အသည်းကို သန့်စင်ပေးမယ့် Detox water အချို့
mizzimaburmese.com
|
2020-01-20

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win




အရက်ကို ကြိုက်လို့ပဲ သောက်သောက်၊ မိတ်ဖြစ်ဆွေဖြစ်ပဲ သောက်သောက်၊ အလုပ်သဘောအရပဲ သောက်သောက် အသည်းကို ထိခိုက်စေတာကတော့ အမှန်ပါပဲ။ ဒီတော့ ကြာလာတဲ့အခါ အသည်းကို ထိခိုက်လာပြီး အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။ ဒီတော့ အသည်းကို သန့်စင်ပေးနိုင်မယ့် နည်းလမ်းလေးတွေပြောပြချင်ပါတယ်။


အရက်ကြောင့် အသည်းကို ဘယ်လိုထိခိုက်နိုင်လဲ……
အရက်သောက်တဲ့အခါ အချိန်ကြာလာနဲ့အမျှ အသည်းခြောက်တာ အသည်းရောင်တာ အသည်းအဆီဖုံးတာ အသည်းမှာ အနာဖြစ်တာ


အသည်းကင်ဆာ ဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။
အသည်းကို အယ်လ်ကိုဟောကြောင့်ထိခိုက်တာတွေကနေ သက်သာစေဖို့ ဘာလုပ်မလဲ…….
အသည်းကို အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကနေ ကာကွယ်ပေးဖို့ဆိုရင် အသည်းကို သန့်စင်ပေးလို့ရပါတယ်။ ဒီတော့ မေးစရာရှိလာနိုင်တာက ဘယ်လိုသန့်စင်ပေးရမလဲလို့ပေါ့။ နေ့စဉ် စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲတာက အသည်းကို အကောင်းဆုံး သန့်စင်ကာကွယ်တာပါပဲ။ ဒါကြောင့် ကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံလေးပြောင်းလို့ အသည်းကို စောင့်ရှောက်စေချင်ပါတယ်။


အသည်း ကျန်းမာစေမယ့် Detox Water တွေကဘာတွေများလဲ…..
အသည်းကျန်းမာစေဖို့ အဆိပ်အတောက်တွေကို ဖယ်ရှားတဲ့အခါ အလွယ်ကူဆုံးနည်းလမ်းက Detox Water သောက်သုံးတာပါ။


စတော်ဘယ်ရီ Detox Water


စတော်ဘယ်ရီ Detox Water


စတော်ဘယ်ရီ Detox Waterလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေက အရမ်းမများပါဘူး။ စတော်ဘယ်ရီ နဲ့ ရေသန့်ပဲလိုမှာပါ။

အရင်ဆုံး ရေတစ်လီတာဗူးထဲကို ရေစင်အောင် ဆေးထားတဲ့ စတော်ဘယ်ရီသီး အရွယ်တော် ၅ လုံးကနေ ၇ လုံးလောက်ထည့်စိမ်ပြီး ရေခဲသေတ္တာထဲမှာ ၃ နာရီလောက်စိမ်ထားပေးပါ။ ပြီးရင် သောက်လို့ရပါပြီ။ တစ်နေ့ကို တစ်ဗူးကုန်အောင်သောက်ပေးရုံပါ။


ပန်းသီး၊ သစ်ကြံပိုးခေါက် Detox Water


ပန်းသီး၊ သစ်ကြံပိုးခေါက် Detox Water


ပန်းသီး၊ သစ်ကြံပိုးခေါက် Detox Waterလုပ်ဖို့ဆိုရင် ပန်းသီးအရွယ်တော်တစ်လုံး၊ သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ၊ ရေသန့်တစ်လီတာလောက် လိုအပ်ပါတယ်။

