၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း ( ၂၂-၃-၂၀၂၀ ) မှ ( ၂၈-၃-၂၀၂၀ ) အထိ
lotaya.mpt.com.mm
|
2020-03-22

                   ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၂၂-၃-၂၀၂၀ ) မှ ( ၂၈-၃-၂၀၂၀ ) အထိဖော်ပြပေးလိုက်ပါတယ်။



တနင်္ဂနွေသားသမီး 

တနင်္ဂနွေသားသမီးများ ယခုပတ်မှာ ကံကောင်းတာက ငွေအစုလိုက် ဝင်တတ်ပါတယ်။ အလုပ်အကိုင်၊ စီးပွားရေးတွေ အခြေအနေ ကောင်းလာပါမယ်။ လုပ်ချင်တာလေးတွေ လုပ်ခွင့်ရခြင်းနှင့် လိုချင်တာလေးတွေ ရလာတတ်ပါတယ်။ နာမည်တစ်လုံးနဲ့ ရပ်တည်သူများ နာမည်ပိုမို ကျော်ကြားပါလိမ့်မယ်။ အထက်လူကြီး ကြီးကဲသူတို့က ကူညီမစလိမ့်မည်။ ဘာသာရေးနှင့် ပတ်သက်သော ပုံတော်များ ဝင်လာလိမ့်မည်။ မိမိပစ္စည်းတွေ အလွယ်မထားပါနဲ့။ သူခိုးခိုး ခံရတာ၊ ပျောက်ရှတာ ဖြစ်တတ်ပါတယ်။ အနုပညာအလုပ် လုပ်ကိုင်နေသူဆို အလုပ်တွေ အဆင်ပြေပြီး ဝင်ငွေတိုးရပါလိမ့်မယ်။ မိမိအား ပြဿနာလုပ်နေသူများရှိလျှင် အဆင်ပြေသွားလိမ့်မည်။ မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။ အချစ်ရေးက ပုံမှန်ဖြစ်သလို အိမ်ထောင်ရေးမှာတော့ အဆိုးမရှိနိုင်တဲ့ကာလဖြစ်ပြီး ပညာရေးကံအကောင်းဆုံးပါ။ မိမိက ကံဉာဏ်ဝီရိယ စိုက်ထုတ်ပေးပါ။ ကျန်းမာရေးအနေဖြင့် ဆီးချိုရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံတွေ့ရတတ်သည်။ ၁၃၈၁ခု တပေါင်းလဆုတ် ၁၄ရက် တနင်္ဂနွေနေ့ ယနေ့တစ်နေ့လုံး အချိန်အခါမကောင်း၍ လုပ်ငန်းကြီးများစတင်ရန်နှင့် မင်္ဂလာကိစ္စများ မလုပ်သင့်ပါ။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင် ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာ ကိစ္စများအတွက် ဘုရားမှာ ဂန္ဓမာပန်း ၃ပွင့် ကပ်လှူသွားခြင်းနှင့် မီးခိုးရောင်၊ လိမ္မော်ရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြု နိုင်သည်။


ခရီးသွားရကိန်းရှိလျှင်  အထူးရက်တွေကတော့ 
(၂၅) ရက်နေ့ နံနက် ၅း၂၀ နောက်ပိုင်း
(၂၆) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း
(၂၇) ရက်နေ့ နံနက် ၁၀း၂၈ မတိုင်မီ ခရီးသွားကောင်း၏။ 
(၂၆) ရက်နေ့ နံနက် ၈နာရီ မတိုင်မီ ခရီးသွားရှောင်သင့်၏။ 

အကျိုးပေးဂဏန်း - (၅.၄.၃)

အကျိုးပေးအရပ် - အရှေ့မြောက်

အကျိုးမပေးရှောင်ရန်အရပ် - အနောက်တောင်

ယတြာ - အိမ်ဘုရားမှ အနတ္တလက္ခဏသုတ် ရွတ်ပွားပြီး ဆီထမင်းဆွမ်းကပ်လှူ လိုရာဆုတောင်းပါ။

