ဓနုရာသီဖွားများအတွက် တစ်သက်တာဟောကိန်း
trend.com.mm
|
2020-03-11

မည်သည့်နှစ်တွင်မဆို နိုဝင်ဘာလ ၂၃ မှ ဒီဇင်ဘာ ၂၁ ရက်အတွင်း ( မြန်မာ – နတ်တော်လ ) အတွင်း မွေးဖွားသူများသည် ဓနုရာသီဖွားများ ဖြစ်ကြသည်။

၁။ ဓနုရာသီဖွားများ၏ ပင်ကိုယ်သဘာဝနှင့် အကျင့်စရိုက် လက္ခဏာများ
ဓနုရာသီဖွားတို့သည် အတွေးအခေါ်ကောင်းသူများဖြစ်၏။စိတ်ဓါတ်ပြင်းထန်သူများဖြစ်၏။ လျင်မြန်သွက်လက်၍ ထက်မြက်ကြ၏။ဘယ်အလုပ်ကိုမဆို ရဲရင့်စွာ ပြုလုပ်တတ်ကြ၏။ ဟန်ဆောင်မှုကင်း၏။တည်ကြည်၏။ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်၏။ တရားတော်ကိုအလွန်ယုံကြည်လေးစား၏။ သမားရိုးကျဆန်ဆန် အရိုးခံပြုမူနေထိုင်တတ်၏။ ရှေ့ရေးကို ကြိုတင်မြော်မြင်နိုင်စွမ်းရှိ၏။စိတ်ဓါတ်အလွန် ခိုင်မာထက်သန်၏။ သို့သော် တစ်ခါတစ်ရံအငြိမ်မနေနိုင်လောက်အောင် စိုးရိမ်မှုကြီးနေတတ်ပြန်၏။
ပင်ကိုယ်ဗီဇထက်သလောက် တချို့ကိစ္စတို့တွင် ဝေခွဲရခက်ကာစိတ်ဒွိဟဖြစ်နေတတ်ပြန်၏။ မေတ္တာ၊ ဂရုဏာတရားနှင့်ပြည့်စုံသလောက်စိတ်ကြီးပြီး ဒေါသကြီးတတ်ပြန်၏။ စိတ်ရင်းစေတနာကောင်းစွာတစ်ဖက်သားတို့အား အမြဲကူညီနေတတ်၏။ သို့သော်နှုတ်စလျှာစကြမ်းတမ်းသောကြောင့် အချို့သူများနှင့် ရန်သူသဖွယ်ဖြစ်သွားရတတ်၏။ မည်သူ့ကိုမဆို စိတ်ရိုးသဘောရိုးနှင့် ခင်မင်စွာဆက်ဆံလို၏။ မည်သူ့ကိုမဆို ကိုယ့်စိတ်နှင့်နှိုင်းပြီး စိတ်ရောကိုယ်ပါ
ပေါင်းတတ်၏။ ကြီးပွားချမ်းသာလိုစိတ်ကြီးမားပြီး ရည်မှန်းချက်မြင့်မား၏။အရာရာကို အလေးအနက်ထားပြီး အရှိန်အဟုန်ပြင်းစွာလုပ်ကိုင်တတ်၏။ အရေးကြုံလာက သတ္တိအလွန်ကောင်းပြီး ဗြောင်လုပ်၊ဗြောင်ပြောတတ်၏။ ကိုယ့်ဘက်က မှန်သည်ထင်က မည်သည့်ကိစ္စမဆို
လုပ်ရဲကိုင်ရဲသော အကျင့်ရှိ၏။ ဟန်ဆောင်မှုကို အလွန်မုန်း၏။လိမ်ညာမှုကို အလွန်မုန်း၏။ စိတ်ထိခိုက် လွယ်၏။ တစ်ခါတစ်ရံအငမ်းမရဖြစ်တတ်၏။ တဇွတ်ထိုးလုပ်ချင်၏။

