အရက်နာကျတဲ့ မနက်ခင်းမှာ သောက်သင့်တဲ့ အရည်များ
trend.com.mm
|
2020-02-05

တစ်ညလုံး အပြတ်ကဲအောင် သောက်ထားပြီး မနက်ကျမှ အခံရခက်နေတာလား။ ဒါဆိုရင် ဒီအရက်နာကျဝေဒနာကို အမြန်ဆုံး ပျောက်ကင်းဖို့ ဒီလို အရည်တွေ သောက်လိုက်ကြရအောင်။

၁။ ရေ – အရက်သောက်ပြီဆိုတာနဲ့ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးမယ်။ မနက်နိုးလာတဲ့အခါမှာ ခေါင်းမူးခေါင်းကိုက်ပြီး အန်ချင်သလို ဖြစ်နေမယ်။ အကောင်းဆုံးကတော့ မနက်နိုးလာတာနဲ့ ရေတစ်ခွက် အပြည့်သောက်လိုက်ပါ။ လက္ခဏာ ပိုပြီးမဆိုးလာစေဖို့နဲ့ ခန္ဓာကိုယ်က ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။

၂။ အားဖြည့်အချိုရည် – ပုံမှန်အရတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဖျော်ရည်ဖြစ်ပေမယ့် အရက်နာကျတာကို သက်သာစေတဲ့ အရည်ထဲမှာ တစ်ခုအပါအဝင်ပါပဲ။ အားဖြည့်အချိုရည်တွေမှာ ပါဝင်တဲ့ သကြားဓါတ်နဲ့ ရေဓာတ်ဟာ ခန္ဓါကိုယ်မှာ အရက်ကြောင့် စုမိနေတဲ့ အဆိပ်အတောက်တွေကို ဆီးအဖြစ် စွန့်ပေးနိုင်ပြီး ခေါင်းကြည်လင်စေပါတယ်။

၃။ ရေနွေးကြမ်း – စိတ်ကိုကြည်လင်လန်းဆန်းစေတဲ့ လတ်လတ်ဆတ်ဆတ် ရေနွေးကြမ်းပူပူလေးဟာ အရက်နာကျနေတဲ့ မနက်ခင်းအတွက်တော့ အကောင်းဆုံး ဓာတ်စာပါပဲ။ ဗိုက်အောင့်တာ၊ လေပွတာ၊ မူးဝေအော့အန်တာကို သက်သာစေတယ်။ ရေနွေးကြမ်းအစား ဂျင်းပြုတ်ရည်ကို သောက်ပေးရင်လည်း အဆင်ပြေပါတယ်။

၄။ သစ်သီးဖျော်ရည် – သစ်သီးကို လတ်လတ်ဆတ်ဆတ်ကြိတ်ပြီး ရလာတဲ့ ဖျော်ရည်ဟာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစေပြီး ကိုယ်တွင်းမှာရှိနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်။ ရေဓါတ်ပါဝင်လို့ အရက်သောက်ပြီး ရေဓါတ်ခမ်းခြောက်တာအတွက်လည်း ပူစရာမလိုတော့ပါဘူး။

၅။ ကော်ဖီ – တစ်ညလုံးအပြတ်ကဲပြီး မနက်မိုးလင်းလာတော့ အားမရှိပဲ နုံးချိနေတာ သဘာဝပါပဲ။ ပူပူနွေးနွေး ကော်ဖီတစ်ခွက်သောက်လိုက်ပါ။ ခန္ဓာကိုယ်ကို ရေဓါတ်ဖြည့်ပေးတယ်။ ကဖင်းဓာတ်ကြောင့် လူကို လန်းဆန်းစေပြီး ခေါင်းမူးခေါင်းကိုက်တာတွေ သက်သာစေတယ်။ အားအင်ဖြစ်စေနိုင်ပါတယ်။

၆။ ဒိန်ချဉ် – အရက်သောက်ပြီး မနက်ခင်းမှာ လိုအပ်တဲ့ အာဟာရဓါတ်ကတော့ ပိုတက်စီယမ်ဓါတ်ပါပဲ။ ဒိန်ချဉ်ဟာ အစာကြေလွယ်စေပြီး ဝမ်းမှန်စေတယ်။ အာဟာရဓါတ်လည်း ကြွယ်ဝတယ်။ ငှက်ပျောသီးကို အတုံးလေးလှီးပြီး ဒိန်ချဉ်နဲ့အတူ ထည့်စားပေးနိုင်ရင် အကောင်းဆုံးပါ။

[ Unicode ]

Ref; alcoholremedies

Some text some message..