ဗြိစ္ဆာရာသီဖွားများအတွက် တစ်သက်တာဟောကိန်း
trend.com.mm
|
2020-03-10

မည်သည့်နှစ်တွင်မဆို အောက်တိုဘာလ ၂၄ မှ နိုဝင်ဘာလ ၂၂ ရက်အတွင်း ( မြန်မာလ -တန်ဆောင်မုန်း ) အတွင်း မွေးဖွားသူများသည် ဗြိစ္ဆာရာသီဖွားများ ဖြစ်ကြသည်။

၁။ ပင်ကိုယ်သဘာဝနှင့် အကျင့်စရိုက် လက္ခဏာများ
ဗြိစ္ဆာရာသီဖွားတို့သည် သစ္စာတရားဦးထိပ်ပန်ဆင်သူများ ဖြစ်ကြ၏။ဖြောင့်မတ်သော စိတ်ထားရှိ၏။ သို့သော်စိတ်ထဲ၌ အငြိုးအတေးထားတတ်ကြ၏။ ကိုယ့်အပေါ် ထိပါးစော်ကားသူတို့အား တစ်နည်းနည်းဖြင့် တုံ့ပြန်ကလဲ့စားချေတတ်ကြ၏။ ဗြိစ္ဆာရာသီဖွားတို့၏ စိတ်၌ ခံစားချက်ဒဏ်ရာများဖြင့် ပြည့်နှက်နေတတ်၏။
ထို့အတူ ကိုယ်တိုင်အပင်ပန်းခံ ရုန်းကန်ရခြင်းများလည်း များစွာရှိ၏။ ဘဝအစတွင် ခက်ခဲကြမ်းတမ်း၏။ ခက်ခဲသည်ဆိုရာတွင်မောင်နှမသားချင်းအတူတူမှာပင် ကိုယ်က ပိုပြီး ခက်ခဲပင်ပန်း၏။အနစ်နာခံကြိုးစားရ၏။ သို့သော်အဖက်ဖက်မှ အခက်အခဲများကိုဇွဲနှင့်စွဲမြဲစွာ လုပ်ကိုင်ကြိုးစားရင်း သာမန်ထက်ပိုအောင်မြင်သွားတတ်၏။ဗြိစ္ဆာရာသီဖွားတို့၏ ဘဝတွင် မိမိအပေါ်နားလည်ပေးသူနည်း၏။
ထို့ကြောင့်လည်း တစ်ကိုယ်တည်းကျိတ်ပြီး ခံစားရသောဒဏ်ချက်များတို့ကို ပြင်းထန်စွာ ခံစားရင်း အငြိုးအတေးစိတ်များထွက်ပေါ်လာရတတ်၏။ ဗြိစ္ဆာရာသီဖွားတို့သည် မိမိအပေါ် လွှမ်းမိုးခြင်းကိုလုံးဝလက်မခံနိုင်ကြချေ။ အထူးလွတ်လပ်ပေါ့ပါးစွာ၊ သန့်ရှင်းစွာနေထိုင်ရှင်သန်လိုကြ၏။ သို့သော် သူတို့ဘဝတွင် အဘွား၊ အမေ၊ အစ်မ၊အဒေါ် စသော အမျိုးသမီးကြီးတို့၏ သြဇာလွှမ်းမိုးမှုကို (ကောင်းသောသဘောဖြင့်ဖြစ်စေ၊ ဆိုးသောသဘောဖြင့်ဖြစ်စေ)သက်ရောက်မှုရှိနေတတ်၏။
ဗြိစ္ဆာရာသီဖွားတို့သည် စိတ်အား၊ လူအားကောင်း၏။ ဘဝတွင်ကြီးမြင့် ထင်ပေါ်ချင်တတ်၏။ ဘဝ၏အောင်မြင်မှုကို တိုက်ပွဲပမာ တိုက်ယူလိုကြ၏။ အပင်ပန်းခံပြီး ကိုယ်စွမ်းညာဏ်စွမ်းရှိသမျှ ကြိုးစားယူကြ၏။ ဘဝအစတွင်ကျပ်တည်းသလောက် နောက်ဆုံးတွင် အောင်မြင်ကြရ၏။
