၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း ( ၂၆-၄-၂၀၂၀ ) မှ ( ၂-၅-၂၀၂၀) အထိ
lotaya.mpt.com.mm
|
2020-04-26

၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း

ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၂၆-၄-၂၀၂၀ ) မှ ( ၂-၅-၂၀၂၀) အထိဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေသားသမီး

တနင်္ဂနွေသားသမီးများ အပေါင်းသင်းမိတ်ဆွေများတိုးပွားခြင်း၊ လူမှုရေးပရဟိတ အထူးလုပ်ဆောင်ရ၍ တနင်္လာ၊ ဗုဒ္ဓဟူးမွေးသည့် သူတို့နှင့်အကျိုးပေးကောင်းပြီး အင်္ဂါနံသမားနှင့် အကျိုးတူလုပ်ခြင်း ရှောင်သင့်ပါတယ်။ ရွှေလုပ်ငန်း၊ ရေသန့်၊ ကျောက်မျက်တူးဖော်ရေးလုပ်ငန်း၊ အလှကုန်အလှပြင်အကျိုးပေး၏။ လုပ်ငန်းဟောင်းမှ အခွင့်အလမ်းကောင်းများ ကြုံရခြင်း၊ အထက်လူကြီးမြှောက်မစားမှုခံရမည်။ ပြည်တွင်း၊ပြည်ပခရီးမကြာခဏသွားရကိန်းကြုံတွေ့ရတတ်ပြီး အပေါင်းသင်းတို့မှငွေကြေးနှင့်လုပ်ငန်းအထောက်အပံ့ရရှိတတ်သည်။ ပညာသင်ဆုရခြင်း၊ ဘာသာရေး၊ လူမှုရေးကိစ္စကဏ္ဍများ အောင်မြင်လိမ့်မည်။ မထင်မှတ်ပဲ ရပ်ဝေးမှဖူးစာရှင်နှင့် တွေ့ရတတ်ပြိး အိမ်ထောင်ရှင်မ အမျိုးသမီးများ ချမ်းသာ ဂုဏ်မောက် ကြွားဝါမှု ရှောင်ကြဉ်သင့်သော ကာလဖြစ်၏။ သားသမီးအတွက်စိတ်ပူပန်ရတတ်၏။

ကျန်းမာရေး ဆီးနှင့် ကျောက်ကပ်၊ အစာအိမ်အူလမ်းကြောင် ဝေဒနာဖြစ်ပွားတတ်၏။

ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် မြောက်အရပ်မျက်နှာမူကာ ဘုရားမှာ သီးညွန့်ကပ်လှူပြီးသွားခြင်းနှင့် အစိမ်းရောင်၊ အနီရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ် အသုံးပြုနိုင်သည်။

(၂၆) ရက်နေ့ ၁နွေနေ့ ည ၁ဝး၄၄ နောက်ပိုင်း ၁နွေနေ့

(၂၇) ရက်နေ့ ၂င်္လာနေ့ ည ၁၁း၃၅ မတိုင်မီ

(၂၈) ရက်နေ့ ၃ဂါၤနေ့ ည ၁၁း၃၆ နောက်ပိုင်း ၃ဂါၤနေ့

(၂၉) ရက်နေ့ ၄ဟူးနေ့ တနေ့လုံး ကောင်း၏။

(၃၀) ရက်နေ့ ၅တေးနေ့ ည ၁ဝး၅ဝ မတိုင်မီ ထိုရက်တွေ ထိုအချိန်ပိုင်းတွေ အထူးကောင်း၏။

အကျိုးပေးဂဏန်း - (၃.၅.၉)

အကျိုးပေးအရပ် - အရှေ့မြောက်

အကျိုးမပေးရှောင်ရန်အရပ် - အနောက်တောင်

ယတြာ - မိမိနေနံဂြိုဟ်တနင်္ဂနွေနံဘုရားမှာ မြောက်အရပ်မျက်နှာမှုကာ သီးညွန်(၁၁)ညွန့် ရေတော်သက်စေ့ ဘုရားဆင်းတုတော်ကို သပ္ပါယ် ဆုတောင်းပါ။

