ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ သိပ်ပြီးတွင်ကျယ်သေးတာမျိုးမဟုတ်ပေမဲ့ ဒီဘက်ခေတ်မှာလည်း နားတစ်မျိုးသာမက နှာခေါင်းမှာပါ အပေါက်ဖောက်တာ ခေတ်စားလာကြပါတယ်။ မြင်နေကျမဟုတ်သူတွေအတွက်တော့ တော်တော်ထူးဆန်းနေနိုင်တဲ့ ကိစ္စတစ်ခုဆိုပေမဲ့ ဒါဟာလည်း ခေတ်ရေစီးကြောင်းရဲ့ ရိုက်ခတ်မှုတစ်မျိုးပါပဲ။ ဒါကြောင့် ကိုယ်တိုင်က နှာခေါင်းမှာ အပေါက်ဖောက်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ဒီဆောင်းပါးကို အရင်ဆုံးဖတ်ကြည့်ဖို့ အကြံပေးလိုက်ချင်ပါတယ်။
နှာခေါင်းအပေါက်ဖောက်တာ အနာကျက်ဖို့ ဘယ်လောက်ကြာနိုင်လဲ။
နားကပ်ပေါက်ဖောက်တာလိုပဲ နှာခေါင်းပေါက်ဖောက်တဲ့အခါမှာလည်း လုံးဝအကင်းအရှင်းပျောက်သွားဖို့ ၄လမှ ၉လထိ ကြာနိုင်ပါတယ်။ အနာကျက်ရန်ကြာချိန်သည် • အပေါက်ဖောက်ထားတဲ့
နှာခေါင်
းအစိတ်အပိုင်း (နှာခေါင်းပေါက်၊ အတွင်းသား၊ အပေါက်နှစ်ခြား အလယ်ကခြားနေတဲ့ အမြှေးပါး အစရှိသဖြင့်) • အပေါက်ဖောက်ထားတဲ့ နေရာမှာ ကပ်ထားတဲ့ ပစ္စည်း (သံ၊ ရွှေ၊ ပလက်တီနမ်၊ သတ္တုပစ္စည်း အစရှိသဖြင့်) • ဒီအပေါက်ဖောက်ထားတဲ့ နေရာကို ဘယ်လောက်ထိ သန့်ရှင်းအောင်ထားလဲ စတာတွေပေါ် မူတည်နိုင်ပါတယ်။ နှာခေါင်းပေါက် ဖောက်ပြီးနောက် ပြန်ကောင်းလာရန် အဆင့်များ
၁။ ရောင်ရမ်းနေမယ်။
နှာခေါင်းမှာ အပေါက်ဖောက်ပြီး ရက်အနည်းငယ် သို့မဟုတ် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ အပေါက်ဖောက်ပြီး ပစ္စည်းကပ်ထားတဲ့နေရာ (ဒဏ်ရာ) ကို ကိုယ်ခန္ဓာအရေပြားက ပြန်ပိတ်ဖို့အတွက် ကြိုးစားပါတယ်။ ဒီလိုကြိုးစားနေတဲ့အချိန်မှာ • အပေါက်ဖောက်ထားတဲ့ နေရာနားမှာ
သွေးခဲ
ပြီး အနည်းငယ်မာနေမယ် • သွေးဖြူဆဲလ်တွေက အရေပြားနဲ့ တစ်သျှူးတွေကို ကော်လဂျင်ဆဲလ်နဲ့ ပြန်ဖြည့်စွက်မယ် • ကပ်ထားတဲ့ ပစ္စည်းနားမှာ ရှိနေတဲ့ တစ်သျှူးဆဲလ်တွေက ဆဲလ်အသစ်နဲ့ ဓာတ်ပြုပြီး ရောင်ရမ်းခြင်း ဖြစ်မယ် • နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ ပူနွေးနွေးခံစားရခြင်း၊ သွေးထွက်ခြင်း ဖြစ်နိုင်ပါတယ်။
၂။ အနာသက်သာစပြုလာမယ်။
အနာရဲ့ အခြေအနေပေါ် မူတည်ပြီး ပထမလ သို့မဟုတ် နောက်လတွေမှာ အရောင်ကျပြီးတာနဲ့ စတင်အနာကျက်ဖို့ လုပ်ငန်းစပါပြီ။ ဒီလိုအချိန်မှာ • အနာဖြစ်နေတဲ့နေရာက အမာရွတ်တစ်သျှူးစတွေကနေ ဆဲလ်အသစ်များဖြစ်ပေါ်လာပြီး အရေပြားအဟောင်းနဲ့ အသစ်ကို ဆက်သွယ်ပေးမယ်။ • ပြန်ရည်ကြောကနေ အဝါရောင်ရှိတဲ့ အရည်တွေ၊
သွေးရည်ကြည်
တွေ၊ သွေးဆဲလ်အသေတွေ ထွက်လာမယ်။ • အရည်တွေက အနာပေါက်နားမှာ စုဝေးပြီး ခဲလာကာ ဒဏ်ရာကို စတင်ကုစားမယ်။ • စိမ့်ထွက်လာတဲ့ အရည်တွေဟာ တဖြည်းဖြည်းရပ်သွားပြီး အပေါက်ဖောက်ထားတဲ့ အရေပြားဘေးပတ်လည်မှာ လုံးဝဆက်ပြီးသားဖြစ်သွားပါမယ်။ •
