သိပ္ပံပညာအရအတည်ပြုထားတဲ့ ဒီဇင်ဘာလဖွားတို့ရဲ့ ထူးခြားချက် ၆ ချက်
shwemom.com
|
2018-12-04

နှစ်တစ်နှစ်ရဲ့အအေးချမ်းဆုံးလတစ်လဖြစ်တဲ့ ဒီဇင်ဘာမှာ မွေးဖွားသူလေးတွေကတော့ တခြားသူတွေနဲ့ မတူ၊ ထူးခြားချက်တွေကို ပိုင်ဆိုင်ထားကြသူတွေဖြစ်ပါတယ်။ ပြီးတော့ ဒီထူးခြားချက်တွေကလည်း သာမန်မဟုတ်ဘဲ သိပ္ပံပညာရှင်တွေကကို မှန်ကန်ကြောင်းအတည်ပြုထားကြတာပါ။

ဖေဖေ မေမေတို့အတွက် ခရစ္စမတ်လက်ဆောင်၊ နှစ်သစ်လက်ဆောင်လေးတွေ ဖြစ်ကြတဲ့ ဒီဇင်ဘာဖွားတွေရဲ့ ထူးခြားချက်တွေကတော့..


Shutterstock

(၁) မနက်စောစောထ ညစောစောအိပ်တတ်သူလေးတွေ..အီတလီနဲ့ စပိန်မှ တက္ကသိုလ်ကျောင်းသားတွေရဲ့ သုတေသနပြုချက်အရ ဒီဇင်ဘာဖွားတွေဟာ နွေရာသီမှာ မွေးသူတွေထက် မနက်ပိုစောစော ထတတ်ကြသူတွေဖြစ်ပါတယ်တဲ့။အခြားလေ့လာချက်များမှာဆိုရင်လည်း ဒီဇင်ဘာဖွားတွေဟာ ညဘက်ဆို စောစောအိပ်ပျော်တတ်ကြသူတွေ ဖြစ်တယ်လို့ ဖော်ပြထားတာတွေ ရှိပါတယ်။


Shutterstock

(၂)အတန်းထဲမှာအသက်ငယ်ဆုံးတွေ.. ကျောင်းဖွင့်ရာသီနဲ့အနည်းငယ် ကွာနေတဲ့ ဒီလမှာ မွေးသူတွေကို မိဘတွေကအသက်ပြည့်ဖို့ လပိုင်းအလိုမှာ ကျောင်းစောထားတတ်ကြတာကြောင့်အတန်းထဲကအသက်ပြည့်သူတွေထက်အမြဲပိုငယ်နေတတ်ကြပါတယ်။အသက်ငယ်ပေမယ့်လည်းအတန်းထဲမှာအမြဲ ပိုထက်မြက်ကြတာ ဒီဇင်ဘာဖွားတွေပါ။


Shutterstock

(၃) သွားဆရာဝန် ဖြစ်လာသူတွေ.. ယူကေမှာ စစ်တမ်းကောက်ယူမှုအရ ဒီဇင်ဘာလမှာ မွေးသူတွေထဲက တော်တော်များများဟာ သွားဆရာဝန် ဖြစ်လာတတ်ကြပါတယ်တဲ့။ ဒါကြောင့် သင့် သားသားမီးမီးလေးတွေကိုလည်း ဒီဇင်ဘာမှာ မွေးထားတယ်ဆိုရင် သွားဆရာဝန်ဖြစ်လာအောင်အားပေးရင်အားပေးလိုက်နော်။


Shutterstock

(၄) ဘယ်သန်များ.. ဘယ်သန်အများစုက ဒီဇင်ဘာမှာ မွေးဖွားသူတွေ ဖြစ်ကြပါတယ်တဲ့။ သြစတြီးယားရှိ ဗီယင်နာ တက္ကသိုလ်က လူပေါင်း ၁၃,၀၀၀ ကို စစ်တမ်းကောက်ခဲ့တဲ့ သုတေသနအရအမျိုးသမီး ၇.၅ ရာခိုင်နှုန်းနဲ့အမျိုးသား ၈.၈ ရာခိုင်နှုန်းတို့က ဘယ်သန်များ ဖြစ်ကြပြီး ထိုသူတွေထဲကအများစုက နိုဝင်ဘာလနဲ့ ဇန်နဝါရီလကြား မွေးသူတွေလည်း ဖြစ်တဲ့အတွက် ဘယ်သန်များစွာဟာ ဒီဇင်ဘာဖွားတွေ ဖြစ်နေကြတာပါ။


Shutterstock

(၅)အားသာချက်ကိုယ်စီနဲ့ ဓနုရာသီဖွားနဲ့ မကာရရာသီဖွားများ.. ဒီဇင်ဘာအစောပိုင်းမှာ မွေးသူတွေက ဓနုရာသီဖွားတွေ ဖြစ်ကြပြီး ဒီဇင်ဘာနှောင်းပိုင်းမှာ မွေးသူတွေက မကာရတွေပါ။ ဓနုရာသီဖွားတွေ သွက်လက်တက်ကြွကာ ခရီးသွား ဝါသနာပါသူတွေဖြစ်ကြပြီး မကာရဖွားတွေကတော့ ဆုံးဖြတ်ချက် ပြတ်သားကာအကူအညီ ရက်ရောသူလေးတွေ ဖြစ်ကြပါတယ်။

(၆)အသက်ရှည်သူလေးတွေ.. နှစ်တစ်နှစ်ရဲ့ ပျော်ရွှင်အေးချမ်းတဲ့အားလပ်ရက်ရာသီမှာ မွေးဖွားသူလေးတွေကအသက်လည်း ၁၀၀ နီးပါးအထိ နေနိုင်ကြသူတွေ ဖြစ်ပါတယ်တဲ့။

Ref: Motherly




Some text some message..