ငွေကိုပြင်းထန်စွာရှာတတ်၏။ လုပ်သမျှကိစ္စတိုင်းကို စိတ်ပါဝင်စားစွာလုပ်တတ်၏။ ဘယ်အခက်အခဲမှ နောက်မဆုတ်တတ်။ ထို့အတူဘယ်တော့မှမလိမ်တတ်။ မိတ်ဆွေဖွဲ့ကောင်း၏။ သဋ္ဌေးဖြစ် ခွေးဖြစ်ကြံတတ်၏။ ရွှေတစ်နေ့ ငွေတစ်နေ့သမားများ ဖြစ်၏။ စီးပွားရှာရာတွင်
လောဘကြီး၏။ ငွေကို အထူးချွေတာသုံးစွဲတတ်သလောက်စိတ်ထဲထင်က လောင်းကစားဆန်ဆန် ပုံအော၍ စွန့်စားပြီးလုပ်တတ်၏။ကုန်သွားလျှင်လည်း မနှမြောတတ်။ လွပ်လပ်စွာနေထိုင်ရခြင်း၊လုပ်ကိုင်ရခြင်းကို အလွန်မက်မော၏။ ငွေကြေးဥစ္စာများစွာပိုင်ဆိုင်ရတတ်၏။ အမည်သတင်းကျော်စောတတ်၏။
အထူးသတိထားရန်မှာ ဤရာသီဖွားတို့သည်စိတ်ဓါတ်ပြင်းထန်သလောက် စိတ်ဓါတ်ခက်ထန်ကြမ်းတမ်းသဖြင့်ဒေါသကြီးသောအခါ သူတစ်ပါးကို ထိခိုက်၊ နာကျင်အောင်လုပ်ဖို့၊
ဒုက္ခရောက်အောင်လုပ်ဖို့ ဝန်မလေးတတ်ကြချေ။ ဒေါသကိုအထူးထိန်းဖို့လို၏။ ထက်မြက်သလောက် လိမ္မာပါးနပ်မှုရှိ၏။သူတစ်ပါးမတွေးသောရှုထောင့်မှ တွေးတတ်မြင်တတ်၏။
သီးသန့်နေလိုစိတ်ပြင်းထန်၏။ သို့သော် အခြွေအရံမိတ်သင်္ဂဟပေါများနေတတ်၏။ အထူးမှာ ဤရာသီဖွားတို့သည် အနာဂါတ်ကိုကြိုတင်သိနိုင်စွမ်းသော ပါရမီဓါတ်ခံရှိ၏။ အိပ်မက်ထူး၊ အတိတ်ထူးနိမိတ်ထူးတို့ဖြင့် အနာဂတ်ကို ကြိုတင်သိနိုင်စွမ်း ရှိကြလေ၏။ သမာဓိထူထောင်ပေးပါက အထူးထက်မြက်တတ်ကြ၏။ ကိုယ်ပိုင်အတွေး၊ကိုယ်ပိုင်စိတ်ကူးအတိုင်း လုပ်သဖြင့် သူတစ်ပါးတု့ိထက်နှာတစ်ဖျားသာသော ဘဝကို ရရှိသွားတတ်၏။ ပင်ကိုယ်စိတ်ရင်းတွင်
အလွန်ကြင်နာ သနားတတ်ပြီး သူတစ်ပါးတို့ကို ကူညီရန်၊ဒုက္ခရောက်သူတို့ကို ကယ်တင်ရန် လူ့လောကသို့ရောက်လာသူများဖြစ်၏။ သူတစ်ပါးအခက်အခဲကို မြင်တွေ့ရ မကူညီဘဲ
မနေနိုင်ချေ။ ကိုယ့်တွင်ရှိသည်တို့ကိုလည်း မျှဝေပေးတတ်၏။တစ်ခါတစ်ရံ ကိုယ်တိုင်စားရန်၊ သုံးရန်မရှိသည်ကိုပင် အငတ်ခံပြီးပေးကမ်းကူညီတာ ပျော်ရွှင်နေတတ်၏။ သူတစ်ပါးတို့အတွက် ဒုက္ခခံပြီးကူညီပေးဆပ်နေတတ်၏။ ထို့အတူ လူ့ဘဝကို ပျော်ရွှင်စွာ၊ ငြိမ်းချမ်းစွာ
နေထိုင်လို၏။ အမှန်တရားကို အထူးမြတ်နိုးစွာ တန်ဖိုးထား၏။ဆန့်ကျင်စရာရှိကလည်း ဆန့်ကျင်ရဲ၏။ အငြင်းသန်၏။ ဟာသနှော၍ပျော်စေ၊ ပျက်စေ ပြောဆိုတတ်၏။ ဇဝနညာဏ်ကြီးမား၏။
ကတ်သီးကတ်သတ် ရှာရှာဖွေဖွေနှင့် ထိမိစွာ ချက်ကျစွာပြောတတ်ဆိုတတ်၏။ အထူးသတိပြုရန်မှာ စိတ်ဓါတ်အလွန်ပြင်းထန်၏။အရာရာကို လွန်လွန်ကဲကဲ လုပ်တတ်၏။ တစ်ခုခုဆုံးဖြတ်ပြီးကနာရီမဆိုင်း၊ မိနစ်မဆိုင်းလုပ်တတ်၏။ လွန်ကဲမှု၊ လောကြီးမှု၊စိတ်မြန်မှုတို့ကြောင့် ဘဝတွင် မကြာခဏ အမှားကိုရင်ဆိုင်တွေ့ရတတ်၏။ ထူးခြားသည်မှာ အမှားကို ဝန်ခံရဲ၏။
အမှားမြင်က အမှန်ပြင်တတ်၏။ တဲ့တိုးပြောတတ်လွန်းခြင်း၊ဘယ်အရာကိုမှ စိတ်ထဲမြုံမထားဘဲ ပွင့်လင်းစွာ ဗြောင်ပြောတတ်လွန်း၍လူမုန်းများ၏။ သူတစ်ပါးကြိုက်သည်၊ မကြိုက်သည်မသိ ရိုးဖြောင့်စွာပြောဆိုတတ်၏။ အမှန်အတိုင်း ပြောဆိုလုပ်ကိုင်တတ်၏။ လိမ်ညာမှုကို
အလွန်မုန်း၏။ ထို့အပြင် ဘဝတွင် မဟုတ်မခံ မာနစိတ်ကြီးမား၏။ထိုမာနကို လုံးဝအထိမခံတတ်ချေ။ ဤရာသီဖွားတို့သည် မွေးမြေကိုစွန့်ခွာ၍ ရပ်ဝေးတွင် အောင်မြင်ကြီးပွားတတ်ကြ၏။