အနာကျက်
ဖို့ လုပ်နေချိန်မှာ မတော်တဆအားဖြင့် အပေါက်ဖောက်ထားတဲ့ နေရာကို ထိခိုက်မိတာဆိုရင်တော့ နည်းနည်းရောင်နေနိုင်ပါတယ်။ • ဒီအဆင့်မှာ လိုတာထက်ပိုပြီး အရည်တွေ စိမ့်ထွက်နေရင်တော့ စိုးရိမ်စရာ ရှိပါတယ်။
၃။ အနာကျက်မယ်။
ဒါကတော့ နောက်ဆုံးအဆင့်ပါပဲ။ ဒီအဆင့်မှာ အပေါက်ဖောက်ထားတဲ့ နေရာလည်း လုံးဝနီးပါး နာကျင်မှုမရှိတော့ဘဲ ကပ်ထားတဲ့ ပစ္စည်းကို အလွယ်တကူ ဖြုတ်၊ တပ်၊ လဲလို့ ရနေပါပြီ။ • အရေပြားတွေကို ဆက်ပေးထားတဲ့ တစ်သျှူးဟာ ပိုမာလာပြီး ကပ်ထားတဲ့ ပစ္စည်းကို အရေပြားအတွင်း သေချာနေရာကျစေဖို့ ကူညီပေးတယ်။ • ထိခိုက်ထားတဲ့ အမာရွတ်တစ်သျှူးဆဲလ်တွေဟာလည်း လုံးဝနီးပါး ပျောက်ကင်းသွားပါပြီ။ • သွေးထွက်တာ၊ ပုံမှန်မဟုတ်တဲ့ အရည်တွေ စိမ့်ထွက်လာတာမျိုး မရှိသင့်တော့ပါဘူး။ • သတိထားရမှာက
အနာကျက်
ကာစအချိန်မှာ ကပ်ထားတဲ့ပစ္စည်းကို ထုတ်ပြီး ဒီအတိုင်းပစ်ထားမယ်ဆိုရင် ပိုးပြန်ဝင်နိုင်တာ၊ အရေပြားအပေါက်က ပိတ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ • နှာခေါင်းအပေါက် လုံးဝအနာမကျက်သေးသ၍ ကပ်ထားတဲ့ ပစ္စည်းကို လုံးဝမထုတ်ဖို့ သတိထားပေးပါ။ နှာခေါင်းအပေါက်ဖောက်ပြီးတာနဲ့ ကိုယ့်ကိုဖောက်ပေးခဲ့တဲ့သူက ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ပြောပြပေးမှာဖြစ်သလို အရေပြားဆရာဝန်နဲ့လည်း တစ်ချက်သွားပြထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ မခံမရပ်နိုင်အောင် ယားနေတာ၊ နီရဲနေတာ၊ အရည်ကြည်ဖုတွေ ထလာတာ၊ အရေပြားက ခြောက်သွေ့ပြီး ပုံမှန်မဟုတ်တဲ့ အရောင်ဖြစ်နေတာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ မကောင်းတဲ့ အနံ့တွေထွက်တာ၊ အဝါရောင် သို့မဟုတ် စိမ်းဖန့်ဖန့်အရောင်တွေ ထွက်လာတာဆိုရင် အပေါက်ဖောက်ထားတဲ့နေရာကို
ပိုးဝင်
သွားတာ ဖြစ်နိုင်တဲ့အတွက် အရေပြားဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ကုသဖို့ လိုအပ်ပါတယ်။ အချုပ်အားဖြင့်ဆိုရမယ်ဆိုရင် နှာခေါင်းအပေါက်ဖောက်ခြင်းဟာ လူတိုင်းအတွက် မဟုတ်သလို ခေတ်ရေစီးကြောင်းနောက်ကိုလည်း မဖြစ်မနေ လိုက်မှရယ်လို့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကိုယ်က ဘယ်လိုပဲဖြစ်နေဖြစ်နေ ဖောက်ချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးကို အရင်ဖတ်ပြီးမှ ဆက်လုပ်သင့်၊ မလုပ်သင့် သေချာဆုံးဖြတ်ပေးပါလို့ မှာကြားချင်ပါတယ်။ Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
Hello Health Group
သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။