သားအိမ်အသားလုံး တည်ခြင်း
hellosayarwon.com
|
2020-02-13


ပတ်ဝန်းကျင်မှာ ဘယ်သူကတော့ဖြင့် သားအိမ်မှာ အသားလုံးတည်လို့ သားအိမ်ထုတ်လိုက်ရတယ်။ဘယ်သူကတော့ အသားလုံးရှိလို့ ဆေးရုံတက်နေတယ်ဆိုတာမျိုး ကြားဖူးပါသလား။ ပတ်ဝန်းကျင်မှာ ဒါမျိုးမကြာခဏကြားဖူးတယ်ဆိုရင် ဒီရောဂါအဖြစ်များတယ်ပဲဆိုရမှာပေါ့။ ဒါကဘာရောဂါလဲ။

သားအိမျအသားလုံး တည်တဲ့ရောဂါပါ။ ဒါကဘာကြောင့် ဖြစ်တာလဲ။ သူများတွေဖြစ်ရင် ကိုယ်ရောဖြစ်လာမှာလား။ ဆက်ကြည့်ကြည့်ရအောင်။

သားအိမျအသားလုံး ဆိုတာဘာလဲ။
ပြောတဲ့အတိုင်းပဲ အသားလုံးကြီးပါ။ စာဆန်ဆန်ပြောရရင်တော့ သားအိမ်ကြွက်သားတွေ ပွားပြီး အလုံးတည်လာတာပေါ့။ မျက်စိနဲ့မမြင်နိုင်တဲ့ အလုံးသေးသေးလေးတွေရှိသလို ရင်ခေါင်းထိတက်ဆောင့်နိုင်တဲ့အလုံးကြီးတွေလည်းရှိပါတယ်။ သားအိမ်ထဲမှာဖြစ်နိုင်သလို သားအိမ်ပြင်ပမှာလည်း အညှာလေးနဲ့ တွယ်နေတတ်ပါတယ်။ တစ်လုံးတည်းလည်း ဖြစ်နိုင်သလို အများကြီးလည်းဖြစ်နိုင်ပါတယ်။

ကင်ဆာလား။
ကင်ဆာ မဟုတ်ပါဘူး။ သာမန်အလုံးပါ။ ကင်ဆာပြောင်းနိုင်လားဆိုတော့ ပြောင်းနိုင်ချေက လူ၁၀၀၀မှာ ၁ယောက်တောင်မရှိပါဘူး။ ဒါကြောင့် ဖြစ်ခဲတယ်လို့ပဲ ပြောရမှာပါ။

ဘာလက္ခဏာတွေခံစားရမှာလဲ။
သားအိမ်မှာအသားလုံးရှိတဲ့သူတော်တော်များများက ဘာလက္ခဏာမှ သိပ်မခံစားရပါဘူး။ ဒါကအလုံးသေးတာကြောင့်လည်းဖြစ်နိုင်သလို အလုံးရှိတဲ့နေရာနဲ့လည်းဆိုင်ပါတယ်။ ရောဂါလက္ခဏာတွေက အလုံးရှိတဲ့နေရာ၊ အရွယ်အစားနဲ့ ဘယ်နှစ်လုံးလဲဆိုတာပေါ်မူတည်ပါသေးတယ်။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့

ရာသီသွေးဆင်းများ တာ

သွေးဆင်းရင် ကိုက်ခဲ တာ

ရာသီလာရကျပိုကွာ တာ
ရာသီမတိုင်ခင်သွေးဆင်းတာ
မကြာခဏဆီးသွားချင်တာ

ဝမ်းချုပ် တာ
ခါးနာတာ၊ ပေါင်အနောက်နာတာ
အမျိုးသားနဲ့အတူနေရင် နာတာ
ဗိုက်ပြည့်သလိုခံစားရတာ၊ ဗိုက်မှာအလုံးစမ်းမိတာ စတာတွေပဲ ဖြစ်ပါတယ်။

ဘာကြောင့်ဖြစ်တာလဲ။
အကြောင်းရင်းအတိအကျကိုတော့ မသိရသေးပါဘူး။ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းတွေကတော့
မျိုးရိုးဗီဇ