၂။ ဓနုရာသီဖွားတို့၏ အချစ်ရေး၊ အိမ်ထောင်ရေး
ဓနုရာသီဖွားတို့သည် စီးပွားရေးတွင် အောင်မြင်သလောက် အချစ်ရေး၊အိမ်ထောင်ရေး၊ မိသားစုကိစ္စတို့တွင် စိတ်ရှုပ်ရတတ်၏။ အချစ်ရေးတွင်စိတ်ဝေခွဲမရဖြစ်စရာတွေကြုံတတ်၏။ အချစ်ရဆုံးသူ ရှိနေပြီသတ်မှတ်ပြီး နောက် ဒုတိယတစယောက် ပေါ်လာတတ်၏။ဆုံးဖြတ်ချက်မှားယွင်းတတ်၏။ အထူးသဖြင့် သက် (၂၀) မှ (၃၀)အတွင်း ဆုံးဖြတ်ချက်မှားတတ်၏။ အထူးသဖြင့် ချစ်မေတ္တာအရေးတွင်မိမိက မာယာပရိယာယ် နည်းပါးခြင်း၊ အရာရာကို ပွင့်လင်းစွာ
ထုတ်ဖော်ပြောဆိုခြင်း၊ လိုသည်ထက်ပို၍ အချစ်ကြီးခြင်းတို့အပေါ်တစ်ဘက်သားက အခွင့်အရေးယူသွားတတ်၏။ ထို့အပြင်ဓနုရာသီဖွားတို့သည် ခုတွေ့၊ ခုကြိုက်၊ ခုယူသဘောမျိုးဖြင့် ဘေးလူဘယ်သူတားတား ဂရုမစိုက်ဘဲ ဇွတ်လုပ်တတ်၏။ အချစ်ကိုယုံ၍ပုံအပ်တတ်၏။ နောင်တစ်ချိန် အချိန်လွန်မှ နောင်တရတတ်ကြ၏။
ထို့ကြောင့် အချစ်ရေး၊ အိမ်ထောင်ရေးတို့တွင် ခေါင်းအေးအေးထားပြီးမှဆုံးဖြတ်သင့်၏။ အားကိုးထိုက်သော မိဘ၊ အကြီးအကဲ၊ မိတ်ဆွေတို့ထံမှအကြံယူကာ အချိန်ယူကာ စဉ်းစားသင့်၏။ အလွန်နူးညံ့သောနှလုံးသားကို ပိုင်ဆိုင်ကြပြီး အချစ်ရေးတွင် သနားလွယ်၊ ယုံကြည်လွယ်၊
စိတ်ညွတ်လွယ်သူများဖြစ်၏။ ချစ်သူရည်းစားများတတ်၏။သို့သော် အိမ်ထောင်ဖက်ကောင်းနှင့် ဖူးစာဆုံနိုင်တတ်၏။အိမ်ထောင်ပြုပြီးကလည်း ဆိုးဆိုးကောင်းကောင်း ရင်စည်းခံနိုင်ကြ၏။
အိမ်ထောင်ဖက်အပေါ် သြဇာလွှမ်းမိုးတတ်ကြ၏။ မိသားစုအပေါ်သံယောဇဉ်ကြီးတတ်ကြ၏။ ထို့အပြင် အိမ်ထောင်ရေးတွင် ဒုတိယလူပေါ်လာတတ်၏။ ရှေင်ကြဉ်သင့်၏။ အထူးမှာ ဓနုရာသီဖွားတို့၏အိမ်ထောင်ဖက်သည်လည်း ခေါင်းမာသူဖြစ်တတ်၍ မာနချင်း
ပြိုင်မိတတ်၏။ သို့သော် ဘာပဲဖြစ်ဖြစ် အိမ်ထောင်ရေးတွင် သင်၏ပင်ကိုယ်စိတ်ရင်းကောင်းမှု၊ အသိဉာဏ်မြင့်မားမှုတို့ကြောင့်တည်ငြိမ်အောင် ထိန်းသိမ်းနိုင်စွမ်းရှိကာ သာယာသောဘဝကို
ထူထောင်နိုင်ပါလိမ့်မည်။

