ရာသီသွေးအရောင် ပြောင်းခြင်းက ပြောပြနေတဲ့ သင့်ရဲ့ ကျန်းမာရေး
myanmaplatform.com
|
2020-01-20



ဓမ္မတာလာခြင်း သို့မဟုတ် ရာသီသွေးဆင်းခြင်း အမျိုးသမီးတွေ တကယ်အရေးကြီးတဲ့ ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ် ။ ရာသီသွေးဆင်းတဲ့ အခါမှာ ကိုယ့်ရဲ့ သွေးအရောင်ကို စောင့်ကြည့်သင့်ပါတယ် ။ ရာသီသွေးအရောင်ဟာ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြနိုင်တဲ့အတွက်ကြောင့် အန္တရာယ် ရှိတဲ့ ကျန်းမာရေး အခြေအနေကို ကြိုတင် ကာကွယ်နိင်မှာပါ ။ ဥပမာ အနေနှင့် သင့်ရဲ့ ရာသီသွေးဟာ ပန်းရောင်ဖျော့ဖျော့ အရောင်ဖြစ်နေတယ်ဆိုရင် ဒါဟာ သင့်ခန္ဓာကိုယ်မှာ အက်စထရိုဂျင် ဓာတ် လျော့နည်းနေတာဖြစ်ပြီး အရိုးပွ ရောဂါဖြစ်နိင်ခြေတွေ အမြင့်ဆုံးမှာ ရှိနေပါတယ် ။ ကဲ ပျိုမေတို့ရေ ကိုယ့်ရဲ့ ရာသီသွေးအရောင် ကပြောပြတဲ့ ကျန်းမာရေး အကြောင်းကို သိစေဖို့ ဆက်လက် ဖတ်ရှုလိုက်ကြပါအုံးနော် ။

၁ ။ ပန်းရောင်ဖျော့ဖျော့



ပန်းရောင်ဖျော့ဖျော့ အရောင်ရှိတဲ့ သွေးဟာ သင့်ရဲ့ ခန္ဓာကိုယ်မှာအက်စထရိုဂျင် လျော့နည်းနေကြောင်း ပြောပြနေတာပါ ။ တကယ်လို့ သင်ဟာ အားကစားသမားတစ်ဦး ဖြစ်နေတယ်ဆိုရင်လည်း ရာသီသွေးအရောင်ဟာ ပန်းရောင်ဖျော့ဖျော့ဖြစ်တတ်ပါတယ် ။ အားကစားလုပ်ခြင်း အထူးသဖြင့် အပြေးအားကစားဟာ အက်စထရိုဂျင် ကို ကျစေပါတယ် ။
အက်စရိုဂျင် လျော့နည်းခြင်းဟာ အသက်ကြီးလာတဲ့ အချိန်မှာ အရိုးပွရောဂါဖြစ်ပွားခြင်းနှင့် ဆက်စပ် နေပါတယ် ။

၂ ။ အဖြူရောင်




ရာသီအရောင်ဟာ ဖြူလွန်းနေခြင်း ဒါမှမဟုတ် အရောင်တော်တော်ဖျော့လွန်းနေတာဟာ အာဟာရဓာတ်ချို့တဲ့နေတာကြောင့် ဖြစ်နိုင်ပါတယ် ။ နောက်တစ်ချက်အနေနှင့်ကတော့ သားအိမ်ကင်ဆာကြောင့်လည်းဖြစ်နိုင်ပါသေးတယ် ။

၃ ။ အညိုရင့်ရောင်




အမျိုးသမီးတိုင်းလိုလို ကြုံဖူးကြမှပါ ။ ရာသီသွေးဟာ အညိုရင့်ရောင် ဒါမှမဟုတ် နီညိုရောင်ဖြစ်နေတယ်ဆိုရင် တော်တော်ကြာကြာဖြစ်နေပြီဖြစ်တဲ့ သွေးဟောင်းတွေ ဆင်းနေတာပဲဖြစ်ပါတယ် ။ ဒါကတော့ သာမန် ကိစ္စဖြစ်တဲ့အတွက်ကြောင့် စိတ်ပူစရာမလိုအပ်ပါဘူး ။

၄ ။ နီညိုရောင် အဖတ်များပါလာခြင်း




ရာသီသွေးနှင့် အတူ နီညိုရောင် အဖတ်တွေပါလာတယ်ဆိုရင် ပရိုဂျက်စတရုန်း နည်းပါးနေပြီး အက်စထရိုဂျင် ပမာဏများနေတာကြောင့် ဖြစ်နိုင်ပါတယ် ။ အများအားဖြင့် ဒီလိုလုပ်ခြင်းဟာ သာမန်လောက်သာဖြစ်ပေမယ့် အညိုရောင် အဖတ်တွေ တော်တော်များများဟာ ကြီး နေမယ်ဆိုရင်တော့ ဟိုမုန်း မညီမျှမှုတွေ ဖြစ်ပေါ်နေကြောင့် ခန္ဓာကိုယ်က သတိပေးနေတာပါ ။

၅ ။ အနီရောင်




ရာသီသွေးဟာ အနီရောင်ရဲရဲလေးဖြစ်နေမယ်ဆိုရင် ကျန်းမာရေးကောင်းမွန်နေတယ်လို့ ဆိုလိုတာပါ ။ ဒါပေမယ့်လည်း တစ်ယောက်နှင့် တစ်ယောက် အခြေအနေမတူတာကြောင့် ကျွမ်းကျင်တဲ့ ဆရာဝန်နှင့်တိုင်ပင်တာကတော့ အကောင်းဆုံးပါပဲ ။




Some text some message..