တနင်္လာသားသမီး


တနင်္လာသားသမီးများ လက်ရှိလုပ်ငန်းသာမကဘဲ လုပ်ငန်းသစ်တွေမှာပါ အောင်မြင်မှု ရပါမည်။ လူများများနဲ့ ထိတွေ့ဆက်ဆံရင်း အဆက်အသွယ်သစ်၊ လမ်းကြောင်းသစ်တွေ မြင်တွေ့ရပါမယ်။  ဝန်ထမ်းဆို မျှော်မှန်းရည်မှန်းရာကို တက်လှမ်းနိုင်ပါလိမ့်မည်။ မထင်မှတ်ထားတဲ့ ကံကောင်းမှုတွေ ကြုံရပါလိမ့်မယ်။ အဖိုးတန်ကျောက်မျက်ရတနာဝင်မည်။ လူမျိုးခြား၊ နိုင်ငံခြားနှင့်ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မယ်။ကိုယ့်ကို အကျိုးပြု၊ စီးပွားဖြစ်စေမယ့် မိတ်ဖက်ပါတနာတွေ  ရရှိလာပါမယ်။ အိုင်ဒီယာသစ်တွေလည်း ရလာဦးမှာပါ။  ပညာရေးဘက်က လူဆိုရင် အဆင့်မြင့်အထိ ရောက်လာပါမယ်။ အိမ်တွင်ကိုယ်ဝန်ဆောင်ရှိက ဆေးရုံသို့သွားရခြင်းနှင့် အိမ်၌မီးဖွားလျှင် အဆင်မပြေတာမျိုးကြုံတွေ့ရတတ်ပါတယ်။ အချစ်ရေးနှင့်အိမ်ထောင်ရေး အပျိုလူပျိုများ အတိတ်ဘဝက ဆုတောင်းရှိခဲ့ဖူးသော အချစ်ဟောင်း အဆက်ဟောင်းများနှင့် ပြန်လည်ဆုံတွေ့ရတတ်သည်။ ကျန်းမာရေး ကောင်းမွန်ပါလိမ့်မည်။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် ဘုရားတွင် သစ်ခွပန်း ၃ပွင့်ကပ်လှူပြီးသွားခြင်းနှင့် အပြာနုရောင်၊ အစိမ်းနုရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။


ခရီးသွားရကိန်းရှိလျှင်  အထူးရက်တွေကတော့ 
(၂၅) ရက်နေ့ နံနက် ၅း၂၀ နောက်ပိုင်း
(၂၆) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း
(၂၇) ရက်နေ့ နံနက် ၁၀း၂၈ မတိုင်မီ ခရီးသွားကောင်း၏။ 
(၂၆) ရက်နေ့ နံနက် ၈နာရီ မတိုင်မီ ခရီးသွားရှောင်သင့်၏။ 

အကျိုးပေးဂဏန်း - (၅.၃.၉)

အကျိုးပေးအရပ် - အနောက်

အကျိုးမပေးရှောင်ရန်အရပ် - အရှေ့


ယတြာ - အိမ်ဘုရားမှ သစ်ခွပန်း ၇ပွင့်နှင့် နွားနို့ယိုဆွမ်း ကပ်လှူပြီး လိုရာဆုတောင်းပါ။ 
  

အင်္ဂါသားသမီး


အင်္ဂါသားသမီး ငွေကုန်ကြေးကျများတတ်ပါတယ်။  ဝယ်စရာရှိတာကြောင့် စုထားဆောင်းထားတဲ့ ငွေလေးတွေ ထုတ်သုံးရတတ်ပါတယ်။ အလှူပွဲ မင်္ဂလာပွဲ အစီအစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ဖြစ်ရတတ်သည်။  အလုပ်ခွင်မှာတာဝန်ကြီးကြီး ယူထားရသူများ complain ဆိုတာမျိုးလဲ ရှင်းရတတ်ပါတယ်။ တာဝန်တွေပိနေတာမျိုးကြောင့် အလုပ်များရတတ်တဲ့ ကာလဖြစ်သလို့ မနိုင်သောဝန်ကို အားနာမှုကြောင့် ထမ်းဆောင်ရနေတတ်ပါတယ်။ သူတစ်ပါးတွေရဲ့ အကူအညီတွေတတ်နိုင်သ၍ မယူဘဲ နေတာပိုကောင်းပါတယ်။ လူမှုရေးလုပ်ငန်းတွေရော အလှူ အတန်းရေးတွေမှာပါ တက်တက်ကြွကြွ ပါဝင်လာတတ်ပါတယ်။ သို့သော် ဘဝအတွေးအမြင် ခံယူချက်၊ ဘာသာ သာသနာ အယူအဆတွေ ပြောင်းလဲသွားတတ်ပါတယ်။ လူငယ် လူရွယ်များမိန်းမခိုးခြင်း ယောက်ျား နောက်လိုက်ခြင်းများလုပ်လျှင်  ဆွေပျက်မျိုးပျက် ဖြစ်ကုန်တတ်သော ကာလဖြစ်ပါသည်။ အိမ်ထောင်ရှိလျင် အိမ်ထောင်ရေးအဆင်ပြေနေမည်။
ကျန်းမာရေးအတွက်တော့ အနည်းငယ်ပူပန်နေရပါလိမ့်မယ်။ မထင်မှတ်ဘဲ ကျန်းမာရေးညံ့သွား တတ်ပါတယ်။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင် ခရီးသွားခြင်းနှင့်
လုပ်ငန်းဆောင်တာ ကိစ္စများအတွက် ဘုရားမှာ ကန်ဇွန်းညွန့် ၃ညွန့် မိမိနေ့နံထောင့်တွင် ကပ်လှူသွားခြင်းနှင့် အဖြူရောင် ၊ ကြက်သွေးရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ် အသုံးပြုနိုင်သည်။