ဟော်မုန်း  -အမျိုးသမီးတွေမှာရှိတဲ့

အီစထရိုဂျင် နဲ့

ပရိုဂျက်စတုန်း ဟော်မုန်းတွေက ရာသီလာခါနီးရင် သားအိမ်နံရံထူဖို့ လုပ်ပေးပါတယ်။ သားအိမ်အသားလုံးတွေက ဒီဟော်မုန်းနှစ်မျိုးကို ပိုလက်ခံတာကို တွေ့ရပါတယ်။ ဒါကြောင့်သွေးဆုံးပြီးတဲ့သူတွေမှာ အသားလုံးကဖြစ်ခဲပါတယ်။

ဘယ်သူတွေပိုဖြစ်နိုင်လဲ။
လူတိုင်းဖြစ်နိုင်ပေမယ့် ပိုဖြစ်နိုင်တဲ့သူတွေကတော့
အသက်၃၀ကျော်တွေမှာ အဖြစ်များပါတယ်။

ကိုယ်ဝန်ဆောင် တွေ -ကိုယ်ဝန်ဆောင်ချိန်မှာ  အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေပိုများလာတဲ့အတွက် အလုံးအသစ်တွေဖြစ်တာ၊ ရှိပြီးလားအလုံးတွေ ကြီးလာတာမျိုးဖြစ်တတ်ပါတယ်။
အသက်ငယ်ငယ်လေးနဲ့ ရာသီစလာတာ (အသက်၁၀နှစ်မတိုင်ခင်)

ဗီတာမင်ဒီ ချို့တဲ့တာ
အနီရောင်အသားအစားများပြီး အသီးအရွက်အစားနည်းတာ
အရက်သောက်တာ

တားဆေး တွေသောက်တာ
မိသားစုထဲမှာ မျိုးရိုးရှိတာ
အဝလွန်တာ စတာတွေပဲဖြစ်ပါတယ်။

နောက်ဆက်တွဲဘာဖြစ်နိုင်လဲ။

အသားလုံးကြောင့် ကိုယ်ဝန်မရတာတွေဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ရှိပြီးသားသူတွေမှာလည်း သားအိမ်မှာ အလုံးခံနေတဲ့အတွက်

ကိုယ်ဝန်ပျက်ကျ တာ၊ ကလေးအနေအထားမမှန်တာ၊ အချင်းအနေအထားမမှန်တာ၊ ကလေးကောင်းကောင်းမကြီးတာ၊ လမစေ့ဘဲမွေးတာတွေဖြစ်တတ်ပါတယ်။
ရာသီသွေးဆင်းများပြီး သွေးအားနည်းတာ၊ ခေါင်းမူးတာလည်း ဖြစ်တတ်ပါတယ်။
အသားလုံးက ဆီးအိမ်ကိုဖိထားတာကြောင့် ဆီးခဏခဏသွားချင်တာ၊ ဆီးကျန်တာဖြစ်ပြီး ဆီးပိုးဝင်တတ်ပါတယ်။
သားအိမ်ပြင်ပမှာ အညှာနဲ့ တွယ်နေတဲ့ အသားလုံးက လိမ်ပြီး သွေးမလျှောက်တော့တာ။ ဒါမျိုးဆိုရင်တော့ ဗိုက်အရမ်းနာပြီး အရေးပေါ်ခွဲစိတ်ဖို့ လိုပါမယ်။

ကာကွယ်လို့ရလား။
ကာကွယ်တဲ့နည်းလမ်းတွေက လုံးဝမဖြစ်အောင် မတားနိုင်ပါဘူး။ ကိုယ်အလေးချိန်ထိန်းတာ၊ အသီးအရွက်တွေပိုစားတာက ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။

Take home massage
သားအိမ်မှာ အသားလုံးတည်တာက အမျိုးသမီးတော်တော်များများဖြစ်တတ်ပါတယ်။ သူရဲ့လက္ခဏာတွေကို သိထားပါ။ နောက်ဆက်တွဲဆိုးကျိုးတွေမရခင် စောစောစီးစီးကုနိုင်အောင် ကြိုးစားပါ။

Hello Health Group  သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။        




Some text some message..