မဟော်မုန်း အစားထိုးကုသခြင်းရဲ့ ကောင်းကျိုးနဲ့ ပြစ်ချက်များ
hellosayarwon.com
|
2020-02-04


အက်စရိုဂျင်ဟော်မုန်း (Estrogen) တစ်နည်းအားဖြင့်

မဟော်မုန်း တွေကို အမျိုးသမီးတွေမှာ အများဆုံးတွေ့ရပြီး အမျိုးသားတွေမှာလည်း ပမာဏတစ်ခုထိ တွေ့ရနိုင်ပါတယ်။ အမျိုးသမီးတွေအတွက် မဟော်မုန်းရဲ့ လုပ်ဆောင်ချက်တွေကတော့ မျိုးပွားစနစ်၊

အရိုး နဲ့ အရေပြားကျန်းမာစေဖို့၊ လိင်မှုကိစ္စ၊ အမျိုးသမီးများ ရာသီစက်ဝန်းကို ပုံမှန်လည်ပတ်စေဖို့ပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် မိန်းကလေးတွေမှာ

အပျိုဖော် ဝင်ကာစမှ အသက် ၄၀ မတိုင်ခင်အထိကာလသည် မဟော်မုန်းထုတ်လုပ်မှုနှုန်း အမြင့်ဆုံးကာလအဖြစ် သတ်မှတ်ထားပြီး အဲ့နောက်ပိုင်းမှသာ ကိုယ်ခန္ဓာက ဟော်မုန်းထုတ်လုပ်တဲ့ နှုန်းကျဆင်းလာကာ မဟော်မုန်းချို့တဲ့တဲ့ အခြေအနေကို ရောက်ရှိပါတယ်။

မဟော်မုန်းနည်းတဲ့အခါ ဘယ်လိုလက္ခဏာတွေ တွေ့ရတတ်လဲ။


မိန်းမကိုယ် မှ စိုစွတ်မှုနည်းသွားပြီး ခြောက်သွေ့လာခြင်း • လိင်ဆက်ဆံစဉ် အလွန်အမင်း နာကျင်ခြင်း • ရာသီလာချိန် ပုံမှန်မဟုတ်ခြင်း သို့မဟုတ် ရာသီထိန်သွားခြင်း • စိတ်ခံစားချက် အပြောင်းအလဲမြန်ခြင်း •

ဆီးလမ်းကြောင် း ကျဉ်းသွားပြီးနောက် ပိုးဝင်ရန်လွယ်ကူသွားခြင်း • ရုတ်တရက် အချမ်းတက်ခြင်း • ရင်သားက ပျော့တွဲလာခြင်း • ခေါင်းကိုက်ဝေဒနာ ပိုပြင်းထန်လာခြင်း • စိတ်ဓာတ်ကျခြင်း • အာရုံစူးစိုက်၍မရခြင်း • မောပန်းပြီး အားမရှိခြင်း • အရိုးအဆစ်များ ကျိုးပဲ့ပျက်စီးရန် လွယ်ကူလာခြင်း၊ အရိုးအားနည်းခြင်း စတဲ့လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မဟော်မုန်းနည်းနေပြီလို့ သံသယရှိတဲ့ အမျိုးသမီးတိုင်း ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြီး ဟော်မုန်းပမာဏကို စစ်ဆေးကြည့်သင့်ပါတယ်။ ကိုယ့်မှာတွေ့ရတဲ့ ရောဂါလက္ခဏာတွေနဲ့ သွေးစစ်ချက်အဖြေပေါ် မူတည်ပြီး အက်စရိုဂျင်ဟော်မုန်း အစားထိုးကုထုံး ကုသမှုခံယူသင့်၊ မသင့်ဆိုတာကို ဆရာဝန်က ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ ဒီကုထုံးဟာဆိုရင် အသက်အရွယ်ကြီးရင့်လာခြင်းရဲ့နောက် သွေးမဆုံးခင်၊

သွေးဆုံ းပြီး အမျိုးသမီးတွေသာမက အရွယ်ငယ်သေးတဲ့ ပျိုမေလေးတို့အတွက်ပါ အဆင်ပြေစေနိုင်ပါတယ်။ မဟော်မုန်းအစားထိုးကုထုံးမှာဆိုရင် လူနာရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး အက်စရိုဂျင်အစားထိုး သောက်ဆေး၊ လိမ်းဆေး၊ မိန်းမကိုယ်တွင်း ထည့်ဆေး၊ ထိုးဆေးတွေကို ပေးသွားမှာဖြစ်ပြီး တစ်နှစ်မှ နှစ်နှစ် သို့မဟုတ် နှစ်ရှည်လများစွာ ကုသမှုခံယူသင့်ပါတယ်။ ဒီလိုကုသမှုခံယူခြင်းဖြင့် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့