တနင်္လာသားသမီး

တနင်္လာသားသမီးများ ရေတွင်းရေကန်တူးဖော်ခြင်း၊အဝီစိတွင်းတူးခြင်းလုပ်ငန်း၊ စပ်တူရှယ်ယာလုပ်ငန်း၊ အလှကုန်ပစ္စည်များဖြန့်ချီခြင်းတို့ အကျိုးပေး၏။ တနင်္ဂနွေ ကြာသပတေး အကျိုးပေးမည်။ တနင်္လာသားသမီးများ "ယရလဝ"ဗုဒ္ဓဟူးနံ နာမည်ပါသောသူများနှင့် စပ်တူရှယ်ယာလုပ်ငန်း သတိထားလုပ်ဆောင်ရွက်သင့်၏။ စိတ်တည်ငြိမ်စွာ လုပ်ငန်းကိစ္စများ ဆောင်ရွက်လျှင် ပိုမိုအောင်မြင်မည်။

ရွှေ၊ငွေ၊ ယာဉ် အပျက်အစီး အပျောက်အခိုးခံ၊ ကြုံတွေ့ရတတ်၏။

အပေါင်းအသင်းမှား၍ ဒုစရိုက်နှင့်မလွတ်ကင်းနိုင်သောကြောင့် သတိနှင့်ရှောင်ကြဉ်ရမည်။ အချစ်ရေးတွင် စန်းပွင့်သော်လည်း အိမ်ထောင်ရေးတွင် အလျင်စလိုမဆုံးဖြတ်သင့်၊ ပညာရေးတွင်အခွင့်လမ်းကောင်းများနှင့် ကြုံတွေ့နိုင်သည်။ တနင်္လာသားသမီးများ၏ ချစ်သူ၊ အိမ်ထောင်ဘက် ဗုဒ္ဓဟူး ဆိုလျှင် တကျက်ကျက် ပြဿနာကြီးကြီးမားမားကြုံတွေ့ရတတ်၏။ ကျန်းမာရေး ဦးနှောက်နှင့်ကျီးပေါင်းရောဂါ ခံစားရတတ်သည်။

၁၃၈၁ခု ကဆုန်လဆန်း (၆)ရက် တနလာၤနေ့ ယနေ့ နေ့စက်(၁း၁၂)နာရီလွန် ကလေးထမင်းခွံ့ နာမည့်မှည့်၊ ဝိဝါဟမင်္ဂလာ၊ စေ့စပ်၊ ရတနာနှင့် အဝတ်သစ်ဝတ်ဆင်ခြင်း၊ ရေတွင်း၊ ရေကန်တူးဖော်ခြင်း၊ အဝီစိတွင်းတူးခြင်း၊ စပ်တူရှယ်ယာလုပ်ခြင်း၊ ရေကြောင်း၊ လေကြောင်း ခရီးသွားခြင်းတို့ကောင်း၏။

ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် အရှေ့အရပ်မျက်နှာမှုကာ နှင်းဆီးပန်း ၃ပွင့် ဘုရားလှူပြီးသွားပါ။ အဖြူရောင် ၊ဆင်စွယ်ရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။

(၂၆) ရက်နေ့ ၁နွေနေ့ ည ၁ဝး၄၄ နောက်ပိုင်း ၁နွေနေ့

(၂၇) ရက်နေ့ ၂င်္လာနေ့ ည ၁၁း၃၅ မတိုင်မီ

(၂၈) ရက်နေ့ ၃ဂါၤနေ့ ည ၁၁း၃၆ နောက်ပိုင်း ၃ဂါၤနေ့

(၂၉) ရက်နေ့ ၄ဟူးနေ့ တနေ့လုံး ကောင်း၏။

(၃၀) ရက်နေ့ ၅တေးနေ့ ည ၁ဝး၅ဝ မတိုင်မီ ထိုရက်တွေ ထိုအချိန်ပိုင်းတွေ အထူးကောင်း၏။

အကျိုးပေးဂဏန်း - (၃.၈.ဝ)