အချိန်ကိုလည်း စောင့်ဆိုင်းလုပ်ကိုင်တတ်ကြ၏။ဦးဆောင်နေရာထိပ်ဆုံးသို့ ရည်မှန်း၍ လုပ်တတ်ကြ၏။ စိတ်မြန်၏။ဒေါသဖြစ်လွယ်၏။
သို့သော် အချို့ကိစ္စတို့တွင် ငါသိငါတတ်သဘောဖြင့်တဇွတ်ထိုးလုပ်မိတတ်ကြ၏။ အငြင်းလည်းသန်၏။ ကိုယ်ယုံကြည်ရာကိုခေါင်းမာစွာ ကိုင်စွဲထားတတ်၏။ ထို့အတွက် ငြင်းခုံရန်လည်း
ဝန်မလေးချေ။ စိတ်မထိန်းချုပ်နိုင်ဘဲ ပျက်စီးနစ်နာတတ်၏။ အထူးသဖြင့်ဗြိစ္ဆာရာသီဖွား အမျိုးသားများ အမျိုးသမီးနှင့်ပတ်သက်ပြီးပျက်စီးနစ်နာတတ်၏။ ဗြိစ္ဆာရာသီဖွားတို့သည် အပြောချို၏။ တစ်ခါတစ်ရံမာနကြီးတတ်၏။ စိတ်ထဲမထင်လျှင် ဘယ်လူကြီးလူကောင်းကိုပင်ဖြစ်စေ မခေါ်ဘဲ ဥပေက္ခာပြု နေနိုင်တတ်၏။ဘယ်သူ့ကိုမှ ဂရုမစိုက်။ စိတ်အခန့်မသင့်က အငြိုးအတေးပင်ထားတတ်သေး၏။ အသက်ရှည်တတ်၏။ စီးပွားဥစ္စာ ချမ်းသာတတ်၏။ရုပ်သန့်၏။ စကားပြောဆိုလျှင် စိတ်ပါလက်ပါ ပြောဆိုလာပါကပြင်းထန်လာ၏။ လူ့သဘာဝကို သဘောပေါက်ကာပရိယာယ်သဘောများလည်း တတ်ကျွမ်း၏။ အခြွေအရံများ၏။အဝတ်ကောင်း၊ အစားကောင်းများ ဝတ်ရတတ်၏။ မိဘနှင့်ဝေးကွာနေတတ်၏။ အချို့ပညာရပ်တို့တွင် တစ်ပိုင်းတစ်စဖြင့်ရပ်ထားရတတ်၏။
ဗြိစ္ဆာရာသီဖွား အမျိုးသားများ အရက်သေစာ၊ဆေးလိပ်တို့ကို ကြိုက်နှစ်သက်တတ်၏။ တစ်ခါတစ်ရံကြမ်းတမ်းခက်ထန် ပြုမူမိတတ်၏။ တစ်ခါတစ်ရံ မိဘ၊ ဆရာသမားအကြီးအကဲတို့စကားကို နားမထောင်ဘဲ နေတတ်၏။ အထက်လူကြီး၊မင်းအစိုးရတို့၏ ချီးမြှင့်မှုကိုခံရကာဘဝတွင်ကြီးပွားအောင်မြင်တတ်ကြလေ၏။ထို့အပြင်ဗြိစ္ဆာရာသီဖွားတို့သည် မမြင်အပ်သော မြင့်မြတ်သည့် နာမ်လောကမှပုဂ္ဂိုလ်ထူးတို့၏ ပါရမီပဋ္ဌာန်းဆက်ဖြင့် စောင့်ရှောက်မှုကိုလည်း သိသာစွာခံရတတ်၏။

၂။ အချစ်ရေးနှင့် အိမ်ထောင်ရေး