၃။ ဓနုရာသီဖွားတို့၏ အလုပ်အကိုင်နှင့် စီးပွားရေးအနေအထားများ
ဓနုရာသီဖွားတို့သည် မိတ်ဆွေဖွဲ့ကောင်းသူများ ဖြစ်သည်။မိတ်ဆွေတို့၏ အကူအညီ၊ အထောက်အပံ့တို့ကို ရယူကာ မိမိတို့၏လုပ်ငန်းများကို အောင်မြင်အောင် လုပ်နိုင်စွမ်းကြသည်။
ဘယ်အလုပ်မဆို စိတ်ဝင်တစား လုပ်တတ်၏။ ဘယ်လို အခက်အခဲမဆိုနောက်မဆုတ်တမ်း လုပ်တတ်၏။ လုပ်မိသောအလုပ်ကိုတဇွတ်ထိုးလုပ်တတ်၏။ ငွေကို ပြင်းထန်စွာ ရှာတတ်၏။ သူဋ္ဌေးဖြစ်ခွေးဖြစ် ကြံတတ်၏။ အကြောင်းတစ်ခုခုကြောင့် ကုန်သွားကလည်း
မနှမြောတတ်ချေ။ ရွှေတစ်နေ့ ငွေတစ်နေ့သမားများဖြစ်၏။ အလုပ်ကိုပြင်းပြင်းထန်ထန် လုပ်ကိုင်နိုင်စွမ်းရှိကြ၏။ တာဝန်ကို ရိုသေခြင်းအပေါ်ဂုဏ်ယူတတ်ကြ၏။ ရည်မှန်းချက် ကြီးမား၍ မဖြစ်မနေ ကြိုးစားတတ်၏။သို့သော် အလုပ်လုပ်ရာတွင် နှစ်မျိုးတွဲ၍ လုပ်ရတတ်၏။ တစ်ချီကောင်းပွပေါက်ကြံရင်း လောင်းကစားဘက် ရောက်သွားတတ်၏။သတိပြုပါလေ။ စီးပွားရေးကို လောင်းကစားဆန်ဆန်လုပ်ရင်းပွပေါက်ကြုံပြီး ကြီးပွားလိမ့်မည်။ ကူးသန်းရောင်းဝယ်မှု ကျွမ်းကျင်၏။စိတ်ကူးရသလို ထလုပ်တတ်၏။ တစ်ခါတစ်ရံ စိုးရိမ်စိတ်နှင့်လုပ်တတ်၏။အလုပ်လုပ်ရာတွင် မည်သူ့မျက်နှာကိုမျှမထောက်ဘဲ ပြောစရာရှိကပြော၏။ ငွေကြေးများစွာ ရရှိသော်လည်း အမြဲကုန်နေတတ်၏။
ဓနုရာသီဖွားတို့ သတိပြုသင့်သည်မှာ စီးပွားရေးလုပ်ခြင်းထက်အတတ်ပညာရှင်အစြဖ် အသက်မွေးဝမ်းကြောင်းပြုကပိုပြီးအောင်မြင်တတ်၏။ စိတ်မြန်ကိုယ်မြန် လုပ်တတ်ခြင်းနှင့်လုပ်ငန်းကြီးများကို ကြံစည်လုပ်ကိုင်တတ်သဖြင့် သူတစ်ပါးတို့ဂုဏ်ယူငေးမော အားကျရလောက်အောင် ဖြစ်သွားတတ်၏။
တာဝန်ယူရဲသော စွမ်းရည်ရှိပြီး အချိန်အခါနှင့် အခြေအနေကိုကြည့်ပြီးကျင့်သုံးလုပ်ကိုင်တတ်၏။ ဓနုရာသီဖွားတို့သည်ငွေကံကြေးကံအလွန်ကောင်း၏။ အမဲသားရှောင်ကြဉ် ပေးက
အထူးစီးပွား ဖြစ်ထွန်းတတ်၏။ ကြွယ်ဝချမ်းသာတတ်ကြ၏။ငယ်သားများနှင့် လုပ်ဖော်ကိုင်ဖက်များကအထူးချစ်ခင်လေးစားတတ်၏။ကိုယ်ပိုင်အလုပ်ဖြင့် ကြီးမားစွာအောင်မြင်တတ်၏။