အကျိုးပေးအရပ် - အနောက်

အကျိုးမပေးရှောင်ရန်အရပ် - အရှေ့

ယတြာ - မိမိနေနံဂြိုဟ် တနင်္လာနံဘုရားမှာ အရှေ့အရပ်မျက်နှာမှုကာ နှင်းဆီပန်း ၃ပွင့်၊ ကံကော်(၁၅)ညွန့် ကပ်လှူပြီး လိုရာဆုတောင်ပါ။

အင်္ဂါသားသမီး

အင်္ဂါသားသမီးများ ပန္နက်ရိုက်၊ ကျင်းတူး၊ တိုင်တူ၊ အိမ်သစ်ပြောင်းခြင်း ရှင်ပြု၊ ရဟန်းခံ၊ ပဉ္စင်းခံ ကုသိုလ်ကောင်းမှုများ အလှူအတန်းပြုလုပ်ရမည်။ ဖခင်ဂုဏ်သတင်းကျော်ဇော၍ သားသမီးများ၏ ဝိဝါဟမင်္ဂလာ၊ စေ့စပ် ဂုဏ်ရှိန်ကြီးမားသောအသိုက်အဝန်းမှဖူးစာဆုံခြင်း၊ နားဖောက်မင်္ဂလာပြုလုပ်ရခြင်းကြုံတွေ့ရတတ်၏။ အထက်လူကြီးထံမှစောင့်ရှောက်မှုရရှိမည်။ စစ်မှန်သောဖူးစာရှင်နှင့်ဆုံစည်းနိုင်၏။ အိမ်ထောင်သုခရခြင်း၊ အပန်းဖြေနေရာ ခရီးသွားရခြင်းနှင့် လက်ဆောင်များ ရရှိမည်။ ကြာသပတေးသောကြာ အကျိုးပေးမည်။ ရာဟု၊ ဗုဒ္ဓဟူးများနှင့် အကျိုးတူလုပ်ငန်းများရှောင်ကြဉ်သင့်သည်။ ပုဂ္ဂလိကလုပ်ငန်း ဝန်ထမ်းများရာထူးတိုးခြင်း၊ ကုမ္ပဏီရှယ်ယာလုပ်ငန်းများ အကျိူ းအမြတ်များ ရရှိမည်။

ပညာရေးတွင်ကြိုးစားသလောက်ထူးချွန်နိုင်၍ ကျန်းမာရေးအဆုတ် ဝေဒနာ၊ မကြာခဏ ခေါင်းကိုက်ဖြစ်ပွားနိုင်၏။

ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် အရှေ့အရပ်မျက်နှာမှုကာ ဇွန်ပန်းညွန့်၊ ဇော်စိမ်းညွန့် ဘုရားပူဇော်ပြီးသွားခြင်း၊ ရွှေအိုရောင်၊ ကြက်သွေးရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။

(၂၆) ရက်နေ့ ၁နွေနေ့ ည ၁ဝး၄၄ နောက်ပိုင်း ၁နွေနေ့

(၂၇) ရက်နေ့ ၂င်္လာနေ့ ည ၁၁း၃၅ မတိုင်မီ

(၂၈) ရက်နေ့ ၃ဂါၤနေ့ ည ၁၁း၃၆ နောက်ပိုင်း ၃ဂါၤနေ့

(၂၉) ရက်နေ့ ၄ဟူးနေ့ တနေ့လုံး ကောင်း၏။

(၃၀) ရက်နေ့ ၅တေးနေ့ ည ၁ဝး၅ဝ မတိုင်မီ ထိုရက်တွေ ထိုအချိန်ပိုင်းတွေ အထူးကောင်း၏။

အကျိုးပေးဂဏန်း - (၈.၅.၄)

အကျိုးပေးအရပ် - အရှေ့တောင်

အကျိုးမပေးရှောင်ရန်အရပ် - အနောက်မြောက်

ယတြာ - အိမ်ဘုရားမှ အရှေ့အရပ်မျက်နှာမူကာ ဇွန်ပန်းညွန့်၊ သို့ ဇော်စိမ်းညွန့်(၈)ညွန့် အသီး ၃မျိုး ဆွမ်းကပ်လှူလိုရာဆုတောင်းပါ။