ဗြိစ္ဆာရာသီဖွားတို့သည် အသိရခက်၏။ အကဲခတ်ရခက်၏။ပတ်ဝန်းကျင်အမြင်အရ တစ်မျိုး၊ ကိုယ့်ခံစားမှုကတစ်သွယ်ဖြစ်နေတတ်ကြ၏။ ကိုယ်ကလည်း ကိုယ့်ခံစားချက်ကိုအသိရခက်အောင်မျိုသိပ်နိုင်စွမ်းရှိ၏။ သပ်ရပ်သန့်ပြန့် ခန့်ထည်စွာနေတတ်သဖြင့် အများနှင့်မတူ ထင်ရှား၏။ စန်းပွင့်၏။ မျက်နှာပွင့်၏။ဆန့်ကျင်ဘက်လိင်တို့၏ စွဲမက်စိတ်ဝင်စားခြင်းကို အထူးခံရတတ်၏။နှလုံးသားရေးရာတွင် ချစ်မိပြီဆိုက ဘဝကိုပင် ပုံအပ်ရန်ဝန်မလေးသူများ ဖြစ်ကြ၏။ ချစ်သူအပေါ် အလိုလိုက်၏။စိတ်ရောကိုယ်ပါ ချစ်ခင်တတ်၏။ အပြန်အလှန် နားလည်မှုရှိ၏။ သို့သော်အချစ်ကြီးသကဲ့သို့ပင် စိတ်အပြောင်းအလဲမြန်၏။ မသင့်လျော်ဘူးဟု
ဆုံးဖြတ်ပြီးက အချစ်ခံစားမှု၊ စိတ်ခံစားမှုကို မရမကမျိုသိပ်ထားတတ်ပြန်၏။ အချစ်ဦးနှင့် ဆုံဆည်းခွင့်မရှိတတ်ကြ။ချစ်သူအပေါ် အနွံတာခံလျက် ပေးဆပ်ပြီးချစ်တတ်သလောက်
ခံနိုင်စွမ်းကုန်သောအခါ အရွဲ့တိုက်တတ်ကြတော့၏။အငြိုးအတေးထားတတ်ကြတော့၏။
ထို့ကြောင့် အချစ်ကြီးသူကိုပင် အလွန်မုန်းတီး နာကျည်းသွားတတ်ကြပြန်၏။ သို့သော်ဗြိစ္ဆာရာသီဖွားတို့သည် အများအားဖြင့် သစ္စာရှိ၏။ ဖြောင့်မတ်၏။နူးညံ့သိမ်မွေ့၏။ တည်ငြိမ်အေးချမ်းစွာ နေလိုတတ်၏။ သို့သော် ဘဝပေးအခြေအနေအရပင် အချစ်ရေးတို့၌ အနှောက်အယှက်များပေါ်လာတတ်၏။ အမိ၊ အစ်မတို့၏ ပတ်သက်စွတ်ဖက်မှုလည်းရှိတတ်ချေ၏။
အိမ်ထောင်ပြုသောအခါ ကိုယ့်ထက်ကြီးသူနှင့် အိမ်ထောင်ပြုရတတ်ပြီးဗြိစ္ဆာရာသီဖွား အမျိုးသမီး အများစုမှာ ကိုယ့်ထက်အသက်ငယ်သူနှင့်အိမ်ထောင်ပြုရတတ်၏။ အိမ်ထောင်မပြုမီ အမျိုးမျိုးရွေးချယ်စီစစ်ပြီးမှအိမ်ထောင်ပြုတတ်၏။ သို့သော် တကယ်တမ်း အိမ်ထောင်ပြုသောအခါသနားချစ်ဖြင့် ပြုမိတတ်၏။ အထူးသဖြင့် ဗြိစ္ဆာရာသီဖွား အမျိုးသမီးများသနားချစ်ဖြင့် အိမ်ထောင်ဖက်ရွေးချယ်ရင်း ဒုက္ခရောက်တတ်၏။အိမ်ထောင်ရေးသောက ခံစားရတတ်၏။
