၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း( ၂၃-၂-၂၀၂၀ ) မှ ( ၂၉-၂-၂၀၂၀) အထိ
lotaya.mpt.com.mm
|
2020-02-23

ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၂၃-၂-၂၀၂၀ ) မှ ( ၂၉-၂-၂၀၂၀) အထိဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေသားသမီး

တနင်္ဂနွေသားသမီးများ မိမိ စကားအပြောအဆိုမဆင်ခြင်၊ မိမိကိုယ်တိုင်လဲသတိမမူဘဲ ပြောမိလိုက်သောစကားတစ်ခွန်ကြောင့် ပြဿနာဖြေရှင်းရလိမ့်မယ်။ ငွေလုပ်ငန်း၊ ငွေချေးငှားခြင်းလုပ်ငန်းများ ပြဿနာဖြစ်ခြင်း၊ အချင်းချင်း အနီးကပ်လူတွေရဲ့ ဒုက္ခပေးခြင်းခံရမည်။ အိမ်တွင်းရှိ အခြေ(၄)ချောင်း သတ္တဝါအများ အသေအပျောက် ကြုံတွေ့ရတတ်သည်။ အိမ်ထောင်ရှင်များ ဘေးလူအနှောက်အယှက်ကြောင့် တစ်ဦးနှင့်တစ်ဦး နားလည်မှုလွဲပြီး ဒေါသကိုရှေ့ထားကာ စကားများ၊ရန်ဖြစ်ရတတ်ပါသည်။ ပျိုရွယ်သူများ အချစ်ရေးနှင့် ပတ်သက်ပြီး အဆင်မပြေတပြေဖြစ်မည်။ ချစ်သူကြောင့် စိတ်သောက ရောက်မည်။ စိတ်ညစ်မည်။ ဘာကိစ္စကိုမဆိုခေါင်းအေးအေးထားပြီး ဆုံးဖြတ်ချက်ချပါ။

ပညာကံကောင်း၏။ နိုင်ငံတကာ ပညာရေးဆွေးနွေးပွဲများ၊ ဟောပြောပွဲများပြုလုပ်ခြင်း၊ ပါရဂူ၊ မဟာဘွဲ့အတွက်စာရွက်စာတမ်းတင်ခြင်းကိစ္စများ အဆင်ပြေ၍ သင်တန်းသစ်များ သင်ကြား ဖွင့်လှစ်ရတတ်သည်။ စီးပွားရေးပိုင်းတွင် အထူးသဖြင့် ပြည်တွင်းပြည်ပ ဈေးကွက်များသို့ ကုန်စည်များတင်ပို့ရောင်းချခြင်း၊ ရောင်းဝယ်ခြင်း အကျိုးရလဒ်ကောင်းရရှိမည်။

ဆီးကျောက်ကပ်နှင့်ပတ်သက်သော ဝေဒနာတွေခံစားရတတ်ပါတယ်။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် အရှေ့အရပ်မျက်နှာမှုကာ သပြေညွန့်(၇)ညွန့်လှူ ပြီးမှသွားပါ၊ အနီရောင်၊အပြာနုရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၃.၂.၈)

အကျိုးပေးအရပ် - အရှေ့မြောက်

အကျိုးမပေးရှောင်ရန်အရပ် - အနောက်တောင်

ယတြာ - အိမ်ဘုရားမှာ သပြေညွန့်(၇)ညွန့် မောရသုတ် ရွတ်ပွားပြီး ခေါက်မုန့် ဆွမ်းကပ်လှူပြီး လိုရာဆုတောင်းပါ။

တနင်္လာသားသမီး

တနင်္လာသားသမီးများ ငွေလေးလက်ထဲရှိလို့ ချေးငှားမယ်လို့တော့ စိတ်မကူးလိုက်ပါနဲ့။ စီးပွားရေးမှာ အထူးသဖြင့် ဈေးသစ်၊ပလာဇာသစ်များ စတင်ဖွင့်လှစ်ခြင်း၊ အလှပြင်ဆိုင်သစ်ဖွင့်ခြင်း ကောင်း၏။ ထိုလုပ်ငန်းများမှ အကျိုးရလဒ်ကောင်းရရှိမည်။