၁။ သွေးဆုံးနေစဉ် ကိုက်ခဲနာကျင်ခြင်းဝေဒနာကို သက်သာစေတယ်။
အမျိုးသမီးတိုင်း မဖြစ်မနေကြုံတွေ့ကြရမယ့် ပြဿနာတွေထဲမှာ သွေးဆုံးခြင်းသည်လည်း တစ်ခုအပါအဝင်ပါပဲ။ ဒီလိုအချိန်ကာလမှာ ရုပ်ခန္ဓာရော၊ စိတ်ကျန်းမာရေးမှာပါ ရိုက်ခတ်မှုများစွာ ကြုံရနိုင်ပြီး မဟော်မုန်းထုတ်လုပ်နှုန်းလည်း အရင်ကထက် အဆပေါင်းများစွာ လျော့ကျသွားနိုင်ပါတယ်။ ဒီလိုသွေးဆုံးနေချိန်မှာ ချမ်းတုန်ခြင်း၊ မိန်းမကိုယ် ခြောက်သွေ့ခြင်း၊

အိပ်မပျေ ာ်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း၊ ခံတွင်းပျက်ခြင်း၊ တစ်ကိုယ်လုံးမှာ ရှိတဲ့ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း စတဲ့ဝေဒနာတွေကို ပြင်းထန်စွာခံစားရနိုင်ပါတယ်။ မဟော်မုန်းအစားထိုးကုသမှုခံယူခြင်းဖြင့် ကိုယ်ခန္ဓာက အက်စထရိုဂျင်ဟော်မုန်းကို ပုံမှန်အတိုင်းဖြစ်အောင် ထိန်းထားနိုင်မှာဖြစ်လို့ သွေးဆုံးနေချိန် ခံစားရတဲ့ ဝေဒနာတွေကို အတိုင်းအတာတစ်ခုထိ သက်သာသွားစေနိုင်ပါတယ်။

၂။ မိန်းမကိုယ်ကို ကျန်းမာစေတယ်။
အက်စရိုဂျင်ဟော်မုန်းတွေ ကျဆင်းလာတာနဲ့အမျှ မိန်းမကိုယ်ဟာ သဘာဝအတိုင်း အရည်စိမ့်ထွက်မှုအားနည်းသွားပြီး ခြောက်သွေ့ကွဲအက်လာမယ်။ ဆီးမထိန်းနိုင်တာ၊

မိန်းမကိုယ် ကျဉ်းမြောင်းလာတာ၊ pH မျှခြေ ပျက်ယွင်းတာ၊ အနံ့ဆိုးတွေထွက်တာ၊ အရေပြားပြဿနာတွေနဲ့ အလွန်အမင်းယားယံခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ မိန်းမကိုယ်တွင်း တစ်ရှူးဆဲလ်များ ရောင်ရမ်းခြင်း စတဲ့ ပြဿနာတွေကို တွေ့ရတတ်ပါတယ်။ ဒါကြောင့် အက်စရိုဂျင်ဟော်မုန်းတွေကို ပမာဏတစ်ခုထိ ရောက်အောင် ပြန်ထိန်းခြင်းဖြင့် ဒီပြဿနာတွေကို ဖြေရှင်းပြီးသားဖြစ်မှာပါ။