ဗြိစ္ဆာရာသီဖွားတို့သည် တဇွတ်ထိုးလုပ်တတ်သော၊ အေးစက်စက်နှင့် ရက်စက်တတ်သော၊ဘေးစကားကို ယုံလွယ်သောသူကိုမှ ရွေးချယ်မိတတ်၏။ ထို့ကြောင့် အိမ်ထောင်ရေးတွင် စိတ်ပင်ပန်းစရာများစွာကြုံတတ်၏။အထူးရွေးချယ်ပြီးမှ လက်တွဲသင့်၏။ သို့သော် ဘာပဲဖြစ်ဖြစ်
တည်ကြည်အေးဆေးသော၊ သစ္စာရှိသော၊ နူးညံ့သိမ်မွေ့သော မိမိ၏ပင်ကိုယ်စိတ်စေတနာကောင်းတို့ကြောင့် မိမိချစ်သူ၊မိမိအိမ်ထောင်ဖက်တို့ကလည်း တဖြည်းဖြည်း နားလည်လာကာ
အိမ်ထောင်ရေး သာယာလာပါမည်။

၃။ အလုပ်အကိုင်နှင့် စီးပွားရေးအနေအထားများ
ဗြိစ္ဆာရာသီဖွားတို့သည် အလွန်ထူးခြားသော ဘဝပိုင်ရှင်များဖြစ်ပြီးဘဝအကွေ့အပြောင်းများစွာ ကြုံရတတ်၏။ အေးတိအေးစက်နှင့်ပြန်မပြော နားမထောင် ကိုယ်ထင်ရာ တဇွတ်ထိုးလုပ်တတ်၏။ကိုယ်ပိုင်လွတ်လပ်မှုနှင့် အရာရာ အနှောင်အဖွဲ့မပါဘဲလုပ်ကိုင်လိုတတ်၏။ရောက်ရာအရပ်တွင် တွေ့သောသူနှင့်လိုက်လျောညီထွေ နေတတ်၏။ ပေါင်းတတ်၏။ ပြောတတ်၏။
လုပ်တတ်၏။ စကားကတိကို တန်ဖိုးထား၏။ အလုပ်တစ်ခုမလုပ်မီအပြန်ပြန်အလှန်လှန် စဉ်းစား၏။ မလုပ်မီ နောက်တွန့်နေတတ်၏။စလုပ်ပြီဆိုသည်နှင့် ကျော်လွှားနိုင်၏။
ထို့ကြောင့် ထိပ်ဆုံးသို့ရောက်တတ်၏။ ထို့အပြင် ဘာမဆို သိုသိုသိပ်သိပ်လုပ်တတ်၏။ အများနှင့်မတူသော ရှုထောင့်မှတွေး၍ လုပ်တတ်၏။အများနှင့်တွဲ၍ လုပ်သည်ထက် ကိုယ်တစ်ဦးတည်းလုပ်ကပိုအောင်မြင်တတ်၏။ ထို့ထက် ကိုယ့်စိတ်တိုင်းကျလုပ်ကိုင်လေပိုအောင်မြင်လေ ဖြစ်၏။ စိတ်ကူးဉာဏ်အလွန်ကောင်း၏။ ထို့အပြင်အခြားသူတို့နှင့် ပြေလည်အောင် နေတတ်ပြီး ကူညီတတ်သောစရိုက်ကြောင့် မိတ်ကောင်း ဆွေကောင်းရတတ်၏။ သမားရိုးကျ
လမ်းဟောင်းအတိုင်းလုပ်ခြင်းထက် အရာရာကိုကိုယ်တိုင်လမ်းသစ်ထွင်ပြီး လုပ်က ပိုပြီးအောင်မြင် တတ်၏။