လယ်ယာ မြေလုပ်ငန်းရှင်၊ လယ်ယာလုပ်ကိုင်သူ တို့သည် အနှောင့်အယှက် အခက်အခဲများဖြင့် ရင်ဆိုင်ရကိန်းရှိသည်။ လုပ်ငန်းဝန်ထမ်း အချင်းချင်း မနာလို ကုန်းချော့ ချောက်တွန်း ခြင်းခံရတတ်ပါတဲ့။ လက်ထပ်ဖို့ကြန့်ကြာနေသူများ သေချာပေါက်လက်ထပ်ရဖို့ အကြောင်း ဖန်လာတတ်ပါတယ်။ အိမ်ထောင်သည်တွေကတော့ စန်းပွင့်လွန်းအားကြီးတာကြောင့် အငယ်အနှောင်းကိစ္စတွေ ဖြစ်ပေါ်လာတတ်၍ သတိထားလိုက်ပါ။ ကျန်းမာရေး အနေနဲ့ကတော့ အစာအိမ်၊ အူလမ်းကြောင်း၊ အူအတက် ပေါက်ခြင်း စတာတွေကိုဂရုစိုက်ပါ။ ဆောင်ရွက်စရာကိစ္စ ရှိပါက ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာ ကိစ္စများအတွက် စံပယ်ပန်း(၇)ကုံး ဘုရားလှူပြီးသွားပါ။ အဖြူရောင်၊ နု့ိနှစ်ရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်ပါသည်။

အကျိုးပေးဂဏန်း - (၄.၈.၅)

အကျိုးပေးအရပ် - အနောက်

အကျိုးမပေးရှောင်ရန်အရပ် - အရှေ့

ယတြာ - အဖြူရောင်ဝတ်ဆင်ပြီး စံပယ်ပန်း(၇)ကုံး မိမိနေ့နံတနလာၤထောင့် ဘုရားတွင် ကပ်လှူ ပြီး လိုရာဆုတောင်းပါ။

အင်္ဂါသားသမီး

အင်္ဂါသားသမီးများ ယခုအပတ်အတွင်း ဝန်ထမ်းဖြစ်လျှင် ရာထူး တက်ခြင်း၊ အခြေအနေ အဆင့်အတန်း မြင့်မားခြင်းများ ကြုံမည်။ ငွေစုဆောင်းလွယ်သလို လက်ဖွာသူတွေအတွက်လဲ သုံးသလောက်ကုန်၊ ရှာသလောက်မလောက် ဆိုတာမျိုးတွေ အလွန်ဖြစ်ရတတ်ပါတယ်။ 2D/3D လောင်းကစားမလုပ်ပါနဲ့။ အရဲစွန့်ပြီး မိမိဥစ္စာပစ္စည်း ပုံအောလိုက်ခြင်းမျိုး ရှောင်ပါ။ ချစ်ရေးရာတွင် မိမိရည်ရွယ်ထားသော ချစ်သူကို ချစ်ရေးဆိုပါက အောင်မြင်ခြင်းနှင့် ချစ်သူနှင့် အပန်းဖြေခရီးဝေးသွားရခြင်းများ ရှိပြီး ပျော်ရွှင်ရပါလိမ့်မည်။ အိမ်ထောင်ရေး အသင့်တင့်ကောင်းမွန်နေပြီး ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းရော ပြည်ပမှာပါ သွားရတတ်ပါတယ်။ စီးပွားရေးမှာ အထူးသဖြင့်ကုမ္ပဏီလုပ်ငန်းများ လုပ်ဆောင်ခြင်းနှင့် စပ်တူရှယ်ယာလုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း၊ စာချုပ်ချုပ်ဆိုခြင်း ဖက်ရှင်၊ ဒီဇိုင်းသစ်များစတင်ခြင်း၊ ရှိုးပွဲပြုလုပ်ခြင်းများ အကျိုးဖြစ်ထွန်းမည်။ ကျောက်အတု၊ ရွှေရည်စိမ်အစရှိတာတွေ အဝင်မခံပါနဲ့။ တကယ်ဝင်မယ့်ဟာမဝင်ဘဲ လာဘ်ပိတ် သွားတတ်ပါတယ်။ ကျန်းမာရေး ထွေထွေထူးထူး မရှိပါ။ ဆောင်ရွက်စရာကိစ္စရှိပါက ယခုအပတ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် ကံကော်၊ရွက်လှညွန့် ဘုရားလှူပြီးသွားပါ။ ကြက်သွေးရောင်၊ မီးခိုးရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၃.၅.၈)

အကျိုးပေးအရပ် - အရှေ့တောင်

အကျိုးမပေးရှောင်ရန်အရပ် - အနောက်မြောက်

ယတြာ - အိမ်ဘုရားမှာ ကံကော်၊ ရွက်လှညွန့်(၈)ညွန့်စီ မိမိနေနံထောင့် အင်္ဂါဂြိုဟ်ဘုရားတွင် ရတနသုတ်ရွတ်ပွားပြီး လိုရာဆုတောင်းပါ။ သခွားမွေး ကပ်လှူပါ။

