Nearsigthedness (မျက်စိအဝေးမှုန်ခြင်း)
healthcare.com.mm
|
2018-11-22

အကျဉ်းရှင်းလင်းချက်`   အဝေးမှုန်ခြင်းဆိုသည်မှာ မျက်စိသည် မိမိနှင့် နီးသောအရာဝတ္ထုများကို ကြည်လင်ရှင်းလင်းစွာ မြင်ရသော်လည်း ဝေးသောအရာဝတ္ထုများကိုမူ ဝေဝေဝါးဝါးသာ မြင်ရခြင်းဖြစ်ပါသည်။  ထိုသို့အဝေးမှုန်ခြင်းသည် လူကြီးအရွယ်တွင် ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာနိုင်သော်လည်း ကလေးများနှင့် ဆယ်ကျော်သက်အရွယ်များတွင်ဖြစ်လျှင် လျှင်မြန်စွာ ဆိုးရွားလာနိုင်ပါသည်။လက္ခဏာများ   လူကြီးတွင်အဝေးမှုန်ုခြင်း ခံစားရပါက တွေ့ရှိရသော လက္ခဏာများမှာ-- ဝေးသောအရာဝတ္ထုများကိုကြည့်လျှင် မျက်စိဝေဝါးခြင်း၊ မှုန်ခြင်း- ထိုသို့ဝေဝါးသောအရာများကိုအသေချာမြင်နိုင်ရန် မျက်စိကို မှေး၍ ကြည့်ရခြင်း- မျက်စိအာရုံစူးစိုက်မှု များလာခြင်းကြောင့် ခေါင်းကိုက်ဝေဒနာ ခံစားရခြင်း- ကားမောင်းနေစဉ် မျက်စိမြင်ကွင်းမရှင်းခြင်း (အထူးသဖြင့် ညအချိန်အတွင်း မျက်စိဝေဝါးခြင်း၊ မှုန်ခြင်း)  နှင့်   ကလေးငယ်များတွင် တွေ့ရှိရသော လက္ခဏာများမှာ-- တာရှည်စွာ မျက်စိစွေခြင်း- တီဗွီကြည့်လျှင် တီဗွီရှေ့မှာ နီးကပ်စွာ ထိုင်ကြည့်နေခြင်း- ခဏခဏ မျက်တောင်ခတ်ခြင်း- မျက်လုံးကို ခဏခဏ ပွတ်နေခြင်း-အဝေးမှအရာဝတ္ထုများ သတိမထားမိတာကို တွေ့ရှိခြင်း  တို့ဖြစ်ပါသည်။  ဖြစ်ပွားရသောအကြောင်းရင်းများ   မျက်ကြည်လွှာသည် ရှည်၍အထဲသို့ ကွေးပြီး ဇောက်နက်သွားသောအခါအဝေးမှလာသောအလင်းသည် မြင်လွှာအပေါ်မှာ စုရမည့်အစား မြင်လွှာအရှေ့မှာ လာစုပြီးအမြင်တွေကို ဝေဝါးစေပါသည်။  ထိုအဝေးမှုန်ခြင်းသည် မျိုးရိုးလိုက်တတ်ပြီး ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲမှုကြောင့်လည်း ဖြစ်တတ်ပါသည်။ဖြစ်နိုင်ချေများသူများ- မျက်စိအဝေးမှုန် မျိုးရိုးရှိသူများ- စာကိုအလွန်အကျွံ ဖတ်သူများ- တစ်ချိန်လုံးအိမ်တွင်းအလုပ်လုပ်ပဲ လုပ်နေပြီးအပြင်ထွက်ရန်အချိန်မရှိသူများနောက်ဆက်တွဲ ပြဿနာများ - မျက်စိအဝေးမှုန်ခြင်းကိုအသေချာ မကုသနိုင်ခဲ့ရင် မိမိ၏ နေ့စဉ်လုပ်ငန်းဆောင်တာများကိုပင် ကောင်းစွာမလုပ်နိုင်တော့ပေ။ - မျက်လုံးညောင်း၊အောင့်၍ ခေါင်းကိုက်ခြင်း - ကားမောင်းခြင်း (သို့မဟုတ်)အရေးကြီးအလုပ်တစ်ခုခု ပြုလုပ်နေစဉ်အမြင်အာရုံ ဝေဝါးမှုကြောင့်အန္တရာယ်ရှိနိုင်ခြင်း နှင့် -အခြားမျက်လုံးပိုင်းဆိုင်ရာရောဂါများ ( ရေတိမ်၊အတွင်းတိမ်၊ မြင်လွှာ ကွာကျခြင်း)  တို့ဖြစ်တတ်ပါသည်။ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များရုတ်တရက် မျက်စိအတွင်းအလင်းများဖြစ်ပေါ်ခြင်း၊အရိပ်ကွယ်ခြင်း၊ မိမိ၏နေ့စဉ်လုပ်ငန်းဆောင်တာများကို မလုပ်နိုင်တော့ခြင်း တို့ဖြစ်ပေါ်လာလျှင် မျက်စိအထူးကု ဆရာဝန်နှင့်အမြန်သွားရောက်ပြသသင့်ပါသည်။စစ်ဆေးမှုများ   မျက်စိအထူးကုဆရာဝန်မှ မျက်စိစမ်းသပ်ကိရိယာများဖြင့် စစ်ဆေးခြင်းကုသခြင်း -အမြင်အာရုံ ပြန်လည်ကောင်းမွန်စေရန်အဝေးကြည့် မျက်မှန်တပ်ခြင်း ၊ မျက်ကပ်မှန်တပ်ခြင်း - ခွဲစိတ်ကုသခြင်း - လေဆာဖြင့် ကုသခြင်းကာကွယ်ခြင်း - မျက်စိကို ပုံမှန်စစ်ဆေးပေးခြင်း - မျက်လုံးကို ထိခိုက်စေသောရောဂါများ ( သွေးတိုး၊ ဆီးချို ) ကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခြင်း - နေပူထဲသွားလျှင် နေကာမျက်မှန်တပ်ခြင်း - မျက်လုံးကို ပြင်ပဘေးဥပါဒ်မှ မထိအောင် ကာကွယ်ပေးခြင်း - မျက်စိအားကောင်းစေသောအစာများ၊ ဆေးများ ပုံမှန် မှီဝဲခြင်း - ဆေးလိပ်မသောက်ခြင်း - မျက်စိကို သေချာစမ်းသပ်ပြီးမှ သင့်တော်သော မျက်မှန်၊ မျက်ကပ်မှန်တို့တပ်ပေးခြင်း - ကွန်ပျူတာအသုံးများသူ၊ စာဖတ်များသူများအနေနှင့် မျက်စိကို မကြာခဏ မိနစ်အနည်းငယ်မျှအနားယူပေးခြင်းRef  :  Mayo ClinicCredit: Dr. Tun Nandar Linnသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။ 





Some text some message..