၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း ( ၂၉-၃-၂၀၂၀ ) မှ ( ၄-၄-၂၀၂၀ ) အထိ
lotaya.mpt.com.mm
|
2020-03-29



ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၂၉-၃-၂၀၂၀ ) မှ ( ၄-၄-၂၀၂၀ ) အထိဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေသားသမီး

တနင်္ဂနွေသားသမီးများ အဝိစီတွင်းတူးခြင်းလုပ်ငန်း၊ အိမ်ခြံမြေရောင်းဝယ်ခြင်း၊ ယာဉ်စက်ပစ္စည်းဝယ်ယူခြင်းများ အကျိုးဖြစ်မည်။ အရှေ့မြောက် အရပ်အကျိုးပေး၊ အနောက်တောင် အရပ် ရှောင်ပါ။ စီးပွားရေးလုပ်ငန်းပိုင်းမှာ ယှဉ်ပြိုင်သူများ ၊ အကောက်ကြံသူများနဲ့ ကြုံရတတ်ပါတယ်။ မိမိအလုပ်အကိုင်များတွင်း ညီအကိုမောင်နှမဆွေမျိုးများနှောက်ယှက်မှုကြောင့် မိမိလုပ်ငန်းခွင်အကျိုးမြတ်များ ပျက်စီးတတ်သလို မိန်းကလေးတစ်ဦးကြောင့် မိမိလုပ်ငန်း စီးပွားအခြေအနေ ယိမ်းယိုင်သွားရတတ်သည်။ အစုစပ်ငွေချေးတာ၊ မဲစုတာမျိုးတွေမှာ ပြဿနာပေါ်ပေါက်တတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ တကိုယ်တည်းပဲ အထီးကျန် ဆက်ရှိနေမှာဖြစ်ပြီး အိမ်ထောင်သည်တွေကတော့ သားသမီးကြောင့် ကောင်းသတင်း စိတ်ချမ်းသာရတတ်ပါတယ်။ ကျန်းမာရေးညံ့၍ သွေးတိုး၊ ဆီးချိုရောဂါသယ်များ ဂရုစိုက်ပါ။ အစားအသောက်ဆင်ခြင်ပါ။ ကျန်းမာရေး လိုက်စားပါ။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် သီညွန့် (၁)ညွန့် ဆောင်သွားခြင်းနှင့် အဝါ၊ အနီရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ် အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၂.၃.၅)

အကျိုးပေးအရပ် - အရှေ့မြောက်

အကျိုးမပေးရှောင်ရန်အရပ် - အနောက်တောင်

ယတြာ - အိမ်မှမထွက်မီ မိမိကိုယ်ခန္ဓာ အရိပ်ကိုကြည့်ပြီး ရွာပြင် ညောင်ပင်ကြီးအောက်မှာ အမွှေးတိုင်(၁၇)တိုင်၊ ပဲထမင်းကပ်လှူ၍ လိုရာဆုတောင်းပါ

တနင်္လာသားသမီး

တနင်္လာသားသမီးများ အိမ်အလှဆင်လုပ်ငန်း၊ အုတ်လုပ်ငန်း၊ ပရိဘောဂလုပ်ငန်း၊ အိမ်မွေးခွေးတိရစ္ဆာန်လုပ်ငန်းများ အထူးအကျိုးပေး အမြတ်အစွန်း ရရှိမည်။ အနောက်အရပ် အကျိုးပေး၊ အရှေ့ အရပ်ရှောင်ပါ။ ပညာရေးပိုင်း ကောင်းမွန်နေပြီး အချစ်ရေးပိုင်းကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ ပြည်ရပ်ခြား အလုပ်အကိုင်အခွင့်အလမ်းပွင့်လန်း၍ ပညာရေး ဘာသာရပ်စာမေးဖြေ အောင်မြင်ခြင်းနှင့် ပြည်ပနိုင်ငံ နေရာကောင်း အလုပ်နေရာကောင်း ရတတ်ပါတယ်။ အိမ်ထောင်ရှင်များ မိမိအိမ်ထောင်ဘက် နယ်မြေရပ်ခြား လုပ်ကိုင်နေသူများ မိမိထံ ငွေအစုအခဲပို့ပါလိမ့်မည်။ မမျှော်လင့်ဘဲ ငွေကြေး နှင့် စက်ပစ္စည်း ဇိမ်ခံတန်ဖိုးကြီးယာဉ်များ ဝင်လာမည်။ အထူး သောကြာသားသမီးများ မိမိနာမည်နှင့် အလွှဲသုံးစားပြုလုပ်ခြင်းနဲ့ ငွေလိမ်ခံရကိန်းရှိနေပြီး ငွေပေးငွေယူကိစ္စတွေမှာ သတိထားသင့်ပါတယ်။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် အရှေ့အရပ်မျက်နာမူ၍ ဇွန်ညွန့် ဆောင်သွားခြင်းနှင့် ပန်းရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၃.၈.ဝ)