ဗုဒ္ဓဟူးသားသမီး

ဗုဒ္ဓဟူးသားသမီးများ စက်မှုအိမ်ခြံမြေပညာရေးဝန်ဆောင်မှုလုပ်ငန်းတို့ အကျိုးပေးကောင်း၏။ လစ်ဟင်းသော စီမံခန့်ခွဲမှုကြောင့်အမြတ်အစွန်းနည်းခြင်း၊ ဆွေမျိုးသားခြင်းများနှင့် အကျိုးတူလုပ်ငန်းများ အကျိုးပေးနည်းခြင်းနှင့်လူမှုရေးရှုပ်ထွေးမှုများကြုံ တွေ့နိုင်၏။

လူမှုဆက်ဆံရေး၌ အပြောအဆိုမှားတတ် ၊အပေါင်း အသင်းမိတ်ဆွေများနှင့် စိတ်ဝမ်းကွဲတတ်၏။ ငွေကြေး၊ စီးပွားရေး ဝိသမလောဘနဲ့လုပ်မိပါက များစွာ ဆုံးရှုံးနစ်နာရလိမ့်မယ်။အစိုးရနဲ့ ဥပဒေနဲ့ ငြိစွန်းတာမျိုး လုပ်နေသူဖြစ်ပါက အထူးဂရုစိုက်သင့် ဒုက္ခတွေ့မယ့် အချိန်ပါပဲ။ လူငယ်များချစ်သူအပေါ် စိတ်ကုန်စိတ်ပျက်နေမိတတ်တယ်။

အိမ်ထောင်ရေးတွင် သဘောထားကွဲလွဲမှုများ မကြာခဏကြုံရတတ်သည်။

လွဲမှားသောဆုံးဖြတ်ချက်နှင့် သူတပါးပြစ်တင်ကဲ့ရဲ့မှုရှောင်နိုင်လျှင် အထူးအောင်မြင်မည်။ ဒေါသထိန်း၍ အများနှင့်လိုက်လျောညီထွေစွာ နေနိုင်လျှင်ကံကောင်းလိမ့်မယ်။

ကျန်းမာရေးကတော့ အထူးဂရုစိုက်စေချင်သည်။ အစားအသောက်ဆင်ခြင်ပါ။ ဝမ်းပျက်ဝမ်းလျော ဖြစ်တတ်သည်။

၁၃၈၁ခု ကဆုန်လဆန်း (၈)ရက် ဗုဒ္ဓဟူးနေ့ ယနေ့ ရေတွင်း၊ ရေကန်တူးဖော်ခြင်း၊ အဝီစိတွင်းတူးခြင်း၊ စေ့စပ်ခြင်းများအတွက် ကောင်း၏။ ညစက်(ရး၃၄)နာရီအတွင်း နှင့် ညစက်(၁ဝး၉)နာရီလွန် ဝိဝါဟမင်္ဂလာ၊ အိမ်ပြောင်း၊ အိမ်တက်ပြုလုပ်ခြင်းတို့ကောင်း၏။

ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် အိမ်ဘုရားမှာ ကြေးဖလားဖြင့် ရေတော်တစ်ခွက် ဘုရားပူဇော်ပြီးသွားခြင်း၊ စိမ်းပြာရောင်၊ ပန်းရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြု နိုင်သည်။

(၂၆) ရက်နေ့ ၁နွေနေ့ ည ၁ဝး၄၄ နောက်ပိုင်း ၁နွေနေ့

(၂၇) ရက်နေ့ ၂င်္လာနေ့ ည ၁၁း၃၅ မတိုင်မီ

(၂၈) ရက်နေ့ ၃ဂါၤနေ့ ည ၁၁း၃၆ နောက်ပိုင်း ၃ဂါၤနေ့

(၂၉) ရက်နေ့ ၄ဟူးနေ့ တနေ့လုံး ကောင်း၏။

(၃၀) ရက်နေ့ ၅တေးနေ့ ည ၁ဝး၅ဝ မတိုင်မီ ထိုရက်တွေ ထိုအချိန်ပိုင်းတွေ အထူးကောင်း၏။

အကျိုးပေးဂဏန်း - (၅.၂.၈)