ခရီးသွားရကိန်းရှိလျှင်  အထူးရက်တွေကတော့ 
(၂၅) ရက်နေ့ နံနက် ၅း၂၀ နောက်ပိုင်း
(၂၆) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း
(၂၇) ရက်နေ့ နံနက် ၁၀း၂၈ မတိုင်မီ ခရီးသွားကောင်း၏။ 
(၂၆) ရက်နေ့ နံနက် ၈နာရီ မတိုင်မီ ခရီးသွားရှောင်သင့်၏။ 

အကျိုးပေးဂဏန်း - (၇.၁.၅)

အကျိုးပေးအရပ် - အရှေ့တောင်

အကျိုးမပေးရှောင်ရန်အရပ် - အနောက်မြောက်

ယတြာ - အိမ်ဘုရားမှာ နမောတေဂါထာ ရွတ်ပွားပြီး ကန်ဇွန်းညွန့် ၃ညွန့်နှင့် မုန့်ရေပါး ကပ်လှူ လိုရာဆုတောင်းပါ။



ဗုဒ္ဓဟူးသားသမီး 

ဗုဒ္ဓဟူးသားသမီးများ မိသားစုနဲ့ လုပ်ငန်းခွင်မှာ ပိုပြီး နွေးထွေးမှုကို ရလာပါမယ်။ အိမ်ထောင်ရေးမှာ နားလည်မှုရှိရှိနဲ့ ရှေ့ဆက်နိုင်ပါလိမ့်မယ်။ အချစ်ရေး ကံကောင်းမည်။ ချစ်သူထံမှ အမှတ်တရလက်ဆောင်တစ်ခု ကြီးကြီးမားမား ရတတ်သလို မိမိကိုစိတ်ဝင်စား ချစ်ကြိုက်နေသူများ အများအပြားပေါ်လာခြင်း ဝိုင်းဝိုင်းလည်နေမည်။ မင်္ဂလာစကားပြောခြင်း၊ နားဖောက်ခြင်းများ အလေးပေးဆောင်ရွက်နိုင်ပါတယ်။ ပညာရေး အထူးကောင်းပါလိမ့်မယ်။ အလုပ်ရော မိသားစုမှာပါ အောင်မြင်မှုနဲ့ စိတ်ချမ်းသာမှုကို ရရှိပါမယ်။ အိမ်ခြံမြေနှင့် အစုရှယ်ယာဝင်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံထားသူတွေ ကံကောင်းဖို့ ရှိပါတယ်။ သစ်၊သံ၊သွပ်ကိစ္စများ၊ရေထွက်ကုန်ပစ္စည်းကိစ္စများ အောင်မြင်အကျိုးပေးလိမ့်မည်။ ဌာနဆိုင်ရာ အကြီးအကဲ၊ဆွေမျိုးအကြီးအကဲတို့က အကူအညီကောင်းပေးလိမ့်မည်။ စာရွက်စာတမ်းကိစ္စ ၊စာချုပ်ကိစ္စများအတွက် စိတ်ညစ်ရခြင်းများ ကြုံရတတ်သည်။ မိသားစုဝင်တွေရဲ့ သတင်းကောင်းတွေရော အကူအညီတွေပါ ရတတ်ပြီး သတင်းကောင်း ကြားသိ ရရှိပါမည်။ ကျန်းမာရေးမှာတော့ ဖျားတာနာတာမျိုးလဲ ကြုံရတတ်ပါတယ်။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် သစ္စာပန်း (၅)ပွင့် ကပ်လှူသွားခြင်းနှင့် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ် အသုံးပြုနိုင်သည်။


