ဒူးအရွတ်ပြဲခြင်း
hellosayarwon.com
|
2020-02-01


မင်္ဂလာပါ Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခါဆွေးနွေးပေးမှာကတော့ Anterior Cruciate Ligament (ACL) လို့ခေါ်တဲ့ ဒူးအရွတ်ပြဲခြင်း အကြောင်းပါ ။

အရွတ်တွေ က အရိုးဆက်တွေမှာ အရေးပါတဲ့ နေရာကနေ ပါဝင်ပါတယ် ။ ACL အရွတ်ကလည်း ဒူးခေါင်းမှာရှိတဲ့အရိုးတွေကို အတူတကွရှိနေပေးဖို့ လုပ်ဆောင်ပေးတဲ့ တာဝန်ကို ထမ်းဆောင်ပါတယ် ။ ACL အရွတ်ရှိတဲ့အတွက်

ဒူးဆစ်တွေ ခိုင်မြဲနေအောင် စွမ်းဆောင်ပေးပါတယ် ။ အကြောင်းအမျိုးမျိုးကြောင့် ဒူးအရွတ်ပြဲတတ်ပါတယ် ။ ပြေးလွှားနေရင်း ဒါမှမဟုတ် ခုန်နေစဉ်မှာ ရုတ်တရက် လှုပ်ရှားလိုက်ခြင်း ၊ လှည့်လိုက်ခြင်းတွေကြောင့် အရွတ်ပြဲတတ်ပါတယ် ။ ဒူးအရွတ်ပြဲရင်တော့

နာကျင်မှုဝေဒနာ ခံစားရတတ်သလို လမ်းလျှောက်ရလည်း ခက်ခဲတတ်ပါတယ် ။

ဘယ်လိုဖြစ်တတ်သလဲ
ပြေးနေချိန်လိုမျိုး အရှိန်ပါတဲ့ အချိန်တစ်ခုမှာ ရုတ်တရက်ရပ်ပြီးတော့ ဦးတည်ရာပြောင်းလိုက်ချိန်မှာ အရွတ်ပြဲတတ်ပါတယ် ။ အထူးသဖြင့် ဘောလုံးကစားနေစဉ် ၊

တင်းနစ်ရိုက်ခြင်း သို့မဟုတ်

gym ဆော့ချိန်တွေမှာ ဖြစ်တတ်ပါတယ် ။

လက္ခဏာတွေက ဘာလဲ
တချို့ဝေဒနာရှင်တွေကတော့ ဒဏ်ရာရသွားချိန်မှာ ပလစ်စတစ်သားပေါက်သလို အသံမျိုး ကြားရတယ်လို့ဆိုပါတယ် ။ ဒါကတော့ မသေချာတဲ့ လက္ခဏာတစ်ခုပါ ။ ပထမဆုံး လက္ခဏာအနေနဲ့ ဒူးဆစ်နာကျင်ခြင်းကို ခံရပါတယ်။

ဒဏ်ရာအ နည်းငယ်ပဲ ဆိုရင် မနာကျင်တတ်ပေမဲ့ ပြင်းထန်တဲ့ အခြေအနေတွေမှာဆိုရင် မတ်တပ်ရပ်ခြင်း ၊

လမ်းလျှောက်ခြင်း တွေမှာ ပိုဆိုးတတ်ပါတယ် ။

ရောင်ရမ်းခြင်း ကတော့ အဖြစ်အများဆုံး လက္ခဏာပါ ။ ဒူးဆစ်ကြီး ရောင်ရမ်းနေတတ်ပါတယ် ။ ပထမဆုံး ၂၄နာရီအတွင်း ရေခဲကြပ်ထုပ်စီးထားသင့်ပါတယ် ။ ဒဏ်ရာရထားတဲ့ခြေထောက်ကိုလည်း အောက်က ခေါင်းအုံးခုခြင်း ၊ စောင်ခုခြင်း လုပ်ပြီး မြှောက်ထားသင့်ပါတယ်။ နောက်ထပ်တစ်ခုကတော့ ဒူးခေါင်းချောင်နေသလို ခံစားရပြီး လမ်းလျှောက်ရတာ ခက်ခဲနေတတ်ပါတယ် ။

ခြေထောက် လှုပ်ရှားရတာ အခက်အခဲဖြစ်ပြီး အထူးသဖြင့် ခြေထောက် အကွေးအဆန့်တွေ မရတတ်ပါဘူး။

ရောဂါအမည်တပ်ခြင်း
ဒူးအရွတ်ပြဲခြင်းကိုတော့ သက်ဆိုင်ရာ အရိုးဆရာဝန်ရဲ့ ကိုင်တွယ်စမ်းသပ်ခြင်း ၊

ဓါတ်မှန်ရိုက်ခြင်း  ၊ သံလိုက်ဓါတ်မှန်ရိုက်ခြင်းတွေနဲ့ ရောဂါရှာဖွေပါတယ် ။ ဓါတ်မှန်ရိုက်ခြင်းက အရွတ်ပြဲတာကို မမြင်ရနိုင်ပေမဲ့ တခြားသော ဒူးခေါင်းနဲ့

ခွသေလုံးရိုး တွေ ထိခိုက်မှု ရှိမရှိ သိနိုင်ပါတယ် ။

ကုသခြင်း
အရောင်ကျအောင် လုပ်ဖို့လိုအပ်ပါတယ် ။ အပေါ်မှာပြောခဲ့သလို ခြေထောက်ကို မြှင့်ပြီး

သွေးစီးဆင်းမှု နည်းအောင်လို့ အောက်ကနေ စောင်၊ခေါင်းအုံး ခုထားသင့်ပါတယ်။ အရောင်ကျအောင်လည်း ရေခဲကြပ်ထုပ် စီးထားသင့်ပါတယ် ။ ဒဏ်ရာဖြစ်တဲ့နေရာကို

ပတ်တီး စီးခြင်းကလည်း အရောင်ကျစေတဲ့ နည်းတစ်ခုပါ ။

အကိုက်အခဲပျောက်ဆေး များကိုတော့ သက်ဆိုင်ရာ ဆရာဝန်ရဲ့ ညွှန်ကြားချက်များအတိုင်းသောက်သင့်ပါတယ် ။ အကိုက်အခဲပျောက်ဆေးများက

အစာအိမျ ကို ထိတတ်တဲ့အတွက် သင့်မှာ အစာအိမ်ဝေဒနာတွေ ရှိရင် ကြိုပြောထားသင့်ပါတယ် ။ ဝေဒနာသက်သာသွားရင်တော့ ခြေထောက်ပြန်လည်သန်စွမ်းအောင်

အကြောအဆစ်ပြန်လည်သန်စွမ်းရေး ပညာရှင်တွေနဲ့ တိုင်ပင်ပြီး လေ့ကျင့်ခန်းများ ပြုလုပ်သင့်ပါတယ် ။ ရေးသားသူ - Dr.Aung Kyaw Myint

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။




Some text some message..