ကပ်ရောဂါဘေး ကျော်လွှားစေနိုင်သော အစွမ်းထက်ဂါထာ (၂) ပုဒ်
lotaya.mpt.com.mm
|
2020-04-08

COVID-19 လို့ အမည်တွင်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အရှိန် များလာတာနဲ့အမျှ ကပ်ရောဂါနဲ့ ဘေးအန္တရာယ်အမျိုးမျိုးကို ကျော်လွှားစေနိုင်တဲ့ ပရိတ်၊ ဂါထာတော်တွေကို လူအများ သိရှိရအောင်လို့ သံဃာတော်တွေနဲ့ သူတော်စင်အပေါင်းက ထုတ်ဖော် တင်ပြလာကြပါတယ်။ ဒီထဲမှာ သမိုင်းကြောင်းနဲ့ ရွတ်ဖတ်မှုအရပါ အဆင်ပြေလွယ်ကူစေမယ့် အစွမ်းထက်ဂါထာတော်နှစ်ပုဒ်ကို ယုံကြည်လေးနက်စွာ ရွတ်ဖတ်ပူဇော် ပွားများလိုသူတို့အတွက် မျှဝေဖော်ပြပေးချင်ပါတယ်။

ရှင်သူငယ်ပရိတ် (သို့မဟုတ်) သိရသ္မိ ဂါထာတော်ကြီး

ဒီဂါထာတော်ကြီးကတော့ မြတ်စွာဘုရားနဲ့ ရဟန္တာတွေကို ကိုယ်ခန္ဓာ အစိတ်အပိုင်းအသီးအသီးမှာ ပင့်ဖိတ်နေရာချထားပြီး သိကြား၊ ဗြဟ္မာ၊ နတ်အပေါင်းကိုလည်း ကိုယ့်ပတ်ဝန်းကျင်မှာ တည်နေဖို့ ပန်ကြားထားတဲ့အတွက် ကပ်ရောဂါဆိုးနဲ့ ဘေးအန္တရာယ်အပေါင်းကနေ ကျော်လွှားလွတ်မြောက် ချမ်းသာရောက်စေမှာ ဖြစ်ပါတယ်။ နာမည်ကျော်ကြား ဆရာတော်ကြီးများကတော့ ဒီဂါထာတော်ကို ကပ် (၃) ပါး ကျော်လွှားစေနိုင်တဲ့ ဂါထာတော်လို့ သတ်မှတ်ခဲ့ကြပြီး တချို့ဆရာတော်များကတော့ ရှင်သူငယ်ပရိတ်လို့ ခေါ်ခဲ့ကြပါတယ်။ ရွတ်ဖတ်လိုသူများအတွက် ဂါထာတော်နဲ့ အနက်အဓိပ္ပါယ်ကို ပူးတွဲ ဖော်ပြပေးထားပါတယ်။ နေ့စဉ် အနည်းဆုံး ၂၇ ခေါက် ရွတ်ဖတ်ပူဇော်ရပါမယ်။




(အနက်အဓိပ္ပါယ်)

ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် တပည့်တော်၏ ဦးခေါင်းထက်၌ ရွှင်ပျော်နှလုံး သီတင်းသုံးတော်မူပါစေသတည်း ။ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည်လည်း တပည့်တော်၏ လက်ယာပခုံး၌ ရပ်တည် သီတင်းသုံးတော်မူပါစေသတည်း။ အရှင်မောဂ္ဂလ္လာန်မထေရ်မြတ်ကြီးသည် တပည့်တော်၏ လက်ဝဲပခုံးထက်၌ သီတင်းသုံးတော်မူပါစေသတည်း ပိဋကသုံးတန် ဓမ္မက္ခာန်သည် တပည့်တော်၏ မျက်နှာမူလတ် အရှေ့အရပ်၌ စံပါယ်ကိန်းဝတ် ရပ်တည်ပါစေသတည်း အရှင်အာနန္ဒာ မထေရ်မြတ်ကြီးသည် တပည့်တော်၏ မျက်နှာကွယ်ထား နောက်ရပ်ပါး၌ ရပ်တည် သီတင်းသုံးတော်မူပါစေသား ရဟန္တာမထေရ်မြတ်ကြီးတို့သည် တပည့်တော်၏ခန္ဓာတည်ရာ အရပ်လေးမျက်နှာတို့၌ ရပ်တည်နေကြပါစေသား ဗြဟ္မာအပေါင်းတို့နှင့်တကွ ဖြစ်ကုန်သော သိကြား နတ်အပေါင်းတို့သည်လည်းကောင်း လောကစောင့်ကြပ် နတ်မြတ်အပေါင်းတို့သည်လည်းကောင်း အကျွန်ု ပ်၏ ထက်ဝန်းကျင် ပတ်ပတ်လည်တို့၌ နှလုံးရွှင်ပျ ရပ်တည်နေကြပါစေသား ထိုရတနာသုံးပါး နတ်သိကြားဗြဟ္မာအပေါင်းတို့၏ ရှိန်ဝါတန်ခိုး စွမ်းရည်အမျိုးမျိုးကြောင့် ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော ဘေးဥပါဒ်တို့သည်လည်းကောင်း။ တစ်ပါးမက များလှကုန်သော ကပ်အန္တရာယ် အသွယ်သွယ်တို့သည်လည်းကောင်း ကြွင်းကျန်မရှိ ပကတိအားဖြင့် ပိန်းကြာဖက်တွင် ရေမတင်သို့ ကင်းစင်လွင့်မြောက်ကြပါစေသတည်း ။

အန္တရာယ်တစ်စိ၊ ဘေးမရှိစေသော အဌာနမေတံ ဂါထာတော်

ဘုရားရှင်လက်ထက်က ရှင်ဒေဝဒတ်ဟာ မြတ်စွာဘုရားကို ကျောက်မောင်းဆင်ပြီး လုပ်ကြံခဲ့ရာမှာ မအောင်မြင်ခဲ့တဲ့နောက် ဒီအဌာနမေတံဂါထာကို ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားခဲ့ပါတယ်။ ဘုရားရှင်ရဲ့ ဒီနူတ်ထွက်ဂါထာတော်မှာ အဌကထာဆရာတွေက သစ္စာဆုတောင်း ထည့်ဆိုခဲ့ကြပြီး တန်ပြန်ဂါထာ (တနည်း) သက်တော်မြဲဂါထာတော်အဖြစ် လူသိများကြပါတယ်။ ဂါထာနဲ့အနက်ကို တပတည်း ပူးတွဲ ဖော်ပြပေးထားပါတယ်။ နေ့စဉ် ရွတ်ဖတ်ပွားများ ကုသိုလ်ယူနိုင်ကြပါစေ။




(အနက်အဓိပ္ပါယ်)

သူတပါးတို့ လုံ့လပြု၍ မြတ်စွာဘုရားကို လုပ်ကြံသတ်ဖြတ်နိုင်ရန် လုံးဝ မဖြစ်နိုင်၊ မြတ်စွာဘုရားများသည် သူတပါးတို့ လုံ့လ မပါဘဲသာ ပရိနိဗ္ဗာန်ပြုတော်မူကြ၏ ဤမှန်သော သစ္စာစကားကြောင့် ဘေးရန်ဟူသမျှ ကင်းစင်ရပါလို၏

တတ်နိုင်သူများအတွက် ဂါထာတော်နှစ်ပုဒ်စလုံးကို နေ့စဉ် ရွတ်ဖတ်ပူဇော်နိုင်ပြီး ကိုယ်အားသန်ရာ တစ်ပုဒ်တည်းကိုပဲ ရွတ်ဖတ်ချင်ရင်လည်း နှစ်သက်ရာကို ရွေးချယ် ပူဇော်နိုင်ကြပါတယ်။

မြန်မာပြည်သူပြည်သားအားလုံး ကပ်ရောဂါဘေး ကင်းစင်ဝေးကြပါစေ

ဧက (ဗေဒင်သုတ)

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..