သတိထားရမည့် CV Joint (သို့) ကားရဲ့ ဒူးဆစ်
မော်တော်ကားတစ်စီးကို အောက်ပိုင်းစစ်ဆေးပေးတဲ့ အခါမှာ မေ့နေတတ်တဲ့ အရာတစ်ခုက (CV Joint) လို့ခေါ်တဲ့ ဒူးဆစ်ကိုစစ်ဆေးပေးဖို့ပါပဲ။
ဘာဖြစ်လို့ သတိထားစစ်ဆေးရမလဲဆိုတော့ CV Joint ဆိုတာဘာလဲ....?ဘာလုပ်ပေးတာလဲ... ?
ရှေ့ယက်ကားတွေ (Front Wheel Drived car) နဲ့ ဖိုးဝီးကား (Four Wheel car) တွေမှာ မဖြစ်မနေသုံးရတဲ့ ပစ္စည်းပါ။ အချို့သော နောက်ယက်ကားဖြစ်တဲ့ Crown၊ Mark II စတဲ့ (Rear Wheel Drived car) တွေမှာလဲသုံးတတ်ပါတယ်။
[CV]ဆိုတာ [Constant Velocity] ရဲ့ အတိုကောက်လေးပါ။ ကားတစ်စီး ရွေ့လျားဖို့ဆိုရင် အင်ဂျင်လည်ရပါမယ်။ နောက်ဂီယာတစ်ခုခုရှိရပါမယ်။ အဲဒီဂီယာနဲ့ချိတ်ဆက်ပြီး ကားဘီးတွေကို လည်ပေးလိုက်မှကားက သွားလာလို့ရပါမယ်။ Transaxle လို့ခေါ်တဲ့ ဂီယာဘောက်ကနေ လည်ပေးလိုက်တဲ့အတိုင်း ကားရဲ့ ဘီးတွေကလိုက်ပြီး လည်ပတ်ရပါတယ်။
ဘီးဟာ အတည့်ဖြစ်ဖြစ်၊ ကွေ့နေလို့ပဲဖြစ်ဖြစ်၊ ဘီးက ချိုင့်ထဲကျသွားလို့ပဲဖြစ်ဖြစ်၊ ဘီးက ကမုပေါ်မှာ ရောက်နေလို့ပဲဖြစ်ဖြစ် (Transaxle) ရဲ့ လည်နှုန်းအတိုင်း လိုက်ပြီး လည်ပေးရပါမယ်။ (ဒါကြောင့် Constant Velocityလို့ခေါ်တာပါ။)
ဒါတွေရဲ့အလုပ်ကို(CV axle) လို့ခေါ်တဲ့ ဒူးဆစ်ရှပ်တန်းကြီးက လုပ်ဆောင်ပေးပါတယ်။ ဒူးဆစ်ရှပ်တန်းမှာ အတွင်းဒူးဆစ် (Inner CV Joint) နဲ့ အပြင်ဒူးဆစ် (Outer CV Joint) ဆိုပြီး ဒူးဆစ်(၂)ခုရှိပါတယ်။ ဒူးဆစ်တွေမှာ အမဲဆီအပြည့်နဲ့ဘောလေးတွေပါပါတယ်။ အဲဒီဘောလေးတွေက မြောင်းတွေထဲမှာ အထိုင်ကျနေပြီး လိုသလို အထက်အောက် ဘေးဘယ်ညာ ကစားလို့ရပါတယ်။
အဲဒီဘောလေးတွေက{ CV Joint }ရဲ့ အရေးပါဆုံးပါပဲ။ (CV Joint )မကောင်းရင် ဘာတွေဖြစ်နိုင်သလဲ... ?