ခရီးသွားရကိန်းရှိလျှင်  အထူးရက်တွေကတော့ 
(၂၅) ရက်နေ့ နံနက် ၅း၂၀ နောက်ပိုင်း
(၂၆) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း
(၂၇) ရက်နေ့ နံနက် ၁၀း၂၈ မတိုင်မီ ခရီးသွားကောင်း၏။ 
(၂၆) ရက်နေ့ နံနက် ၈နာရီ မတိုင်မီ ခရီးသွားရှောင်သင့်၏။ 

အကျိုးပေးဂဏန်း - (၄.ဝ.၈)

အကျိုးပေးအရပ် - တောင်

အကျိုးမပေးရှောင်ရန်အရပ် - မြောက်

ယတြာ - အိမ်ဘုရားမှ သစ္စာပန်း ဝေဝေဆာဆာ ကပ်လှူ လိုရာဆုတောင်းပါ။



ကြာသပတေးသားသမီး 

ကြာသပတေးသားသမီးများ ရွှေငွေရတနာတွေဝယ်မယ်ဆိုရင် ဒီကာလမှာဝယ်လို့ သင့်တော်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး ထူးထူးခြားခြားတိုးတက်ပါလိမ့်မယ်။ အရောင်းအဝယ်များနှင့် အိမ်ခြံမြေ၊ ယာဉ်အရောင်းအဝယ် ကြားနေပွဲစားအလုပ်များ အဆင်ပြေကံကောင်းနေပါလိမ့်မယ်။ အပေါင်းသင်းမိတ်ဆွေတွေရဲ့ ကူညီမှုတွေ အထောက်အပံ့တွေကို ရရှိပါမယ်။ သူတစ်ပါးကိုလဲ ကူညီနိုင်ပါလိမ့်မယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ချစ်ခင်လေးစားခြင်းကို ရရှိပါလိမ့်မယ်။ ပညာရေးကိစ္စများ၊ သင်တန်းကိစ္စများကို အကြောင်းပြု၍ စိတ်ညစ်ရတတ်ပါသည်။ အချစ်ရေး အလွန်အမင်း စိတ်လှုပ်ရှား ရင်ခုန်နေရတတ်သလို စိတ်ကောက်လိုက် ပြန်တည့်လိုက်ဖြင့် ကြည်နူးစရာများ ဖြစ်နေပါလိမ့်မယ်။ အိမ်ထောင်ဘက် ကျန်းမာရေးညံ့လိမ့်မည်။ ဆေးရုံ၊ဆေးခန်းသွားရခြင်း၏ ခါးကျောဒုက္ခပေးခြင်း၊ ရောဂါရခြင်းများဖြစ်ပွားတတ်သည်။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် ပိန်းပန်း ကပ်လှူသွားခြင်းနှင့် အဝါ၊ အပြာရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။


ခရီးသွားရကိန်းရှိလျှင်  အထူးရက်တွေကတော့ 
(၂၅) ရက်နေ့ နံနက် ၅း၂၀ နောက်ပိုင်း
(၂၆) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း
(၂၇) ရက်နေ့ နံနက် ၁၀း၂၈ မတိုင်မီ ခရီးသွားကောင်း၏။ 
(၂၆) ရက်နေ့ နံနက် ၈နာရီ မတိုင်မီ ခရီးသွားရှောင်သင့်၏။ 

အကျိုးပေးဂဏန်း - (၉.၃.၅)

အကျိုးပေးအရပ် - မြောက်

အကျိုးမပေးရှောင်ရန်အရပ် - တောင်

ယတြာ - အိမ်ဘုရားမှာ ဖယောင်းတိုင် (၅)တိုင်၊ အမွေးတိုင်(၅)တိုင် မေမြို့ပန်း ဝေဝေဆာဆာ ကပ်လှူ လိုရာဆုတောင်းပါ။


