လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း မတ်လ ၁၂ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အလုပ်တွေပိပြီး စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေပါလိမ့်မယ်။ မြင်မြင်သမျှ အရာရာကလည်း အမြင်မတော်သလို ဖြစ်နေတတ်ပြီး ဝင်ပါဝင်ပြောမိပါက အမှားဖြစ်တတ်ပါတယ်။ နေအိမ်နေရာထိုင်ခင်း အဆင်မပြေရှိတတ်ပြီး လက်ရှိနေရာမှာ အခက်အခဲ ဖြစ်တတ်ပါတယ်။ အိမ်အနီးအနားနေထိုင်သူတွေနဲ့ ကတောက်ကဆဖြစ်ကိန်းရှိပြီး ရုံးရောက်၊ ဂါတ်ရောက် ရှိတတ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ အတင်းပြော တီးတိုးပြောဆိုခြင်းများ ခံရကိန်းရှိပြီး အိမ်ထောင်ရှိ အမျိုးသား၊ အမျိုးသမီးနဲ့ ပတ်သက်မိလို့ နာမည်ပျက်တတ်ပါတယ်။ လမ်းသွားရင်း ကားအက်စီးဒင့်တစ်ခုခု တွေ့မြင်လျှင် နီးစပ်ရာ ဘုရားသို့သွားပြီး မိမိနေ့နံထောင့်မှာ ရေသက်စေ့လှူဒါန်းပေးပါ။ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းတွင်းမှာ မိမိအပေါ် ပြိုင်ဆိုင်မှုများ ကြုံလာရကိန်းရှိပြီး လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းမှာ အမှားအယွင်းပြုမိတတ်ပါတယ်။ ဒီရက်မှာ ဘာကြောင့်ပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်မကြာခဏမှားတတ်လို့ သတိပြုပါ။ ကော်ဖီလုပ်ငန်း၊ ကြံ၊ သကြား၊ ကြံသကာ လုပ်ငန်းရှင်များ လုပ်ငန်းအေးနေပြီး လူသုံးကုန်၊ ကုန်စုံဆိုင်ရောင်းဝယ်သူတွေကတော့ အသင့်အတင့်ရှိနေပါတယ်။ ပညာရေးမှာ ကြိုးစားသလောက် အရာမထင်ရှိတတ်ပြီး အချစ်ရေးမှာတော့ ချစ်သူက နောက်တစ်ယောက် ရသွားတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်နဲ့ တစ်နေရာစီ ရှိရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အထက်လှန်အောက်လျောသတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင်အကြော်စုံ ကပ်လှူဆုတောင်းပါ။
တနင်္လာ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာ လုပ်ငန်းကိုင်ငန်း ကိစ္စ အဝဝအဆင်ပြေနေမှာဖြစ်ပြီး ဘာပဲလုပ်လုပ် အဆင်ပြေ ထင်ပေါ်နေမယ့် အချိန်ပါ။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်အတွင်း နေရာရ နာမည်ကောင်းရမယ့် အချိန်ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လက်ရှိလုပ်ငန်းရဲ့ အောင်မြင်မှုကြောင့် နောက်ထပ် လုပ်ငန်းသစ်များစွာ တိုးချဲ့နိုင်မယ့် အခွင့်အလမ်းတွေ ငွေကြေးအရင်းအနှီးတွေ များစွာရရှိလာမှာဖြစ်ပြီး လုပ်ငန်းမှာ ရှယ်ယာစပ်တူ ပြုလုပ်လိုသူတွေလည်း အလိုလိုပေါ်ပေါ်လာပါလိမ့်မယ်။ နေအိမ်နေရာထိုင်ခင်းသစ် ရရှိလာမှာဖြစ်ပြီး အိုးသစ်အိမ်သစ် ဝင်ကိန်းရှိပါတယ်။ နှစ်ဖက်မိဘဆီကနေ ပေးအပ်တဲ့ အမွေပစ္စည်းတစ်ခုခု ရရှိလာကိန်းရှိပြီး လုပ်ငန်းစီးပွားအဆင်ပြေတဲ့ မောင်နှမတွေရဲ့ ကူညီမှုတွေလည်း ဆက်တိုက်လိုရလာပါလိမ့်မယ်။ ဆေးဆိုင်၊ ဆီကုန်သည်များ၊ စာပေ အနုပညာလုပ်ငန်းရှင်များ ဝင်ငွေကောင်းနေပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များ လုပ်ငန်းလုပ်ကိုင်ရာမှာ သတိထားသင့်ပါတယ်။ ဒီအချိန်မှာ လက်ထဲရှိတဲ့ငွေကို အိမ်ခန်းဖြစ်စေ၊ မြေဖြစ်စေ၊ ကားဖြစ်စေ ဝယ်ယူထားသင့်ပါတယ်။ ပညာရေးအတွက် လမ်းပြပေးမယ့်သူတွေ ပေါ်လာတတ်ပြီး သင်တန်းသစ်တွေ တက်ရောက်ရကိန်းရှိနေပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူတွေရော ချစ်သူရှိပြီးသူတွေပါ စန်းပွင့်နေပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ရေးအရှုပ်အထွေးကိစ္စ သတိပြုပေးပါ။ ကျန်းမာရေးအနေနဲ့ လက်ခိုက်မိတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ကြာဇံကြော် ကပ်လှူ ဆုတောင်းပါ။
အင်္ဂါ - အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ အလုပ်မှာရော မိသားစုတွင်းမှာပါ မိမိရဲ့ ကြိုးပမ်း လုပ်ဆောင်ချက်တွေအပေါ် အသိအမှတ်ပြုပေးကြလို့ စိတ်ချမ်းမြေ့ရပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ရော အောက်လက်ငယ်သားတွေနဲ့ပါ အဆင်ပြေနေမှာဖြစ်ပြီး မိမိလုပ်ငန်းဆောင်တာကို ကူညီပေးကြပါလိမ့်မယ်။ စပ်တူရှယ်ယာလုပ်ငန်း၊ အစုစပ်လုပ်ငန်းများ အကျိုးပေးနေမှာဖြစ်ပြီး လက်ရှိအလုပ်ထက် ပိုကောင်းတဲ့ လုပ်ငန်းမျိုး လုပ်ကိုင်ခွင့် ရပါလိမ့်မယ်။ အိမ်သစ်၊ ကားသစ် ဝင်ကိန်းရှိပြီး အဖိုးတန်ပစ္စည်းတွေလည်း လက်ဆောင်ရပါလိမ့်မယ်။ အိမ်မှထွက်ခါနီး ပတ်ဝန်းကျင်မှာ ရန်ဖြစ်စကားများသံကြားရင် ၅ အစ ၅ အဆုံး ထီပြေးထိုးလိုက်ပါ။ လုပ်ငန်းမှာ မြုပ်နေတဲ့ ငွေတွေပြန်ပေါ်လာတာ တွေ့ရမှာဖြစ်ပြီး မိသားစုနဲ့အတူ ပြည်ပခရီးပျော်ရွှင်စွာ သွားရကိန်း ရှိနေပါတယ်။ ပညာရေးနဲ့ပတ်သက်တဲ့ ခရီးတစ်ခု သွားရကိန်းရှိပြီး သင်တန်းတက်နေသူဖြစ်ပါက စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ပါလိမ့်မယ်။ အိမ်၊ ကားရောင်းလိုသူတွေလည်း ဈေးကောင်းရပြီး ရောင်းထွက်ပါလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ စနေသားသမီးနဲ့ ဖူးစာဆုံရတတ်ပြီး ချစ်သူရှိပြီးသူတွေကတော့ နောက်ထပ်အချစ်သစ်ပေါ်လာပြီး ဝေခွဲမရဖြစ်တတ်ပါတယ်။ အိမ်ထောင်သည်တွေ အနေနဲ့ အိမ်ထောင်ဖက် ရာထူးတိုးတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းပျက်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီ အတွင်းလုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ဆီမီးကပ်လှူပေးပါ။