ခေတ်နှင့်အညီ လိုက်လျောညီထွေလုပ်က ပိုပြီးအောင်မြင်၏။ရေရှည်လုပ်ငန်းထက် ပေါ်ပင်လုပ်ငန်းများက ပို၍ကောင်းကျိုးပေး၏။ဝန်ထမ်းလုပ်က စာရင်းအင်းဘက်တွင် မလုပ်သင့်ပါ။ အလုပ်လုပ်ရာတွင်အကျိုးအမြတ်ဖြစ်အောင် တွက်ချက်ပြီး လုပ်တတ်သော်လည်းတကယ်လုပ်သောအခါ စိတ်ချမ်းသာမှုကို ရှေ့တန်းတင်၍စိတ်အေးလက်အေးလုပ်တတ်၏။ ဘာပဲလုပ်လုပ် ဆုံးဖြတ်ပြီးကမြန်မြန်လုပ်ပါ။အချိန်ဆွဲမိက အလုပ်မဖြစ်တတ်ပါ။ ဆုံးဖြတ်ပြီးကတွန်းတိုက်လုပ်ပါလေ။ ဆန်းသစ်မှု၊ တီထွင်မှု၊ စွန့်စားမှု၊ ဥပဒေပညာ၊ခွဲစိတ်ကုသမှု၊ သတင်းထောက်လှမ်းမှု၊ စူးစမ်းမှုတို့တွင် ဝါသနာထုံပြီးပါရမီရှိ၏။ လောကီပညာမှစ၍ ဗေဒင်၊ နက္ခတ်၊ မှော်ပညာ၊
နတ်ပိုင်းဆိုင်ရာ၊ ဓါတ်ပိုင်းဆိုင်ရာကိစ္စတို့ပါ ဝါသနာထုံ၏။သို့သော်လူသိမခံဘဲ လေ့လာလိုက်စားတတ်၏။ ဘာသာရေးတွင်လည်းထူးချွန်၏။
အထူးကောင်းကျိုးပေးသော အလုပ်များမှာ နာမည်ကျော် စာရေးဆရာ၊ပန်းချီဆရာ၊ ထောက်လှမ်းရေး၊ ကျောက်မျက်ရတနာ၊တွင်းထွက်ပစ္စည်းမျိုးစုံနှင့် လျှပ်စစ်ပစ္စည်း၊ ပန်းတိမ်အလုပ်၊ ဖိနပ်လုပ်ငန်း၊စိုက်ပျိုးရေးအလုပ်တို့တွင် ကောင်းကျိုးပေး၏။
ဘာပဲလုပ်လုပ် ဗြိစ္ဆာရာသီဖွားတို့သည် ကောင်းမွန်သောအလုပ်တို့ကိုသာ
လုပ်သင့်၏။ ပင်ကိုယ်ဗီဇတွင်ပင် ကြီးပွားစေတတ်သော ပါရမီပါပြီးဖြစ်၏။
ဘာသာတရားကို ဦးထိပ်ပန်ဆင်ပြီး သမ္မာအာဇီဝကျကျ လုပ်သွားက
စီးပွားဖြစ်ထွန်းတတ်၏။
ဥပဒေမလွတ်ကင်းသော အလုပ်တို့လုပ်ကဒုက္ခတွေ့တတ်၏။ ကောင်းမွန်စွာနေက ဘာအခက်အခဲရှိရှိအောင်မြင်သွားတတ်ကြလေ၏။

၄။ သဘာဝဘေးအန္တရာယ်များ
ဗြိစ္ဆာရာသီဖွားတို့သည် မီးဘေး၊ လက်နက်ပေါက်ကွဲမှုဘေး၊လျှပ်စစ်မီးရှော့ခ်ဖြစ်ခြင်းတို့ ကြုံတတ်၏။ အနည်းဆုံး အပူလောင်ခြင်းမျိုးမကြာခဏကြုံတတ်၏။ ဘုရားဂုဏ်တော် (၉) ပါးကို အမြဲပွားထုံသင့်၏။စတီး(လ်) အစစ်ကိုဆောင်ထားသင့်၏။ အထူးသဖြင့် လျှပ်စစ်မီးတို့ကို
ကိုင်တွယ်သုံးစွဲရာတွင် ကြိုတင်သတိရှိက ထိုအန္တရာယ်မှလွတ်မြောက်ပေမည်။

၅။ ကျန်းမာရေးအခြေအနေများ