အကျိုးပေးအရပ် - တောင်

အကျိုးမပေးရှောင်ရန်အရပ် - မြောက်

ယတြာ - အိမ်ဘုရားမှ *မေတ္တာသုတ်*ရွတ်ပွားပြီး ခရမ်းသီးသုတ် ဆွမ်းကပ်လှူ လိုရာဆုတောင်းပါ။

ကြာသပတေးသားသမီး

ကြာသပတေးသားသမီးများ လုပ်ငန်း စာပေ၊ သစ်သီး၊ ဆေး၊ ဆေးပစ္စည်းရောင်းဝယ်ရေး အကျိုးပေး၏။ အာဏာပိုင်အဖွဲ့စည်းများ၏ ကူညီမှုပံ့ပိုးမှုရရှိတတ်၏။ စပ်တူ စီးပွားမလုပ်ပါနှင့်။ ငွေကြေးအပေးအယူ သတိရှိသင့်တဲ့ အချိန်ကာလပါပဲ။ ပညာရေးမှာ ပညာရပ်အသစ်အသစ်တွေ ဆက်လက်ဆည်းပူးရမဲ့အချိန် ကာလပါပဲ။ အလုပ်ရှာနေသူများ ကြန့်ကြာနေတတ်သည်။ လက်ရှိအလုပ်ပေါ်စိတ်ကုန် စိတ်ပျက်မိနေတတ်သည်။ ပျိုရွယ်သူများ ချစ်ခင်စုံမတ်သူများ၍ အချစ်ရေးကံကောင်းပြီး ပျော်စရာတွေ ကြုံတွေ့ရတတ်သလို အိမ်ထောင်ရှင်တွေကတော့ ဇနီးသည်နှင့်သဘောထားကွဲလွဲခြင်း၊ ဇနီးဘက်မှဆွေမျိုးများနှင့် အချင်းများတတ်ပြီး လူလိမ်ငွေလိမ်ခံရမှုကြုံတွေ့နိုင်၏။ စီးပွားရေးအတွက် မောင်နှမ ဆွေမျိုးသားချင်းတို့၏ ငြိုငြင်မှုခံရသော်လည်း ၎င်းတို့မှ အကူအညီအထောက်အပံ့ပေးနိုင်သည်။

ကျန်းမာရေး နှလုံးအကြောအဆစ် ရောင်ရမ်းသောရောဂါဖြစ်ပွားနိုင်သည်။

ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာ ကိစ္စများအတွက် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။

(၂၆) ရက်နေ့ ၁နွေနေ့ ည ၁ဝး၄၄ နောက်ပိုင်း ၁နွေနေ့

(၂၇) ရက်နေ့ ၂င်္လာနေ့ ည ၁၁း၃၅ မတိုင်မီ

(၂၈) ရက်နေ့ ၃ဂါၤနေ့ ည ၁၁း၃၆ နောက်ပိုင်း ၃ဂါၤနေ့

(၂၉) ရက်နေ့ ၄ဟူးနေ့ တနေ့လုံး ကောင်း၏။

(၃၀) ရက်နေ့ ၅တေးနေ့ ည ၁ဝး၅ဝ မတိုင်မီ ထိုရက်တွေ ထိုအချိန်ပိုင်းတွေ အထူးကောင်း၏။

အကျိုးပေးဂဏန်း - (၇.၄.၅)

အကျိုးပေးအရပ် - မြောက်

အကျိုးမပေးရှောင်ရန်အရပ် -တောင်

ယတြာ - အိမ်ဘုရားမှ *ကံပွင့်ဂါထာ*ရွတ်ပွားပြီး ဆီထမင်းဆွမ်း ကပ်လှူ လိုရာဆုတောင်းပါ။