အကျိုးပေးအရပ် - အနောက်

အကျိုးမပေးရှောင်ရန်အရပ် - အရှေ့

ယတြာ - ဘုရားမှာ ကြံတိုင်းအောင်ဂါထာရွတ်ပွားပြီး လက်ဖက်ဆွမ်းကပ်လှူ၍ လိုရာဆုတောင်းပါ။

အင်္ဂါသားသမီး

ရှင်ပြု၊ နားသ၊ စေ့စပ်၊ ဝိဝါဟမင်္ဂလာ၊ လက်ထပ်၊ ဘုရားတည်၊ အနေကဇာတင် အလှူတန်းများ အကောင်အထည်ဖော်ခြင်း နှင့် မထင်မှတ်ထားဘဲ အလိုလိုနေရင်း ငွေဝင်လာမယ်။ ငွေကြေးကိစ္စ ၊ စာချုပ်စာတမ်းများ အာမခံလက်မှတ်ေရေးထိုးခြင်းများ ရှောင်ကြဉ်ပါ။ အရှေ့တောင် အရပ် အကျိုးပေး၊ အနောက်မြောက် အရပ်ရှောင်ပါ။ ပညာရေး၊ အချစ်ရေး အောင်မြင်မှာဖြစ်ပြီး အိမ်ထောင်ရေးကိစ္စမှာလည်း ကောင်းသော အပြောင်းအလဲတွေ ကြုံရပါလိမ့်မယ်။ အချစ်ရေးအဆင်ပြေပြီး မိမိငယ်ဟောင်းအချစ်ဟောင်း အဆက်ဟောင်းနှင့် တွေ့ဆုံရတတ်သည်။ နေရာဒေသ၊ ပြည်ပရပ်ခြားခရီးတို ခရီးရှည် များသွားရကိန်းရှိသည်။ အိမ်ထောင်ရေး မှာတော့ တစ်ပင်လဲ တစ်ပင်ထူ အိမ်ထောင်ရေးကိစ္စများ ကံကြမ္မာ ပေါ်ပေါက်လာတတ်သည်။ ကျန်းမာရေး အထူးကောင်း၏။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် စံပယ် ၃ပွင့် ဆောင်သွားခြင်းနှင့် ရွှေအိုရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ် အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၈.၅.၄)

အကျိုးပေးအရပ် - အရှေ့တောင်

အကျိုးမပေးရှောင်ရန်အရပ် - အနောက်မြောက်

ယတြာ - အိမ်ဘုရားမှာ အဝတ်သစ်ဝတ်ဆင်၍ နှင်းဆီပန်း(၉)ပွင့်နှင့် ပန်သီးစိပ်(၁၉) စိပ် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။

ဗုဒ္ဓဟူးသားသမီး

ဗုဒ္ဓဟူးသားသမီးများ အိမ်မြေ၊ တိုက်ခန်းရောင်းဝယ်ခြင်း၊ ငှားရမ်းခြင်း၊ အလှပြင်ဆိုင်၊ ဖက်ရှင်ဒီဇိုင်နာ တီထွင်ခြင်းလုပ်ငန်းများ အကျိုးပေး၍ အမြတ်အစွန်းရရှိမည်။ မည်သည့်ကိစ္စမဆို ဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိမည်။ တောင် အရပ် အကျိုးပေး၊ မြောက် အရပ် ရှောင်ပါ။ အချစ်ရေးသာယာခြင်း၊ အိမ်ထောင်ရေးသုခပြည်စုံခြင်းနှင့် ပညာရပ်ဆိုင်ရာများ အခွင့်အရေးများရရှိလိမ့်မည်။ စက်မှုကိရိယာ နှင့် ဖုန်းနှင့်ဆက်စပ် ဆက်သွယ်ရေးပစ္စည်းများ ပြုပြင်ခြင်း ပညာရပ်များ သင်ယူခြင်းကောင်း၏။

ကျန်းမာရေး အနည်းငယ်သာဖြစ်လိမ့်မည်။ အညံ့ကြီးမဟုတ်ပါ။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် ဘုရားမှ ကြေးဖလားဖြင့် ရေတော် ၁ခွက် ကပ်လှူ သွားခြင်းနှင့် စိမ်းပြာရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၅.၇.၁)

