ထိပ်ခပ်နာ (Chronic Sinusitis)
ondoctor.com.mm
|
2020-01-29


ထိပ်ခပ်နာ (Chronic Sinusitis)

၃ လ ထက် ပို၍ မျက်နှာနှင့် နှာခေါင်းအတွင်းရှိ လေအိတ်အခန်းငယ်များ ရောင်ရမ်းခြင်း အခြေအနေကို ထိပ်ခပ်နာလို့ ခေါ်ပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ နာတာရှည် နှာပိတ်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်လုံးတဝိုက် နာခြင်းများ ခံစား ရနိုင်ပါတယ်။


အကြောင်းအရင်းများ
အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်ခြင်း
ဓာတ်မတည့်သော အရာများ ရှူနေရခြင်း
နှာခေါင်းအတွင်း အသားလုံးတည်ခြင်း (Nasal Polyp)
ဆေးလိပ်သောက်ခြင်း၊ ဆေးလိပ်ငွေ ရှူနေရခြင်း
နှာခေါင်းပိတ်ခြင်း ဖြစ်စေနိုင်သော အခြားရောဂါများ (ဥပမာ- အဆုပ်ပွရောဂါ (Cystic Fibrosis),ကိုယ်ခံအားကျရောဂါ)


လက္ခဏာများ
နှာရည်ပြစ်ပြစ်ထွက်ခြင်း
နှာခေါင်းယောင်ခြင်း
နှာခေါင်းပိတ်ခြင်း
မျက်နှာပါးရိုး၊ နှာခေါင်းနှင့် နဖူးများလေးခြင်း၊ ကိုက်ခြင်း
အနံ့နှင့် အရသာ ခံစားသိရှိမှု ကျလာခြင်း
ခေါင်းကိုက်ခြင်း
နားကိုက်ခြင်း
ခံတွင်းအနံ့ နံခြင်း
နုန်းခွေခြင်း


ထိပ်ခပ်နာ ပိုဖြစ်နိုင်သော လူများမှာ
နှာခေါင်းအတွင်းအရိုးစောင်းနေသူများ
နှာခေါင်းတွင်း အသားလုံးရှိနေသူများ
ရင်ကြပ် အခံရှိသူများ
ဓာတ်မတည့်သော ရောဂါအခံရှိသူများ
ကိုယ်ခံအားကျနေသူများ
ဆေးလိပ်သောက်နေသူများ
ဆေးလိပ်ငွေ့ ရှူနေရသူများ


အရေးကြီးသော လက္ခဏာများမှာ
ဖျားလျှင်
ဆိုးရွားစွာ ခေါင်းကိုက်လျှင်
သတိမကောင်းလျှင်
ဇာတ်တောင့်လျှင်
မျက်လုံး – နှစ်ထပ်မြင်လျှင်
မျက်လုံးတစ်ဝိုက် ယောင်လာ နီလာလျှင်

ဤလက္ခဏာများ ခံစားရရင်တော့ ဆရာဝန် နှင့် ချက်ချင်းပြဖို့လိုပါတယ်။


ဆောင်ရန် ရှောင်ရန်များ
အနားယူပါ။
ရေများများသောက်ပါ။
ဆားရေ ထည့်နိုင်သည်။
ဆရာဝန် ညွှန်ကြားချက် မလိုသော အကိုက်အခဲ ပျောက်ဆေးသောက်နိုင်သည်။
အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း ပိုးမဝင်အောင် ဂရုစိုက်ပါ။

(တုပ်ကွေး / အအေးမိလူနာများနှင့် ဝေးဝေးနေပါး)
ဓာတ်မတည့်သော အရာများ ရှောင်ပါ။
ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ငွေ့များ ရှောင်ပါ။ နှာစေး၊ နှာပိတ် တစ်ပတ်ကျော်လျှင် ဆရာဝန်နှင့် ပြသပါ။
Dr Yin Yin Win
M.B,B.S(Ygn)
Dip.Med.Sc(Family Medicine)




Some text some message..