ဗုဒ္ဓဟူးသားသမီး

ဗုဒ္ဓဟူးသားသမီးများ လက်ရှိစီးပွားရေးကို တိုးချဲ့လိုသော စိတ်ပေါ်လာနိုင်ပြီး တိုးချဲ့မိပါက စိတ်ပင်ပန်းခြင်း၊ လူပင်ပန်းခြင်း၊ အလုပ်ဒဏ်ပိပြီး စိတ်ဖိစီးမှုများခြင်းမျိုး ကြုံရတတ်ပါတယ်။ ကျောက်မျက်၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ရွှေ၊ ဓါတ်သတ္တုတူးဖော်ခြင်းတို့ လုပ်ငန်းများ ပြဿနာများ ရင်ဆိုင်ရတတ်သလို မိမိခန့်အပ်ထားသော ဝန်ထမ်းများနှင့် ဆက်ဆံရာတွင် ပြဿနာများပေါ်ပေါက်လာတတ်ပါသည်။ လုပ်ငန်းခွင်အတွင်း ပြိုင်ဖက်များရဲ့ နှောက်ယှက်မှုကြောင့် စီးပွားရေးထိခိုက်တတ်သည်။ ပြည်ပပညာရပ်လေ့လာနေသူများ လိုရာပန်းတိုင်သို့ဆွတ်ခူးနိုင်မည်။ ငွေကြေးကိစ္စရပ်များချေးငှားခြင်း ဆောင်ရွက်ရာတွင် အကျိုးများမည်။ ချစ်သူမရှိသေးသူများ ချစ်သူသစ်ကျိန်းသေပေါက် ရလာတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အငယ်အနှောင်းကိစ္စတွေ ဖြစ်ပေါ်လာတတ်၍ သတိထားလိုက်ပါ။ ရှုပ်ချင်ပွေချင်တဲ့ လူငယ်လူရွယ်များ မိမိဇာတ် မိမိပြန်မသိမ်းနိုင်တာမျိုး ကြုံပြီး ပြဿနာအကြီးကျယ်ရင်ဆိုင်ရခြင်း ကြုံတွေ့ရမည်။ ကျန်းမာရေးအနေဖြင့် သွေတိုး၊ လေဖြတ် သတိထားပါ။ ရေလမ်းခရီးသွားခြင်းရှောင်ကြဉ်ပေးပါ။ ယုံကြည်ရာဘာသာတရားအတိုင်း ဒါနကုသိုလ်၊သီလကုသိုလ်ဘာဝနာကုသိုလ် ပြုလုပ်ပါ။ ဆောင်ရွက်စရာကိစ္စ ရှိပါက ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ဂန္ဓမာပန်း(၃)ပွင့်ဘုရားလှူ ပြီးမှသွားပါ၊ အဖြူရောင်အစိမ်းရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၇.၁.၆)

အကျိုးပေးအရပ် - တောင်

အကျိုးမပေးရှောင်ရန်အရပ် - မြောက်

ယတြာ - စိန္တာမဏိဂါထာရွတ်ပွားပြီး မိမိနေ့နံဗုဒ္ဓဟူးဂြိုဟ်ထောင့်တွင် ဂန္ဓမာပန်း(၃)ပွင့် ကပ်လှူ လိုရာဆုတောင်းပါ။

ကြာသပတေးသားသမီး

ကြာသပတေးသားသမီးများ လုပ်ငန်းသစ်စတင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းသစ်များကို စုံစမ်းလျှောက်ထားခြင်း၊ အင်တာဗျူးဝင်ခြင်းတို့ ကောင်း၏။ အောင်မြင်မည်။ လူချစ်လူခင်ကတော့ အလွန်များပါတယ်။ စန်းလဲအလွန်ပွင့်နေပါလိမ့်မည်။