အကျိုးပေးအရပ် - တောင်

အကျိုးမပေးရှောင်ရန်အရပ် - မြောက်

ယတြာ - ဘုရားမှာ မေတ္တာသုတ်ရွတ်ပွားပြိး ဆီထမင်းဆွမ်းကပ်လှူ လိုရာဆုတောင်းပါ။

ကြာသပတေးသားသမီး

ကြာသပတေးသားသမီးများ အခုလအပတ် မိမိလုပ်ငန်းခွင်တွင် အကြံအစည်သစ်များ ဆောင်ရွက်ခြင်း အောင်မြင်လိမ့်မည်။ သို့သော် သတိတရားရှေ့ရှုထား၍ ဆောင်ရွက်ပါ။ မြောက် အရပ် အကျိုးပေး၊ တောင် အရပ် ရှောင်ပါ။ လုပ်ငန်းပိုင်းဆိုင်ရာမှာ မိမိရဲ့အကြံအစည်ကို လက်ခံသူမရှိဖြစ်နေတတ်ပြီး လုပ်ငန်းခွင် ပဋိပက္ခလေးတွေ အနည်းငယ် ကြုံရနိုင်ပါတယ်။ လူမျိုးကွဲ၊ ဘာသာကွဲနဲ့ ပူးပေါင်းလုပ်ဆောင်မှု အောင်မြင်မှာဖြစ်ပြီး နေရာထိုင်ခင်း အပြောင်းအရွှေ့ရှိနိုင်ပါတယ်ခင်ဗျာ။ လူငယ်လူရွယ်များ ချစ်သူပေါ် သံသယစိတ်ဝင်လာတတ်လို့ နှစ်ဖက်မိဘများ သဘောထား ကွဲလွဲမှုကြောင်း မိမိအချစ်ရေးများ အဆင်မပြေဖြစ်နေလိမ့်မည်။ အိမ်ထောင်ရေး ပျော်ရွင်ရပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ ရောဂါဘယအမျိုးမျိုး နှိပ်စက်ခြင်း ခံရတတ်သည်။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် နှင်းဆီးပန်း ၁ပွင့် ဘုရားပူဇော်ပြီး သွားခြင်းနှင့် ဆင်စွယ်ရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြု နိုင်သည်။

အကျိုးပေးဂဏန်း - (၅.၂.၈)

အကျိုးပေးအရပ် - မြောက်

အကျိုးမပေးရှောင်ရန်အရပ် - တောင်

ယတြာ - ဘုရားမှာ လက်ကိုင်ပုဝါ လိမ္မော်ရောင်အပေါ်တွင် ကြံရည် ၁ ခွက်တင် ဘိန်းမုန့်ဆွမ်း ကပ်လှူ၍ အောင်ခြင်းရှစ်ပါးရွတ်ပွားပြီး လိုရာဆုတောင်းပါ။

သောကြာသားသမီး

သောကြာသားသမီးများ ကိုယ်လုပ်ဆောင်လိုက်တဲ့ လုပ်ရပ်တစ်ခုက အလုပ်ကနေ ငွေတွေဆက်တိုက် ဝင်နေပါလိမ့်မယ်။ လုပ်ငန်းတိုးချဲ့ဖို့စီစဉ်ထားရင် ခေတ္တဆိုင်းငံ့ထားသင့်ပါတယ်။ ကုမ္ပဏီထူထောင်ခြင်း၊ ဘဏ်လုပ်ငန်းနှင့် ဒီဇိုင်နာဆိုင်ဖွင့်ခြင်းများ အကျိုးပေးပါလိမ့်မည်။ အရှေ့ အရပ် အကျိုးပေး၊ အနောက် အရပ် ရှောင်ပါ။ အိမ်ယာ၊ တိုက်ခန်း၊ မြေယာ၊ ခြံကွက်များရရှိတတ်သည်။

ပညာရေးဆိုင်ရာ ပြည်အလုပ်အကိုင်များ မိမိ ဝီရိယ၏ အကျိုးဖြင့် ထူးချွန်အောင်မြင်မည်။ အကြီးအကဲများရဲ့ ချီးမွမ်းခံရခြင်း၊ ယုံကြည်မှုရရှိလိမ့်မည်။ သူတစ်ပါးရဲ့ အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စတွေမှာ ကြားညပ်တတ်လို့ သတိပြုသင့်တာဖြစ်ပါတယ်ခင်ဗျာ။ ကျန်းမာရေးကြောင့် ငွေကုန်ကြေးကျများနေမယ့်။ အထူး မျက်စိထိခိုက်မိတတ်လို့ သတိပြုရပါမယ်ခင်ဗျာ။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် ဇွန်ညွန့် ၅ညွန့် ဘုရားပူဇော်ပြီး သွားခြင်းနှင့် အပြာနုရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြု နိုင်သည်။

အကျိုးပေးဂဏန်း - (၇.၄.၅)

