လူသိနည်းနေသေးတဲ့ မာလကာသီးစားသုံးခြင်းက ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူး
myanmaplatform.com
|
2020-02-11



မာလကာသီးဟာ ကယ်လိုရီနည်းတဲ့ အသီးတစ်မျိုးဖြစ်ပြီး အရသာရှိကာ လူတိုင်းနီးပါး ကြိုက်နှစ်သက်ကြတဲ့ အသီးတစ်မျိုးပဲဖြစ်ပါတယ် ။ ကလေး၊လူကြီးမရွေး မာလကာသီးကို စားသုံးကြပေမယ့် မလကာသီးဟာ သတ္တုဓာတ်များ ၊ ဗီတာမင်များ နှင့် အန်တီအောက်စီးဒန့် ကြွယ်ဝကာ ခန္ဓာကိုယ်ကို အထောက်အကူပေးနိုင်တဲ့ အသီးဖြစ်ကြောင်း ကိုတော့ သိတဲ့ သူရှားပါတယ် ။ မာလကာသီးစားသုံးခြင်းက သင့်ကို ဘယ်လိုအကျိုးကျေးဇူးတွေပေးနိုင်လည်းဆိုတာကို ဆက်လက်ပြီး ဖတ်ရှုလိုက်ကြရအောင် ။

၁ ။ ကင်ဆာကို ကာကွယ်နိုင်ပါတယ် ။




မာလကာသီးတွင် ဗီတာမင် ဓာတ်များ ၊ သတ္တုဓာတ်များ ၊ အန်တီးအောက်စီးဒန့်များ ကြွယ်ဝစွာ ပါဝင်တဲ့ အသီးဖြစ်ပါတယ် ။ လေ့လာချက်တွေအရ မာလကာသီးကို စားသုံးခြင်း ကင်ဆာဆဲလ်များ ကြီးထွားခြင်းကို တားဆီးနိုင်ပြီး ရင်သားကင်ဆာ ၊ ဆီးကျိတ်ကင်ဆာ နှင့် ပါးစပ်ကင်ဆာတို့ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ပါတယ် ။

၂ ။ ဆီးချိုရောဂါကို ထိန်းညှိနိင်ပါသေးတယ် ။




အချို့ သစ်သီးတွေဟာ သွေးတွင်းသကြားဓာတ်ကို မြင့်စေတာကြောင့် ဆီးချိုရောဂါရှင်တွေဟာ သစ်သီးတွေကို စားသုံးခြင်းကို ရှောင်ကြဉ်လေ့ရှိကြပါတယ် ။ မာလကာသီးကတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့ အသီးတစ်မျိုးပါ ။

၃ ။ ကျန်းမာတဲ့ မျက်လုံးကို ပိုင်ဆိုင်နိုင်ပါတယ် ။




သင့်ရဲ့ မျက်လုံးအတွက် ကောင်းမွန်တဲ့ အာဟာရတွေကို မှီဝဲခြင်းဟာ ကောင်းမွန်တဲ့ ရလဒ်ကို ပေးစွမ်းနိုင်ပါတယ် ။ မျက်လုံးအတွက် လိုအပ်တဲ့ ဗီတာမင် A နှင့် ဗီတာမင်ဓာတ်တွေပါဝင်တဲ့ မာလကာသီးကို စားသုံးခြင်းဟာ ကောင်းမွန်တဲ့ အမြင်အာရုံနှင့် ကျန်းမာတဲ့ မျက်လုံးကိုပိုင်ဆိုင်နိုင်ပါတယ် ။

၄ ။ အရွယ်တင်စေပါတယ် ။




အရွယ်မရွေး ၊ ယောကျာ်း မိန်းမမရွေး အလိုချင်ဆုံးအရာကတော့ အရွယ်တင်နုပျို ခြင်းပါ ။ အသက်ကြီး လာခြင်းကို ထိန်းချုပ်လို့ မရပေမယ့် အသားအရေကို အသက်အရွယ်နှင့် မလိုက်အောင် နုပျိုအောင် ဗီတာမင်စီနှင့် အန်တီအောက်စီးဒန့် ပါဝင်တဲ့ မာလကာသီးကို စားသုံးပေးခြင်းဖြင့် ရရှိနိုင်ပါတယ် ။ ဗီတာမင်စီဟာ ကိုလာဂျင်ထုတ်လုပ်တဲ့အခါမှာ အထောက်အကူပြုပါတယ် ။ မာလကာသီး နှင့် မျက်နှာ ပေါင်းတင်လျှင်လည်း မျက်နှာ အရေပြားကို တင်းရင်းစေတဲ့ အစွမ်းသတ္တိရှိပါတယ် ။




Some text some message..