ခံတွင်းအနံ့ဆိုးကို ၅ မိနစ်အတွင်းပျောက်စေမည့် သဘာဝနည်းလမ်း
popolay.com
|
2018-09-25



လူအတော်များများ နေ့စဉ်ကြုံတွေ့ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုကတော့ ခံတွင်းကနေအနံ့ဆိုးထွက်တာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ ခံတွင်းအနံ့ ဆိုးမှန်း သိတဲ့သူရှိသလို မသိပဲနဲ့ လူအများကြားထဲမှာအာပေါင်အာရင်းသန်သန်နဲ့ ပြောတတ်တဲ့သူတွေလည်းရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ တစ်ဖက်လူက ကိုယ့်ရဲ့ ခံတွင်းအနံ့ကြောင့်အတော်လေးကို ဒုက္ခတွေ့ရတတ်ပါတယ်။
ဒီလိုအဖြစ်မျိုး မကြာခဏ ကြုံကြရလိမ့်မယ်ထင်ပါတယ်။
ပြောရမှာလည်းအားနာ..အနံ့ကလည်းမခံနိုင်တော့ မသိမသာ ခဏခဏမျက်နှာလွှဲပြီးအသက်ခိုးရှူရတာ၊အတော်ကသိကအောက်နိုင်ပါတယ်။

ခံတွင်းအနံ့ဆိုးခြင်းဟာ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ဆက်စပ်တာကြောင့် လူအများကြား ပြောဆိုဆက်ဆံရတဲ့အခါ ကိုယ့်အပေါ်ကို တစ်ဖက်လူကအလိုလိုနေရင်းအထင်သေးအမှတ်လျော့ ဆက်ဆံတာမျိုး ခံရတတ်ပါတယ်။
ဒီလိုခံတွင်းအနံ့ဆိုးတဲ့ ပြဿနာကို ငွေကုန်ကြေးကျလည်းမများပဲအလျှင်မြန်အလွယ်ကူဆုံး ဖြေရှင်းနိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။

ပထမဦးဆုံး ဘာကြောင့် ခံတွင်းကနေအနံ့ဆိုး ထွက်ရတာလည်းဆိုတာ သိသင့်တယ်လိုူ ထင်ပါတယ်။ ခံတွင်းထဲမှာအနံ့ဆိုးစေတဲ့အဓိကကျဆုံး ၉၀% ကတော့ လျှာဖြစ်ပါတယ်၊ ဘက်တီးယားအပေါက်ပွားဆုံးနေရာဖြစ်လို့။
ခံတွင်းအနံ့ဆိုးတာဟာ ပုံမှန်အားဖြင့်တော့ ပါးစပ်သန့်ရှင်းရေးကို သေသေချာချာ မလုပ်တာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့်အနံ့ပျောက်ဆေးတွေ ခံတွင်းငုံဆေးတွေနဲ့ ရှင်းပစ်လိုက်ရင် ရပြီလို့ ထင်ကြတတ်ကြပါတယ်။ ရေတိုမှာတော့ မှန်ပေမယ့် ရေရှည်မှာတော့ ခံတွင်းအနံ့ဆိုးထွက်စေတာ လျှာမသန့်ရှင်းတာ တစ်ခုတည်းကြောင်းလည်း မဟုတ်တာကို သိရှိဖို့လိုအပ်ပါတယ်။

အနံ့ဆိုးထွက်စေတဲ့အခြားအကြောင်းအရာတွေလည်းရှိပါသေးတယ်။အာခေါင်ခြောက်သွေ့တာ၊အာသီးရောင်တာနဲ့အနံ့ဆိုးထွက်စေတဲ့အစားအသောက်၊ ခံတွင်းပိုးမွှားပြဿနာနဲ့ ပါးစပ်မှာ ရောဂါပိုးဝင်တာတွေကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။
ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် မိမိရဲ့ခံတွင်းအနံ့ဆိုးနေပြီဆိုရင်တော့အောက်ဖော်ပြပါနည်းလမ်းတွေနဲ့ လွယ်ကူစွာ ပျောက်ကင်းအောင် လုပ်နိုင်ပါတယ်။

၁။ ရိုးရိုးလက်ဖက်ခြောက်(သို့)ဂရင်းတီး
အိမ်သုံး သာမန်လက်ဖက်ခြောက် ဒါမှမဟုတ် ဂရင်းတီးလက်ဖက်ခြောက်တို့က ခံတွင်းအနံ့ဆိုး သက်သာအောင်လုပ်ပေးနိုင်ပါတယ်။
နံနက်ပိုင်းမှာ လက်ဖက်ခြောက်ခတ်ထားတဲ့ ရေနွေးကြမ်းတစ်ခွက်၊ ဖြစ်နိုင်ရင် တစ်နေ့ ၃ ကြိမ် သောက်သုံးပေးခြင်းဖြင့် ခံတွင်းအနံ့ပျောက်စေသလို လူကိုလည်းလန်းဆန်းစေပါတယ်။