အကျိုးပေးအရပ် - အရှေ့

အကျိုးမပေးရှောင်ရန်အရပ် - အနောက်

ယတြာ - ဘုရားမှာ အရှေ့အရပ် မျက်နှာမှုကာ ကြေးပန်းအိုးဖြင့် သပြေ(၉)ညွန့် နှင့် နှမ်းမနဲဆွမ်း ဘုရားပူဇော်ပြီး လိုရာဆုတောင်းပါ။

စနသေားသမီး

စနေသားသမီးများ မိတ်ဆွေ သူငယ်ချင်းများနဲ့ ပေါင်းစည်းလုပ်ကိုင်တဲ့ စပ်တူလုပ်ငန်း အကျိုးပေးပါလိမ့်မယ်။ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတွေ အနေနဲ့ အဆင်မပြေမှုတစ်ချို့ကြုံတွေ့နိုင်ပြီး တက်သစ်စ မော်ဒယ်အနုပညာရှင်များနှင့် ပြည်ပသို့ ကုန်သွယ်မှုများ လုပ်ကိုင်သူတွေကတော့ အထူးအောင်မြင်ပါမယ်။ ဆန်၊ ဆီ၊ ဆားလုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူများ သတိပြုသင့်ပါတယ်။ အနောက်တောင် အရပ် အကျိုးပေး၊ အရှေ့ မြောက် အရပ် ရှောင်ပါ။ အောက်လက်ငယ်သားနဲ့ သားသမီးကိစ္စတွေမှာ စိတ်မချမ်းသာစရာ ကြုံရနိုင်ပါတယ်။ လုပ်ငန်းစပ်တူလုပ်ကိုင်သူတွေကတော့ ငွေလိမ်ခံရကိန်းရှိနေပါတယ်။ ချစ်သူနဲ့ အထင်အမြင်လွဲမှားနိုင်တဲ့ ကာလဖြစ်သည်။ အိမ်ထောင်ရေး သာယာ၍ ကျန်းမာရေးအနေနဲ့ ဝမ်းတွင်းဗိုက်ရောဂါအထူဂရုစိုက်ပါ။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် ရွှေဆိုင်း ၁ဆိုင်း ဆောင်သွားခြင်းနှင့် အစိမ်းရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၄.၃.၉)

အကျိုးပေးအရပ် - အနောက်တောင်

အကျိုးမပေးရှောင်ရန်အရပ် - အရှေ့မြောက်

ယတြာ - အိမ်ဘုရားမှာ ရွက်လှညွန့်(၁၂)ညွန့် အမွှေးတိုင်(၁၂)တိုင် လာဘသိဒ္ဓိဂါထာရွတ်ပြီး ကပ်လှူ၍ လိုရာဆုတောင်းပါ။

ရာဟုသားသမီး

ရာဟုသားသမီးများ ရှင်ပြုနားသ၊ စေ့စပ်၊ လက်မင်္ဂလာ အခါအလှူတန်းပေးရတတ်ပြိး ရည်ရွယ်ချက်များ ရည်မှန်းချက်များ ပြည့်၀ အောင်မြင်မည့်အချိန်ဖြစ်ပါတယ်။ ခြံကိစ္စ ၊ ကားကိစ္စ ၊ ကျောက်ကိစ္စ ၊ ငွေကြေးကိစ္စတွေ ပြောဆို အောင်မြင်တတ်ပါတယ်။မိတ်ဆွေသင်္ဂဟများကလည်း ကိုယ်ဆီကိုလာပြီးအလုပ်စီးပွားများ တွဲဖက် လုပ်ကိုင်ဖို့ စီစဉ်သည်နှင့် ကြုံပါမည်။ လူငယ်တွေအတွက်ကတော့ အချစ်ရေး မေတ္တာရေး အင်မတန် ကောင်းပါတယ်။ အိမ်ထောင်ရှိသူတွေ အနေနှင့်ကတော့ အိမ်ထောင်ရေးမှာ ကတောက်ကဆလေးတွေ ဖြစ်တတ်ပါတယ်။ ကိုယ့် မှာရှိတဲ့ လက်ဝတ်တန်ဆာ ရွှေတွေကိုတော့ သတိထားပါ။ ကျပျောက်တတ်ပါတယ်။ ကျန်းမာရေး အနေနှင့်ကတော့ လေအောင့်တာ ဖြစ်တတ်ပါတယ်။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာ ကိစ္စများအတွက် ဘုရားမှ ငွေဖလားဖြင့် ရေတော် ၁ခွက် ကပ်လှူသွားခြင်းနှင့် စိမ်းပြာရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၅.၇.၁)

အကျိုးပေးအရပ် - တောင်

အကျိုးမပေးရှောင်ရန်အရပ် - မြောက်

ယတြာ - ဘုရားမှာ မေတ္တာသုတ်ရွတ်ပွားပြီး ယိုဆွမ်း ကပ်လှူ လိုရာဆုတောင်းပါ။

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..