ကန်စွန်းဥမှာ သင် မထင်မှတ်ထားတဲ့ကျျန်းမာရေးအကျိုးကျေးဇူးတွေရှိနေ…
trend.com.mm
|
2018-11-23

ဝိတ်ချချင်တဲ့သူတွေအတွက် စားလည်းစားရ၊ကိုယ်အလေးချိန်လည်းမတက်စေမယ့်အစားအစာတစ်မျိုးရှိနေတယ်ဆိုတာ သိရဲ့လား?ဘာလဲဆိုတော့ ကန်စွန်းဥပါ။ကန်စွန်းဥဟာ ကိုယ်အလေးချိန်လျှော့ချပေးနိုင်တဲ့အပြင် သင်မထင်မှတ်ထားတဲ့ကျန်းမာရေးကောင်းကျိုးတွေရှိနေပါတယ်။ကန်စွန်းဥကနေ ဘယ်လိုကောင်းကျိုးတွေရနိုင်လဲဆိုရင်…








*ဗီတာမင်စီနဲ့ ဗီတာမင်အေအရင်းအမြစ်
ကန်စွန်းဥမီးဖုတ်တစ်လုံးဟာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်စီတစ်ဝက်လောက်ကိုဖြည့်တင်းပေးပါတယ်။ဒါ့အပြင် လိုအပ်တဲ့ဗီတာမင်အေဓာတ်ကိုလည်းအားဖြည့်ပေးပြီး ခန္ဓာကိုယ်တွင်းလုပ်ဆောင်ချက်တွေကောင်းမွန်ဖို့အထောက်အကူပြုပါတယ်။အထူးသဖြင့်အအေးမိတုပ်ကွေးဖြစ်တတ်တဲ့
ရာသီမှာစားပေးမယ်ဆိုရင် ကာကွယ်ပြီးသားဖြစ်စေပါတယ်။ဗီတာမင်အေပါဝင်တဲ့အတွက်ကြောင့်အသားအရည်နဲ့မျက်စိအမြင်အာရုံကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။


*ခန္ဓာကိုယ်တွင်းအားဖြည့်ဓာတ်စာ
ကန်စွန်းဥက ခန္ဓာကိုယ်တွင်းအားဖြည့်ဓာတ်စာလိုပါပဲ။ကန်စွန်းဥစားပေးမယ်ဆိုရင်အသားအရည်ကြည်လင်ကောင်းမွန်စေတဲ့ Collagen ကို ထုတ်ပေးပြီးအရိုးကျန်းမာရေးအတွက်လည်းကောင်းစေပါတယ်။ဗီတာမင်ဘီနဲ့အတူတစ်ခြားဓာတ်တွေလည်းပါဝင်တာကြောင့် ဆုံးရှုံးသွားတဲ့ခန္ဓာကိုယ်တွင်းစွမ်းအင် ၁၅ ရာခိုင်နှုန်းကနေ ၃၀ရာခိုင်နှုန်းအထိ ပြန်လည်ဖြည့်တင်းပေးနိုင်ပါသေးတယ်။








*ရောဂါကာကွယ်နိုင်တဲ့အားဖြည့်အစားအစာ
ကန်စွန်းဥဟာ ဆီးချိုရောဂါ၊နှလုံးရောဂါ၊ကင်ဆာရောဂါစတဲ့နာတာရှည်ရောဂါတွေမဖြစ်ပွားအောင်ကြိုတင်ကာကွယ်ထားနိုင်တဲ့အစားအစာပဲဖြစ်ပါတယ်။လေ့လာချက်တွေအရ ကန်စွန်းဥစားပေးတာက ဦးနှောက်အတွင်းတစ်ရှူးရောင်ရမ်းမှုကိုပါလျှော့ချပေးနိုင်တယ်လို့တွေ့ရှိထားရပါတယ်။


*သွေးအားပုံမှန်ဖြစ်အောင်ထိန်းညှိပေးတယ်
မီးဖုတ်ထားတဲ့ကန်စွန်းဥလက်ဖက်ရည်ခွက်တစ်ခွက်စာ စားပေးခြင်းက ပိုတက်ဆီယမ် ၉၅၀ mg ထုတ်လုပ်ပေးပါတယ်တဲ့။ဒါကြောင့် သွေးဖိအားမတိုးအောင်လျှော့ချပေးနိုင်သလို နှလုံးကျန်းမာရေးအတွက်လည်းအထောက်အကူပြုပါတယ်။နှလုံးရဲ့လုပ်ဆောင်ချက်တွေ၊ကြွက်သားတွေရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ပိုပြီးကောင်းမွန်လာစေပါတယ်။








*ဝိတ်လျှော့ဖို့ကူညီပေးတယ်
ကန်စွန်းဥမှာအမျှင်ဓာတ်ပါဝင်တာကြောင့် ကိုယ်အလေးချိန်လျှော့ချမယ်ဆိုရင်ကန်စွန်းဥက စာရင်းထဲထည့်ထားရမယ့်အစားအစာပါပဲ။ကန်စွန်းဥဟာ ၂၀ရာခိုင်နှုန်းကနေ ၃၀ရာခိုင်နှုန်းလောက်ထိအစာလောင်ကျွမ်းမှုကိုမြန်ဆန်သွားစေပါတယ်။တစ်ချို့က ကန်စွန်းဥက ဝိတ်တက်တဲ့အစားအစာ
လို့ထင်ထားကြတာပါ။ဒါပေမဲ့ ကန်စွန်းဥက ကိုယ်အလေးချိန်လျှော့ချဖို့ကူညီပေးနိုင်တဲ့အစားအစာဖြစ်လို့ စိတ်ချလက်ချစားလို့ရပါတယ်။







