တနင်္ဂနွေ
ဒီကာလအတွင်းဝန်ထမ်းဖြစ်ပါက မိမိ၏တဲ့တိုးပြောတတ်မှု၊ ပွင့်လင်းလွန်းမှုများကြောင့် သူတစ်ပါး၏ အငြိုးအတေး ထားခြင်း များ ခံရတတ်သည်ကို သတိပြုစေချင်ပါတယ်။
အိမ်ထောင်ရှင်များ အိမ်တွင်းရေးသာယာနေပါလိမ့်မည်။ သားသမီး အတွက်စိတ်ချမ်းသာရတတ်ပါတယ်။ကျန်းမာရေးညံ့နေတဲ့
ဖခင်ရှိရင်တော့ပိုမိုဂရုစိုက်လိုက်စေချင်ပါတယ်။ ဥပဒေနဲ့ငြိစွန်းတဲ့ အလုပ်အကိုင်များကိုလုံးဝရှောင်သင့်ပါတယ်။ကျန်းမရေးကြောင့် ငွေကြေးကုန်ကျမှုများ ရှိနေနိုင်ပါတယ်။
စိတ်နှင့်ပက်သက် သော ဝေဒနာများ ဖြစ်တတ်၍ ပျော်ပျော်နေပေးခြင်းက ကျန်းမာရေးကို အထောက်အကူ ဖြစ်စေလိမ့်မည်။
စီးပွားရေးလုပ်ငန်း တွင် မိမိအားနည်းချက်ကို ခြိမ်းခြောက်မည့်သူ ရှိနေတတ်သည်။ ထို့အပြင် လုပ်ငန်းတူ ပြိုင်ဘက်များရှိနေခြင်းကြောင့် ဝင်ငွေ အနည်းငယ်လျော့နေမည်။
သို့သော် လက်ရှိလုပ်ငန်းကိုသာ ဇွဲရှိရှိ ဆက်လက်ကြိုးစား လုပ်ကိုင်သွားသင့်ပါတယ်။ အလုပ် အကိုင်ရှာဖွေနေသူများအဆက်အသွယ်အချိတ်အဆက်မရဘဲဖြစ်နေတတ်ပါတယ်။
အချစ်ရေးနဲ့ပက်သက်ပြီး ချစ်သူနဲ့ ခရီး သွားဖြစ်တာမျိုး၊အလည်အပတ်ထွက်ဖြစ်တာမျိုးတွေကြုံရတတ်ပါတယ်။ ပညာရေးမှာတော့ ဆရာကောင်းရှားနေ တတ်ပါတယ်။
စာလုပ်ဖို့ထက် အပျော်အပါးလုပ်ဖို့ တိုက်တွန်းတဲ့သူငယ်ချင်းကများနေတတ်ပါတယ်။
အကျိုးပေးဂဏန်း ၁/၃/၆
အထူးဟော ကံအဆိုးလေးတွေရောပါနေတတ်တာကိုသတိပြုပါ။
ယတြာ မွေးနေ့နံနက်စောစော ထပါ။ အရုဏ်ဆွမ်းကြွတဲ့ရဟန်းတစ်ပါးကို အားဆေးတစ်ကဒ်လှူ လိုက်ပါ။
တနင်္လာ
ယခုကာလအတွင်းမတည်ငြိမ်ပြောင်းလဲမှုတွေနဲ့ ကြုံရတတ်ပါတယ်။ အိုးအိမ်ပြောင်းရွှေ့ရခြင်း၊ အလုပ်ခန်း၊ ဆိုင်ခန်းများ ပြောင်းရွှေ့ရခြင်းများ ရှိတတ်သည်။
အပြောင်းအလဲဖြစ်ပြီးအစပိုင်းကတော့ အဆင်မပြေတာတွေများ ပေမယ့်ရေရှည်ကောင်းသွားတတ်ပါတယ်။
မိမိနှင့်အလွန်ရင်းနှီးသူတစ်ဦး၏လိမ်ညာမှုကိုခံရတတ်မည်ဖြစ်၍လူတိုင်း အပေါ်ယုံကြည်တတ်မှုကို လျှော့သင့်ပါတယ်။
ဝန်ထမ်းများဖြစ်ပါက အလုပ်ကိစ္စအတွက် ခရီးဝေးများ သွားရတတ်ခြင်း၊ သင်တန်းများ တတ်ရခြင်းများရှိမည်။ ဆွေမျိုးတစ်ဦးဦး၏ ကူညီထောက်ပံ့မှုများ ရရှိတတ်သည်။
