စိတ်ဖိစီးမှုဟာ ကိုယ်အလေးချိန် မကျဆင်းရတဲ့ အကြောင်းရင်းတစ်ခး ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ tension တွေကို စဉ်းစားမိတဲ့အခါ ကျန်းမာရေးနှင့် မညီညွတ်တဲ့ လုပ်ဆောင်မှုတွေကို ရွေးချယ်မိပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုဟာ ကော်တီဇုန်းလို့ခေါ်တဲ့ ဟော်မုန်းပမာဏကို တိုးစေပြီး ကိုယ်အလေးချိန်တတ်စေပါတယ်။ ဝိတ်မတတ်အောင်နေဖို့ အဓိကအချက်တစ်ချက်က စိုးရိမ်ပူပန်ခြင်းမရှိဘဲ စိုးရိမ်စိတ်ကင်းစွာ နေဖို့ဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကျအောင်လုပ်ဖို့ဆိုရင် သင့်ရဲ့ အမြင်တွေကို ပြောင်းလဲစေပြီး စိတ်ဖိစီးမှု နည်းအောင်နေဖို့ပါပဲ။ ဒါ့ကြောင့် စိတ်ဖိစီးမှုကို ဘယ်လိုလျှော့ချမလဲနှင့် စိတ်ဖိစီးမှုကို တိုက်ဖျက်ဖို့ လိုက်နာနိုင်တဲ့ အကြံပြုချက်အချို့ကို မျှဝေပေးချင်ပါတယ်။
၁။ တရားထိုင်ပါ
စိတ်ဖိစီးမှုရှိလာရင် အိမ်မှာ တရားထိုင်ပါ။ မိနစ်အနည်းငယ်လောက် တရားထိုင်ခြင်းက သင့်အတွက် အံ့သြဖွယ် အကျိုးရနိုင်ပါတယ်၊ တစ်နေ့လျှင် ၁၅မိနစ်လောက် တရားထိုင်ခြင်းက သင့်အားတစ်နေ့တာလုံး ပျော်ရွင်စေပါတယ်။
၂။ ဖြေးဖြေးစားပါ
စိတ်ဖိစီးမှုကို လျော့ကျစေဖို့ အစားအသောက်စားတဲ့အခါ ဖြည်းဖြည်းစားရပါမယ်။ ကျွန်မတို့ဟာ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေ ရှိလာတဲ့အခါ မကြာခဏ မြန်မြန်စားလေ့ရှိပါတယ်။ ကျန်းမာရေးအတွက် မကောင်းသလို ကိုယ်အလေးချိန်ကိုလည်း တတ်စေနိုင်ပါတယ်။ အစာကို ဖြေးဖြေးစားပြီး စနစ်တကျဝါးပါ။ စားဖို့ အချိန်ကြာကြာယူရတဲ့အခါ အလွန်အမင်းစားမိခြင်းမှ ရှောင်နိုင်ပါတယ်။
၃။ ကဖိန်းဓါတ်ကို လျှော့ချပါ
ကော်ဖီသောက်ခြင်းက ခန္ဓာကိုယ်အတွက် မကောင်းပါဘူး။ လေ့လာမှုအရ တစ်နေ့ကို ကော်ဖီတစ်ခွက်သာ သောက်သုံးဖို့ အကြံပြုထားပါတယ်။
၄။ မနကျစာစားပါ
စိတ်ဖိစီးမှုနှင့် ပတ်သတ်နေတဲ့ ကိုယ်အလေးချိန်ကို လျှော့ချဖို့ဆိုရင် အစွမ်းထက်သော နံနက်စာ လိုအပ်ပါတယ်။ သစ်သီးတွေ၊ အခွံမာသီးနှင့် အစေ့အဆန်များက သင့်ကို အကျိုးကျေးဇူးတွေပေးနိုင်ပါတယ်။ ဗီတာမင် စီနှင့် ဒီချို့တဲ့မှု ခံစားရတဲ့အခါ သင့်ခန္ဓာကိုယ်က စိတ်ဖိစီးလာပါတယ်။ စိတ်ဖိစီးလာတဲ့အခါ သကြားအချိုတွေကို စားသုံးဖို့ အခွင့်အလမ်းများလာပါလိမ့်မယ်။ ကျန်းမာသော နံနက်စာက စိတ်ဖိစီးမှုကို သက်သာစေပါတယ်။
၅။ ပိုပြီးအိပ်ပါ
