ဗိုက်ခေါက်ထွက်နေရင် ဘယ်အဝတ်အစား ဝတ်ဝတ်ကြည့်မကောင်းပါဘူးနော်၊ ဗိုက်အဆီဆိုတာ အားကစားခန်းမမှာ နာရီပေါင်းများစွာ ချွေးထွက်အောင် ကစားသူတွေတောင် ကျဖို့သိပ်မလွယ်ပါဘူး။ ဒါ့အပြင် ဗိုက်အဆီများတာကလည်း ဇီဝဖြစ်စဉ်နှင့် သွေးကြောဆိုင်ရာ ရောဂါများအပြင် အယ်လ်ဇိုင်းမားရောဂါတို့နှင့်လည်း ဆက်စပ်နေတယ်လို့ သိရပါတယ်။ လေ့ကျင့်ခန်းကို ပုံမှန်လုပ်သွားပြီး အစားအသောက် မှန်မှန်ကန်ကန်စားပေးတာ၊ ကျန်းမာတဲ့ လူနေမှုပုံစံနဲ့ နေထိုင်တာတွေ လုပ်ပေးမယ်ဆိုရင် သင့်အိမ်မက်တွေကို အောင်မြင်မှာ သေချာပါတယ်။
ဒါ့ကြောင့် ဗိုက်ချပ်ချပ်လေးလိုချင်တဲ့ သင့်အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဘယ်အစားအစာတွေကို ရှောင်ရမလဲဆိုတာ ပြောပြပေးပါမယ်။
၁။ ပဲတောင့်ရှည်များ
ပဲတောင့်ရှည်များဟာ အာဟာရ ရှိသော်လည်း ကာဘိုဟိုက်ဒရိတ်များစွာ ကြွယ်ဝပါတယ်။ ပရိုတိန်းအတွက် သူတို့ကို စားနိုင်ပေမယ့် ဝမ်းဗိုက်ချပ်ချပ်လေးဖြစ်ဖို့ဆိုရင် သင့်အစားအသောက်ထဲက ထုတ်ရပါလိမ့်မယ်။
၂။ ဒိန်ချဉ်
ခရမ်အပြည့်ပါတဲ့ ဒိန်ချဉ်တစ်ခွက်မှာ ကယ်လိုရီ ၁၇၀ နီးပါး၊ အဆီမပါတဲ့ ဒိန်ချဉ် တစ်ခွက်မှာ ကယ်လိုရီ ၁၂၀ နှင့် ခရမ် ၂ဆဒိန်ချဉ်တစ်ခွက်မှာ ကယ်လိုရီ ၂၃၀ခန့် ပါဝင်ပါတယ်။
၃။ ကာဗွန်နိတ် ဖျော်ရည်များ
Coke ၁၂ အောင်စ ဘူးသေးတစ်ဘူးမှာ ကယ်လိုရီ ၁၄၀ခန့် ပါဝင်ပါတယ်။ ဘူးကြီးတစ်ဘူးမှာ ၂ဆပါဝင်နိုင်ပါတယ်။ ဝမ်းဗိုက်သားချပ်ချပ်လေးလိုချင်ရင် သူတို့ကို ရှောင်ရှားခြင်းက လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်။
၄။ အရက်
အရက်မှာ ကယ်လိုရီပါဝင်မှု မြင့်မားပြီး အာဟာရတန်ဖိုး လုံးဝနီးပါး မပါရှိပါ။ တစ်ညတည်းသောက်သုံးခြင်းဟာ ကယ်လိုရီ ထောင်နှင့်ချီ သောက်သုံးမှုကို ဦးတည်စေနိုင်ပါတယ်။ ဘီယာဗိုက်လို့ အခေါ်မခံရခင်မှာ ရှောင်ကြဉ်တာက ပိုကောင်းပါတယ်။
၅။ ဂျုံမှုန့်ဖြူ
လေ့လာမှုများအရ အဖြူရောင်ဂျုံမှုန့်တွေဟာ အဝလွန်ခြင်းရဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ပြုပြင်ထားတဲ့ အဖြူရောင် ဂျုံမှုန့်တွေက များသောအားဖြင့် အမျှင်ဓါတ်မပါ၊ အာဟာရဓါတ် အနည်းငယ်မျှသာ ပါဝင်ပါတယ်။ ဂျုံမှုန့်တစ်ခွက်မှာ ၄၅၅ ကယ်လိုရီ ပါရှိပါတယ်။ အခြားရွေးချယ်စရာတစ်ခုအနေဖြင့် ၁၀၀% ဂျုံကြမ်းမှုန့်ကို စားသုံးပါ။
၆။ သကွား
သင့်ရဲ့ လျှာပေါ်မှာ ချိုမြိန်တဲ့အရသာပေးပေမယ့် ချပ်ချပ်ရပ်ရပ် ဝမ်းဗိုက် ရည်မှန်းချက်အတွက်တော့ မချိုမြိန်ပါဘူး။ သကြားအလွန်အကျွံ သုံးစွဲခြင်းက အဝလွန်ခြင်းနှင့် ဆီးချိုရောဂါရဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ သကြားဖြူတစ်ခွက်မှာ ၇၇၃ ကယ်လိုရီပါရှိပါတယ်။

sugar
၇။ Fast food
အသင့်စား အစားအစာ အများစုဟာ အဆီ၊ သကြား၊ ဆားနှင့် ကယ်လိုရီများပြားပါတယ်။ Fast food စားသုံးခြင်းနှင့် အဝလွန်ခြင်းအကြား ဆက်နွယ်မှုကို လေ့လာမှုများက မကြာခဏ ပြသထားပါတယ်။
၈။ အာလူး
အာလူးတွေက အာဟာရရှိတဲ့အပြင် အရသာလည်းရှိပါတယ်၊ ကယ်လိုရီလည်း အရမ်းများပါတယ်။ အလတ်စား အာလူးတစ်လုံးမှာ ၁၆၃ ကယ်လိုရီပါဝင်ပါတယ်။ ဗိုက်ချပ်ချပ်လေးဖြစ်ချင်ရင်တော့ အတန်အသင့်စားဖို့ သတိရပါနော်။
၉။ သစ်သီးခြောက်များ
သစ်သီးခြောက်တွေမှာ ကယ်လိုရီများစွာ ပါရှိပါတယ်။ လတ်ဆတ်တဲ့ သစ်သီးများနှင့် နှိုင်းယှဉ်ရင် တစ်ဂရမ်မှာ ကယ်လိုရီ ပိုမိုမြင့်မားခြင်းအပြင် များသောအားဖြင့် သကြားဓါတ် ပိုမိုများပြားစွာ ပါဝင်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-brightside