အထူး အိမ်ခြံမြေရောင်းဝယ်၊ စက်ပစ္စည်းရောင်းဝယ်လုပ်ငန်း၊ အသီးအနှံလုပ်ငန်းနှင့် အသီးအနှံဆေးဝါး ရောင်းဝယ်လုပ်ငန်း၊ ဓာတ်သတ္တုတွင်းတူးဖော်လုပ်ငန်းတို့ အကျိုးပေးကောင်း၏။ မျှော်လင့်မထားသော စည်းစိမ်ဥစ္စာ ရရှိခံစားရမည်။ မိမိတို့၏ ဂုဏ်သတင်းများလည်း ကျော်ဇော်မည်။ အိမ်နေရာ၊ ပြင်ဆင်မွမ်းမံရခြင်း၊ ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သို့အတောင်ပေါက်သော သတ္တဝါဝင်လာတက်၏။ ဝင်လျှင် နိမိတ်ကောင်း၏။ ကျောက်နှင့်ပတ်သက်ပြီး စကားပြောဆိုမှု အငြင်းအခုံပြုရတတ်သလို မိမိကို လိမ်လည်လှည့်စား ရှောင်ပြေးခြင်း ကြုံတွေ့ရတတ်သည်။ ငယ်ရွယ်သူများအဖို့ အချစ်ရေးတွင် လမ်းခွဲရလောက်အောင် ပြသနာဖြစ်ရတတ်သော ကာလဖြစ်သည်။ အိမ်ထောင်မရှိသေးသူများ ရုတ်တရက် အိမ်ထောင်ကျကိန်း ရှိတတ်သည်။ ကျန်မာရေး အညံ့မရှိပါ။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ပိန်း ၊သပြေညွန့်များ ဆောင်ပါ။ အဝါရောင်၊ အနီရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၄.၂.ဝ)

အကျိုးပေးအရပ် - မြောက်

အကျိုးမပေးရှောင်ရန်အရပ် - တောင်

ယတြာ - မိမိနေ့နံ ကြာသပတေးဂြိုဟ်ဘုရားထောင့်တွင် ပိန်း၊ သပြေညွန့်များ (၁၉)ညွန့်စီ ကပ်လှူပြီး လိုရာဆုတောင်းပါ။

သောကြာသားသမီး

သောကြာသားသမီးများ အိမ်ပြောင်း၊ ဆိုင်သစ်ဖွင့်၊ ဆေးခန်းဖွင့်၊ နာမည်မှည့်၊ အစုရှယ်ယာဝင်ခြင်း၊ စာအုပ်၊ စာပေဖြန့်ချိခြင်းတို့ကောင်း၏။ ယခုရက်အတွင်း ငွေကြေး အထစ်အငေါ့ကြီးစွာ ဖြစ်ခြင်း ကြွေးဆုံးခြင်းတို့ ကြုံရတတ်၏။ အလုပ်ထဲမှာလည်း လွန်စွာ စိတ်ညစ်ရမယ့် ကိစ္စတွေကြုံလာရတတ်ပါတယ်။ လူမှုရေးရှုပ်ထွေးမှုတွေလည်း ရှိနေတတ်ပါတယ်။ အိမ်ထောင်ဘက်နဲ့ သဘောထားကွဲလွဲမှုကြုံတွေ့ရတတ်ပြီး ဆွေမျိုးသားချင်းတွေနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းတွေက ထင်သလောက် တိုးတက်မှုမရှိနိုင်ပါဘူး။ အရွယ်လွန်နေတဲ့ အပျိုကြီး၊လူပျိုကြီးတွေတောင် အောင်သွယ်ကောင်းမှုကြောင့် ချစ်သူရပြီး လက်ထပ်ရဖို့ အကြောင်း တိုက်ဆိုင်လာတတ်ပါတယ်။ အကြီးအကဲမိဘတွေ ကျန်းမာရေးချို့တဲ့မှုတွေကြုံရမယ်။ ရှောင်ထွက်မသွားဘဲ စိတ်ရင်းနဲ့ သေချာပြုစုလိုက်ပါ။ မိမိကံဇာတာ ပြောင်းလဲလာပြီး ကံကောင်းလာလိမ့်မည်။ ယုံကြည်ရာဘာသာတရားအတိုင်း ဒါနကုသိုလ်၊ သီလကုသိုလ် ဘာဝနာကုသိုလ်ပြုလုပ်ပါ။ ဆောင်ရွက်စရာကိစ္စ ရှိပါက ယခုအပတ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် အဖြူရောင်နှင်းဆီပန်း(၃)ပွင့်ဘုရားလှူ ပြီးသွားပါ။ ငွေရောင်၊ ဆင်စွယ်ရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၃.၅.၉)

အကျိုးပေးအရပ် - အရှေ့

အကျိုးမပေးရှောင်ရန်အရပ် - အနောက်

ယတြာ - အဖြူရောင်နှင်းဆီပန်း(၃)ပွင့် နမောတေဂါထာ ရွတ်ပွားပြီး ခေါပုပ်ကြော် ကပ်လှူ လိုရာဆုတောင်းပါ။

