
မျက်စိရဲ့မျက်နှာပြင်ကို ပွန်းခြစ်မိခြင်းဟာအတွေ့ရအများဆုံး မျက်စိ ထိခိုက်ဒဏ်ရာ ရရှိခြင်းတွေပဲ ဖြစ်ပါတယ်။ မျက်စိကို သစ်ကိုင်း၊ လက်သည်း စတဲ့အရာဝတ္တု တခုခုနဲ့ ထိခိုက်မိရင် ဖြစ်တတ်ပါတယ်။ မျက်လုံးကိုအမှုန်အမွှားဝင်တဲ့အခါ ပွတ်မိရင်လည်း စုတ်ပြဲခြင်း ဖြစ်တတ်ပါတယ်။
မျက်စိအသားအတွင်း ပြင်ပအရာတခုခု ဝင်ရောက် နေခြင်း
မှန်ကွဲစ၊အချွန်အတက် စတာတွေဟာ မျက်စိထဲကို ထိုးဖောက်ဝင်ရောက်သွားနိုင်ပါတယ်။ မျက်ကြည်လွှာကိုပါ ထိခိုက်နိုင်ပါတယ်။
မျက်စိရောင်ခြင်း
မတော်တဆ တခုခုကြောင့် (ဘောလုံးမှန်ခြင်း) မျက်လုံးကို ထိခိုက်မိတာ၊ ရန်ဖြစ်ရင်း လက်သီးနဲ့ ထိုးမိတာ စတာတွေကြောင့် သွေးကြောနဲ့ တစ်သျှူးတွေကို ထိခိုက်စေနိုင်ပြီး မျက်လုံးအိမ်ဟာအညိုအမဲစွဲ ရောင်ရမ်းလာနိုင်ပါတယ်။အဲဒီလိုဖြစ်ခဲ့ရင် ရေခဲအိတ်ကပ်တာမျိုးနဲ့ ကုသနိုင်ပေမယ့်အတွင်းပိုင်း ထိခိုက်မှု ရှိမရှိ သိရအောင် ဆေးရုံဆေးခန်း ပြသတာအကောင်းဆုံးပါပဲ။ (Hyphema ဆိုတဲ့အခြေအနေဟာ မျက်လုံးရှေ့ပိုင်းသွေးယိုတာကြောင့် မျက်လုံးအတွင်း ဖိအားမြင့်တက်ကာ စနစ်တကျမကုသရင် ရေတိမ်ဖြစ်ပြီး မျက်လုံး ကွယ်သွားတဲ့အခြေအနေ ဖြစ်ပါတယ်။
မျက်သားသွေးထွက်ခြင်း
မျက်စိသွေးခြေဥခြင်းနဲ့အတူ ဖြစ်လာနိုင်တာကတော့ မျက်လုံးအိမ်ထဲမှာပါ သွေးထွက်ပြီး သွေးခြေဥလာတာ ဖြစ်ပါတယ်။ မျက်ခွံအတွင်းသားနဲ့ မျက်သားနေရာကြား တည်ရှိတဲ့ သွေးကြောလေးတွေ ပေါက်ပြဲရင် ဖြစ်တတ်ပါတယ်။ မြင်ရတာဆိုးပေမယ့် တခါတလေ ဆေးကုသဖို့တောင် မလိုဘဲ ရက်ပေါင်းများစွာကြာရင်အလိုလိုပျောက်သွားတတ်ပါတယ်။
ဓာတုပစ္စည်းများကြောင့် လောင်စားခြင်း
အက်ဆစ်နဲ့ ထိမိခြင်းဟာ မျက်လုံးမှာ ပြင်းထန်တဲ့ နာကျင်မှုနဲ့ နီရဲမှုကို ဖြစ်စေပါတယ်။အယ်လ်ကာလိုင်းဟာ မျက်လုံးကို ယားယံနာကျင်ခြင်း မဖြစ်စေပေမယ့် ပိုပြီးအန္တရာယ်များပါတယ်။အယ်လ်ကာလိုင်းပါဝင်တဲ့ ပစ္စည်းတွေကတော့အိမ်တွင်း သန့်ရှင်းရေးသုံး ပစ္စည်းများနဲ့ မြေဖြူမှုန်တွေပဲ ဖြစ်ပါတယ်။
သင့်ကလေး မျက်လုံးထိခိုက်မိရင် ဘာလုပ်မလဲ
ထိခိုက်မှုအမျိုးအစားပေါ် မူတည်ပါတယ်။ ရှေးဦးပြုစုနည်းတွေ ပြုလုပ်ပြီးတာနဲ့ ဆေးကုသမှု ချက်ချင်းခံယူဖို့ လိုအပ်ပါတယ်။
မျက်စိဟာ ပွန်းခြစ်ဒဏ်ဖြစ်နေမယ်၊ ပြင်ပအရာ တခုခုအထဲဝင်နေမယ်ဆိုရင် မျက်လုံးကို မှိတ်ခိုင်းထားပြီး မျက်လုံးပေါ်အကာအကွယ်တခုခုနဲ့ ဖုံးထားရပါမယ်။ ထိခိုက်ထားတဲ့နေရာကို တင်းကျပ်အောင်၊ စိုစွတ်အောင် မထားရပါဘူး။ ဘက်တီးရီးယားနဲ့ မှိုတွေပေါက်လာပြီး ၂၄နာရီအတွင်း ဒုက္ခ ပေးနိုင်တာကြောင့် ဖြစ်ပါတယ်။
မျက်လုံးထဲ ဝင်နေတဲ့အရာကို ကိုယ့်ဖာသာ ဖယ်ထုတ်တာ၊ ပွတ်ပစ်တာ မလုပ်ပါနဲ့။ မျက်လုံးအပေါ် ဖိအားဖြစ်စေတာဟာ ပြင်ပပစ္စည်းတွေကို မျက်လုံးထဲ ပိုဝင်ရောက်သွားစေပြီးအမာရွတ်ထင်တာ၊ မျက်စိမှာအမြဲတမ်းထိခိုက်သွားတာ ဖြစ်တတ်ပါတယ်။
ကလေးကို တည်ငြိမ်စေဖို့ ဖျောင်းဖျပြီး မျက်လုံး၂ဘက်စလုံးကိုအကာတခုခုအုပ်ထားပေးပါ။
ကလေးရဲ့ မျက်လုံးထဲ ဓာတုပစ္စည်းတခုခု ဝင်ရောက်သွားရင် ရေပန်းအောက်မှာ ၁၀မိနစ်လောက် နေပေးရပါမယ်။ ရေဟာ ရေအေးဖြစ်ဖြစ်၊ ကြက်သီးနွေးလောက်ဖြစ်ဖြစ် ရပါတယ်။ တတ်နိုင်သလောက် ရေနဲ့ ရောပါသွားပါအောင် မျက်စိဖွင့်ထားခိုင်းပါ။ ဓာတုပစ္စည်းတွေနဲ့ ထိမိတဲ့အခါ ရေဆေးပြီးတာနဲ့ မြန်နိုင်သမျှမြန်အောင် မျက်စိဆရာဝန်ပြပါ။ ဖြစ်နိုင်ရင် ဘာနဲ့ ထိမိတယ်ဆိုတာ သိအောင် ဓာတုပစ္စည်းကို ဘူးတခုခုနဲ့ ယူသွားပါ။ ဒါမှမဟုတ် ဓာတ်ပုံ ရိုက်ယူသွားပါ။
သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။