ရိုတာဗိုင်းရပ်စ် ဆိုတာဘာလဲ။
hellosayarwon.com
|
2020-01-24


ဒီ၂၀၂၀ပုံမှန်

ကာကွယ်ဆေး ထိုး/တိုက်အစီအစဉ်မှာ ပြင်းထန်

ဝမ်းပျက်ဝမ်းလျှောရောဂါ အတွက်

ရိုတာ အစက်ချကာကွယ်ဆေးဆိုတာ ပါလာပါပြီ။ ဒီတော့

ရိုတာဗိုင်းရပ်စ် ဆိုတာဘာလဲ။ ကာကွယ်ဆေးတိုက်သင့်လား စသဖြင့် သိရအောင် ဆက်ကြည့်ကြည့်ရအောင်။

ရိုတာဗိုင်းရပ်စ်ဆိုတာဘာလဲ။
ရိုတာဗိုင်းရပ်စ်ဆိုတာ ကူးစက်နိုင်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ တစ်နှစ်တစ်နှစ်ကို ရိုတာဗိုင်းရပ်စ်ကူးစက်ပြီး ဝမ်းလျှောလို့ ဆုံးရှုံးခဲ့ရတဲ့ ကလေးတွေလည်း မနည်းပါဘူး။ ကာကွယ်ဆေးမပေါ်ခင်တုန်းကဆိုရင် အမေရိကန်လိုနိုင်ငံမှာတောင် ကလေးတော်တော်များများက အသက်၅နှစ် ေလာက်ဆိုရင် တစ်ခါလောက်တော့ ရိုတာဗိုင်းရပ်စ် ကူးဖူးပြီးပါပြီ။

လက္ခဏာများ
ရိုတာဗိုင်းရပ်စ်က ကူးစက်ခံရပြီး ၂ရက်လောက်နေရင် လက္ခဏာစပြပါပြီ။ ဖျားမယ်၊ အန်မယ်၊ တစ်ပတ်လောက်ဝမ်းတွေသွားမယ်။ ဗိုက်လည်းနာနိုင်ပါတယ်။ ဆရာဝန်နဲ့ ပြသသင့်တဲ့ အခြေအနေကတော့ -ဝမ်းသွားတာ တစ်ရက်ကျော်သွားပြီ။ -မကြာမကြာလည်းအန်မယ်။ -

ဝမ်းမည်းမည်း တွေသွားမယ်။ ဝမ်းထဲမှာ သွေးတွေ၊ ချွဲတွေပါမယ်။ -အဖျား 104Fကျော်မယ်။ -နုန်းမယ်၊ ဂျီကျမယ်၊ ဗိုက်နာမယ်။ -

ရေဓာတ်ခမ်းခြောက် တဲ့ လက္ခဏာတွေရှိမယ်။ ဥပမာ ပါးစပ်ခြောက်တာ၊ ငိုနေပေမယ့် မျက်ရည် မထွက်တာ၊ ဆီးနည်းတာ၊ မသွားတာ၊ မှိန်းနေတာ၊ ခေါ်လို့မရတာ စတာတွေ ဖြစ်လာရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

ကူးစက်နည်းများ
အဓိကကတော့ လက်ကနေတဆင့် ကူးတာပါ။ အိမ်သာတက်ပြီးလက်မဆေးဘူး၊ ကလေးdiaperလဲပေးပြီး လက်မဆေးဘူး။ ပြီးတော့ အဲ့လက်နဲ့ ကလေးကို ကိုင်မယ်။ အစာကျွေးမယ်ဆိုရင် အလွယ်တကူပဲ ကူးတတ်ပါတယ်။

ကာကွယ်နည်းများ
ရိုတာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးရှိပါတယ်။ Rota Teq - အသက် ၂လ၊ ၄လ၊ ၆လမှာ အစက်ချ တိုက်ရတာပါ။ Rotarix - အသက် ၂လနဲ့ ၄လမှာတိုက်ရတာပါ။ (ခုမြန်မာပြည်မှာ သုံးမယ့် ကာကွယ်ဆေးအမျိုးအစားဖြစ်ပါတယ်။) နောက်ထပ်ကာကွယ်နည်းကတော့