ဗြိစ္ဆာရာသီဖွားတို့သည် ရောဂါဖြစ်ခဲတတ်၏။ ဖြစ်ခဲ့လျှင်လည်းအဖျားကြီးသော ရောဂါဖြစ်တတ်၏။ ထို့အပြင် ကူးစက်သော ရောဂါများဖြစ်တတ်၏။ ထို့အပြင် ခန္ဓာကို၏ လျှို့ဝှက်အင်္ဂါအစိတ်အပိုင်းတို့တွင်အနာရောဂါဖြစ်ခြင်း၊ ကျောက်ကပ်၊ အစာအိမ်နှင့်ဆီးရောဂါတို့ဖြစ်တတ်၏။ သို့သော် အန္တရာယ်ကြီးမားစွာ မဖြစ်တတ်ပါ။ဗြိစ္ဆာရာသီဖွားတို့သည် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ငရုတ်ကောင်းတို့ကို ပင်တိုင်ဓာတ်စာအဖြစ် စားပေးသင့်၏။အမြဲမှီဝဲပေးခြင်းဖြင့် ရောဂါကင်းစင်ကာ ကျန်းမာရွှင်လန်းရတတ်၏။အထူးသဖြင့် ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ပင်တိုင်စားသုံးပေးသင့်၏။

၆။ ဘဝကံကြမ္မာ အခြေအနေများ
ဗြိစ္ဆာရာသီဖွားတို့သည် ထူးခြားသော ဘဝပိုင်ရှင်များ ဖြစ်၏။ အထူးသဖြင့်ကိုယ်ကမှန်သည်ဟု ဆုံးဖြတ်ထားသည့်အပေါ်တွင် ခိုင်မြဲစွာ ရပ်တည်၍လုပ်ပေရာ ကောင်းသော လမ်းကြောင်းပေါ် ရပ်တည်မိကထိပ်ဆုံးရောက်အောင် ဖြစ်ထွန်းသွားတတ်ကြလေ၏။ ထိုသို့မဟုတ်ဘဲမကောင်းသောလမ်းပေါ်ရောက်သွားကလည်း အဝီစိရောက်အောင်မိုက်တတ်၏။
ထို့ပြင် ဗြိစ္ဆာရာသီဖွားတို့သည် ကိုယ့်စိတ်ထဲတွင် မကြိုက်တော့ကဘယ်လိုပုဂ္ဂိုလ်ကြီးကိုမှ ဂရုမစိုက်တော့ချေ။ ပင်ကိုယ်သဘောထားအလွန်ကောင်းပြီး သူတစ်ပါးထက်ပို၍ သည်းခံခွင့်လွှတ်တတ်၏။ခွင့်လွှတ်နိုင်စွမ်းဘောင်ကျော်လာကလည်း အမျက်ကြီးကာ ရက်စက်စွာတုံ့ပြန်တတ်၏။ ထို့နောက် ထိုသူမျိုးတို့ကို လုံးဝဥပေက္ခာပြုပစ်တတ်၏။ကိုယ်ပိုင်အကြံဖြင့် ထိပ်ဆုံးရောက်တတ်၏။ သူတစ်ပါးတွေကလည်းကိုယ့်ကိုကိုယ်လိုက်ပြီး တုပတတ်ကြ၏။ အပေါင်းအသင်းမက်၏။သို့သော် အစွဲမထားတတ်။ အချစ်ရေး၊ အိမ်ထောင်ရေး အားနည်း၏။ရှုပ်ထွေး၏။ အလွန်ချစ်သူကို ပစ်ခွာခဲ့ပြီး အခြားသူကိုပြောင်းချစ်ရန်လည်းဝန်မလေးချေ။ အိမ်ထောင်တစ်ဆက်တည်း ထူထောင်ပါကထိပ်ဆုံးရောက်အောင် ကြီးပွားတတ်၏။ တစ်ပါးသူတို့ကလည်း