သောကြာသားသမီး

သောကြာသားသမီးများ နာမည်ဂုဏ်သတင်းကျော်ဇော်ခြင်းနှင့် ပညာရေးတွင် အခွင့်အလမ်းကောင်းများ ရှိတတ်ပြီး အများနှင့်မတူကြိုးစားမှုကြောင့် ရည်မှန်းချက်အောင်လိမ့်မည်။ ကုမ္ပဏီလုပ်ငန်း၊ အစုရှယ်ယာဝင်၊ ယာဉ်စက်ပစ္စည်း ရောင်းဝယ်လုပ်ငန်း၊ ကျောက်မျက်လုပ်ငန်း၊ ထီလုပ်ငန်း၊သတ္ထု ၊ ရေနံတို့ အကျိုးပေးလိမ့်မည်။ အိမ်ပြင်၊ အိမ်ဆောက်၊ အိမ်တက် အိမ်ပြောင်းပြုလုပ်ရတတ်။ မိမိရည်ရွယ်ထားသော အလှူ မင်္ဂလာ စလွယ်တင်၊ ရှင်ပြု၊ နားသ၊ စေ့စပ်၊ လက်ထက်ကိစ္စများ အကောင်အထည်ဖော်နိုင်လိမ့်မည်။ ပညာရေး ကြိုးစားဖို့လိုပြီး အချစ်ရေးမှာတော့ ချစ်သူနှစ်ဦး ကြား သဘောထားကွဲ၊ အထင်မြင်မှားများ နားလည်မှုရခြင်းနှင့် မိတ်ဆွေတစ်ဦးအကူညီကြောင့် အချစ်ရေး အဆင်ပြေလာမည်။ အပျာ်ခရီးသွားရာ မိမိဖုန်းကို ဂရုစိုက်ပါ ။ မေ့ကျန်ရာမှ ပြန်မရပဲ ဆုံးတဲ့အထိဖြစ်တတ်လို့ပါပဲ။ လောင်းကစားလုံးဝမလုပ်သင့်ပါ။ အသိသက်သေနေရာက အာမခံ လက်မှတ်ထိုး ခြင်းမျိုးရှောင်ပါ။ ကျန်းမာရေး အားနည်းယုတ်လျော့နိုင်တဲ့ကာလဖြစ်သလို ပြင်ပရောဂါတွေလဲ ကူးစက်လွယ်တဲ့အချိန်ပါပဲ။

၁၃၈၁ခု ကဆုန်လဆန်း (၁ဝ)ရက် သောကြာနေ့ ယနေ့ ဘုရားပင့်ဆောင်ခြင်း၊ နံနက်(၉း၃၅)နာရီအတွင်း ပန္နက်ရိုက်၊ တိုင်ထူ၊ အုတ်မြစ်ချ ရေကြောင်းခရီးသွားခြင်း၊ ဘဏ်စာရင်းဖွင့်ခြင်းတို့ ကောင်း၏။

ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် မြောက်အရပ်မျက်နှာမူကာ ဘုရားမှာ သရက်ညွန့် ကပ်လှူသွားခြင်းနှင့် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။

(၂၆) ရက်နေ့ ၁နွေနေ့ ည ၁ဝး၄၄ နောက်ပိုင်း ၁နွေနေ့

(၂၇) ရက်နေ့ ၂င်္လာနေ့ ည ၁၁း၃၅ မတိုင်မီ

(၂၈) ရက်နေ့ ၃ဂါၤနေ့ ည ၁၁း၃၆ နောက်ပိုင်း ၃ဂါၤနေ့

(၂၉) ရက်နေ့ ၄ဟူးနေ့ တနေ့လုံး ကောင်း၏။

(၃၀) ရက်နေ့ ၅တေးနေ့ ည ၁ဝး၅ဝ မတိုင်မီ ထိုရက်တွေ ထိုအချိန်ပိုင်းတွေ အထူးကောင်း၏။

အကျိုးပေးဂဏန်း - (၃.၅.၉)

အကျိုးပေးအရပ် - အရှေ့

အကျိုးမပေးရှောင်ရန်အရပ် - အနောက်

ယတြာ - အိမ်ဘုရားမှ *တရားဂုဏ်တော် ၆ပါး*ရွတ်ပွားပြိး ပဲထမင်းဆွမ်းကပ်လှူ လိုရာဆုတောင်းပါ။