  
သောကြာသားသမီး

သောကြာသားသမီးများ လက်ရှိအလုပ်အကိုင်ကို စိတ်မဝင်စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတတ်သည်။ စိတ်ချမ်းသာစရာကိစ္စတွေထက် စိတ်ပူပန်ရတာ တွေများနေတတ်ပါသည်။ ရှိသောပစ္စည်းများကို ထုခွဲရောင်းချ၍ ငွေအကုန်အကျ များတတ်၏။ ဆွေမျိုးသားချင်းထဲမှာ နာရေးကြုံရတတ်သည်။ မကောင်းတဲ့လိင်ကိစ္စတွေကိုတော့ သူငယ်ချင်းတွေဆွယ်လဲ ရှောင်လိုက်တာ မိမိအတွက်ပိုကောင်းပါတယ်ခင်ဗျာ။ အိမ်ထောင်ဘက် အမျိုးသားများအဖို့ ငြိစွန်းလွယ်တဲ့ကာလမို့ပါ။ အိမ်ထောင်သည်များ မိမိအိမ်ထောင်ဘက်အပေါ်သစ္စာရှိပါ။ ထိုသို့ငြိစွန်းပါက အကောင်းထက်အဆိုးများ ပါလိမ့်မယ်။ အချစ်ရေးကံကောင်းနေမည်။ ပညာရေး အပေါ်အာရုံမစိုက်နိုင်ဖြစ်ရတတ်ပါတယ်။ ပြသနာဟောင်းများ ရောဂါဟောင်းများ ပြန်ပေါ်ပေါက်တတ်ပါသည်။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် ဒန်းညွန့် (၅)ညွန့် ကပ်လှူသွားခြင်းနှင့် အညိုရောင်၊ ပန်းနုရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြု နိုင်သည်။


ခရီးသွားရကိန်းရှိလျှင်  အထူးရက်တွေကတော့ 
(၂၅) ရက်နေ့ နံနက် ၅း၂၀ နောက်ပိုင်း
(၂၆) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း
(၂၇) ရက်နေ့ နံနက် ၁၀း၂၈ မတိုင်မီ ခရီးသွားကောင်း၏။ 
(၂၆) ရက်နေ့ နံနက် ၈နာရီ မတိုင်မီ  ခရီးသွားရှောင်သင့်၏။ 

အကျိုးပေးဂဏန်း - (၆.၂.၈)

အကျိုးပေးအရပ် - အရှေ့

အကျိုးမပေးရှောင်ရန်အရပ် - အနောက်

ယတြာ - မွေးနေ့ နံနက်တွင် တန်ခိုးကြီးဘုရားသို့သွား၍ အဓိဌာန်ဝင် ပုတီးစိပ်ပြီး လိုရာဆုတောင်းပါ။



စနသေားသမီး 


စနေသားသမီးများ ပညာရေးကတော့ ကံကောင်းနေတာ တွေ့ရပါတယ်။ 
စိတ်ကူးပုံဖော်ထားတဲ့ ကိစ္စလေးတွေ လက်တွေ့လုပ်ဖြစ်ဖို့ အကြောင်းဖန်လာတတ်ပါတယ်။ 
သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ ပျော်စရာအချိန်တွေကို ဖြတ်သန်းနိုင်ပါလိမ့်မယ်။
အပျော်အပါးအသောက်အစားရှောင်ပါ။  ညဉ့်နက်သန်းခေါင်ထိ အပြင်မှာမနေလိုက်ပါနဲ့။ 
လက်ထဲငွေမကိုင်ထားပါနဲ့။ ငွေလက်ထဲထားရင် အဟောသိကံ ကုန်သွားတတ်လို့ပါ။ အချစ်ရေးကံအလွန်ကောင်းနေမည်။ အချစ်ရေးမေတ္တာရေးနဲ့ ပတ်သက်သောကိစ္စများ လိုက်ပါဆောင်ရွက်ရန် အထူးကောင်းနေမည်။ ချစ်သူခင်သူတွေဆီက လက်ဆောင် ရတတ်ပါတယ်။ မိမိချစ်သူကိုတော့ မလိမ်မိပါစေနဲ့။  အိမ်ထောင်ရေးလဲ သာယာပျော်ရွှင်မှုတွေ များပါလိမ့်မယ်။ ကျန်းမာရေးကတော့ ထူးထူးခြားခြားညံ့နေတာမျိုး မရှိပါဘူး။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် အုန်းညွန့် ၃ညွန့် ကပ်လှူသွားခြင်းနှင့် ဆင်စွယ်ရောင်၊  အုန်းရောင်  အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ် အသုံးပြုနိုင်သည်။


