(Zawgyi)
ကျွန်တော်တို့နိုင်ငံတွင် တောရော မြို့ပါ ကလေး၊ လူကြီး၊ ယောက်ျား၊ မိန်းမ၊ ဆင်းရဲချမ်းသာ၊ ပညာတတ် မတတ်၊ လူမျိုးမရွေး၊ ဘာသာမရွေး ကွမ်းယာစားခြင်းကို ပိုမိုပြုလုပ်လာကြပါသည်။ ကွမ်းယာစားသော ဓလေ့သည် ရိုးရာဓလေ့၊ ဘိုးဘွားမိဘ အစဉ်အဆက် စားသုံးလာကြပါသည်။ ကွမ်းယာစားခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်လာပြီး လူ့ဘဝသက်တမ်းစေ့ မနေရဘဲ ဖြစ်တတ်ပါတယ်။ အလှအပကို ပျက်စီးပြီး အိုမင်းရင့်ရော်စေပါသည်။ ထို့ကြောင့် ကျန်းမာရေးနှင့် အလှအပကို ဒုက္ခပေးသည့် ကွမ်းစားခြင်းကို ရှောင်ကြဉ်ရပါမည်။
ကွမ်းအစ်တွင် ပါဝင်သော ပစ္စည်းများ
ကွမ်းအစ်တစ်ခုတွင် အပေါ်ဆုံး အံခွက်ထဲ၌ ကွမ်းသီး၊ ကွမ်းသီးစိတ်၊ ကွမ်းသီးခြမ်း၊ ကွမ်းညှပ်၊ ဖောက်ပြီးထုံး၊ ရှားစေးအခဲ၊ နွယ်ချို၊ ဖာလာစေ့၊ လေးညှင်း၊ ဂုံခါး၊ နာနတ်ပွင့်၊ ပန်းဂမုန်း၊ စမုံအနီနှင့် စမုံစပါးတို့ ပါရှိပါသည်။ အောက်တစ်ဆင့် ကပ်လျက်အခွက်တွင် အခြောက်လှန်း ပေါင်းတင်ပြီးသား ဆေးရွက်ကြီးအပိုင်းအစကို ထည့်ထားပါသည်။ အောက်တစ်ဆင့် အံခွက်ထဲတွင် ကွမ်းရွက်အစိုများ အထပ်လိုက် ထည့်ထားပါသည်။ ယနေ့ အချိန်အခါတွင် ကွမ်းယာဆိုင်များ လက်ညိုးထိုးမလွဲ ပေါများသောကြောင့် ကွမ်းအစ်နှင့် ဧည့်ခံမှု ဓလေ့သည် လျော့နည်းလာပါသည်။
ကွမ်းယာထဲတွင် ပါဝင်သော ပစ္စည်းများ
ကွမ်းယာတစ်ယာတွင် ကွမ်းရွက်များ၊ ထုံးရေ၊ ရှားစေးရေ၊ ကွမ်းသီးခြမ်း၊ စမုံစပါး၊ ဖာလာစေ့၊ နွယ်ချို၊ လေးညှင်း၊ ဂုံခါး၊ နာနတ်ပွင့်၊ ပန်းဂမုန်း၊ စမုံအနက်၊ စမုံစပါးအဆီများ ပါဝင်ပါသည်။ အုန်းသီးအဆံ၊ ဖရုံယို၊ သီးစုံယိုနှင့် နာနတ်ယိုတို့ကို ထည့်စားကြပါသည်။ ရွှေစက္ကူနှင့် ငွေစက္ကူများကိုလည်း ထည့်ကြပါသည်။ ဆေးရွက်ကြီးထွက်ပစ္စည်းများအမျိုးမျိုးကိုလည်း အသုံးပြုကြပါသည်။ အိန္ဒိယနိုင်ငံအတွင်းမှ တရားဝင် (သို့မဟုတ်) တရားမဝင် ထုတ်လုပ်သော Singnal, 45, 81, 92, 100, 162, 350 (Zarda) Baba, Parajit, Sagar, Queen စသော တံဆိပ်များပါသည့် ဆေးပေါင်းကိုလည်း ထည့်စားကြပါသည်။