၂။ သောက်ရေ
ရေသောက်ခြင်းကလည်း ခံတွင်းအနံ့ကို ပျောက်စေပါတယ်။ တစ်နေ့မှာ ရေများများသောက်ခြင်းဖြင့် ပါးစပ်ထဲမှာ သဘာဝအလျောက် ပေါက်ပွားနေတဲ့ ခံတွင်းပိုးတွေကို သန့်ရှင်းပြီးသားဖြစ်စေပါတယ်။
ညတစ်ရေးနိုးတဲ့အခါတိုင်းလည်း ရေသောက်ဖို့ မမေ့ပါနဲ့။ ဒီလိုသောက်ခြင်းဖြင့် မနက်နိုးလာတဲ့အခါ ခံတွင်းအနံ့ကင်းကင်းနဲ့ နိုးလာပါလိမ့်မယ်။

၃။ နေကြာစေ့
မိန်းကလေးတွေအကြိုက်ဆုံးဖြစ်ပါလိမ့်မယ်။ နေကြာစေ့မှာ ပါဝင်တဲ့ ဓါတ်သဘာဝက ခံတွင်းအနံ့ကင်းဖို့ များစွာအထောက်အကူဖြစ်စေပါတယ်။အစာစားပြီးတိုင်း နေကြာစေ့လေးစားပြီး ရေသောက်ပါက ခံတွင်းအနံ့ပြဿနာကို ရှင်းနိုင်ပါပြီ။

၄။ လိမ္မော်သီး
လိမ္မော်သီးမှာ စီထရစ်အက်ဆစ်အပြည့်ပါဝင်ပြီး ဒီဓါတ်သဘာဝက ခံတွင်းထဲက ဘက်တီးရီးယားတွေကို သေစေပါတယ်။ ဘတ်တီးရီးယားမပေါက်ပွားနိုင်တဲ့အတွက်အနံ့ဆိုးလည်း ထွက်စရာအကြောင်းမရှိတော့ပါဘူး။

၅။ ထောပတ်သီး
ထောပတ်သီးရဲ့အစွမ်းကလည်းအံ့မခမ်းပါပဲ သူ့ရဲ့ဓါတ်သဘာဝက ကိုယ်တွင်းထဲကအပူအပုတ်တွေကို ကျစေပါတယ်၊ ခံတွင်းအနံ့ဆိုးဟာ လျှာကတင်သာမက ဝမ်းအတွင်းကပါ လာတတ်တာကြောင့် ထောပတ်သီးက များစွာအထောက်အကူပြုနိုင်ပါလိမ့်မယ်။

၆။ မာလကာသီး
တန်းနစ်၊ ဖော့စ်ဖရစ်၊ မဲလစ်အက်ဆစ် စတဲ့ သဘာဝဓါတ်သတ္တုတွေ မာလကာသီးမှာပါဝင်တဲ့အတွက် ခံတွင်းနံ့ဆိုးခြင်းကို တားမြစ်ကာကွယ်ပေးနိုင်ပါတယ်။ မာလကာသီးဟာလည်း ငွေကုန်ကြေးကျမများပဲ လက်တစ်ကမ်းမှာတင် ဝယ်လို့ရလွယ်ပါတယ်။
ဖော်ပြပါအချက်တွေကတော့ ခံတွင်းအနံ့ဆိုးတဲ့အခါ ဘယ်လိုမျိုးအမြန်ဆုံးသက်သာပျောက်ကင်းအောင် လုပ်လို့ရနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေဖြစ်ပါတယ်။ ဒါဆို ခံတွင်းအနံ့ဆိုးတွေမဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာ ဆက်လက်ဖတ်ရှုပါဦး။
ပီကေစားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်၊ ဒါပေမယ့် သကြားမပါတဲ့အမျိုးအစားကို ရွေးချယ်ပါ။ ပီကေဝါးတာကြောင့် တံတွေးထွက်ဖို့ကို နှိုးဆော်တဲ့အတွက် ခံတွင်းခြောက်ကပ်ခြင်း မဖြစ်စေပါ ဒါ့အပြင် သွားတွေကို ပွတ်တိုက် သန့်ရှင်းပေးသလိုအကျိုးကျေးဇူးလည်း ရရှိပါတယ်။
ဖြစ်နိုင်ရင်အယ်လ်ကိုဟောဓါတ်ပါဝင်တဲ့ ပါးစပ်ဆေးရည်များကို ရှောင်ကျဉ်ပါ၊ တစ်ခါတစ်ရံ ဆေးရည်တွေကြောင့်လည်း ခံတွင်းအနံ့ဆိုးတတ်ပါတယ်။
အစာစားပြီးတိုင်း သွားတိုက်ပါ၊ သွားတိုက်တဲ့အခါ လျှာကိုပါ သွားပွတ်တံနဲ့ဖြစ်စေ၊ လျှာခြစ်တံနဲ့ဖြစ်စေ သန့်ရှင်းပါ။
ဆေးရွက်ကြီးပါဝင်တဲ့ ထုတ်ကုန်တွေကို ရှောင်ကျဉ်ပါ (ဥပမာ ဆေးလိပ်မသောက်ပါနဲ့)



ခံတွင်းအနံ့ဆိုး ကင်းရှင်းကြပါစေ...
 




Some text some message..