နုပျိုကျန်းမာအောင် ချောကလက်ကိုဆောင်
trend.com.mm
|
2020-02-03

ချောကလက်စားလို့ ရလာမယ့် အကျိုးကျေးဇူးတွေကတော့ အံဖွယ်ပါပဲနော်။ ဒါဆို ချောကလက်စားရင်း ချောကလက်ရဲ့ အကျိုးကျေးဇူးတွေကို ကြည့်လိုက်ရအောင်လား။

၁။ ချောကလက်ဟာ သင့်ကိုပိုပြီး ဉာဏ်ရည် ဉာဏ်သွေးထက်မြက်စေပါတယ်။ ချောကလက်ဟာ သင့်ဦးနှောက်ကိုပိုပြီး နိုးကြားသွက်လက်စေပါတယ်။

၂။ ချောကလက်ဟာ သင့်ကိုပိုပြီး လှပလာစေပါမယ်။ ကိုကိုးအမှုန့်ကြမ်းကို အလှအပရေးရာ ထိန်းသိမ်းရေးမှာ အဓိကပါဝင် ပစ္စည်းအနေဖြင့်အသုံးပြုနေကြပါပြီ။ အဓိကကတော့ ကိုကိုးအမှုန့်မှာ Anti-Oxidant (ဓာတ်တိုးဆန့်ကျင်ပစ္စည်း)တွေ ပေါများစွာ ပါဝင် သောကြောင့် နေလောင်ခြင်း၊ လေထုညစ်ညမ်းခြင်း၊ စီးကရက်နှင့် အရက်သောက်ခြင်းကြောင့် ဖြစ်ပေါ်သော အသားအရည် ညစ်နွမ်းခြင်း၊ တင်းတိပ်၊ မှဲ့ခြောက်နှင့် အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာသော အရေးအကြောင်းတွေကို သိသာထင်ရှားစွာ ပျောက်ကင်းစေနိုင်ပါ တယ်။

၃။ ချောကလက်ဟာ သင့်ကိုပိုပြီး သွယ်လျလှပလာစေပါမယ်။ ချောကလက်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို ပိုမိုမြန်ဆန်စေခြင်း ဖြင့် ပိုလျှံနေသော ကယ်လိုရီတွေကို လောင်ကျွမ်းစေ ပါတယ်။ ချောကလက် မကြာခဏစားသုံးတဲ့ သူတွေဟာ မစားသုံးသောသူတွေထက် ခန္ဓာကိုယ်အလေးချိန် လျော့နည်းတာကို တွေ့ရပါတယ်။ သတိထားရမယ့် အချက်ကတော့ မိမိစားသုံးမယ့် ချော ကလက်ဟာ အဆီ နှင့် သကြားများစွာ မပါဝင်ဖို့ပဲ ဖြစ်ပါတယ်။

၄။ ချောကလက်ဟာ စိတ်ဓာတ်ကျခြင်းကို သက်သာစေပါတယ်။ ချောကလက်မှာ Mood-Boosting Chemical (စိတ်ဓာတ်မြှင့် တင်ပေးသော ဓာတုပစ္စည်း) လို့ခေါ်တဲ့ Phenylethylamine(PEA) ပါဝင်ပါတယ်။ လူတစ်ယောက်ဟာ ချစ်ခြင်းကိုခံစားမိပြီဆိုလျှင် (PEA) ဟာ ဦးနှောက်ကနေ ထွက်လာပါတယ်။ ထိုမှတစ်ဆင့် ထွက်ရှိလာသည့် ဟော်မုန်းတွေဟာ ပျော်ရွှင်ကြည်နူးခြင်းဆိုတဲ့ ခံစား ချက်ကို ဖြစ် ပေါ်စေပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျနေသော လူတစ်ယောက်ဟာ ချောကလက်များများစားသုံးသင့်ပါတယ်။

၅။ လူကြီးတွေအနေဖြင့်လည်း အခုချိန်ကစပြီး ချောကလက်ပူပူလေးတစ်ခွက်ကို ပုံမှန်သောက်သုံးခြင်းအားဖြင့် Dementia (သတိမေ့ရောဂါ)၊ နှလုံးရောဂါနှင့် သွေးတိုးရောဂါတို့ မဖြစ်အောင် ကာ ကွယ်နိုင်တော့မည် ဖြစ်ပါတယ်။

[ Unicode ]

Ref; proschocolate

Some text some message..