ပွဲစားလုပ်ငန်း၊ သတ္တုပစ္စည်းများ တူးဖော်ခြင်း၊ ရောင်းဝယ်ခြင်း၊စက်ပစ္စည်း၊ ယာဉ်ရထား၊ ကားတို့တည်ထောင်ခြင်း၊ ရှေ့နေအလုပ်၊အုပ်ချုပ်ရေးအလုပ်၊ စက်ပြင်အလုပ်၊ အင်ဂျင်နီယာ၊ ဆရာဝန်အလုပ်တို့အထူးကောင်းကျိုးပေး၏။

၄။ ဓနုရာသီဖွားတို့၏ ကျန်းမာရေးအနေအထားများ
ဓနုရာသီဖွားတို့သည် အများအားဖြင့် ကျန်းမာရေး ကောင်းတတ်ကြ၏။သို့သော် မိသားစုနှင့်တကွ မိတ်ဆွေသင်္ဂဟတို့အပေါ်သံယောဇဉ်ကြီးသဖြင့် သူတစ်ပါးတို့အတွက်အမြဲပူပန်နေတတ်သောကြောင့် အသက်ကြီးပိုင်းတွင် သွေးတိုးရောဂါ၊နှလုံးရောဂါတို့ဖြစ်တတ်၏။အဆစ်အမြစ်တို့ ကိုက်ခဲတတ်၏။အရေပြားယားယံသောရောဂါတို့လည်း သာမာန်မျှဖြစ်တတ်၏။မူးယစ်သောက်စားခြင်း အထူးရှောင်သင့်၏။မုန်လာထုပ်၊ မုန်လာဥ၊ကရေဝေး၊ သစ်ချသီး၊ ပေါင်မုန့်၊ ကွေကာအုပ်တို့ကို ဓါတ်စာအဖြစ်မကြာခဏ စားပေးသင့်၏။

၅။ ဓနုရာသီဖွားတို့၏ ဘဝကံကြမ္မာ အနိမ့်အမြင့်အခြေအနေများနှင့်လိုက်နာဖွယ်ရာများ
ဓနုရာသီဖွားတို့သည် ဘဝတွင် မထင်မှတ်သော အပြောင်းအလဲများစွာကြုံတတ်၏။ အတက်အကျများစွာ ကြုံတတ်၏။ တစ်နေ့ရွှေတစ်နေ့ငွေသမားများ ဖြစ်ကြ၏။ အထူးသဖြင့် မွေးရပ်မြေမှ ခွာ၍ပြည်ပအထိ ရောက်ရှိအောင်မြင်တတ်၏။ နာမည်ကြီးတတ်၏။ကိုယ်ချင်းစာတရားနှင့် သူတစ်ပါးတို့ကို ကူညီတတ်၏။သူတစ်ပါးကိစ္စတို့ကို တာဝန်ယူဖြေရှင်းပေးနိုင်စွမ်း ရှိကြ၏။ လွပ်လပ်မှုကိုမြတ်နိုးသလောက် စိတ်မြန်ကိုယ်မြန် လုပ်တတ်သဖြင့် မထင်မှတ်သောအပြောင်းအလဲများစွာ ကြုံတတ်၏။ စွန့်စွန့်စားစားလုပ်ကိုင်ကြိုးစားတတ်၏။ အသက် (၂၀) နှင့် (၂၇) ကြားတွင် ဆုံးဖြတ်ချက်မှားယွင်းမှု ကြုံတတ်၏။ အထူးသဖြင့် ဓနုရာသီဖွားတို့သည်နှလုံးသားရေးတွင် ဆုံးဖြတ်ချက်မှားယွင်းတတ်၏။ အိမ်ထောင်ရေးတွင်ဒုတိယလူပေါ်လာတတ်၏။ ဓနုရာသီဖွားတို့ကိုယ်တိုင်ကလည်းထက်မြက်သူများဖြစ်သလို တစ်ချို့ကိစ္စများတွင တွေဝေနေသူများဖြစ်နေတတ်ခြင်း၊ သနားကြင်နာတတ်သူ၊ ကူညီတတ်သူ ဖြစ်သလိုတစ်ခါတစ်ရံ ရိုင်းစိုင်းကြမ်းကြုတ်သူ ဖြစ်တတ်သဖြင့်ဓနုရာသီဖွားတို့သည် စရိုက်နှစ်မျိုးရှိတတ်၏။