ခရီးသွားရကိန်းရှိလျှင်  အထူးရက်တွေကတော့ 
(၂၅) ရက်နေ့ နံနက် ၅း၂၀ နောက်ပိုင်း
(၂၆) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း
(၂၇) ရက်နေ့ နံနက် ၁၀း၂၈ မတိုင်မီ ခရီးသွားကောင်း၏။ 
(၂၆) ရက်နေ့ နံနက် ၈နာရီ မတိုင်မီ ခရီးသွားရှောင်သင့်၏။ 

အကျိုးပေးဂဏန်း - (၅.၇.ဝ)

အကျိုးပေးအရပ် - အနောက်တောင်

အကျိုးမပေးရှောင်ရန်အရပ် - အရှေ့မြောက်

ယတြာ - အိမ်ဘုရားမှ အောင်သပြေ၊ အုန်းညွန့် ၇ညွန့်စီ စုပေါင်းပြီး နို့ထမင်းဆွမ်း ကပ်လှူ လိုရာဆုတောင်းပါ။



ရာဟုသားသမီး 


ရာဟုသားသမီးများ မိမိလုပ်စရာရှိတဲ့ကိစ္စတွေကိုပဲ စိတ်နှစ်ပြီးလုပ်ကိုင်သွားစေချင် ပါတယ်။ ကောင်းတဲ့အလုပ်တွေအတွက်ပဲအချိန်ပေးပါ။  လောဘတကြီးငွေရှာခြင်း၊ မတရားနည်းဖြင့် စီးပွားရှာခြင်းများ ဒီကာလမှာဒုက္ခ ရောက်တတ်ပါတယ်။  အကျိုးမရှိ အချိန်ကုန်ရမယ့် ကိစ္စတွေကိုတော့ ရှောင်လိုက်ဖို့ ပြောချင်ပါတယ်။ စိတ်ကူးထားသမျှအရာ ထင်ဖို့မလွယ်ကူးသလို့ သူတစ်ပါးတွေရဲ့ လေးစားအထင်ကြီးမှုကိုတော့ရရှိပါလိမ့်မည်။ 
သားသမီးတွေက မိမိလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေရပါလိမ့်မယ်။ ရပ်ဝေးသွားပြီး အလုပ်လုပ်နေသူများ ဟိုရောက်ရင် အဆင်မပြေဖြစ်ရတတ်ပါတယ်။
အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရတတ်သော ကာလဖြစ်၏။ အထက်လူကြီး မိသားစုအကြီးအကဲများကြောင့်  စိတ်ညစ်ရမည်ဖြစ်၏။ ကျန်းမာရေးကတော့ အနည်းငယ်ချူချာနေတတ်ပါတယ်။ ကိုယ်ခန္ဓာ အားနည်းတာမျိုး၊ ကိုယ်လက်မအီမသာ ဖြစ်တာမျိုး ခံစားရတတ်ပါတယ်။  ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင် ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် ငွေပန်း (၅)ပွင့်  ကပ်လှူသွားခြင်းနှင့်  အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။


ခရီးသွားရကိန်းရှိလျှင်  အထူးရက်တွေကတော့ 
(၂၅) ရက်နေ့ နံနက် ၅း၂၀ နောက်ပိုင်း
(၂၆) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း
(၂၇) ရက်နေ့ နံနက် ၁၀း၂၈ မတိုင်မီ ခရီးသွားကောင်း၏။ 
(၂၆) ရက်နေ့ နံနက် ၈နာရီ မတိုင်မီ ခရီးသွားရှောင်သင့်၏။ 

အကျိုးပေးဂဏန်း - (၈.ဝ.၄)

အကျိုးပေးအရပ် - တောင်

အကျိုးမပေးရှောင်ရန်အရပ် - မြောက်

ယတြာ - တန်ခိုးကြီးဘုရားမှာ ဘေးရန်ကင်းကွာဂါထာ ရွတ်ပွားပါ။ ဆီမီးသက်စေ့ လှူဒါန်း ပူဇော်ပါ။

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..