Unicode

၀ိတ်ချချင်တဲ့သူတွေအတွက် စားလည်းစားရ၊ကိုယ်အလေးချိန်လည်းမတက်စေမယ့်အစားအစာတစ်မျိုးရှိနေတယ်ဆိုတာ သိရဲ့လား?ဘာလဲဆိုတော့ ကန်စွန်းဥပါ။ကန်စွန်းဥဟာ ကိုယ်အလေးချိန်လျှော့ချပေးနိုင်တဲ့အပြင် သင်မထင်မှတ်ထားတဲ့ကျန်းမာရေးကောင်းကျိုးတွေရှိနေပါတယ်။ကန်စွန်းဥကနေ ဘယ်လိုကောင်းကျိုးတွေရနိုင်လဲဆိုရင်…


*ဗီတာမင်စီနဲ့ ဗီတာမင်အေအရင်းအမြစ်
ကန်စွန်းဥမီးဖုတ်တစ်လုံးဟာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်စီတစ်ဝက်လောက်ကိုဖြည့်တင်းပေးပါတယ်။ဒါ့အပြင် လိုအပ်တဲ့ဗီတာမင်အေဓာတ်ကိုလည်း အားဖြည့်ပေးပြီး ခန္ဓာကိုယ်တွင်းလုပ်ဆောင်ချက်တွေကောင်းမွန်ဖို့ အထောက်အကူပြုပါတယ်။အထူးသဖြင့် အအေးမိတုပ်ကွေးဖြစ်တတ်တဲ့
ရာသီမှာစားပေးမယ်ဆိုရင် ကာကွယ်ပြီးသားဖြစ်စေပါတယ်။ဗီတာမင်အေပါဝင်တဲ့အတွက်ကြောင့် အသားအရည်နဲ့မျက်စိအမြင်အာရုံကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။


*ခန္ဓာကိုယ်တွင်းအားဖြည့်ဓာတ်စာ
ကန်စွန်းဥက ခန္ဓာကိုယ်တွင်းအားဖြည့်ဓာတ်စာလိုပါပဲ။ကန်စွန်းဥစားပေးမယ်ဆိုရင် အသားအရည်ကြည်လင်ကောင်းမွန်စေတဲ့ Collagen ကို ထုတ်ပေးပြီး အရိုးကျန်းမာရေးအတွက်လည်းကောင်းစေပါတယ်။ဗီတာမင်ဘီနဲ့အတူတစ်ခြားဓာတ်တွေလည်းပါဝင်တာကြောင့် ဆုံးရှုံးသွားတဲ့ခန္ဓာကိုုယ်တွင်းစွမ်းအင် ၁၅ ရာခိုင်နှုန်းကနေ ၃ဝရာခိုင်နှုန်းအထိ ပြန်လည်ဖြည့်တင်းပေးနိုင်ပါသေးတယ်။


*ရောဂါကာကွယ်နိုင်တဲ့အားဖြည့်အစားအစာ
ကန်စွန်းဥဟာ ဆီးချိုရောဂါ၊နှလုံးရောဂါ၊ကင်ဆာရောဂါစတဲ့နာတာရှည်ရောဂါတွေမဖြစ်ပွားအောင်ကြိုတင်ကာကွယ်ထားနိုင်တဲ့ အစားအစာပဲဖြစ်ပါတယ်။လေ့လာချက်တွေအရ ကန်စွန်းဥစားပေးတာက ဦးနှောက်အတွင်းတစ်ရှူးရောင်ရမ်းမှုကိုပါလျှော့ချပေးနိုင်တယ်လို့တွေ့ရှိထားရပါတယ်။


*သွေးအားပုံမှန်ဖြစ်အောင်ထိန်းညှိပေးတယ်
မီးဖုတ်ထားတဲ့ကန်စွန်းဥလက်ဖက်ရည်ခွက်တစ်ခွက်စာ စားပေးခြင်းက ပိုတက်ဆီယမ် ၉၅၀ mg ထုတ်လုပ်ပေးပါတယ်တဲ့။ဒါကြောင့် သွေးဖိအားမတိုးအောင်လျှော့ချပေးနိုင်သလို နှလုံးကျန်းမာရေးအတွက်လည်းအထောက်အကူပြုပါတယ်။နှလုံးရဲ့လုပ်ဆောင်ချက်တွေ၊ကြွက်သားတွေရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ပိုုပြီးကောင်းမွန်လာစေပါတယ်။


*၀ိတ်လျှော့ဖို့ကူညီပေးတယ်
ကန်စွန်းဥမှာ အမျှင်ဓာတ်ပါဝင်တာကြောင့် ကိုယ်အလေးချိန်လျှော့ချမယ်ဆိုရင်ကန်စွန်းဥက စာရင်းထဲထည့်ထားရမယ့်အစားအစာပါပဲ။ကန်စွန်းဥဟာ ၂ဝရာခိုင်နှုန်းကနေ ၃ဝရာခိုင်နှုန်းလောက်ထိ အစာလောင်ကျွမ်းမှုကိုမြန်ဆန်သွားစေပါတယ်။တစ်ချို့က ကန်စွန်းဥက ၀ိတ်တက်တဲ့အစားအစာ
လို့ထင်ထားကြတာပါ။ဒါပေမဲ့ ကန်စွန်းဥက ကိုယ်အလေးချိန်လျှော့ချဖို့ကူညီပေးနိုင်တဲ့အစားအစာဖြစ်လို့ စိတ်ချလက်ချစားလို့ရပါတယ်။




Some text some message..