ငယ်ရွယ်သူများ အချစ်ရေးမှာ ပျော်ရွှင်ချမ်းမြေ့သော အချစ်ကို ရရှိနိုင်ရန်အတွက် စိတ်ရှည်ရှည်ထားပြီး အချိန် စောင့် ရန် လိုလိမ့်မည်။ ချစ်သူဆီကအလျင်စလိုအဖြေမတောင်းသင့်ပါ။
အိမ်ထောင်ရှင်ဖြစ်ပါက အိမ်ထောင်ရေးသာယာ ပေမယ့်သားသမီးအတွက် စိုးရိမ် ပူပန်ရခြင်းများ၊ ငွေကြေးကုန်ကျခြင်းများ ရှိတတ်သည်။
ပညာရေးတွင်ကြိုးစား အားထုတ် မှုနှင့် ထပ်တူခံစားခွင့်ရလိမ့်မည်။ဒါကြောင့် စာမေးပွဲမပြီးမချင်းဇွဲမလျှော့လိုက်ပါနဲ့။
ကျန်းမာရေးနှင့် ပက်သက်၍ သွေးတိုးခြင်း၊ မူးလဲတတ်ခြင်း၊ အဆစ်အမြစ်များ နာကျင်ကိုက်ခဲရတတ်ခြင်းများ ဖြစ်ပေါ်ခံစားရ တတ်သည်။
အကျိုးပေးဂဏန်း ၂/၄/၈
အထူးဟော ကံအကောင်းအဆိုးမျှနေပါတယ်။
ယတြာ ရဟန်းတစ်ပါးကို ထီး(သို့) ဖိနပ်လှူလိုက်ပါ။
အင်္ဂါ
ယခုကာလအတွင်း စီးပွားရေးနယ်ပယ်တွင်ကျယ်လာတတ်ပါတယ်။ အဆက်အသွယ်အချိတ်အဆက် ကောင်း တွေရ လာတတ်ပါတယ်။
ဒါပေမယ့်စဉ်းစားလွန်းခြင်း၊ တွေဝေလွန်းခြင်းများကြောင့် မိမိရရှိနိုင်သည့် အခွင့်အရေး ကောင်းများ လက်လွတ်ဆုံးရှုံးရခြင်းများ ရှိမည်။
သို့သော်မိမိအားအကြံကောင်းများ၊ အကူအညီပေးမည့်သူများ ပေါ်ပေါက်လိမ့်မည်။ ဝန်ထမ်းဖြစ်ပါက ယခုကာလအတွင်း ရာထူးတိုးခြင်း၊ လစာတိုးခြင်း၊ ဝင်ငွေတိုးခြင်း၊ ဂုဏ်ပြုခံ ရခြင်း တစ်ခုခုရှိမည်။
မိမိစိတ်ထဲပူပန်နေတဲ့ကိစ္စ၊ဖြေရှင်းလို့ရပါ့မလားဆိုပြီးစိုးရိမ်နေတဲ့ ကိစ္စတွေသူအလိုလိုအဆင် ပြေသွားတတ်ပါတယ်။
အိမ်ထောင်ရှင်ဖြစ်ပါက မိမိအိမ်ထောင်ဖက်နှင့် ခေတ္တခွဲခွာရခြင်းများ ရှိတတ်သည်။ ငယ်ရွယ်ချစ်သူရှိပြီးသူများ မမျှော်လင့်ပဲ အိမ်ထောင်ကျတတ်သည်။
ချစ်သူနဲ့အလည်မလွန်မိပါစေနှင့်။ ပညာရေး လိုက်စားသူများ ဝီရိယထား ကြိုးစားသင့်သည်။
ပညာရေးကံကမကောင်း၊မိမိကြိုးစားမှတော်ကာကျမည်။ ကျန်းမာ ရေးနှင့် ပတ်သက်၍ အရိုးအကြော အားနည်းခြင်းများ ဖြစ်ပေါ်ခံစားရလိမ့်မည်။
ဦးခေါင်းပိုင်းတွင် ရုတ်တရက် ထိခိုက်တတ်ခြင်းအတွက် သတိထားပါ။ နေပူထဲမှာ အကာအကွယ်မပါဘဲ အချိန်ပြည့်နေခြင်းမျိုးအထူးရှောင်ပါ။