စနသေားသမီး

စနေသားသမီးများ ကျောက်မျက်ရတနာ၊ ရေနံ၊ ဓါတ်သတ္တု ၊ ရွေ၊ သဘာဝဓါတ်ငွေ့များ စတင်ခြင်း၊ လုပ်ငန်းသစ်စတင်ခြင်း၊ အနုပညာလုပ်ငန်းစတင်ခြင်း၊ ဆိုင်သစ်ဖွင့်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း ကောင်း၏။ အကျိုးထူးမည်။ မိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီလဲရပါလိမ့်မယ်။ စီးပွားရေးအတွက် ပြည်ပခရီးသွားလာခြင်းများ ကြုံမည်။ နယ်စပ်ဒေသ အရောင်းအဝယ်ကိစ္စများ အခက်ခဲများနှင့် ရင်ဆိုင်ရမည်။ ပြည်ပလုပ်ကိုင်နေသူများ အလုပ်ရှင်သူဌေးများနဲ့ ပြဿနာများ ဖြေရှင်းရတတ်သည်။ လုပ်အားခငွေ အပြည့်အဝမရတာ၊ အမိမွေးရပ်မြေ မပြန်နိုင်တာမျိုးကြုံတွေ့ရတတ်သည်။

အချစ်ရေးတွင်စန်းပွင့်နေလိမ့်မည်။ အချစ်ရေးကတော့ အကောင်းဘက်ကို များပါတယ်။ ချစ်လွန်းအားကြီးပြီး သဝန်တိုတဲ့ကိစ္စတွေပေါ်လာရင်တော့ ပြဿနာဖြစ်ရ တတ်ပါတယ်။ အိမ်ထောင်ရှင်မများထံ သတင်းကောင်းနှင့် ပြည်ပ မိသားစုများထံမှာ ငွေကြေးအမြောက်များ ပိုလိမ့်မည်။ ကျန်းမာရေး အညံ့မရှိပါ။ သို့သော် တခြားသူမှာ အဖျားကူးတာမျိုးအထူး သတိထားပြုပါ။

၁၃၈၁ခု ကဆုန်လဆန်း (၁၁)ရက် စနေနေ့ ယနေ့ နံနက်(ရး၄၅)နာရီလွန် အဓိဌာန်ဝင်ခြင်း၊ ပဉ္စင်းခံ၊ စေ့စပ်၊ လက်ထပ်၊ ထီထိုး၊ ကလေးထမင်းခွံ့၊ နာမည့်မှည့်၊ မြေသန့်မင်္ဂလာ၊ ဆိုတ်ဘုတ်တင်ခြင်း၊ အစုရှယ်ယာဝင်ခြင်း၊ အိမ်ပြောင်းခြင်း တို့ ကောင်း၏။

ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် အနောက်အရပ်မျက်နှာမှုကာ နှင်းဆီပန်း၊ သို့ ဒန်းညွန့်(၅)ညွန့်ဘုရားကပ်လှူသွားခြင်းနှင့် မီးခိုးရောင်၊ နံ့သာရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။

(၂၆) ရက်နေ့ ၁နွေနေ့ ည ၁ဝး၄၄ နောက်ပိုင်း ၁နွေနေ့

(၂၇) ရက်နေ့ ၂င်္လာနေ့ ည ၁၁း၃၅ မတိုင်မီ

(၂၈) ရက်နေ့ ၃ဂါၤနေ့ ည ၁၁း၃၆ နောက်ပိုင်း ၃ဂါၤနေ့

(၂၉) ရက်နေ့ ၄ဟူးနေ့ တနေ့လုံး ကောင်း၏။

(၃၀) ရက်နေ့ ၅တေးနေ့ ည ၁ဝး၅ဝ မတိုင်မီ ထိုရက်တွေ ထိုအချိန်ပိုင်းတွေ အထူးကောင်း၏။

အကျိုးပေးဂဏန်း - (၂.၈.၇)

အကျိုးပေးအရပ် - အနောက်တောင်

အကျိုးမပေးရှောင်ရန်အရပ် - အရှေ့မြောက်

ယတြာ - အိမ်ဘုရားမှာ *သမ္ဗုဒ္ဓေဂါထာ*ရွတ်ပွားပြိး ထမနဲ ဆွမ်းကပ်လှူ လိုရာဆုတောင်းပါ။

