သွားများကို ဖြူဖွေးဝင်းပစေမယ့် သဘာဝအိမ်တွင်းဆေးနည်းများ
mystylemyanmar.com
|
2020-01-30

(Zawgyi)

ပြုံးရယ်လိုက်တိုင်းမှာ ပြုံးအလှပိုင်ရှင်တစ်ယောက်ဖြစ်ဖို့ဆိုရင် သွားများ ညီညာဖြူဝင်းပြီး သွားပိုးစားခြင်း၊ သွားဖုံးရောဂါ၊ သွားရောဂါတို့ ကင်းဝေးနေအောင် ဂရုစိုက်ရပါမယ်။ အခုဆိုရင်တော့ ခေတ်မှီနည်းပညာများ၊ ဆေးဝါးများရဲ့အကူအညီနဲ့ သွားများ ဖြူဖွေးဝင်းပအောင် ပြုလုပ်နိုင်နေပါပြီ။

ရှေးယခင်တုန်းကဆိုရင် အခုလိုနည်းပညာများ မတိုးတက်သေးတာကြောင့် ရှေးလူကြီးတွေကရော သွားများ ဖြူဖွေးဝင်းပအောင် ဘယ်လိုဂရုစိုက်ခဲ့ကြသလဲ။

ရှေးခတ်တုန်းကလည်း သူတို့နည်းသူတို့ဟန်နဲ့ သဘာဝနည်းလမ်းတွေ အသုံးပြုကာ သွားများ ဖြူဖွေးလာအောင် ပြုလုပ်ကြပါတယ်။ စာဖတ်သူတို့လည်း သဘာဝနည်းလမ်းတွေကိုပဲ အသုံးပြုချင်တယ်။ သွားဆေးခန်းကို တကူးတကကြီး သွားဖို့အချိန်မပေးနိုင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။

ဆားနှင့် ဂျင်းအသုံးပြုခြင်း

ဂျင်းတုံး အသေးတစ်တုံးကို ပါးပါးလှီးပြီးနောက် ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံဖြင့် ရောနှောလိုက်ပါ။ ထို့နောက် သံပုယိုသီး တစ်ခြမ်းကို အရည်ညှစ်ကာ သမအောင် ထပ်ရောလိုက်ပါ။ ရရှိလာတဲ့အရောအနှောကို သွားတိုက်တံအသုံးပြုကာ သွားများကို ပွတ်တိုက်ပေးနိုင်ပါတယ်။

Epsom ဆား

Epsom ဆားနဲ့ ရေကို အချိုးတူ ရောနှောပေးလိုက်ကာ ဆားများပျော်ဝင်သွားသည်အထိ မွှေပေးလိုက်ပါ။ ထို့နောက် သွားတိုက်ဆေးအသုံးပြုကာ သွားတိုက်ပေးနိုင်သလို သန့်စင်တဲ့ရေဖြင့်လည်း ပလုတ်ကျင်းပေးနိုင်ပါတယ်။

တမာရွက်အသုံးပြုပါ

တမာရွက်ကို ပွက်ပွက်ဆူလာအောင် ပြုတ်ပေးလိုက်ပါ။ ပွက်ပွက်ဆူလာပါက တမာရည်ကို သန့်စင်အောင် စစ်ထုတ်လိုက်ပါ။ ထိုတမာရည်ဖြင့် ပလုတ်ကျင်းပေးခြင်းက သွားဖုံးနဲ့ သွားကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး သွားများကို ဖြူဖွေးဝင်းပစေပါတယ်။

ပင်စိမ်းရွက်နှင့် အုန်းဆီအသုံးပြုပါ

ပင်စိမ်းရွက် ၃ ရွက်မှ ၅ ရွက်ခန့်ကို ကြိတ်ပြီးနောက် အုန်းဆီဖြင့် သမအောင် ရောနှောပေးလိုက်ပါ။ ရရှိလာတဲ့အနှစ်များကို သွားတိုက်တံဖြင့် သွားတိုက်ပေးလိုက်ပါ။ ခံတွင်းနံ့လေး သင်းပျံ့ပြီး သွားများ ဖြူဝင်းလာပါလိမ့်မယ်။

ကိုကိုးမှုန့် အသုံးပြုပါ

ကိုကိုးမှုန့်အနည်းငယ်ကို ရေ (သို့) အုန်းဆီဖြင့် သမအောင် ရောနှောလိုက်ပါ။ ရရှိလာတဲ့အနှစ်ကို သွားတိုက်ဆေးအဖြစ် အသုံးပြုကာ သွားတိုက်ပေးနိုင်ပါတယ်။

ထိုနည်းလမ်းများထဲမှ မိမိကြိုက်နှစ်သက်ရာတစ်မျိုးကို အသုံးပြုပေးနိုင်ပါတယ်။ တစ်ခုသတိထားရမှာကတော့ နေ့စဉ်ရက်ဆက် ပြုလုပ်စရာမလိုပါဘူး။ တစ်ပတ်မှာ ၂ ကြိမ်၊ ၃ ကြိမ်ခန့်ဆို လုံလောက်ပါပြီ။

Source: Brightside.me

(Unicode)

By MyStyle Myanmar

The post

သွားများကို ဖြူဖွေးဝင်းပစေမယ့် သဘာဝအိမ်တွင်းဆေးနည်းများ appeared first on

MyStyle Myanmar .

Some text some message..