ်ခင် လက်ကိုသေချာဆေးကြောပြီးခြောက်သွေ့အောင်သုတ်ပါ။ ဒါပေမယ့် မျက်ကပ်မှန်မျက်နှာပြင်မှာ ကပ်ငြိနိုင်လောက်အောင် အနံ့ပြင်းတဲ့၊ အဆီပါဝင်မှုများတဲ့ဆပ်ပြာကို မသုံးပါနဲ့။
မျက်ကပ်မှန်တပ်ပြီးမှ မျက်လုံးအလှအပခြယ်ပါ။ မိတ်ကပ်မဖျက်ခင်မှာ မျက်ကပ်မှန်ကို ချွတ်ပါ။
မျက်ကပ်မှန်ကို ပိုးသတ်တဲ့ဆေးရည်(disinfecting solution)၊ သန့်စင်တဲ့ဆေးရည် အမြဲသုံးပါ။ မျက်ရည်ခမ်းခြောက်လာရင်
မျက်ရည်တု
(eye drop)လေး မကြာခဏခတ်ပေးပါ။ မျက်လုံးကျိန်းစပ်တာ၊
ခြောက်သွေ့တာ
အဖြစ်မခံပါနဲ့။
မျက်ကပ်မှန်ကိုရေနဲ့ ဘယ်တော့မှ မဆေးပါနဲ့။ရေမှာပါလာနိုင်တဲ့ရောဂါပိုးမွှားတွေက မျက်စိပိုးဝင်စေနိုင်ပါတယ်။
သန့်စင်ဖို့၊ သိမ်းဆည်းထားရှိဖို့အတွက်ဆေးရည်ကို ရက်လွန်တာမသုံးပါနဲ့။ ရက်လွန်တာနဲ့ အသစ်ဝယ်ပါ။
မျက်ကပ်မှန်ထည့်တဲ့ဘူးကိုလည်း မျက်ကပ်မှန်လိုပဲ ဂရုစိုက်သန့်ရှင်းပေးပါ။ ညတိုင်းdisinfecting solution နဲ့ သန့်စင်ပေးပါ။ တစ်ရှူးလေးနဲ့ခြောက်အောင်သုတ်ပါ။ ၃ လတစ်ကြိမ်လောက် ဘူးအသစ်လဲပါ။
တခြားသူဆီက မျက်ကပ်မှန် ယူမတပ်ပါနဲ့၊ ကိုယ့်ပစ္စည်းကိုလည်း မျှဝေမသုံးပါနဲ့။ရောဂါပိုးနဲ့ အမှုန်အမွှားတွေ ကူးစက်စေနိုင်လို့ပါ။
မျက်ကပ်မှန်တပ်လျက်နဲ့ မအိပ်ပါနဲ့။ မျက်လုံးမှာ ကပ်သွားခဲ့ရင်နောက်ဆက်တွဲပြဿနာတွေရှိပါတယ်။
ရေချိုးတဲ့အချိန်၊ ချက်ပြုတ်တဲ့အချိန် မျက်ကပ်မှန်ချွတ်ထားသင့်ပါတယ်။ မျက်နှာကို အပူဟပ်ခံလို့မရပါဘူး။ မျက်လုံးမှာနေရခက်လာရင် မျက်ကပ်မှန်ကိုချွတ်ထားပါ။ ဆက်မသုံးပါနဲ့။ ရုတ်တရက် အမြင်အာရုံထိခိုက်တာ၊ မှုန်ဝါးလာတာ၊ အလင်းရောင်မခံနိုင်တာ၊
မျက်စိအောင့်
တာ၊
မျက်စိပိုးဝင်တာ
၊ရောင်လာတာ၊ နီရဲလာတာ တစ်ခုခုဖြစ်ရင် ဆရာဝန်အမြန်ဆုံးပြပါ။ ဒါတွေကိုလိုက်နာရင်း အထိခိုက်မခံနိုင်အောင် နုနယ်တဲ့ မျက်လုံးမှာ မလိုလားအပ်တဲ့ မျက်စိဝေဒနာတွေ မဖြစ်စေဖို့ ကြိုတင်ကာကွယ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
Hello Health Group
သည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။