ကင်ဆာ
ကုသရခက်တဲ့ရောဂါတစ်မျိုးပေါ့။ အခုနောက်ပိုင်း ကင်ဆာဖြစ်တဲ့သူတွေတော်တော်လေးများလာတာ ကမ္ဘာ့နိုင်ငံတိုင်းမှာပါ။ ကင်ဆာရောဂါအမျိုးအစားပေါင်းက ၂၀၀လောက်ရှိမယ်လို့ ခန့်မှန်းထားကြပေမယ့် အတိအကျကိုတော့ မပြောနိုင်ကြသေးပါဘူး။ ကင်ဆာရောဂါအမျိုးအစားတွေ ကွာခြားသလို
ရောဂါလက္ခဏာတွေ
ကလည်း မတူနိုင်ပါဘူး။ ကုသမှုပုံစံချင်းလည်း ကွာခြားနိုင်ပါသေးတယ်။
ကင်ဆာဆိုတာ
ကင်ဆာဆိုတာက ပုံမှန်မဟုတ်တဲ့ ဆဲလ်ကြီးထွားမှုကိုဆိုလိုတာပါ။ ဆဲလ်တွေကြီးထွားလာမှုက အကျိတ်တွေအဖြစ်ပြောင်းလဲသွားပြီး ခန္ဓါကိုယ်မှာ ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။
ရင်သားကင်ဆာ
၊
အရေပြားကင်ဆာ
၊
အဆုတ်ကင်ဆာ
၊
အူမကြီးကင်ဆာ
၊
ဆီးကျိတ်ကင်ဆာ
နဲ့
lymphoma
(လင်ဖိုးမားဟုခေါ်သောသွေးကင်ဆာ)တွေအပါအဝင် ကင်ဆာရောဂါအမျိုးအစားတော်တော်များများကိုဖြစ်စေနိုင်ပါတယ်။ ကင်ဆာကို ခွဲစိတ်ကုသတဲ့နည်းလမ်းနဲ့ကုသလို့ရသလို ဓါတ်ကင်တဲ့ကုထုံး ဓါတုကုထုံးတွေနဲ့လည်း ကုသလို့ရပါတယ်။
ကင်ဆာဖြစ်တဲ့အခါ ဒီလိုလက္ခဏာတွေခံစားရနိုင်ပါတယ်
ဒီလိုလက္ခဏာတွေရှိနေပြီဆိုရင် ကင်ဆာရောဂါဖြစ်နေနိုင်တာကြောင့် ချက်ချင်း စစ်ဆေးကုသမှုခံယူဖို့ပြောပါရစေ။
ဝမ်းသွားတဲ့အလေ့အထ၊ ဆီးသွားတဲ့အလေ့အထတွေပြောင်းလဲလာတာ
လည်ချောင်းနာတာ
ကတော်တော်ကြာတဲ့အထိ မသက်သာဘဲဖြစ်နေတာ
ပုံမှန်မဟုတ်ဘဲသွေးဆင်းတာမျိုးဖြစ်တာ
ရင်သားနဲ့ အမျိုးသားအင်္ဂါတွေမှာ အကျိတ်ဖြစ်လာတာ
အစာမျိုချရခက်နေတာ၊ အမြဲလိုလို အစာမကြေသလိုမျိုးဖြစ်လာတာ
ခန္ဓါကိုယ်မှာဖြစ်နေတဲ့ ကြွက်နို့တွေ၊ မှဲ့တွေက အရွယ်အစား၊ အရောင် နဲ့ ပုံစံတွေပြောင်းလာတာ၊ အရေပြားခပ်ထူထူဖြစ်လာတာ
အချိန်တော်တော်ကြာတဲ့အထိချောင်းဆိုးမပျောက်ဘဲဖြစ်နေတာမျိုးဖြစ်မယ်ဆိုရင်တော့ ကင်ဆာ အစောပိုင်းလက္ခဏာတွေဖြစ်နေနိုင်ပါတယ်။ ဒါတွေအပြင်ကို
အစားစားချင်စိတ်
မရှိဖြစ်နေတာ အကြောင်းအရင်းသေသေချာချာမရှိဘဲ
ကိုယ်အလေးချိန်
ကျလာတာ ခန္ဓါကိုယ်အစိတ်အပိုင်းတွေနဲ့
အရိုးတွေ
ထဲမှာ နာကျင်မှုတွေဖြစ်နေပြီး တဖြည်းဖြည်းနဲ့ပိုဆိုးလာတာ၊ အရင်ကတစ်ခါမှမဖြစ်ဖူးတဲ့ နာကျင်မှုမျိုးနဲ့ နာကျင်တာ အမွဲလိုလို
ပင်ပန်းနွမ်းနယ်နေတာ
၊ မအီမသာဖြစ်နေတာ၊အော့အန်နေတာမျိုးတွေဖြစ်နေတာ အမွဲလိုလို
အဖျား
ရှိနေတာ
တုပ်ကွေး
လိုမျိုး ကူးစက်တတ်တဲ့ရောဂါတွေကို ကုသနေပေမယ့် အမြဲလိုလိုပြန်ဖြစ်ဖြစ်နေတာမျိုးတွေဖြစ်နေရင်တော့ ကင်ဆာရောဂါဖြစ်နေပြီလို့ ဆိုရမယ့် လက္ခဏာတွေပါ။
ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကို ဖယ်ရှားပါ
ဆေးလိပ်
မသောက်ဘဲနေတာ၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာ၊
အရက်
အများကြီးမသောက်တာ၊ အသင့်စား အစားအစာတွေကို အများကြီးမစားတာ၊
အနီရောင်အသားတွေ
ကို အတိုင်းအချင့်နဲ့စားသုံးတာနေရောင်ထဲထွက်တဲ့အခါ
နေလောင်ကာခရင်မ်
လူးတာ၊ ထီးဆောင်းတာ၊ ဦးထုပ်ဆောင်းတာတွေလုပ်မယ်ဆိုရင် ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ
ဟင်းသီးဟင်းရွက်တွေ
၊
သစ်သီးတွေ
နဲ့ကောက်နှံတွေပါဝင်အောင် စားသုံးမှုတွေ။ လိုအပ်တဲ့
ကာကွယ်ဆေး
တွေထိုးတာမျိုးတွေကနေတဆင့်လည်း ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။ ကင်ဆာကိုဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေကတော်တော်လေးတော့များပါတယ်။ အချို့ကင်ဆာရောဂါတွေဆို ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို အကြောင်းအရင်းသေသေချာချာမသိရသေးပါဘူး။ ကင်ဆာအချို့က ပတ်ဝန်းကျင်က အရာတွေနဲ့ ဘဝနေထိုင်မှုပုံစံတွေကြောင့်ဖြစ်နိုင်သလို အချို့ကင်ဆာရောဂါတွေကတော့ မျိုးဗီဇကြောင့်ဖြစ်ရတာပါ။ ကင်ဆာရောဂါတော်တော်များများကတော့ ဒီအကြောင်းအရင်းတွေထဲက နှစ်ခု၊ သုံးခုလောက်ပေါင်းမိရာကနေဖြစ်ရတာပါ။ ပတ်ဝန်းကျင်မှာနေ့စဉ်ထိတွေ့နေတဲ့ ဓါတုပစ္စည်းတွေ၊ အစားအသောက်တွေထဲက မမြင်ရတဲ့ ဓါတုပစ္စည်းတွေ
တဆင့်ခံဆေးလိပ်ငွေ့တွေ
။နေ့စဉ်ထိတွေ့နေတဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေထဲက ဓါတုပစ္စည်းတွေကြောင့်ကင်ဆာရောဂါဖြစ်နိုင်ပါတယ်။နေရောင်ထဲမှာပါတဲ့
ခရမ်းလွန်ရောင်ခြည်
၊ အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့
စားသောက်နေထိုင်မှုပုံစံ
တို့ကြောင့်လည်း ကင်ဆာဖြစ်နိုင်ပါသေးတယ်။ အပူချိန် ပြင်းပြင်းနဲ့ကင်ထားတဲ့ အသားကင်တွေ အစားများတာကြောင့်လည်း ကင်ဆာဖြစ်နိုင်ပါတယ်။
အဖြစ်များတဲ့ ကင်ဆာရောဂါတွေက
ကင်ဆာရောဂါ အမျိုးအစားပေါင်းက ၂၀၀ကျော်လောက်ရှိတယ်ဆိုပေမယ့် ကင်ဆာရောဂါတွေအားလုံးက အဖြစ်များတာတော့မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အဖြစ်အများဆုံးကင်ဆာရောဂါတွေကတော့ -
ရင်သားကင်ဆာ
အရေပြားကင်ဆာ
ဆီးကျိတ်ကင်ဆာ
အဆုတ်ကင်ဆာ
အသည်းကင်ဆာ
သားအိမ်ကင်ဆာ
အူမကြီးကင်ဆာ
ဦးနှောက်မှာ အကျိတ်ဖြစ်တာ
သွေးကင်ဆာ
ကျောက်ကပ်ကင်ဆာ
ဆီးအိမ်ကင်ဆာ
ခံတွင်းကင်ဆာတွေကတော်တော်လေးကို အဖြစ်များပါတယ်။
Hello Health Group
သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။