စနသေားသမီး

စနေသားသမီးများ ယခုလ အလွန်ကံကောင်းလိမ့်မယ်။ အလုပ်စီးပွားတိုးတက်အဆင်ပြေမယ်။ စပ်တူအလုပ်၊ ရှယ်ယာအလုပ်အကျိုးဖြစ်ထွန်းမည်။ သင်တန်းတက်ရခြင်း ပညာရပ်တစ်ခုခုကို လေ့လာရခြင်း သုတေသနပြုရခြင်း များပြုလုပ်ရပါမည်။ အမွေအနှစ် ဥစ္စာများရတတ်ခြင်း၊ အိမ်ထောင်သုခ ပြည့်စုံချမ်းမြေ့ သာယာခြင်း တို့ရှိမည်။ ချစ်သူရည်းစားမရှိသေးသူများ ချစ်သူရရှိမည်။ ခရီးသွားလာခြင်း ချစ်သူသစ်တွေ့မည်။ ပရဟိတအလုပ်တွေ၊ ဘာသာသာသနာ အကျိုးအလုပ်တွေ လုပ်ဖြစ်ပါလိမ့်မယ်။ အရောင်းအဝယ်ကိစ္စတွေလည်း ထင်ထားတာထက်ပိုပြီး အကျိူးအမြတ်ရရှိပါလိမ့်မည်။ ခရီးအနီးထွက်ရ၍ ကောင်းသောခရီးဖြစ်ပါလိမ့်မည်။ ကျန်းမာရေးတွင် အဆစ်အမြစ်များနာခြင်း ဇက်ကြော မကြာခဏတက်ခြင်းများ ဖြစ်နေတတ်ပါသည်။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် နှင်းဆီပန်း၊အောင်သပြေညွန့်များ ဘုရားလှူပြီးသွား၊ ကြေးနီရောင်၊အနီရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ် အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၆.၈.၇)

အကျိုးပေးအရပ် - အနောက်တောင်

အကျိုးမပေးရှောင်ရန်အရပ် - အရှေ့မြောက်

ယတြာ - နှင်းဆီးပန်း၊အောင်သပြေညွန့်များဘုရားလှူ ပြိး ပဌာန်း(၂၄)ပစ္စည်း ရွတ်ပြိး ပဲပေါင်မုန့် ကပ်လှူ လိုရာဆုတောင်းပါ။

ရာဟုသားသမီး

ရာဟုသားသမီးများ အလုပ်နဲ့ပတ်သက်ရင် အနစ်နာခံလိုက်ပါ။ အနာခံမှုကြောင့် အကျိုးခံစားရမည်။ ကားဝယ်ဖို့၊ ခြံဝယ်ဖို့စိတ်ကူးနေရင်တော့ ဝယ်လိုက်ပါ။ ဘိုးဘွား အမွေအနှစ်၊ မိဘမောင်နှမ ဆွေမျိုးအမွေအနှစ်ရရှိတတ်ပါတယ်။ အိမ်ယာ၊တိုက်ခန်း၊ မြေယာ၊ ခြံကွက်များ ရရှိတတ်သည်။ နှစ်ဖက်မိဘဆွေမျိုးများ၏ ကျန်းမာရေးကိစ္စရပ်များတွင်ကူညီပံ့ပိုးရခြင်း ကြုံတွေ့ရမည်။ ငွေကြေးကိစ္စတွင် ရင်းနှီးသောသူများနှင့် မိမိအကြား အယူအဆ သဘောထား မကိုက်ညီမှုများ ကြုံတွေ့ရမည်။ ပညာရေး ပျိုရွယ်သူများနှင့် လူငယ်လူရွယ်များ အပျော်အပါး လိုက်စားခြင်းများ ရှောင်ပေးပါ၊ မိမိဘဝဆုံးရှုံးမှုမှုများ ကြုံတွေ့ရတတ်သည်။ အိမ်ထောင်သည်များ စုတ်ကိစ္စ အထူးရှောင်လိုက်ပါ။ ကျန်းမာရေး အအေးမိ၊ နှာစေးချောင်းဆိုး ဝေဒနာ ခံစားရတတ်သည်။ ဆောင်ရွက်စရာကိစ္စ ရှိပါက ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာ ကိစ္စများအတွက် ခရေညွန့်(၃)ညွန့် ဘုရားလှူပြီးသွား၊ အဖြူ ရောင်အစိမ်းရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၁.၆.၇)

အကျိုးပေးအရပ် - တောင်

အကျိုးမပေးရှောင်ရန်အရပ် - မြောက်

ယတြာ - မိမိနေနံ ရာဟုဂြိုဟ်ဘုရားထောင့်မှာ ခရေညွန့်(၃)ညွန့်ကိုင်ဆောင် စိန္တာမဏိဂါထာ ရွတ်ပွားပြီး စွန်ပလွန်ယိုကပ်လှူ လိုရာဆုတောင်းပါ။




Some text some message..