စိတ်ဖိစီးပြီး ကိုယ်အလေးချိန်တတ်လာလျှင် ခန္ဓာကိုယ်စနစ်တကျ အလုပ်လုပ်ဖို့အတွက် အိပ်ဖို့ လိုအပ်ပါတယ်။ အိပ်ရေးမဝခြင်းက စိတ်ဖိစီးမှုနှင့် ကိုယ်အလေးချိန်ကို တိုးစေပါတယ်။ အားကစားခန်းမမှာ ကစားနိုင်၊ ကိုယ့်ဘာသာ diet လုပ်နိုင်ပေမယ့် အိပ်ရေးမဝလျှင် ဘယ်ကိုယ်အလေးချိန်မှ ကျသွားမှာ မဟုတ်ပါဘူး။ အရာအားလုံးက အပြန်အလှန် ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် ဆရာဝန်များက ညဘက်မှာ ၈နာရီအိပ်ဖို့ အကြံပေးထားပါတယ်။
၆။ လေ့ကျင့်ခန်းအနည်းငယ်လုပ်ပါ
စိတ်ဖိစီးမှု ခံစားရတဲ့အခါ လမ်းလျှောက်ထွက်တာ (သို့) ပြေးတာ (သို့) ကြိုက်နှစ်သက်တဲ့ ဘယ်အားကစားမဆို ကစားပါ။ ဒီအရာက သင့်စိတ်အာရုံကို ပျံ့လွင့်စေပြီး ကိုယ်အလေးချိန်ကို လျှော့ချနိုင်ပါလိမ့်မယ်။ လေကောင်းလေသန့်ရှုပြီး လမ်းလျှောက်ခြင်းက သင့်စိတ်နှင့် အတွေးအမြင်ကို ရှင်းလင်းစေပြီး စိတ်ဖိစီးမှုကို သက်သာစေပါတယ်။
၇။ စားချင်တာကို နည်းနည်းစားပေးပါ
အလွန်အမင်းစိတ်ဖိစီးနေတဲ့အချိန်မှာ ချောကလက်စားချင်ပါက ချောကလက်အမည်းအနည်းငယ် (သို့) ဒိုးနပ်တစ်ခုလောက် စားနိုင်ပါတယ်။ ကိုယ်အကြိုက်ဆုံး အချိုမုန့်တစ်ခုခုကို အနည်းငယ်စားလိုက်ရခြင်းဟာ အကူအညီဖြစ်စေပါတယ်။ နောက်နေ့ လမ်းနည်းနည်းပိုလျှောက်ပါ။
၈။ သင့်ရဲ့ တိုးတတ်မှုကို track လုပ်ပါ
စိတ်ဖိစီးမှု ခံစားနေရတဲ့ လူတစ်ယောက်ဟာ ကိုယ်အလေးချိန် ကျလား/မကျလားဆိုတာကို ဘယ်တော့မှ ပြောနိုင်မှာမဟုတ်ပါဘူး။ အကောင်းဆုံးနည်းကတော့ ခြေရာခံခြင်းဖြစ်ပါတယ်။ ၎င်းက သင့်ကိုလှုံ့ဆော်ပေးပြီး သင့်ကိုယ်အလေးချိန်နှင့် ပတ်သတ်ပြီး စိတ်ဖိစီးမှုနည်းစေပါတယ်။
၉။ ရေများများသောက်ပါ
စိတ်ဖိစီးမှုကို သင်နေ့စဉ်သောက်တဲ့ ရေပမာဏက ကာကွယ်ပေးနိုင်ပါတယ်။ အလုပ်စားပွဲပေါ်မှာ (သို့) ဘေးစားပွဲပေါ်မှာ ရေ၂ပုလင်းထားတဲ့ အလေ့အကျင့်လုပ်ပေးပါ။ ရေသောက်ဖို့ မေ့လျော့လေ့ရှိကြပါတယ်၊ ဒါ့ကြောင့် ဖန်ခွက်တစ်ခွက်ကို ကောက်ယူတဲ့အခါတိုင်း ရေ၂ဖန်ခွက်သောက်ပေးဖို့ သေချာပါစေ။ သတိရတိုင်း တတ်နိုင်သမျှ ရေသောက်ပါ။ ရေက ပြဿနာများစွာအတွက် အဖြေဖြစ်ပါတယ်။
၁၀။ ယောဂလုပ်ပါ
မလိုချင်တဲ့ စိတ်ဖိစီးမှုတွေကို ဖယ်ရှားပြီး ကိုယ်အလေးချိန်လျော့နည်းစေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက ယောဂပြုလုပ်ခြင်းပါ။ ယောဂကစားနည်း(သို့) ယောဂပါတဲ့ အေရိုးဗစ်ကို မိနစ် ၂၀လောက်လုပ်ပေးပါ။
Lifestyle_Myanmar
LM_Nandar
Source-makeupandbeauty