ကိုယ့်အပေါ် အခွင့်အရေးယူကာ ဒုက္ခပေးတတ်၏။ သူတစ်ပါးအကူအညီယူမိကလည်း အခြားပြဿနာတို့တွင် အသုံးချသွားတတ်ပြန်၏။ထို့ကြောင့် သီးသန့်တစ်ကိုယ်တော်နေလေ ကောင်းလေဖြစ်၏။ဆွေမျိုးရင်းထက် သူစိမ်းတို့က ပိုကောင်းတတ်၏။ ဘဝတွင်အခြေခံမှစပြီး အမြင့်ဆုံးရောက်အောင် ကြိုးစားနိုင်စွမ်းကြလေ၏။အခက်အခဲရှိသူများကိုပင် ကိုယ်ကျိုးမငဲ့ဘဲ ကူညီခြင်းသည်ဗြိစ္ဆာရာသီဖွားတို့၏ ဘဝအဓိပ္ပါယ်ဖြစ်၏။ သတိပြုရန်မှာလူ့အသိုင်းအဝိုင်းက သိပ်မဆက်ဆံလိုသူတို့ကို ကိုယ်က တန်းတူရည်တူပေါင်းသဖြင့် ကိုယ့်သိက္ခာထိပါးတတ်၏။ နှလုံးသားကို ဦးစားပေးသဖြင့်ခံစားချက် ပြင်းထန်၏။ ချစ်ဦးသူနှင့်ကွဲကာအချစ်ဆက်ထုံးများစွာကြုံတတ်၏။ လူမျိုးခြား၊ ဘာသာခြား ကိုရှောင်ပါ။နှလုံးသားတွင် အရွဲ့တိုက်လိုသော စိတ်များပေါ်တတ်၏။ ကိုယ့်ချစ်သူကိုကိုယ်ကပင် အသည်းခွဲ ကလဲ့စားချေတတ်၍ ကိုယ်တိုင်သာ
အသည်းကွဲရတတ်၏။ စီးပွားရေးတွင် အစပိုင်း၌ အမျိုးမျိုးပြောင်းပြီးလုပ်ကိုင်ပြီးမှ မမျှော်လင့်ဘဲ မိတ်ဆွေကောင်းတွေ့ကာ မထင်မှတ်သောအထောက်အကူတို့ရရှိကာ မထင်မှတ်ထားသောထိပ်တန်းသို့ရောက်ရှိသွားတတ်၏။
အသက် (၂၀)၊ (၂၃)၊ (၂၅)၊ (၂၈)၊ (၃၁)အရွယ်တို့တွင် အရွယ်နှင့်မမျှအောင် အောင်မြင်တိုးတက်မှုတို့ကြုံရမည်။သတိပြုပါ။ အောင်မြင်ကျော်ကြားမှု၊ စီးပွားဥစ္စာတို့ကကိုယ့်ကိုဒုက္ခပြန်ပေးတတ်၏။(၃၁) မှ (၃၆) ကြားတွင်တက်လိုက်ကျလိုက်ဖြစ်နေမည်။ (၃၆)၊ (၃၈)၊ (၄၀)၊ (၄၁)၊ (၄၄)၊(၄၇)တို့တွင်ထူးခြားစွာ ထိပ်တန်းရောက်အောင် ကံကောင်းသွားမည်။အထူးသဖြင့် (၃၅)၊ (၃၆)၊ (၅၆)၊ တို့တွင် မင်းစိုးရာဇာ ချီးမြှင့်ခံရခြင်း၊ကြီးစွာအောင်မြင်ခြင်း၊ စည်းစိမ်တိုးခြင်း တို့ဖြစ်မည်။ အသက် (၇၀)ကျော်အောင်ရှည်တတ်၏။

၇။ ဘဝအောင်မြင်ရန် အဆောင်၊ အရောင်များ
ဤရာသီဖွားတို့သည် အတိုက်အခံအလွန်များ၏။ ကိုယ်ကလည်းမဟုတ်မခံစိတ် သတ္တိဗျတ္တိနှင့် အတိုက်အခံလုပ်တတ်၏။အနက်ရောင်ရှောင်ပါ။ အနီရောင်၊ ကြက်သွေးရောင်၊ အဝါရောင်၊
