ဆောင်းတွင်းအရေပြားယားယံခြင်းကို သက်သာစေနိုင်တဲ့ နည်းလမ်များ
shweinnlay.com
|
2018-11-22



ဆောင်းတွင်းဝင်လာပြီဆိုတာနဲ့အသားအရေတွေ ခြောက်သွေ့ကာအရေပြားယားယံမှုကို လူတော်တေ်ာများများ ခံစားရလေ့ရှိပါတယ် ။ ယားယံခြင်းကြောင့် လက်ဖြင့်ကုတ်တဲ့အခါ လက်သည်းပိုးဝင်ခြင်းကြောင့်လည်း တော်ရုံနှင့် မပျောက်နိုင် ဖြစ်နေတတ်ပါတယ် ။ ဒီလို ယားယံတဲ့အခါအတတ်နိုင်ဆုံး လက်ဖြင့် မကုတ်မိအောင် ထိန်းဖို့ လိုပါတယ် ။အဝတ်သန့်သန့်ဖြင့် ပွတ်ခြင်း ၊ ကုတ်တံသုံးကာ ခပ်ဖွဖွ ကုတ်ခြင်းမျိုးလောက်သာ လုပ်ပါ ။

ယားယံတဲ့အခါ ကုတ်မိခြင်းကြောင့်အရေပြားပေါ်မှာ ပျက်စီးပြီး ဒဏ်ရာအနာတရ ၊အမာရွတ်များကိုပါ ဖြစ်လာစေပါတယ်။ ဒါ့ကြောင့် ဒီလိုယားယံတဲ့အခါ ပြန်လည်သက်သာအောင် ဆေးခန်း ၊ ဆေးဆိုင်များမှ ညွန်းတဲ့ ယားနာလိမ်းဆေးတွေကို လိမ်းပေးသင့်သလိုအကြောင်းကြောင်းကြောင့် ဆေးမလိမ်းဖြစ်တဲ့ သူတွေအတွက် ယားယံခြင်းသက်သာစေတဲ့ နည်းလမ်းကောင်းလေးတွေ မျှဝေပေးချင်ပါတယ် ။




၁။အရေပြားကိုအစိုဓါတ်ထိန်းသိမ်းပေးတဲ့ moisturizer လိမ်းပါ ။အဓိကအားဖြင့် ဆောင်းတွင်းမှာအရေပြားယားယံရတာကအသားအရေခြောက်ခြင်းကြောင့် ဖြစ်တဲ့အတွက်အရေပြားမခြောက်အောင် Moisturizer ကို ခဏခဏ လိမ်းပေးနေပါ ။အထူးသဖြင့် ရေချိုးပြီးချိန် နှင့်လက်ဆေးပြီးချိန်တိုင်း Moistuirzer လိမ်းပေးပါ။

၂။Petroleum Jelly သုံးပေးပါ ။ petroleum jelly ဟာလည်းအရေပြားကိုအစိုဓါတ် ထိန်းပေးပါတယ် ။ မြန်မာနိုင်ငံမှာတော့ Vaseline Petroleum Jelly က လူသုံးများပြီး ဝယ်ယူရလည်း လွယ်ကူပါတယ်။

၃။သဘာဝဆီများကိုလည်း သုံးပါ။ သဘာဝဆီတွေ ဖြစ်တဲ့အုန်းဆီ ၊သံလွင်ဆီတွေဟာ ယားယံနေတဲ့အရေပြားကို ကုသပေးနိုင်ပြီးအရေပြား စိုစွတ်နူးညံ့စေပါတယ် ။

၄။အသီးအရွက်များများစားလျှင်အသားအရေလှတယ်ဆိုတာ ကြားဖူးကြမယ်ထင်ပါတယ် ။ ဟင်းသီးဟင်းရွက် များများစားသုံးခြင်းကလည်း ရိုးရာကုသနည်း တစ်မျိုးပါပဲ။ ဟင်းသီးဟင်းရွက်မှာ ပါဝင်တဲ့ သဘာဝအဆီတွေကလည်းအသားအရေကို စိုစိုပြေပြေ ရှိစေတာကြောင့် တော်ရုံအသားခြောက်မှုတွေကို မဖြစ်စေပါဘူး ။

၅။နို့နှင့်ရေချိုးခြင်းကလည်း ယားယံနေတဲ့အရေပြားကိုအကောင်းဆုံး ကုသပေးပါတယ် ။ ဒီလိုမဟုတ်ဘဲအဝတ်သန့်သန့်ကို နွားနို့ဖြင့် စိမ်ပြီး ယားယံနေတဲ့အရေပြားကို ပွတ်ပေးခြင်းကလည်း သက်သာစေနိုင်ပါတယ် ။ ရေချိုးကန် ရှိသူများကတော့ ရေနွေးနွေးထဲသို့ နွားနို့ထည့်ပြီး ၁၀မိနစ်ခန့် စိမ်ခြင်းကလည်း ယားယံမှုတွေကို သက်သာစေမှာပါ ။

၆။အုပ်ဂျုံမှုန့်ဖြင့် ပြုလုပ်ထားသော ဆပ်ပြာကို သုံးပါ ။ (သို့) ရေဖြည့်ထားသော ရေချိုးကန်ထဲသို့အုပ်ဂျုံမှုန့်အနည်းငယ်ထည့်ပြီး ၁၀ မိနစ်ခန့် စိမ်ပါ ။


ယားယံခြင်းမဖြစ်အောင် ဆောင်ရန် ၊ ရှောင်ရန်များ
တစ်နေ့တစ်ကြိမ်သာ ရေချိုးပါ ။ ရေနွေးဖြင့် ချိုးခြင်းကို ရှောင်ပါ။
လေဝင်လေထွက်ကောင်းသောအဝတ်အစားကိုသာ ဝတ်ဆင်ပါ ။
တင်းကျပ်လွန်းသော ဂျင်းဘောင်းဘီလိုအဝတ်အစားမျိုး ဝတ်ဆင်ခြင်းကို ရှောင်ပါ။
ဆိတ်နို့ ၊ သံလွင်ဆီ ၊ shea-butter တို့ကိုအခြေခံထုတ်လုပ်ထားတဲ့ ဆပ်ပြာအမျိုးအစားကို သုံးပါ။
ပန်းကန်ဆေးတဲ့အခါ လက်အိတ်စွပ်ပါ ။ ယားယံနေချိန် ညဘက်အိပ်တဲ့အခါ လက်သည်းဖြင့် မကုတ်မိစေရန် လက်အိတ်စွပ်အိတ်ပါ ။
နေပူထဲသွားတဲ့အခါ နေလောင်ကာ ခရင်မ်လိမ်းပါ ။ လိုးရှင်းလိမ်းပါ ။

CHAN (ရွှေအင်းလေး)




Some text some message..