ငါးစားတာ ဘာတွေကောင်းပြီး ဘာတွေဆိုးလဲ
ငါးစားခြင်းဟာ လူတွေအတွက် များပြားလှသောကျန်းမာရေးကောင်းကျိုးတွေပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီဘက်ခေတ်မှာ ရေထုညစ်ညမ်းမှုတွေ များပြားလာခြင်းနဲ့အတူ ရေထဲမှာနေတဲ့ငါးတွေမှာပါ အဆိပ်အတောက်သင့်တာတွေ ဖြစ်လာပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ ငါးစားတဲ့ကောင်းကျိုးအပြင် အခန့်မသင့်ရင်ရနိုင်တဲ့ ဆိုးကျိုးအနည်းငယ်ကိုပါ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။
(1) အကျိုးကျေးဇူးများ
ငါးသည် ပုံမှန်အားဖြင့် ကျန်းမာရေးနှင့်သင့်တော်သော အသားဓာတ်များစွာပါဝင်ပြီး အမဲသား၊ ကြက်သားနှင့် ဝက်သားတို့နှင့်ယှဉ်လျှင် မလိုအပ်သော အဆီနှင့် ကယ်လိုရီနည်းပါးစွာ ပါဝင်ပါတယ်။ အချို့ငါးများ အထူးသဖြင့် ဆဲလယ်မွန်ငါးတွင်သွေးကြောများအတွက် အထောက်အပံ့ပေးပြီး သွေးခဲမႈလျော့ကျစေကာ နှလုံးထိခိုက်မႈ သက်သာစေသော အိုမီဂါ 3 ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဆာဒင်းငါးတွင်လည်း အိုမီဂါ 3 များစွာပါဝင်ပါတယ်။ ထို့ကြောင့် ငါးစားခြင်းသည် အိုမီဂါ 3 ရရှိသောကြောင့် နှလုံးရောဂါဆိုးများဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
အိုမီဂါ 3 သည် ကြီးထွားဖွံဖြိုးမႈအတွက် အလွန်အထောက်အပံ့ကောင်းများ ရရှိစေနိုင်သောကြောင့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အထူးသင့်လျော်ပါတယ်။ သို့သော် သေချာချက်ပြုတ်စားသုံးပါ။ အစိမ်းစားခြင်း။ မကျက်တကျက်ကင်စားခြင်းရှောင်ကျဉ်ပါ။
ငါးစားခြင်းဖြင့် အိုမင်းရင့်ရော်မႈကို ကာကွယ်ပေးပြီး မှတ်ဉာဏ်မေ့လျော့ခြင်းရောဂါများကို အထူးကာကွယ်တားဆီးပေးပါတယ်။
စိတ်ဓာတ်ကျခြင်း၊ ဝမ်းနည်းခြင်း၊ အားအင်ကုန်ခမ်းခြင်းနှင့် ဘဝအပေါ်စိတ်ကုန်ခြင်းစသော စိတ်ဝေဒနာများလည်း ငါးစားခြင်းဖြင့် အိုမီဂါ 3 ရရှိခြင်းကြောင့် သိသာစွာ သက်သာလာစေပါတယ်။
ငါးသည် ဗီတာမင် D ရရှိစေနိုင်သော တခုတည်းသော အစာအစားဖြစ်ပါတယ်။ အကယ်၍ နေရောင်ကောင်းစွာမရှိသောကြောင့် ဗီတာမင် D ဓာတ်ချို့တဲ့နေလျှင် ငါးစားခြင်းဖြင့် ရရှိစေနိုင်ပါတယ်။
အသက်ငယ်သူများ ဆီးချိုရောဂါဖြစ်လျှင် ငါးစားခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
ငါးစားခြင်းဖြင့် အမြင်အာရုံကို ကြည်လင်စေပြီး မျက်စိမှုန်ခြင်းကင်းဝေစေပါတယ်။
ငါးစားခြင်းသည် နှစ်ခြိုက်စွာ အိပ်ပျော်စေပြီး တနေကုန်အားအင်ပြည့်ဝစွာ အလုပ်လုပ်နိုင်ပါလိမ့်မယ်။
(2) ဆိုးကျိုး
သို့သော် ယခုခေတ်တွင် စက်မႈထွန်းကားလာသောကြောင့် လေထု၊ ရေထုညစ်ညမ်းမႈများဖြစ်စေကာ သတ္တုစွန့်ပစ်ပစ္စည်းများ ပိုမိုများပြားလာပါတယ်။ အထူးသဖြင့် မာကျူရီကဲ့သို ပစ္စည်းများရေထဲတွင်ပါဝင်ကာ ရေနေသတ္တဝါဖြစ်သောငါးများအတွက် အဆိပ်အတောက်ဖြစ်စေပါတယ်။ အဆိုပါ မာကျူရီပါဝင်သော ငါးများကို စားသုံးမိလျှင် လူ့ကိုယ်ခန္ဓာထဲတွင်စုပြုံလာကာ လူ့ကိုယ်ခန္ဓာအတွက် အဆိပ်အတောက် ဖြစ်လာစေနိုင်ပါတယ်။ လူအများစုအတွက် မာကျူရီသင့်သော ငါးမည်မျှစားလျှင် ထိခိုက်မည်ဟု မသတ်မှတ်သော်လည်း ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအတွက် မာကျူရီပမာဏအနည်းမျှပင်လျှင် အထူးအရေးကြီးလှပါတယ်။