ရှားစေးသည် ရှားစေးပင်၏ ကိုင်းများကို ခုတ်ပိုင်းပြီး၊ ဒယ်အိုးထဲတွင် မီးနှင့်ကြို၍ ရလာသော အစေးများ အခြောက်ခဲထားသော ရှားစေးအခဲများ ဖြစ်ပါသည်။ ရှားစေးအခဲများကို အရည်ဖျော်ပြီး ထုံးရည်နှင့် ကွမ်းယာတွင် အသုံးပြုကြပါသည်။ သို့ရာတွင် ရှားစေးအပင်များ ရှားပါးလာ၍ ထုံးရေကို ဆိုးဆေးအရောင် အတုနှင့် ဖော်စပ်အသုံးပြုခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်စေပါသည်။
ကွမ်းရွက်တွင်လည်း ပိုးသတ်ဆေး အကြွင်းအကျန်များပါ ရှိနိုင်ပါသည်။ ကွမ်းသီးမှိုတက်များနှင့် ဆာလ်ဖျူရစ်အက်ဆစ် အသုံးပြုထားသော ကွမ်းသီးများကိုလည်း တွေ့ရနိုင်ပါသည်။ မသန့်ရှင်းသော ထုံးများကို အသုံးပြုကြပါသည်။ မြန်မာပြည်တွင် အတုထုတ်လုပ်သော ဆေးရွက်ကြီးပေါင်းရည်မျိုးစုံကိုလည်း ထည့်ကြပါသည်။
ကျောင်းသားလူငယ်များနှင့် ကွမ်းစားခြင်း
ယနေ့အချိန်အခါတွင် မူလတန်းအရွယ် ကလေးငယ်များလည်း ကွမ်းစားလာကြပါသည်။ ကျန်းမာရေးကို ထိခိုက်ပြီး အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါသည်။ ကွမ်းယာထဲတွင် ပါဝင်သည့် နီကိုတင်းနှင့် အခြားမူးယစ်ဆေးကဲ့သို့ စွဲစေသော ဓာတုပစ္စည်းများကြောင့် ပညာသင်ကြားရာတွင် အနှောင့်အယှက် ဖြစ်စေပါသည်။
ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များနှင့် ကွမ်းယာစားခြင်း
ကိုယ်ဝန်ဆောင်မိခင်များ ကွမ်းစားပါက လမစေ့သော ကလေးများ မွေးဖွားတတ်ပါသည်။ ပေါင်မပြည့် လမစေ့ဘဲ ဖြစ်တတ်ပါသည်။ လမစေ့မွေးခြင်း၊ ပေါင်မပြည့်မွေးခြင်းကြောင့် ကလေးများသည် အသက် ငါးနှစ်မပြည့်မီ သေဆုံးနိုင်ပါသည်။ ကိုယ်ဝန်ဆောင် မိခင်များ ကွမ်းစားခြင်းကြောင့် ကိုယ်ဝန်ပျက်တတ်ပါသည်။ နို့တိုက်မိခင်များ ကွမ်းစားပါက မိခင်နို့ရည်ထဲတွင် ဓာတုပစ္စည်းများ ပါဝင်ပြီး ကလေး၏ ဦးနှောက်နှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု နှေးကွေးတတ်ပါသည်။ ဉာဏ်ရည်နိမ့်ခြင်းကြောင့် ပညာသင်ကြားမှုကို ထိခိုက်စေပါသည်။
ကွမ်းစားခြင်း ဆိုးကျိုး
ကွမ်းယာကို နှစ်ရှည်လများ အမြဲစားသုံးသူများတွင် ပါး၊ အာခံတွင်းနှင့် လည်ချောင်းကင်ဆာများ အဖြစ်များပါသည်။ ကွမ်းယာများအပြင် ဆေးလိပ်ကို သုံးစွဲပါက နှလုံးရောဂါ၊ ပါးစောင်၊ အာခံတွင်းနှင့် လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာများ ဖြစ်ပွားနိုင်ပါသည်။
