Nail Fungus (ခြေသည်း လက်သည်း မှိုစွဲခြင်း)
healthcare.com.mm
|
2018-11-21

ခြေသည်း လက်သည်းမှိုစွဲခြင်း ဆိုသည်မှာ ခြေသည်း/လက်သည်းထိပ်၏အောက်ခြေတွင်အဖြူရောင်(သို့)အဝါရောင်အစက်ကလေးများ ပေါ်လာပြီး တဖြည်းဖြည်းအောက်သို့နက်လာလေလေ လက်သည်းအရောင် ပြောင်းသွားလေဖြစ်ကာ၊ လက်သည်း ထူလာပြီး ပျက်စီးခြင်း ဖြစ်သည်။ လက္ခဏာများ- လက်သည်းခြေသည်းများ ထူလာခြင်း- ကျွတ်ဆတ်ပြီး ကျိုးလွယ်လာခြင်း- ပုံစံပျက်သွားခြင်း-အရောင်များ မတောက်ပတော့ဘဲ မှိန်လာခြင်း- ခြေသည်းအောက်တွင်အစအနများ စုနေခြင်းကြောင့် ခြေသည်း လက်သည်းအရောင် မဲလာခြင်းနှင့် - Onycholysis ဟုခေါ်သော ခြေသည်းကွာခြင်း- ခြေသည်းလက်သည်း နာကျင်လာခြင်းအပြင်-အနံ့ထွက်ခြင်းများ ဖြစ်စေနိုင်ပါသည်။ဖြစ်ပွားရသောအကြောင်းရင်းများခြေသည်း လက်သည်း မှိုစွဲခြင်းသည် Fungus , Yeast နှင့် Molds ဟုခေါ်သော မှိုများကြောင့် ဖြစ်ခြင်းဖြစ်သည်။ Fungus မှိုများသည် စွတ်စိုနွေးထွေးသော နေရာများတွင်အသက်ရှင်နိုင်သည့်အပြင် ခြေသည်း လက်သည်း ထဲသို့ မမြင်နိုင်ဘဲ ဝင်ရောက်နိုင်သည့်အတွက် လက်သည်းထက် ထိုနေရာများနှင့် ထိတွေ့မှုပိုများသော ခြေသည်းများတွင် ပိုဖြစ်လေ့ရှိသည်။နောက်ဆက်တွဲ ပြဿနာများခြေသည်း လက်သည်းမှိုစွဲခြင်းသည် ပြင်းထန်ပါက နာကျင်စေနိုင်သည့်အပြင် နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် ခြေသည်းလက်သည်းကို ရာသက်ပန် ပျက်စီးစေနိုင်သည်။ ဆီးချိုရောဂါနှင့် တစ်ချို့သော ဆေးများကြောင့်လည်း ကိုယ်ခန္ဓာခုခံအား ကျဆင်းကာ ခြေထောက်အပြင် တခြားနေရာများသို့လည်း ရောဂါပိုး ဝင်ရောက်ခြင်းများ ဖြစ်စေနိုင်ပါသည်။ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များခြေသည်း လက်သည်းမှိုစွဲခြင်းသည် ပြင်းထန်သောရောဂါ မဟုတ်သော်လည်း မကုသပဲထားပါက ရာသက်ပန် ခြေသည်း လက်သည်းပျက်စီးခြင်းများ ဖြစ်နိုင်သည့်အတွက် စဖြစ်သည့်အချိန်ကပင်အထွေထွေရောဂါကု ဆရာဝန် (သို့)အရေပြားဆရာဝန်ထံသို့ သွားရောက်ပြသသင့်ပါသည်။စစ်ဆေးမှုများဆရာဝန်အနေဖြင့် ခြေသည်းကို စမ်းသပ်မှုများအပြင် ခြေသည်းအောက်မှအစအနများကို ခြစ်ယူကာ ဓာတ်ခွဲခန်းသို့ ပို့ပြီး စစ်ဆေးခြင်းများ ပြုလုပ်နိုင်ပါသည်။ ရောဂါဖြစ်စေသော မှိုအမျိုးအစားကို သိမှသာ ရောဂါကုသရာတွင် ထိရောက်မည် ဖြစ်သည့်အတွက် မှိုအမျိုးအစားကို သေချာစစ်ဆေးရန် လိုအပ်ပေသည်။ကုသခြင်းသောက်ဆေးများဖြစ်သော မှိုသတ်ဆေးများသည် မှိုစွဲနေသောအပိုင်းများကို ဖယ်ရှားကာ ခြေသည်းအသစ်များ ပြန်ထွက်လာအောင် ကူညီပေးသည်။ သို့သော် ထိုဆေးများသည်အရေပြားပေါ်တွင်အနီကွက်များ ပေါ်ခြင်းနှင့်အသည်းကို ထိခိုက်ခြင်းများ ဖြစ်စေသည့်အတွက် သွေးစစ်ခြင်းများ ပြုလုပ်ပြီး ဆရာဝန် ညွှန်ကြားချက်အရသာ သောက်သင့်ပါသည်။ထို့ပြင် Ciclopirox ဟုခေါ်သော Medicated nail polishများ ဆိုးပေးခြင်းနှင့် Medicated nail cream များ လိမ်းပေးခြင်းဖြင့်လည်း မှိုစွဲခြင်းမှ သက်သာစေနိုင်ပါသည်။အကယ်၍ ခြေသည်းမှိုစွဲခြင်းသည်အရမ်းကို ပြင်းထန်ဆိုးရွားကာ နာကျင်နေပါက Nail removal ဟုခေါ်သော ပိုးဝင်နေသော ခြေသည်းကို ခွဲစိတ်ကာ ဖယ်ရှားပေးခြင်းအပြင် နောက်ဆုံးပေါ် လေဆာနည်းပညာများ ဖြင့်လည်း ကုသနိုင်ပါသည်။ကာကွယ်ခြင်းခြေသည်းလက်သည်း မှိုမစွဲစေရန် ကာကွယ်မှုများအနေဖြင့် ခြေလက်များကို မှန်မှန်ဆေးပေးရန်နှင့် ခြောက်သွေ့အောင် ထားရန်၊ ချွေးစုပ်သော ခြေအိတ်များ ဝတ်ဆင်ရန်၊ စိုထိုင်းမှုကို သက်သာစေသော ဖိနပ်များ ဝတ်ဆင်ရန် ၊ ဖိနပ်အဆိုးများကို လွှင့်ပစ်ရန်၊ ဖိနပ်အတွင်းတွင် မှိုသတ်ဆေးများ ဖြန်းပေးရန်၊ ရေနှင့် ထိတွေ့မှုများပါက ရာဘာလက်အိတ်များ ဝတ်ဆင်ရန်၊ ခြေဗလာဖြင့် လမ်းလျှောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ မှိုစွဲနေသော ခြေသည်းအပေါ်မှ ခြေသည်းနီ ဆိုးခြင်းမှ ရှောင်ကြဉ်ရန်၊ မှိုစွဲနေသော ခြေသည်းကို ထိကိုင်ပြီးတိုင်း လက်ကို စင်ကြယ်အောင်ဆေးကြောခြင်းအစရှိသည်များကိုအစဉ်တစိုက် လုပ်ဆောင်ပေးသင့်ပါသည်။Ref: Mayo Clinicသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..