Dr.ပြည့်ရှင်း
ချွေးထွက်များခြင်းဟာ ကျန်းမာရေးအတွက် ကောင်းသလားဆိုးသလား
အခုလိုပူပြင်းတဲ့ ရာသီမှာ လူတိုင်း ချွေးထွက်တတ်ကြပါတယ်။ သို့သော် အချို့လူများအတွက် ချွေးထွက်များလာသောအခါ သံသယ ဝင်လာတတ်ကြပါတယ်။ ချွေးထွက်ခြင်းသည် ကိုယ်ခန္ဓာ အပူချိန်အပေါ်လိုက်၍ ထွက်သလို စိတ်လႈပ်ရှားလျှင်လည်း ချွေးထွက်များတတ်ပါတယ်။
– (1) ချွေးထွက်များသော နေရာများမှာ
– လက်မောင်းကြား
– မျက်နှာ
– လက်ဖဝါး၊ ခြေဖဝါးတွင် အထွက်များတတ်ပါတယ်။
ချွေးထွက်များခဲ့လျှင် သို့မဟုတ် လုံးဝမထွက်ခဲ့လျှင် အောက်ခံအကြောင်းအရင်းကို သေချာရှာဖွေသင့်ပါတယ်။ ချွေးထုတ်သော ဂလင်းများမှ ချွေးထွက်ပြီး ဘက်တီရီးယားပိုးများရောနှောပြီး လူတွေအတွက် ပြႆနာဖြစ်လာတတ်ပါတယ်။ ချွေးတွင် ရေနှင့်ဆား၊ အဆီဓာတ်များ ပါဝင်ပါတယ်။
(2) ချွေးထွက်သော အကြောင်းအရင်းများမှာ
– ကိုယ်ပူချိန်များခြင်း
ကိုယ်ပူချိန်များခြင်း သို့မဟုတ် ပတ်ဝန်းကျင်အပူချိန် များနေသောအခါ ချွေးထွက်များနိုင်ပါတယ်။
– စိတ်လႈပ်ရှားမူများခြင်းနှင့် စိတ်ဖိဆီးမႈများခြင်း
စိတ်တိူခြင်း၊ ဒေါသထွက်ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် ဒေါသထွက်ခြင်းစသည့် အခြေအနေများတွင် ချွေးထွက်များတတ်ပါတယ်။
– အစာအစားများ
မိမိစားသော အစာအစားများ ဥပမာ အပူအစပ်များ၊ ကော်ဖီ၊ လဘက်ရည်နှင့် အရက်ဘီယာစသည်တို့ကြောင့်လည်း ချွေးထွက်များပါတယ်။
– အခြားသော ရောဂါအခံများနှင့် ဆေးဝါးတချို့
ချွေးထွက်များခြင်းသည် ရောဂါအခံများနှင့် ဆေးဝါးများကြောင့် ချွေးထွက်များတတ်ပါတယ်။ဥပမာ
– ကင်ဆာ
– ကိုယ်ပူကျစေသော ဆေးများ
– ကူးစက်ရောဂါများ
– အကိုက်အခဲပျောက်ဆေးများ
– သိုင်းရွိုက်ဟော်မုန်းများ မညီမျှမႈ
– သွေးဆုံးခြင်း
အမျိုးသမီးများအနေဖြင့် ဟော်မုန်းအပြောင်းအလဲကြောင့် ချွေးထွက်များခြင်းနှင့် ကိုယ်ပူရှိန်ခြင်းစသည်တို့ ဖြစ်စေပါတယ်။
(3) ချွေးထွက်လျှင် ပြုလုပ်သင့်သော အရာများ
ပုံမှန်ချွေးထွက်လျှင် ဆေးကုသရန် မလိုအပ်ပါ။ သို့သော် သက်တောင့်သက်သာရှိရန်နှင့်
ချွေးထွက်နည်းရန် အောက်ပါတို့ကို ပြုလုပ်ပါ။
– ပါးလွှာ၍ သက်တောင့်သက်သာရှိသော အသက်ရှုချောင်သော အဝတ်များဝတ်ပါ။
– အပူစုပ်သော ထူထပ်သော အဝတ်အစားများ မဝတ်ပါနဲ့။
– မျက်နှာနှင့် ကိုယ်ကို ချွေးသုတ်ပေးပါ။
– ချွေးစိုနေသော အဝတ်အစားများ လဲလှယ်ပါ။
– ချွေးထွက်ခြင်းကြောင့် ဆုံးရှုံးသွားသော ရေနှင့် ဓာတ်ဆားကို ရေများများသောက်ခြင်းနှင့် ဓာတ်ဆားရည် သောက်ခြင်းဖြင့် ပြန်လည်ဖြည့်တင်းပါ။
– ချွေးနံ့ သက်သာစေသေ ာချွေးနံ့ပျောက်ဆေး လိမ်းပါ။
– ချွေးထွက်လွန်သေ ာအစာအစားများ ရှောင်ပါ။
(4) ချွေးထွက်များသောဆိုးကျိုးများ
ချွေးထွက်များသောကြောင့် ဖြစ်နိုင်သော အခြေအနေများမှာ
– ရင်ဘတ်အောင့်ခြင်း
– မူးမောခြင်း
– အသက်ရှုမဝခြင်း
– မူးမေ့လဲခြင်း စသည်တို့ဖြစ်နိုင်ပါတယ်။
Dr. ပြည့်ရှင်း