လက်ဆေး တာပါ။ ကာကွယ်ဆေးက ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဝမ်းလျှောတာကိုပဲ ကာကွယ်နိုင်မှာပါ။ တခြားအကြောင်းကြောင့် ဖြစ်တဲ့ ဝမ်းလျှောတာကို ကာကွယ်ချင်တယ်ဆိုရင်တော့ လက်ဆေးတဲ့ အလေ့အကျင့် လုပ်ရပါမယ်။

ကုသနည်းများ
ရိုတာဗိုင်းရပ်စ်အတွက် တိကျတဲ့ဆေးဆိုတာမရှိပါဘူး။ ဆိုလိုတာက ဆေးတိုက်လိုက်တာနဲ့ ပျောက်သွားတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့်

ပိုးသတ်ဆေး တွေ၊ ဗိုင်းရပ်စ်သတ်ဆေးတွေ အသုံးမဝင်ပါဘူး။ဝမ်းပိတ်ဆေးတွေလည်း မပေးရပါဘူး။ ရောဂါရဲ့ သဘာဝကိုက ၃ရက်ကနေ ၇ရက်အတွင်း အလိုလိုပျောက်သွားတာပါ။ ရေဓာတ်ခမ်းခြောက်တာကိုတော့ ဂရုစိုက်ရပါမယ်။ ဝမ်းလျှောနေတဲ့အချိန်အတွင်းမှာ ရေဓာတ်ဖြည့်တင်းပေးပါ။ ဖြစ်နိုင်ရင် ဓာတ်ဆားတိုက်ပါ။ ရေဓာတ်ဆုံးရှုံးတာ အရမ်းဆိုးရင်တော့ ဆေးရုံမှာ အကြောဆေးသွင်းရပါမယ်။ ကိုယ်တိုင်လုပ်နိုင်တဲ့ နည်းလမ်းတွေကတော့ -

အမေနို့ သောက်တဲ့ကလေးဆို အမေနို့ဆက်တိုက်ပါ။ -နို့မှုန့်သောက်တဲ့ကလေးဆို

နို့မှုန့် ဒါမှမဟုတ် ဓာတ်ဆားတိုက်ပါ။ နို့မှုန့်ကို အချိုးအဆမှန်မှန်ဖျော်ပါ။ -ကလေးက နည်းနည်းကြီးတယ်။ အစားကောင်းကောင်းမဝင်ဘူးဆိုရင် အစာပျော့ပျော့ ကျွေးပါ။ သကြားမထည့်ပါနဲ့။ ပေါင်မုန့်၊ ခရက်ကာ၊ အသား၊ ဒိန်ချဉ်၊ အသီး၊ အရွက်တွေကျွေးပါ။ ကောင်းကောင်းအနားယူခိုင်းပါ။ -

ဓာတ်ဆား အပါအဝင်ရေများများတိုက်ပါ။ ဝမ်းလျှောတာကို ပိုဆိုးစေတဲ့ ဆိုဒါ၊ နို့ထွက်ပစ္စည်း (ဒိန်ချဉ်မပါ)၊ သကြားပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်ပါ။ -အစာအိမ်ကို မအီမသာဖြစ်စေတဲ့ အချဉ်ဖောက်ထားတဲ့ အစားအစာတွေ၊ ကဖင်းတွေ၊ အရက်၊ နီကိုတင်း စတာတွေကို ရှောင်ပါ။

Take home massage
ရိုတာဗိုင်းရပ်စ်ဆိုတာ ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ တိကျတဲ့ ကုသမှုမရှိပါဘူး။ ရေဓာတ်ဆုံးရှုံးတာကိုပဲ ကုသရမှာပါ။ အချိန်မီမကုနိုင်ရင် အသက်ဆုံးရှုံးတတ်ပါတယ်။ ကာကွယ်ဆေးရှိပါတယ်။ မြန်မာပြည်မှာ Rotarixဆိုတဲ့ ကာကွယ်ဆေးကို ဒီ၂၀၂၀ကစပြီး တိုက်နေပါပြီ။ ကလေးအသက်၂လနဲ့ ၄လမှတိုက်ရမှာပါ။ မဖြစ်လာရင်ကောင်းပေမယ့် ဖြစ်လာရင် အသက်အန္တရာယ်ရှိတာမို့ ကြိုတင်ကာကွယ်ထားသင့်ပါတယ်။

Hello Health Group  သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။  




Some text some message..