ကားက ဂီယာထိုးပေမဲ့ မရွေ့တော့ပါဘူး။ ကားရမ်းခါနေတာတွေ ဖြစ်နိုင်ပါတယ်။ဒီထက်ပိုဆိုးတာက ဒူးဆစ်ပြုတ်ထွက်သွားပြီး ကားဘီး အပြင်ကို ကားထွက်သွားတာ၊ အတွင်းကို ဝင်သွားတာတွေဖြစ်နိုင်ပါတယ်။ အရှိန်နဲ့ သွားလာနေတဲ့အခါမှာတကယ်ကို အန္တရာယ်များပါတယ်။
ဒီလိုတွေဖြစ်နေရင်တော့ (CV Joint ၊ ဒူးဆစ်)ကို စစ်ဆေးပြီး လဲလှယ်ဖို့ လိုအပ်ရင် လဲရပါမယ်။ ဒူးဆစ်သဲကာတွေ ပေါက်ပြဲနေရင်(သို့) ဒူးဆစ် အမဲဆီတွေအပြင်ကိုထွက်နေပြီဆိုရင်(ဒူးဆစ်ကို ပျက်ဆီးစေတဲ့ အဓိက အကြောင်းရင်းပါ)
စီယာရင်အဆုံးထိကွေ့ပြီး လီဗာနင်းလိုက်ရင် တောက်တောက် ဆိုပြီး အသံထွက်နေပြီရင်(ဒါက first step ပါ)
စီယာရင်ကို အတည့်တိုင်းထားပြီး သွားရင်လည်း ရမ်းခါပြီး တောက်တောက်ဆိုပြီး အသံထွက်ပါမယ်။ ဒီအဆင့်ဆိုရင်တော့ တအားကို အန္တရာယ်များသွားပါပြီ။ အချိန်မဆိုင်းဘဲ ဒူးဆစ်ကို လဲရပါမယ်။ အကယ်၍သာ သဲကာပေါက်ပြဲနေတာတို့ အမဲဆီတွေ အပြင်ကို ထွက်နေတာတို့ပဲ ဖြစ်နေသေးရင်တော့ သဲကာလဲပြီး။
ဒူးဆစ် အမဲဆီကို အသစ်ထည့်ပေးရပါမယ်။ ဒီနေရာမှာ ဒူးဆစ် (CV Joint)အတွက် အမဲဆီက( Extreme Pressure Moly )ပါတဲ့ အမဲဆီကို သုံးစွဲရမှာဖြစ်ပါတယ်။ ဘောတွေမကောင်းတော့ဘူး ဆိုရင်တော့ ယာဉ်အန္တရာယ်ကင်းစေဖို့ ဒူးဆစ်ကို လဲလှယ်ရမှာဖြစ်ပါတယ်။
ဒါကြောင့် အောက်ပိုင်းစစ်ဆေးရင်(CV Joint) လို့ခေါ်တဲ့ ဒူးဆစ်ကိုလည်း သတိထားစစ်ဆေးဖို့ဆန္ဒပြုတိုက်တွန်းရင်း....
Credit; Original Writer
Zawgyi
သတိထားရမည့် CV Joint (သို့) ကားရဲ့ ဒူးဆစ်
မော်တော်ကားတစ်စီးကို အောက်ပိုင်းစစ်ဆေးပေးတဲ့ အခါမှာ မေ့နေတတ်တဲ့ အရာတစ်ခုက (CV Joint) လို့ခေါ်တဲ့ ဒူးဆစ်ကိုစစ်ဆေးပေးဖို့ပါပဲ။
ဘာဖြစ်လို့ သတိထားစစ်ဆေးရမလဲဆိုတော့ CV Joint ဆိုတာဘာလဲ....?ဘာလုပ်ပေးတာလဲ... ?
ရှေ့ယက်ကားတွေ (Front Wheel Drived car) နဲ့ ဖိုးဝီးကား (Four Wheel car) တွေမှာ မဖြစ်မနေသုံးရတဲ့ ပစ္စည်းပါ။ အချို့သော နောက်ယက်ကားဖြစ်တဲ့ Crown၊ Mark II စတဲ့ (Rear Wheel Drived car) တွေမှာလဲသုံးတတ်ပါတယ်။
[CV]ဆိုတာ [Constant Velocity] ရဲ့ အတိုကောက်လေးပါ။ ကားတစ်စီး ရွေ့လျားဖို့ဆိုရင် အင်ဂျင်လည်ရပါမယ်။ နောက်ဂီယာတစ်ခုခုရှိရပါမယ်။ အဲဒီဂီယာနဲ့ချိတ်ဆက်ပြီး ကားဘီးတွေကို လည်ပေးလိုက်မှ ကားက သွားလာလို့ရပါမယ်။ Transaxle လို့ခေါ်တဲ့ ဂီယာဘောက်ကနေ လည်ပေးလိုက်တဲ့အတိုင်း ကားရဲ့ ဘီးတွေကလိုက်ပြီး လည်ပတ်ရပါတယ်။