အကျိုးပေးဂဏန်း ၃/၅/ဝ
အထူးဟော လုပ်ငန်းတွေတိုးတတ်လာသလို၊အခွင့်အရေးတွေဖမ်းဆုပ်တတ်ဖို့လဲလိုပါတယ်။
ယတြာ ဇီးဖျော်ရည်တစ်ခွက် ဘုရားကပ်လှူပြီးလိုရာဆုတောင်းပါ။
ဗုဒ္ဓဟူး/ရာဟု
ယခုကာလအတွင်းလူမှုရေးကိစ္စတွေ၊ ပရဟိတကိစ္စတွေနဲ့အချိန်ကုန်တတ်ပါတယ်။ ဖခင်အလုပ်/အထက်လူကြီး အလုပ်အရေးကြီးလို့ဝိုင်းကူပေးရတာမျိုးလဲကြုံရတတ်ပါတယ်။
စီးပွားရေးလုပ်ငန်းများတွင် တီထွင်ဆန်းသစ်လုပ် ကိုင်ရသော လုပ်ငန်းများ၊နည်းပညာနဲ့နွယ်သောလုပ်ငန်းများအကျိုးပေးထက်သန်နိုင်သည်။
ပွဲစားအလုပ်၊အကျိုး ဆောင်အလုပ်နှင့်ဝန်ဆောင်မှုပေးရတဲ့အလုပ်များကတော့အဆင်မပြေမှုတွေရောပါနေတတ်ပါတယ်။
သင်၏စိတ် မြန်လက်မြန်၊ တစ်ဇွတ်ထိုးလုပ်ကိုင်တတ်ခြင်းများကို ပြုပြင်ပေးနိုင်လျှင် အကောင်းဆုံးဖြစ်မည်။ အိမ်ထောင်ရှင် ဖြစ်ပါက အိမ်တွင်းရေး သာယာမည်။
မိမိအမှားလုပ်တာတောင် အိမ်ထောင်ဖက်နှင့် သားသမီးများ၏ နားလည် ပေးမှုများကို အထူးရရှိလိမ့်မည်။ အလုပ်အကိုင်ရှာဖွေနေသူဖြစ်ပါက သတင်းကောင်းများ ကြားရမည်။
မိမိ၏ ပျော်စရာများကို ပတ်ဝန်းကျင်နှင့် မျှဝေခံစားပါ။ ငယ်ရွယ်သူများ အချစ်ရေးတွင် ရှုပ်ထွေးမှုရှိသူဖြစ်ရင်တော့ ချစ်သူကသိသွားတတ်ပါတယ်။
ချစ်သူ၏အထင်လွဲမှု၊ ရန်ပြဿနာများလည်းရင်ဆိုင်ရတတ်ပါတယ်။ ကျန်းမာရေးနှင့် ပတ်သက်၍ အစာမှား၊ ဆေးမှားတတ်ခြင်း၊ မတည့်စာများ စားမိတတ် ခြင်းများ ရှိတတ်သည်။
ပညာရေးတွင် အစစအရာရာ သတိထားပါ။ ရှန်းတာမျိုး၊မေးခွန်းမှားဖြေတာမျိုးတွေလုပ်မိတတ်ပါတယ်။
အကျိုးပေးဂဏန်း ၄/၆/၁
အထူးဟော လူမှုရေးနှင့်အလုပ် မျှတစွာလုပ်ပါ။
ယတြာ သံပုရာရည်လေးတစ်ခွက် ညဘက်တွေမှာ ဘုရားကပ်ပါ။
ကြာသပတေး
ဒီကာလအတွင်း မိမိအတွက် အရေးကြီးသော အကြံအစည်နှင့် ကိစ္စများကို သောကြာသားသမီးများနှင့် တိုင် ပင်ခြင်း၊ ၎င်းတို့ထံမှ အကြံဉာဏ်တောင်းခံ ခြင်းများ ပြုသင့်ပါတယ်။
အလုပ်နဲ့ပက်သက်ပြီး နယ်ခရီးထွက်ရတာမျိုး တွေကြုံနေရတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက လက်ရှိလုပ်ငန်းအပြင် အခြားစီးပွားရေးလုပ်ငန်းတစ်ခုအား တွဲဖက် လုပ်ကိုင်နိုင်ရန် အထူးကြိုးစားသင့်သည်။
စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်၍ လက်ရှိလုပ်ငန်းမှ ငွေကြေးကိစ္စ အဆင်မပြေနိုင်မှုများ ရှိနေမည်။ တေ့တေ့ဆိုင်ဆိုင် ပြောဆိုထားသော ငွေကြေးကိစ္စများလည်း ကြန့်ကြာနေမှုများ ရှိလိမ့်မည်။
အိမ်ထောင်ရှင်ဖြစ်ပါက မိမိအိမ်ထောင်ဖက်၏ ငွေရေးကြေးရေးအတွက် စိုးရိမ်ပူပန်ရခြင်းများ ရှိလိမ့် မည်။ ငယ်ရွယ်သူများ အချစ်ရေးတွင် ပြည်ပရောက်ချစ်သူနှင့် ပြန်ဆုံရတတ်သည်။
လူပျိုကြီး၊ အပျိုကြီးများ အောင်သွယ်ကောင်းများကြောင့် ချစ်သူရည်းစားရသွားနိုင်သည်။
ပညာရေးလိုက်စားသူ ဖြစ်ပါက ပညာရေး ကံကောင်းသော်လည်း ကျန်းမာရေးကြောင့် စိတ်သွားတိုင်း၊ ကိုယ်မပါဖြစ်နေရတတ်သည်။ဒါကြောင့်ဒီအပတ်မှာ ကျန်းမာရေးအထူးဂရုစိုက်ပါ။
နှလုံးအားနည်းခြင်း၊ အမောမခံနိုင်ခြင်း ဝေဒနာများ ခံစားရတတ်သည်။
အကျိုးပေးဂဏန်း ၂/၅/၇
အထူးဟော အိပ်ရေးပျက်မခံနဲ့။ အားရှိတဲ့အစားအသောက်တွေစားပေးပါ။
ယတြာ ငါးသေတ္တာဟင်းချက်ပြီး ရဟန်းသံဃာတွေကိုလောင်းလှူလိုက်ပါ။
သောကြာ
ယခုကာလအတွင်း မမျှော်လင့်ပဲ ရပ်ဝေးမှ ဆွေမျိုးများ အိမ်သို့ရောက်ရှိလာလိမ့်မည်။ အလှူအတန်းကြီးကြီး မားမား ပြုလုပ်ရလိမ့်မည်။
ဝန်ထမ်းဖြစ်ပါက ကြီးမားသော တာဝန်များကို ထမ်းဆောင်ရခြင်း၊ အကြီးအကဲများ၏ ဂုဏ်ပြုချီးမြှင့်ခြင်း ခံရလိမ့်မည်။
ယခုလုပ်ကိုင်နေသော လုပ်ငန်းမှ ရေရှည်အတွက် အကျိုးပေးနိုင်ပါတယ်။ မိမိကိုယ်တိုင်ဝါသနာပါရာနှင့် အသက်မွေးဝမ်းကျောင်းမှု လုပ်ကိုင်သူဖြစ်ပါက မိမိစိတ်တိုင်းကျ ဖန်တီးလာနိုင် လိမ့်မည်။
သင်၏ကံကုသိုလ်အရ ဒီအပတ်အတွင်းနိုင်ငံခြားကိစ္စ၊ရပ်ဝေးကိစ္စများအထူးသတင်းကောင်းကြားရတတ် ပါတယ်။
ငယ်ရွယ်သူများ အချစ်ရေးတွင် မိမိတို့ ချစ်သူနှစ်ဦးကြား တတိယလူရဲ့ခလောက်ဆန်မှုကြောင့် စိတ်ညစ် စရာ၊စိတ်ပျက်စရာများလာတတ်သည်။ အထင်မှားမှုများ ရှိနေလိမ့်မည်။
ကျန်းမာရေးနှင့်ပတ်သက်၍ မျက်စိဝေဒနာ ဖြစ်ခြင်း၊ အပူရှပ်၍ လည်ပင်းနာခြင်း၊ ချောင်းဆိုးခြင်းများ ခံစားရလိမ့်မည်။