ဘဝတွင်လည်းအသွင်သဏ္ဍာန် နှစ်မျိုး ဖြစ်နေတတ်၏။ အသက် (၄၅) ဝန်းကျင်တွင်စည်းစိမ်ဥစ္စာနှင့် ပြည့်စုံတတ်၏။ အသက် (၅၅) ဝန်းကျင်တွင်ကျန်းမာရေး အထူးဂရုစိုက်ရ၏။အသက် (၂၆) နှင့် (၃၆) တွင်လည်းကျန်းမာရေး အလွန်ညံ့တတ်၏။ အသားငါး ကြိုက်၏။ မြေပြို၊ ကမ်းပါးပြို၊တောင်ပြို၊ တွင်းပြို အန္တရာယ်တို့ ကြုံရတတ်၏။ သတ္တုတူး၊ ကျောက်တူး၊သဲကျင်းတူးအလုပ်လုပ်သူများ အတိဖြင့် လုပ်သင့်၏။ ၁၃၊ ၁၆၊ ၂၀၊ ၂၃၊၂၈ နှစ်တို့တွင် ဘဝအပြောင်းအလဲများကြုံတတ်၏။
ဓနုရာသီဖွားတို့သည် အသက်ကြီးလာသည်နှင့် ခန္ဓာကိုယ် အဆီတက်ဝဖြိုးစေတတ်သဖြင့် အစားအသောက် ဆင်ခြင်စားသင့်၏။ လေ့ကျင့်ခန်းလုပ်သင့်၏။ သရေစာလျှော့စားခြင်း ပြုသင့်၏။ အထူးသဖြင့်ဓနုရာသီဖွားတို့သည် ဆံပင်ကို ရိုးရှင်းသပ်ရပ်စွာ ထားပါ။ ထို့ပြင်ပင်ကိုယ်အသားအရောင်နှင့် ခန္ဓာကိုယ် ပြေပြစ်လှပသူများ ဖြစ်သဖြင့်အဝတ်ဝတ်ရာတွင် ရိုးရိုးနှင့် ခန့်ညားအောင်ဝတ်ပါ။
လက်ရှည်အင်္ကျီထက် လက်တိုဝတ်က ပိုကောင်း၏။ အဖြူရောင်၊ အဝါရောင်၊ ဆင်စွယ်ရောင်တို့ကို အထူးဝတ်ပါ။ သုံးစွဲပါ။ ဆောင်ပါ။ စိန်ကို ငွေဖြင့်လက်စွပ်ကွင်းပြီးဝတ်ပါ။ ပြဒါးဓါတ်လုံး လက်စွပ်ဝတ်ဆင်ထားပါ။
ဓနုရာသီဖွားတို့သည် ငွေကို ပြင်းထန်စွာရှာပြီး နာမည်ကြီးရန်၊ ဇိမ်ခံရန်၊ဂုဏ်မောက်ရန် မရည်ရွယ်ဘဲ အများကို ကူညီရန်၊ လှူဒါန်းရန်အတွက်သာ ရည်ရွယ်တတ်၏။ မဟုတ်မခံ မာနစိတ်ကြီးသလောက် လူအများကို သနားကြင်နာစွာ ကူညီတတ်ကြ၏။ အလွန်အဓိပ္ပါယ်ရှိသော ဘဝပိုင်ရှင်များ ဖြစ်တတ်၏။