ဗုဒ္ဓဟူး - ဗုဒ္ဓဟူး သားသမီးတွေအတွက် နေအိမ်နေရာထိုင်ခင်းအတွက် စိတ်ညစ်ရတတ်တဲ့ အချိန်ပါ။ လက်ရှိနေရာမှာ မပျော်ပဲရှိနေတတ်ပြီး လက်ရှိလုပ်ငန်းခွင်အတွင်းကနေ ထွက်ချင်စိတ်လည်း ဖြစ်နေတတ်ပါတယ်။ သွေးထွက်သံယို တစ်ခုခု ကြုံရကိန်းရှိပြီး အမွေ၊ အမှုကိစ္စတစ်ခုခုမှာ ပါဝင်ဖြေရှင်းရတတ်ပါတယ်။ ဒီရက်မှာ အိမ်ဆောက်ခြင်း၊ ပန္နက်ရိုက်ခြင်း၊ မင်္ဂလာကိစ္စ တစ်ခုခု စတင်ခြင်းမျိုး မပြုလုပ်သင့်ပါဘူး။ လမ်းသွားရင်း ဆဲဆိုရန်ဖြစ်သံကြားလျှင် ၇ အစ ၂ အဆုံး ထီထိုးပေးပါ။ ဆေးပေးခန်း၊ တိရစ္ဆာန်အစာ ရောင်းဝယ်ရေးလုပ်ငန်း၊ ဆေးဝါးပစ္စည်း တင်သွင်းသည့် လုပ်ငန်းရှင်များ အနည်းငယ်ညံ့နေပြီး အိမ်ထောင်ပရိဘောဂပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်များ အနည်းငယ်အဆင်ပြေနေပါမယ်။ လုပ်ငန်းရှင်တွေအနေနဲ့ မိမိလုပ်ငန်းရဲ့ ဝင်ငွေနဲ့ ထွက်ငွေကို မျှတအောင် မလုပ်ဆောင်နိုင်ပဲ ရှိနေပါမယ်။ ပညာရေးအတွက် စိတ်ညစ်ရမယ့် အချိန်ဖြစ်ပြီး ပညာရေးထက် အချစ်ရေးကို ပိုပြီး အားသာ စိတ်လေနေတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ မိမိအပေါ် ဒုက္ခပေး နာမည်ပျက်စေမယ့် ချစ်သူဆိုး ရလာတတ်ပြီး ချစ်သူရှိပြီးသူတွေကတော့ ချစ်သူအတွက် စိတ်ညစ်ရတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ရဲ့ လုပ်ငန်းလိုငွေအတွက် စိုက်ထုတ်ပေးရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ကျီးပေါင်းရောဂါ သတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ရွှေသင်္ကန်း ကပ်လှူပေးပါ။
ရာဟု - ရာဟုသားသမီးတွေအနေနဲ့ လုပ်ငန်းစီးပွားပြန်ကောင်းလာပြီလို့ ပြောရမှာပါ။ ငွေကြေးကံကောင်းနေပြီး ခရီးသွားလာရေးလုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ ကျောက်မျက်လုပ်ငန်းရှင်များ အောင်မြင်နိုင်ပါတယ်။ လုပ်ငန်းစီးပွားတိုးချဲ့ဖို့အချိန်အခါကောင်းဖြစ်ပြီး အနုပညာလုပ်ငန်း၊ ဖက်ရှင်လုပ်ငန်းလုပ်ကိုင်သူများလည်း အကျိုးများမယ့် နေ့ရက်ပါပဲ။ မိသားစုနဲ့လုပ်ငန်းခွင်အတွင်း သူတစ်ပါးအတွက် ကြားခံပြောဆိုပေးခြင်းနှင့် လုပ်ငန်းပိုင်းဆိုင်ရာ အကူအညီပေးခြင်းမျိုး ရှောင်ကြဉ်ရပါမယ်။ လူမျိုးခြားနဲ့လုပ်ကိုင်သော ကိစ္စရပ်များ အကျိုးများနိုင်ပြီး အိမ်ခန်း၊ဆိုင်ခန်းသစ်လည်း ဝင်လာတတ်ပါတယ်။ စနေသားသမီးများနှင့် ပတ်သက်သောခရီးသွားရခြင်း၊ ပြည်တွင်းပြည်ပ စပ်တူ ရှယ်ယာလုပ်ငန်းရပ်များ အကောင်အထည် ပေါ်လာကိန်းရှိပါတယ်။ ပညာရေးမှာ ဂုဏ်ထူးနဲ့ထူးထူးချွန်ချွန်အောင်မြင်ဖြေဆိုနိုင်ကိန်း ရှိနေပြီး အချစ်ရေးမှာတော့ အနည်းငယ်ညံ့နေပါတယ်။ ချစ်သူရှိပြီးသူတွေအနေနဲ့ ချစ်သူနဲ့ ဘာမဟုတ်တာလေးနဲ့ ပြတ်စဲရတတ်လို့ သတိပြုဆင်ခြင်ပါ။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ကြောင့် ဂုဏ်တက်တတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ခေါင်းမူးခေါင်းကိုက် မကြာခဏဖြစ်လေ့ရှိနေပါလိမ့်မယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် လိပ်စာ ကျွေးပေးပါ။
ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ လမ်းသွားရင်း ရန်ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုများနေတဲ့အချိန်ဖြစ်ပြီး ဘယ်သူ့ကိုမှ အကောင်းမမြင်နိုင်သလို မိမိကိုလည်း သူများတွေက အဆိုးမြင်နေပါလိမ့်မယ်။ လုပ်ငန်းခွင်တွင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆန့်ကျင်ဘက်တွေပဲ ဖြစ်နေတတ်ပြီး လုပ်သမျှ ကိစ္စတွေကလည်း ထင်သလောက် မထွန်းပေါက်တာမျိုး ကြုံရနိုင်ပါတယ်။ သူတပါးကိစ္စမှာ ဝင်မပါသင့်ပဲပါမိလို့ လူမုန်းများတတ်ပါတယ်။ အိမ်ရှိမိသားစုထဲက သားချင်းတစ်ဦး အိမ်ကထွက်သွားတတ်လို့ သတိပြုပါ။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းထဲမှာ ငွေတွေ မြုပ်နေတတ်ပြီး ရှယ်ယာပြန်ထုတ်ချင်သူတွေကို မပေးနိုင်လို့ စိတ်ညစ်ရတတ်ပါတယ်။ လက်ရှိလုပ်ငန်းနဲ့ မတူတဲ့လုပ်ငန်းမျိုး လုပ်ချင်တယ်ဆိုရင် အခုချိန်မချဲ့ပဲ ခဏစောင့်လိုက်ပါဦး။ ပညာရေးနဲ့ပတ်သက်ပြီး မာစတာ၊ PHD အစရှိတဲ့ အဆင့်မြင့်သင်တန်းတွေ ထပ်မံတက်ရောက်ခွင့် ကြုံပါလိမ့်မယ်။ မီးဖိုချောင်သုံးပစ္စည်း ရောင်းဝယ်သူများ၊ လက်လီလက်ကား လုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး ရေသန့်လုပ်ငန်း၊ ရေထွက်ပစ္စည်း လုပ်ငန်းရှင်များကတော့ အနည်းငယ်ညံ့နေပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ သူတပါးရဲ့ ချစ်သူနဲ့ ဆက်ဆံမိလို့ နာမည်ပျက်တတ်ပါတယ်။ ချစ်သူရှိပြီးသူတွေကတော့ ချစ်သူနဲ့ စကားများ လမ်းခွဲရတတ်လို့ သတိပြုပါ။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ရဲ့ မိဘတွေနဲ့ ကတောက်ကဆ ဖြစ်တတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အူလမ်းကြောင်းရောဂါ သတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင် မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် မက်မန်းသီး ကပ်လှူပေးပါ။
သောကြာ - စီးပွားတွဲဖက်လုပ်ကိုင်သူတွေထံမှ အကူအညီများလည်း ရရှိလာမှာဖြစ်ပြီး လုပ်ငန်းတိုးချဲ့မှုတွေလည်း အဆင်ပြေချောမွေ့ပါလိမ့်မယ်။ အိမ်အနီးအနားမှာ အလှူမဏ္ဍပ်မြင်တွေ့ရလျှင် ၂အစ ၃အဆုံး ထီထိုးပေးပါ။ အစိုးရဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ရော အောက်လက်ငယ်သားတွေနဲ့ပါ အဆင်ပြေပါလိမ့်မယ်။ ကုမ္ပဏီဝန်ထမ်းတွေအနေနဲ့ အလုပ်တာဝန်ပိခြင်း ဖြစ်တတ်ပြီး စိတ်ဖိစီးတတ်ချိန် ဖြစ်ပါတယ်။ ရွှေ၊ ငွေ၊ ကျောက်မျက် ဝင်လာတတ်ပြီး