အိမ်ထောင်ရှင်ဖြစ်ပါက အိမ်ထောင် ဘက်ရဲ့ဂရုစိုက်မှုကိုအထူးရရှိမည်။ ပညာရေးလိုက်စားသူများ ပညာရေးကံကောင်းနေမည်။ ကြိုးစားထားသမျှအရာ ထင်အောင်မြင်ပါလိမ့်မယ်။
သင်တန်းအသစ်အပ်နှံခြင်းများ၊ကျောင်းအသစ်အပ်နှံခြင်းများ ဒီကာလအတွင်းဆောင် ရွက်လို့အထူးကောင်းပါတယ်။
အကျိုးပေးဂဏန်း ၃/၆/၉
အထူးဟော ကံမြင့်မားနေတာတွေ့ရပါတယ်။
ယတြာ မွေးနေ့နံနက်တွင် အုန်းနို့ခေါက်ဆွဲဘုရားကပ်ပြီးလိုရာဆုတောင်းလိုက်ပါ။
စနေ
ယခုကာလအတွင်း လူချစ်လူခင်များနေတတ်ပါတယ်။ဒါကြောင့်လဲမိမိကိုကူညီမဲ့သူပေါပါလိမ့်မယ်။
တစ်ခုသတိ ထားရမှာက ဝန်ထမ်းဖြစ်ပါက ဌာနအတွင်းရှိ ဝန်ထမ်းအချင်းချင်း အပြိုင်အဆိုင်များကြောင့် အဆင်မပြေမှုနှင့် စိတ်ရှုပ်ရမှုများရှိနေမည်။
အရာရာကိုမိမိဘက်ကသည်းခံပေးခြင်းဖြင့် အဆင်ပြေမှုများ ပြန်လည်ရရှိနိုင်မည်။ အလုပ် အကိုင်ရှာဖွေသူများ မိမိနှင့်ကိုက်ညီသော အလုပ်ကို ရရှိနိုင်ပါတယ်။
စီးပွားဝင်ငွေကောင်းခြင်း လာဘ်လာဘတိုးပွား ခြင်းများရှိမည်။ ပြည်ပသို့သွားရန် စီစဉ်ထားပါက အဆင်ပြေမည်။ မပြီးမသတ်ရပ်တန့်နေတဲ့အလုပ်များပြီးစီးလိမ့် မယ်။
မိမိလှောင်ထားတဲ့ပစ္စည်းများဈေးကောင်းရလာနိုင်ပါတယ်။ လူမျိုးခြား၊ဘာသာခြားအကျိုးပေးတဲ့ကာလပါပဲ။
အိမ်ထောင်ရှင်ဖြစ်ပါက မိသားစုအပျော်ခရီးထွက်ရခြင်း၊ ဘုရားဖူးခရီးထွက်ရခြင်း များရှိနေမည်။ ငယ်ရွယ်သူများ အချစ်ရေး မစွန့်စားသင့်သေးပါ။
အချစ်ရေးကို ဦးစားပေးမိ၍ ဘဝအတွကအရေးကြီးသောကိစ္စများ နှင့် လွဲသွား လိမ့်မည်။ ပညာသင်ကြားသူ ဖြစ်ပါက ပညာရေးနှင့်ပတ်သက်၍ စိတ်ဝင်စားမှု နည်းနေမည်။
ကျန်းမာရေးမှာ အလုပ်ဒဏ်၊ ပင်ပန်းဒဏ်ကြောင့် စိတ်ပင်ပန်းပြီးလူနွမ်းလျခြင်းများ ရှိမည်။
အကျိုးပေးဂဏန်း ၂/၄/၇
အထူးဟော လာဘ်ရွှင်နေမည်။
ယတြာ ကြံရည်တစ်ခွက် ဘုရားကပ်လှူပေးပါ။
၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 / 09 44 5555 695
Make Up Artists မိတ်ကပ်ပညာရှင် ၃၉ ဦးကိုရှာရန်နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်...

Myanmar Wedding Guide