အပြာရင့်တို့ကိုဝတ်ပါ။ အနီရင့်အကောင်းဆုံးဖြစ်၏။ ပတ္တမြားလက်စွပ်ဝတ်ပါ။ ကျောက်အနီဆောင်ပါ။ စတီးလ်အစစ်ဝတ်ပါ။ရဲစွမ်းသတ္တိနှင့်ပြည့်စုံကာ ရန်အပေါင်းနိုင်မည်။ ခြေသည်း
လက်သည်းရှည် မထားသင့်။ခြေထောက်ဖုံးအောင်လုံချည်ဘောင်းဘီမဝတ်သင့်။ မလိုအပ်ဘဲ မျက်မှန်မတပ်သင့်။ဆွဲကြိုးဆွဲက အရှည်ကြီးမဆွဲဘဲ တိုတိုဆွဲကာ လည်တိုင်အလှဖော်ပါ။
မျက်ခွံပေါ်မှာ ဆေးမချယ်သင့်။ ဖရိုဖရဲပုံစံကို နှစ်သက်၏။ဘိုသီဘတ်သီနေခြင်းကိုက ထူးခြား၏။ ခေတ်မီ ထူးခြားတတ်၏။ခေတ်မီစတိုင်နှင့် ရှေးဟောင်းစတိုင် တွဲဖက်ဝတ်တတ်၏။

ထိုသို့ဝတ်ခြင်းကိုက ထူးခြားတတ်၏။ မျက်မှောင်ကြုတ်မနေဘဲအမြဲပြုံးနေပါ။ အလွန်အမင်းမပြင်ဆင်ဘဲနေလေ ပေါ်လွင်လေဖြစ်၏။သာမန်နေထိုင်ခြင်းထက် ဓါတ်ပုံရိုက်က ပိုထင်ပေါ်တတ်၏။ကြီးလွန်းသောပစ္စည်း၊ ထူထဲလွန်းသောအဝတ်များ နှင့်မလိုက်ဖက်။ပေါ့ပါးလွတ်လပ်စွာ ဝတ်စားပါ။ နေထိုင်ပါ။ စကားပြောသောအခါလိုရင်းပြောလေ ညှို့ဓါတ်ပါလေဖြစ်၏။
ဗြိစ္ဆာရာသီဖွားတို့သည်အထူးသဖြင့် (၁) အယုံလွန်ခြင်း၊ (၂)ကူညီတတ်လွန်းခြင်း၊ (၃) ကိုယ်ယုံကြည်ရာတဇွတ်ထိုးလုပ်တတ်ခြင်းကြောင့် ထင်ရာစိုင်းသလို ဖြစ်သွားခြင်းတို့ကိုအထူးရှောင်ပါ။ (၄) ခေတ်နှင့်အညီ အပြောင်းအလဲ၊ အသစ်ထွင်ပါ။အကြံသစ်တွေကို လက်တွေ့လုပ်ဆောင်ပါ။ ရဲရဲလုပ်ပါ။မုချအောင်မြင်ပါလိမ့်မည်။ ဘဝတွင် (၃၊၆၊၉)ဂဏန်းတို့ကောင်းကျိုးပေး၏။ အဝတ်ကောင်းများကိုလည်းဝတ်ရတတ်၏။ ဗြိစ္ဆာရာသီဖွား အမျိုးသားများ အရက်သေစာ
စွဲမက်သွားတတ်သဖြင့် အထူးရှောင်ပါ။ စကားပြော ပြင်းထန်ခြင်းနှင့်မဟုတ်မခံ အငြိုးကြီးခြင်းတို့ကိုရှောင်ပါ။
စစ်မှန်သောသတ္တိရှိသူများဖြစ်သည့်အတွက်သတ္တိကိုမှန်ကန်စွာအသုံးပြုခြင်းဖြင့် ဘဝအောင်မြင်မှု ထိပ်ဆုံးသို့ရောက်ရှိနိုင်မည် ဖြစ်ပေသတည်း။

[ Unicode ]

Ref; zodiac_sign

Some text some message..