၃။ မမျိုးဥအိမ်မှာ ဖြစ်နေတဲ့ပြဿနာတွေကို စောစောဖြေရှင်းနိုင်တယ်။
မိန်းကလေးတွေမှာ မဟော်မုန်းကို အဓိကထုတ်လုပ်ပေးနေတာကတော့ မမျိုးဥအိမ်လို့ခေါ်တဲ့ Ovary ပဲဖြစ်ပါတယ်။ ဒီတော့ မွေးရာပါချို့ယွင်းချက်ကြောင့်ဖြစ်စေ၊ အကြောင်းတစ်ခုခုကြောင့် မမျိုးဥအိမ်က ထိခိုက်မိပြီး ပုံမှန်လိုအလုပ်မလုပ်နိုင်တော့တဲ့အခါ မဟော်မုန်းကျဆင်းလာတတ်တာ သဘာဝပါပဲ။ ဆရာဝန်အနေနဲ့ ဒီအချက်ကို အတည်ပြုလိုက်နိုင်ပြီဆိုတာနဲ့ မမျိုးဥအိမ်ကို ခွဲစိတ်ဖယ်ထုတ်ပြီးမှ မဟော်မုန်းမအစားထိုးကုထုံးကို စတင်မှာဖြစ်ပါတယ်။ ချို့ယွင်းနေတဲ့ မမျိုးဥအိမ်ကို ဖယ်ရှားပြီး၊ ဟော်မုန်းကိုလည်း ပြန်အစားထိုးလိုက်ပြီဆိုတာနဲ့ ကိုယ်ခန္ဓာက ပုံမှန်အတိုင်း ဟော်မုန်းတွေကို ပြန်လည်ထုတ်လုပ်နိုင်တော့မှာပါ။

၄။ အရိုးတွေကို ကျန်းမာစေတယ်။
အမျိုးသမီးအများစု တွေ့ရတတ်တဲ့ ကျန်းမာရေးပြဿနာထဲမှာ အရိုးပါးရောဂါလည်း တစ်ခုအပါအဝင်ပါပဲ။ အရိုးကျန်းမာရေးနဲ့ အက်စထရိုဂျင်ဟော်မုန်းသည် ဆက်စပ်မှုရှိနေတဲ့အတွက် ဟော်မုန်းချို့တဲ့လာတာနဲ့အမျှ အရိုးက အားနည်းလာပြီး ကျိုးပဲ့ထိခိုက်ဖို့ ပိုလွယ်သလို ရေရှည်မှာလည်း အရိုးပါးရောဂါအထိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဟော်မုန်းအစားထိုးကုထုံးနဲ့ စောစောကုသမှုခံယူလေ ကိုယ့်ရဲ့အရိုးကျန်းမာရေးအတွက်လည်း အကျိုးရှိစေနိုင်ပါတယ်။ ကောင်းကျိုးတွေကို ပြောပြပြီးသွားပြီဆိုရင်တော့ ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ • သွေးခဲခြင်း၊ သွေးပိတ်ခြင်း • ရင်သားကင်ဆာဖြစ်နိုင်ခြေ မြင့်တက်စေခြင်း • ကိုယ်ဝန်ဆောင်နေတဲ့အမျိုးသမီးတွေမှာ ကလေးစောမွေးနိုင်ခြင်း၊ မွေးလာတဲ့ ကလေးမှာ ချို့ယွင်းချက်ရှိနိုင်ခြင်း၊ ကိုယ်ဝန်ပျက်ကျနိုင်ခြင်း • ရင်သားထဲက တစ်ရှူးဆဲလ်များ ထူလာခြင်း အစရှိတဲ့ ပြဿနာတွေကို တွေ့ရနိုင်ပါတယ်။ ဒါကြောင့် မဟော်မုန်းအစားထိုးကုသခြင်း မခံယူခင်မှာ ဆရာဝန်နဲ့ သေချာတိုင်ပင်ထားဖို့ လိုပါတယ်။ ကိုယ့်ရဲ့ အခြေအနေက ရေတိုကုသရမှာလား၊ ရေရှည်ကုသရမှာလား၊ ကုသမှုခံယူပြီးနောက်မှာရော ကလေးထပ်ယူဖို့ စဉ်းစားထားသေးလား၊ ရင်သားကင်ဆာနဲ့ပတ်သက်ပြီး မိဘမျိုးရိုးမှာ ရှိခဲ့ဖူးလား၊ တကယ်ရော ကုသမှုခံယူဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာ သေချာစဉ်းစားထားဖို့ အရေးကြီးပါတယ်။ အကယ်လို့ ကုသမှုမခံယူဘဲ သဘာဝအတိုင်းပဲ ပြန်ထိန်းမယ်ဆိုရင် နေထိုင်စားသောက်မှုပုံစံတွေ၊ သောက်ထားသင့်တဲ့ အားဆေးတွေကိုလည်း ဆရာဝန်နဲ့ စောစောစီးစီး တိုင်ပင်ပြီး လိုက်နာလို့လည်း ရပါတယ်။ Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။  

Hello Health Group  သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။




Some text some message..