
ကျောက်ကပ်ရောင်ရောဂါဆိုသည်မှာ ကျောက်ကပ်သွေးကြောလေးများရောင်ရမ်းပြီး ခန္ဓာကိုယ်အတွင်းမှအသားဓာတ် ( protein) များကို ဆီးထဲသို့ စွန့်ထုတ့်ပစ်သည့်ရောဂါဖြစ်သည်။ လက္ခဏာများဖောရောင်ခြင်း၊အထူးသဖြင့်- မျက်လုံးဝန်းကျင်၊ ခြေထောက်ဖောရောင်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ဆီးကြာရှည်စွာအမြုပ်ထခြင်း။ဖောရောင်သောကြောင့် ရေစုပြီးကိုယ်အလေးချိန်တက်ခြင်း။ ဖြစ်ပွားရသောအကြောင်းရင်းများကျောက်ကပ်အတွင်းရှိသွေးကြောအသေးလေးများရောင်ရမ်းခြင်းကြောင့်အဓိက ဖြစ်ပွားရသည်။အခြားဖြစ်နိုင်သောအခြေအနေများမှာ- -Minimal change disease-ကျောက်ကပ်အနည်းငယ်ပြောင်းလဲပြောင်းလဲပျက်စီးခြင်း(အသက်၂ နှစ်ခွဲနှင့် ၃နှစ်ကြားတွင်အဖြစ်အများဆုံးဖြစ်သည်။ ဖြစ်စေသောအကြောင်းရင်းလည်းအတိအကျမရှိဘဲ လွယ်ကူစွာပျောက်ကင်းနိုင်သည်)-Focal segmental glomerulosclerosis- ကျောက်ကပ်၏ စစ်ထုတ်ရာနေရာရောင်ပြီးနောက်အမာရွတ်ကျန်ခဲ့ခြင်း။-Membranous nephropathy-အသည်းရောင်အသားဝါ ဘီ၊ ငှက်ဖျား ၊အရေပြားအကွက်ခြင်းနှင့် ကင်ဆာရောဂါတို့ နှင့်ဆက်စပ်ဖြစ်နိုင်သည်။-Diabetic kidney disease- ဆီးချိုကျောက်ကပ်ရောင်ရောဂါ-Systemic lupus erythematosus-အရေပြားလေးဘက်နာရောဂါ-Amyloidosis- Amyloid proteinအသားဓာတ်ကျောက်ကပ်အတွင်းစုပုံခြင်းBlood clot in kidney vein-သွေးပြန်ကြောအတွင်း သွေးခဲစုခြင်းHeart failure- နှလုံးအားနည်းပျက်စီးခြင်း။ နောက်ဆက်တွဲ ပြဿနာများသွေးခဲခြင်း-သွေးတွင်းအဆီများခြင်း-အာဟာရချို့တဲ့ခြင်း-သွေးတိုးခြင်း စစ်ဆေးမှုများ-ဆီးစစ်ခြင်း - ဆီးထဲတွင်အသားဓာတ်( Protein)အမြောက်အမြားပါဝင်နေပါက ကျောက်ကပ်သွေးကြောရောင်ရောဂါဟုသတ်မှတ်နိုင်သည်။ ( စစ်ဆေးရာတွင် တိကျမှုရှိစေရန် ၂၄ နာရီ တစ်ရက်စာလုံးဆီးကိုယူ၍ စစ်ဆေးရမည်)-သွေးစစ်ခြင်း- သွေးတွင်းအသားဓာတ်စစ်ဆေးခြင်း(အသားဓာတ်များ ဆီးထဲတွင်စွန့်ထုတ်လိုက်၍ သွေးထဲတွင် နည်းသွားပေလိမ့်မည်)ထို့အပြင် သွေးတွင်းအဆီဓာတ်များတတ်နေနိုင်သည်။ ကျောက်ကပ်လုပ်ငန်းဆိုင်တာကောင်းမကောင်းသိနိုင်ရန် Creatinine and Urea ပမာဏကိုတိုင်းတာရမည်။-လိုအပ်ပါက ကျောက်ကပ်အသားစယူ၍ စစ်ဆေးရမည်။ ကုသခြင်း-ကျောက်ကပ်သွေးကြောရောင်ရောဂါကိုဖြစ်စေသည့်အကြောင်းရင်းရှာဖွေကုသခြင်း-ခံစားနေရသည့်ရောဂါလက္ခဏာများကုသခြင်း နှင့်-နောက်ဆက်တွဲဆိုးကျိုးများကို ကုသခြင်းသွေးပေါင်ချိန်လျော့ချခြင်းဖောရောင်မှုကျစေရန် ဆီးဆေးသွေးတွင်းအဆီကျဆေးသွေးကျဲဆေးခန္ဓာကိုယ်၏ ခုခံအားစနစ်ကိုပြန်လည် ကောင်းမွန်အောင်ပြုလုပ်ပေးသည့် စတီးရိုက်အုပ်စုဝင်ဆေးမျာပေး၍ ကုသခြင်း။ လူနေမှုပုံစံ နှင့်အိမ်တွင်းကုထုံးများ- ပရိုတင်းအသားဓာတ်ကို ရွေးချယ်စွာစားသုံးရမည်။- သွေးတွင်းအဆီလျော့ကျစေရန်အဆီလျော့စားရမည်- ဖောရောင်ခြင်းပိုမဆိုးစေရန် ဆား(အငန်ဓာတ်) လျော့စားရမည်။ Dr.hp Ref; Mayo clinicသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။