ကွမ်းယာစားခြင်းသည် လူကို လန်းဆန်းခြင်း၊ အစာကြေခြင်းနှင့် အိပ်ချင်ပြေခြင်းများ ဖြစ်သည်ဟု မှတ်ယူပြီး စားခြင်းကြောင့် ငွေကြေးကုန်ကျများ နိုင်ပါသည်။ ကွမ်းယာစားပြီး ကွမ်းတံတွေး ထွေးခြင်းကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်စေပါသည်။ မြို့ရွာအလှကို ပျက်စီးစေပါသည်။
ကွမ်းယာထဲတွင် ဆေးရွက်ကြီး ထွက်ပစ္စည်းများ ထည့်ပြီး ပါးစပ်အတွင်း ငုံခြင်းကြောင့် သာမန်ထက် သလိပ်ရေ ပိုမိုထွက်စေပါသည်။ ပါးစပ်မှ အပြင်ကို ထွေးပစ်လိုက်ခြင်းကြောင့် အခြားသူ၏ အဝတ်အစား၊ ကားနှင့် အသုံးအဆောင် ပစ္စည်းများကို ညစ်ပေစေပါသည်။ ကွမ်းတံတွေး စင်ခြင်းကြောင့် ခိုက်ရန်ဒေါသ ဖြစ်ပြီး ရန်ဖြစ်စကားများတတ်ပါသည်။
ကွမ်းစားသူတွင် တီဘီရောဂါပိုး ရှိပါက ၎င်းထွေးလိုက်သော ကွမ်းသွေးကြောင့် အခြားသူများကို ရောဂါများ ရရှိစေပါသည်။ ကွမ်းယာဝါးပြီး ကလေးများကို ခွံ့ကျွေးခြင်းကြောင့် ကလေးတွင်လည်း ရောဂါများ ရရှိနိုင်ပါသည်။
ကွမ်းစားခြင်းကြောင့် သွားများ နီရဲပြီး ကြည့်ရဆိုးပါသည်။ သွားများ ကြွေများကွာခြင်း၊ ကွမ်းချေးများ ကပ်ခြင်း၊ သွားကျိုးခြင်း၊ သွားပဲ့ခြင်း၊ ခံတွင်းကင်ဆာဖြစ်ခြင်းများ ခံစားရနိုင်ပါသည်။ ထို့အပြင် အစာအိမ်ရောင်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းများ ဖြစ်တတ်ပါသည်။
အကြံပြုချက်
ကွမ်းယာစားခြင်းသည် မကူးစက်တတ်သော ရောဂါများ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ သွေးချို ဆီးချိုရောဂါ၊ ကင်ဆာရောဂါနှင့် နာတာရှည် အဆုတ်ရောင်ရောဂါကို ဆေးလိပ်သောက်ခြင်း ကဲ့သို့ ဖြစ်လာနိုင်ပါသည်။ မိခင်နှင့်ကလေးများအတွက် ကျန်းမာရေးကိုလည်း ထိခိုက်စေပါသည်။ ကိုယ်ဝန်ဆောင်နှင့် မီးတွင်းမိခင် သေဆုံးမှုလည်း ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် အလှအပကို ထိခိုက်စေသော ကွမ်းယာစားခြင်းကို ရှောင်ကြဉ်သင့်ပါသည်။
Author: Dr. မြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး), Healthcare Journal, vol 8,no 22 (16.6.17)
(Unicode)

ကွမ်းယာစားခြင်းသည် လူကို လန်းဆန်းခြင်း၊ အစာကြေခြင်းနှင့် အိပ်ချင်ပြေခြင်းများ ဖြစ်သည်ဟု မှတ်ယူပြီး စားခြင်းကြောင့် ငွေကြေးကုန်ကျများ နိုင်ပါသည်။
ကွမ်းယာစားပြီး ကွမ်းတံတွေး ထွေးခြင်းကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်စေပါသည်။ မြို့ရွာအလှကို ပျက်စီးစေပါသည်။