ရာဟုသားသမီး

ရာဟုသားသမီးများသည် ဂုဏ်ဒြပ်ကျော်ဇော်ခြင်း၊ စီးပွားရေးတွင် အခွင့်အလမ်းကောင်းများနှင့်ကြုံတွေ့ရမည်။ တနင်္ဂနွေ၊ သောကြာသားသမီးတို့ အကျိုးပေးကောင်း၏။ ပညာရေးဝန်ဆောင်မှုလုပ်ငန်း အကျိုးပေးအံ့။

သစ်သီး၊ ခရီးသွားလုပ်ငန်း၊ ရေလုပ်ငန်း အကျိုးမြတ်ရရှိမည်။ မထင်မှတ်ထားသောနေရာမှ ငွေအစုလိုက် အပြုံလိုက် ဝင်ကိန်းရှိသည်။ ငွေကြေးကိစ္စမှာ အသုံးထက် အဖြုန်း များနေတတ်ပါတယ်။ ကျောက်မျက်ရတနာရွှေငွေ အယုံကြည်ပေး မလွဲနှင့် မိမိရှေ့မှာလုပ်ငန်းပြုလုပ်ပါ။ မိမိကွယ်ရာမပြုလုပ်ပါနှင့်။ လူယုံလွယ်မှုကို သတိထားဆင်ခြင်သင့်သည်။ အချစ်ရေးကံကောင်းနေတဲ့အချိန်ပါ။ ပျော်စရာကောင်းတဲ့ အချိန်တွေကိုဖြတ်သန်းရမဲ့ ချစ်ခရီးလမ်းပါ။ အိမ်ထောင်ရေးတွင်မကြာခဏငြင်းပွားရတက်၏။

ကျန်းမာရေး ခါး ဒူး မျက်စိ ဝေဒနာခံစားရတတ်သည်။

၁၃၈၁ခု ကဆုန်လဆန်း (၈)ရက် ယနေ့ ရေတွင်း၊ ရေကန်တူးဖော်ခြင်း၊ အဝီစိတွင်းတူးခြင်း၊ စေ့စပ်၊ ညစက်(ရး၃၄)နာရီအတွင်း နှင့် ညစက်(၁ဝး၉)နာရီလွန် ဝိဝါဟမင်္ဂလာ၊ အိမ်ပြောင်း၊ အိမ်တက်ပြုလုပ်ခြင်းတို့ကောင်း၏။

ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် အိမ်ဘုရားမှာ ကြေးဖလားဖြင့် ရေတော်တစ်ခွက် ဘုရားပူဇော်ပြီးသွားခြင်း၊ စိမ်းပြာရောင်၊ ပန်းရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြု နိုင်သည်။

(၂၆) ရက်နေ့ ၁နွေနေ့ ည ၁ဝး၄၄ နောက်ပိုင်း ၁နွေနေ့

(၂၇) ရက်နေ့ ၂င်္လာနေ့ ည ၁၁း၃၅ မတိုင်မီ

(၂၈) ရက်နေ့ ၃ဂါၤနေ့ ည ၁၁း၃၆ နောက်ပိုင်း ၃ဂါၤနေ့

(၂၉) ရက်နေ့ ၄ဟူးနေ့ တနေ့လုံး ကောင်း၏။

(၃၀) ရက်နေ့ ၅တေးနေ့ ည ၁ဝး၅ဝ မတိုင်မီ ထိုရက်တွေ ထိုအချိန်ပိုင်းတွေ အထူးကောင်း၏။

အကျိုးပေးဂဏန်း - (၂.၈.၅)

အကျိုးပေးအရပ် - တောင်

အကျိုးမပေးရှောင်ရန်အရပ် - မြောက်

ယတြာ - မွေးနံ နံနက် (၉း၂၇) ရာဟုနံဘုရား စိမ်းပြာ၊ ပန်းရောင်ဝတ်ဆင်ပြီး မြတ်လေးပန်း (၉) ပွင့် ကပ်လှူ ဆုတောင်းပါ။

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..