ကိုယ်ဝန်ဆောင်
ထားရတဲ့ အမျိုးသမီးတွေမှာ မိန်းမကိုယ် က နာလာတာမျိုး ကြုံရတတ်ပါတယ်။ မိန်းမကိုယ်နာကျင်တာက ကိုယ်ဝန်ကြောင့် မိန်းမကိုယ်မှာ ဖိအားဖြစ်စေတဲ့ဖြစ်စဉ်ပါ။ ဒီအချိန်မှာ ဘာကြောင့်ဖြစ်ရတာလဲ၊ စိုးရိမ်ရလား၊ အန္တရာယ်ရှိလား၊ ဘာလုပ်ရမလဲ ဆိုတဲ့ မေးခွန်းတွေ မေးချင်ကြမှာပါ။ တကယ်တော့ ဒါက ဖြစ်လေ့ရှိတဲ့ ပုံမှန်အခြေအနေတစ်ခုဖြစ်ပြီး
ကိုယ်ဝန်ပထမအပတ်၊
ဒုတိယအပတ်
ဒါမှမဟုတ် တတိယအပတ်၊ ဘယ်အချိန်မှာမဆို ဖြစ်လာနိုင်ပါတယ်။
ဘာ့ကြောင့် ဖြစ်တာလဲ
ကိုယ်ဝန်ဆောင်ကာလ
အတွင်း မိန်းမကိုယ် မှာ ဖိအားဖြစ်စေတဲ့ အတွေ့အကြုံ၊ လက္ခဏာတွေက အမျိုးသမီးတစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ တချို့က မိန်းမကိုယ် မှာ စူးစူးနာနာဖြစ်တာ၊ တင်ပါးဆုံတဝိုက် နည်းနည်းနာလာတာနဲ့၊ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး အလေးဆွဲထားသလို ဖြစ်လာတာလိုမျိုး အမျိုးမျိုးခံစားရနိုင်ပါတယ်။ ကိုယ်ဝန်လရင့်လာတဲ့အခါ ဒီလိုဖြစ်ရတာက ကလေးရဲ့ကိုယ်အလေးချိန်ကြောင့် ဖြစ်နိုင်ပေမယ့် ကိုယ်ဝန်ဆောင်ချိန်အတွင်း တင်ပါးဆုံတဝိုက်ဖိအားဖြစ်စေတဲ့ တခြားအကြောင်းရင်းတွေလည်း အများကြီးရှိနိုင်ပါတယ်။ ဒီတော့ ကိုယ်ဝန်ဆောင်ကာလပတ်ကို မူတည်ပြီး ဘယ်လိုအကြောင်းရင်းတွေကြောင့် ဖြစ်တတ်သလဲဆိုတာ ဆက်ပြီးကြည့်ရအောင် -
ကိုယ်ဝန်ပထမအပတ်
အမျိုးသမီးအများစုက ကိုယ်ဝန်ပထမအပတ်မှာ
ကိုယ်အလေးချိန်
တိုးတာကြောင့် မိန်းမကိုယ်ဖိအားဖြစ်ခြင်းကို အစောကြီးခံစားရတတ်ပါတယ်။
ဒုတိယအပတ်နဲ့ တတိယအပတ်
ကိုယ်ဝန်လရင့်လာတဲ့ ကာလပတ်တွေမှာ တင်ပါးဆုံကွင်း အားနည်းလာတာရယ်၊ ကိုယ်အလေးချိန်များလာတာရယ်ပေါင်းပြီး ဒီလက္ခဏာ ခံစားရနိုင်ပါတယ်။
အန္တရာယ်ရှိနိုင်လား
ကိုယ်ဝန်လရင့်ချိန်မှာ မိန်းမကိုယ်နာတာက ကလေးစောမွေးတော့မှာလား၊ အန္တရာယ်ရှိလား စိုးရိမ်နေမယ့် အမျိုးသမီးတွေအတွက် အဖြေကတော့ နာကျင်မှုအတိမ်အနက်ပါပဲ။ တချို့ အမျိုးသမီးတွေမှာ စူးပြီးနာတာမျိုး ဖြစ်တတ်တယ်။ ဒီလိုဖြစ်တာဆိုရင်
ကလေးမွေးဖွားဖို့
နီးလာတဲ့အတွက် သားအိမ်ခေါင်းက ချဲ့လာတဲ့လက္ခဏာပါ။
တကယ်လို့ -
နာကျင်မှုက ပြင်းထန်လာတာ၊
ဗိုက်အောက်ပိုင်းမှာ နာကျင်တာ၊ အောင့်တာ၊
သွေးဆင်းတာ
စတဲ့ လက္ခဏာတွေဖြစ်လာရင် ဆရာဝန် ချက်ချင်းပြသင့်ပါတယ်။
အရေးကြီးတဲ့အချက်က -
ခါးအောက်ပိုင်း နာကျင်တာ၊
မအီမသာဖြစ်တာ၊
သားအိမ်ညှစ်တာ
၊
ဗိုက်နာတာ စတဲ့ လက္ခဏာတွေဖြစ်လာပြီဆိုရင်တော့ ကလေးမွေးဖွားဖို့ လက္ခဏာဖြစ်နေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုထူးခြားတဲ့လက္ခဏာမျိုးကိုမဆို ဂရုစိုက်စောင့်ကြည့်ပါ၊ သတိထားပါ၊ လေ့လာပါ လို့ အကြံပြုချင်ပါတယ်။ အရင်ဆုံး အစိုးရိမ်မလွန်ဘဲ -
တတ်သိကျွမ်းကျင်သူတွေဆီမှာ အကြံဉာဏ်တောင်းပါ၊
ကျန်းမာရေးဗဟုသုတတွေ လေ့လာပါ၊
ဆေးမြီးတိုနဲ့ အယူအဆမှားတွေကို ရှောင်ပါ၊
ထိုက်သင့်မှန်ကန်တဲ့ ကုသစောင့်ရှောက်မှုနည်းလမ်းကို ရှာဖွေပါ။
Hello Health Group
သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။