ဘဝတွင် –
(၁) အချစ်နှင့် အကြိုက် ကိုခွဲခြားနားလည်ပါ။ နှလုံးသားဦးစားမပေးပါနှင့်။
(၂) စကားပြောရာတွင် အထူးဆင်ခြင်ပြောပါ။
(၃) ဘဝတွင် စိတ်ထင်သလို ဆုံးဖြတ်ပြီး ပုံအော၍ စွန့်စားခြင်းကို
ဆင်ခြင်ပါ။
(၄) အများကောင်းကျိုးအတွက် ကူညီ၊ ကယ်မ၊ လှူဒါန်းထောက်ပံ့ရန်
ပါရမီအလွန်ကောင်းသူ ဖြစ်သဖြင့် အလွန်မွန်မြတ်သူ ဖြစ်ပေ၏။ သို့သော်
ကရုဏာစိတ်ဖြင့်ဖြစသော ကရုဏာဒေါသကိုထိန်းပါက ဘဝတွင်
အောင်မြင်သွားတတ်ကြပေတော့၏။ (၅) ဂဏန်းကို အထူးသုံးစွဲပြီး (၃)
ဂဏန်းကို အထူးရှောင်ပါလေ။

ထိုသို့ကျင့်သုံးခြင်းဖြင့်အောင်မြင်သောဘဝပိုင်ရှင်များအဖြစ်လျှောက်လှမ်းသွားနိုင်မည်ဖြစ်ပေသတည်း။

[ Unicode ]

Ref; zodiac_sign

Some text some message..