အရင်ဆုံး ရေထဲကို ရေစင်အောင်ဆေးပြီး စိတ်ထားတဲ့ ပန်းသီးလေးတွေထည့်ပါ။ ပြီးရင် သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း တဝက်စာထည့်ပါ။ သမအောင်မွှေလို့ ရေခဲသေတ္တာထဲမှာ ၃ နာရီကြာစိမ်းထားပါ။ ပြီးရင်တော့ သောက်လို့ရပါပြီ။


သခွားသီး၊ ရှောက်ချိုသီး Detox Water


ပန်းသီး၊ သစ်ကြံပိုးခေါက် Detox Water


သခွားသီး၊ ရှောက်ချိုသီး Detox Water လုပ်ဖို့ဆိုရင် သခွားသီးအရွယ်တော်တစ်လုံး၊ ရှောက်ချိုသီး အရွယ်တော်တစ်လုံး၊ ပူစီနံအနည်းငယ် နဲ့ ရေသန့်တို့လိုမှာပါ။

သခွားသီး နဲ့ ရှောက်ချိုသီးကို ရေစင်အောင်ဆေးပါ။ ပြီးရင် မထူမပါး အကွင်းလေးတွေလှီးပါ။ ပူစီနံရွက်လေးတွေကို စိတ်လို့ ရေစင်အောင်ဆေးပြီး ရေဗူးထဲမှာ ရေနဲ့အတူ ရောထည့်လိုက်ပါ။ ၃ နာရီလောက် ရေခဲသေတ္တာထဲမှာ စိမ်ထားပြီးရင် သောက်လို့ရပါပြီ။


ခရင်ဘယ်ရီ၊ သံပရာ Detox Water


ပန်းသီး၊ သစ်ကြံပိုးခေါက် Detox Water


ခရင်ဘယ်ရီ၊ သံပရာ Detox Waterလုပ်ဖို့ဆိုရင် သကြားမပါတဲ့ ခရင်ဘယ်ရီသီးဖျော်ရည်အဆီ ထမင်းစားဇွန်း တစ်ဇွန်းစာ၊ သံပရာသီး တစ်ခြမ်း နဲ့ ရေသန့်တို့ လိုအပ်မှာပါ။

အရင်ဆုံးရေထဲကို ခရင်ဘယ်ရီသီးဖျော်ရည် အဆီထည့်ပါ။ သံပရာသီးကို ညှစ်ပြီး အခွံကိုပါထည့်စိမ်ပါ။ ရေခဲသေတ္တာထဲ ၃ နာရီကြာထည့်စိမ်ထားပြီးရင် သောက်လို့ရပါပြီ။


ဖရဲသီး၊ ပူစီနံ Detox Water


ပန်းသီး၊ သစ်ကြံပိုးခေါက် Detox Water


ဖရဲသီး၊ ပူစီနံ Detox Waterလုပ်ဖို့ ဖရဲသီးတစ်စိတ်၊ ပူစီနံရွက်အနည်းငယ်နဲ့ ရေသန့်တို့လိုအပ်မှာပါ။

အရင်ဆုံး ဖရဲသီးလေးတွေကို အရွယ်တော်လေးတွေ တုံးပါ။ ပူစီနံရွက်တွေကိုခြွေပြီး ရေစင်အောင်ဆေးပါ။ ပြီးရင် ရေဗူးထဲရေပါအကုန်ရောထည့်လို့ ၃ နာရီကြာစိမ်ထားပါ။ ရေခံသေတ္တာထဲ ထည့်ထားပေးဖို့မမေ့ပါနဲ့။ ပြီးရင် သောက်လို့ရပါပြီ။

အခုပြောခဲ့တာတွေထဲက ကြိုက်နှစ်သက်ရာ Detox Water ကိုပုံမှန်သောက်သုံးပေးပြီး အယ်လ်ကိုဟောကြောင့် အသည်းထိခိုက်မှုနည်းအောင် လုပ်ဆောင်ပေးပါ။ အသည်းကျန်းမာမှ ခန္ဓာကိုယ်လည်း ကျန်းမာမှာပါ။




Some text some message..