ရွှေဝင်လျှင် မိဘ၊ ကြီးကဲသူတစ်ဦးဦးအား အဝတ်အစားလှူဒါန်းပေးပါ။ အိမ်နေရာထိုင်ခင်းအသစ် ဝင်ကိန်း ပြောင်းရကိန်းရှိနေပြီး အိမ်မှာမွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကောင် ကျန်းမာရေးချို့တဲ့တတ်ပါတယ်။ လမ်းသွားရင်း သူတပါးကိစ္စဝင်စပ်စုရင်း ပြဿနာတက်တတ်လို့ သတိပြုပါ။ ဝင်မပါရင်အကောင်းဆုံးပါ။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ စနေ၊ သောကြာနာမည်ပါသူတွေရဲ့ ချစ်ရေးဆိုခြင်း ခံရတတ်ပြီး ချစ်သူရှိပြီးသူတွေကတော့ ချစ်သူနဲ့ လက်တွဲရတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ရေး သာယာနေမယ့် အချိန်ပါ။ ပညာရေးမှာ နိုင်ငံခြားဘာသာစကားသင်တန်းတစ်ခုခု တက်ရောက်ရကိန်းရှိပြီး စာမေးပွဲဖြေဆိုမှုရှိလျှင် ထူးချွန်စွာအောင်မြင်တတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အစာအဆိပ်သင့်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင်သစ်တော်သီး ကပ်လှူပေးပါ။
စနေ - အိမ်ထောင်ပရိဘောဂအသစ် နေအိမ်နေရာထိုင်ခင်းသစ် ရရှိလာနိုင်ပါတယ်။ လုပ်ငန်းတိုးချဲ့လိုသူတွေအနေနဲ့ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့် တိုးချဲ့နိုင်ပါလိမ့်မယ်။ ရေထွက်ပစ္စည်းလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း၊ အဖျော်ယမကာလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး အင်္ဂါနံနဲ့ ဆက်စပ်ပစ္စည်းလုပ်ငန်းတွေကတော့ အနည်းငယ်ညံ့နေပါတယ်။ အင်္ဂါ သားသမီးတွေရဲ့ ဒုက္ခပေးခြင်း ခံရတတ်ပြီး အလုပ်ထဲမှာ ထိုနေ့နံသားသမီးတွေရှိနေရင် အထူးရှောင်ကြဉ်လိုက်ပါ။ အိမ်အနီးအနားမှာ အပူသည်ရှိတတ်ပြီး မိမိဆီလာရောက်ပြောဆိုလျှင် လက်မခံပါနဲ့ အလိမ္မာနဲ့ ရှောင်ရှားလိုက်ပါ။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ စကားများ အဆင်မပြေဖြစ်ရတတ်ပြီး လုပ်ငန်းပြောင်းရွှေ့ဖို့ စဉ်းစားထားရင်ပြောင်းရွှေ့လိုက်ပါ။ မိသားစုထဲမှာ မိမိနဲ့အတိုက်အခံ ပြုနေသူ ရှိတတ်ပြီး အဆိုပါသူကြောင့် စိတ်ဆင်းရဲရတတ်ပါတယ်။ အိမ်ထောင်သည်ဖြစ်ပါက အိမ်ခွဲနေလိုစိတ်ဖြစ်နေပြီး အိမ်နေရာထိုင်ခင်း ရရှိဖို့ အခက်အခဲလည်း ဖြစ်နေတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ အခုအတိုင်းဆက်ရှိနေတာက ပိုအဆင်ပြေမှာဖြစ်ပြီး ချစ်သူရှိပြီးသူတွေကတော့ ချစ်သူရဲ့ သစ္စာဖောက်ခြင်း ခံရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အစာအိမ်အောင့်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် နှင်းဆီပန်းကပ်လှူ ဆုတောင်းပါ။
LEO
#lotaya_funny
နေ့စဉ် အသစ်သစ်သော ဟာသ လေးတွေကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။