ခေါင်းထိခိုက်မိသောအခါလုပ်ဆောင်ရမည့်အရေးပေါ်နည်းလမ်းများ =
healthcare.com.mm
|
2018-09-25

- ခေါင်းထိခိုက်မိသောအခါ ၏ ဦးခေါင်းခွံနှင့် ဦးနှောက်ကိုထိခိုက်စေနိုင်ပါသည်။ ဒဏ်ရာကြောင့်အခြေအနေ မှာ သာမန်အဆင့်မှ ဆိုးရွားသည့်အဆင့်ထိ ဖြစ်နိုင်ပါသည်။ - ပွင့်ထွက်သည့်ဒဏ်ရာ (သို့မဟုတ်) ပိတ်နေသည့် ဒဏ်ရာ (၂) မျိုးရှိပါသည်။ ချွန်ထက်သောအရာနှင့်ထိခိုက်မိလျှင် ပွင့်ထွက်သည့်ဒဏ်ရာကို ဖြစ်စေနိုင်ပြီး တုံးသည့်ပစ္စည်းကြောင့် ဆိုလျှင် ပိတ်သည့်ဒဏ်ရာမပွင့်ထွက်သော ဒဏ်ရာကိုဖြစ်စေပါသည်။ အပြင်ရှိဒဏ်ရာမှာမဆိုးရွား မပွင့်ထွက်သော်လည်း ဦးခေါင်းခွံအတွင်းတွင် ပြင်းစွာသော သွေးယိုစိတ်မှု ဖြစ်နိုင်သည်ကို သတိပြုစေချင်ပါတယ်။ လက္ခဏာများ- ခဏ (သို့မဟုတ်)အကြာကြီး သတိမေ့ခြင်း။ (coma) -မူးဝေနေခြင်း။ - သွေးယိုခြင်း။ -အန်ခြင်း။ - နှာခေါင်းမှအရည် (သို့) သွေးထွက်ခြင်း။ - မျက်စိအမြင်၊ နားအကြား၊ လျှာအရသာ ထိခိုက်ခြင်း။ - နှလုံးခုန်မမှန်ခြင်း။ - တက်ခြင်း။ - ခြေ၊ လက်၊ ကိုယ်မလှုပ်နိုင်တော့ခြင်း။ - စိတ်အနေအထား မမှန်တော့ခြင်း။ လုပ်ဆောင်ရန်များ- ထိခိုက်ဒဏ်ရာအား ရေခဲတင်ပါ။ - ဒဏ်ရာအရွယ်အစား သေးသော်လည်းအခြေအနေဆိုးရွားခြင်းလည်းဖြစ်နိုင်ပါသည်။ - သွေးထွက်ခြင်းရှိမရှိ စစ်ဆေးပါ။ (သွေးထွက်လျှင်ဖိထားပေးပါ) - နှလုံးမခုန်အသက်မရှူမရှူ စစ်ဆေးပါ။ (နှလုံးမခုန်၊အသက်မရှူတော့လျှင်အရေးပေါ်အသက်ကယ်နည်းစလုပ်ပါ။) -အန်နေလျှင်၊ သတိလစ်နေလျှင် ကိုယ်တစ်ဖက်စောင်းထားပေးပါ။ - မအန်ပါက လူနာကို တည့်တည့်အနေအထားအိပ်ပါစေ။ - လူနာကို မလှုပ်ရှားစေရပါ။ (ဦးထုပ်ဆောင်းထားလျှင် မချွတ်ပစ်ပါနှင့်) - ၂၄ နာရီစောင့်ကြည့်ပါ။ (အန်ခြင်း၊ သတိမကောင်းတော့ခြင်း၊ နားနှာခေါင်းမှ သွေးယိုခြင်း၊ တက်ခြင်း) များဖြစ်လျှင် ဆေးရုံဆေးခန်းသို့အမြန်ဆုံးပို့ပေးပါ။ ဒေါက်တာ ခြူးမျက်ချယ်သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..