
ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၃-၅-၂၀၂၀ ) မှ ( ၉-၅-၂၀၂၀) အထိဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေသားသမီး
ငွေလုပ်ငန်း၊ ငွေချေးငှားခြင်းလုပ်ငန်းများ ပြဿနာဖြစ်ခြင်း၊ အချင်းချင်း အနီးကပ်လူတွေရဲ့ ဒုက္ခပေးခြင်းခံရမည်။ ကျောက်မျက်ရတနာ ရွှေငွေ အယုံကြည်ပေး မလွဲနှင့် မိမိရှေ့မှာ လုပ်ငန်းပြုလုပ်ပါ မိမိကွယ်ရာမပြုလုပ်ပါနှင့်။ ပျိုရွယ်သူများ အဆိုးနှင့်အကောင်း ဒွန်တွဲပြီး အချစ်ရေးကို ဖြတ်သန်းရမည်။ အချစ်ရေးမှာ ချစ်သူနဲ့ အနေဝေးဖို့အကြောင်းဖန်လာလိမ့်မယ်။
အပျို၊ လူပျိုများ မလွပ်လပ်သူများနှင့်ငြိစွန်းလွယ်တတ်သည့်အတွက် သတိပြုသင့်။
မိဘအသိုင်းအဝိုင်းက သဘောမတူသောသူနှင့် အိမ်ထောင်ကျတတ်ပါသည်။ အိမ်ထောင်ပြုရန်ကိစ္စတွင် အထစ်အငေါ့ အနှောင့်အယှက် များတတ်ပါသည်။
လက်အောက်ငယ်သားကြောင့် မိမိလုပ်ငန်း ထိခိုက်တာမျိုး ကြုံတွေ့ရတတ်သည်။
ပညာရေးဝန်ထမ်းလောကသားများ အထက်အကြီးအကဲနှင့် အဆင်မပြေဖြစ်နေတတ်ပြီး လက်အောက်ငယ်သားအချင်းချင်း မနာလိုတိုက်ခိုက်မှု ခံရမည်။ ရတနာပစ္စည်း စူးစမ်းရှာဖွေခြင်း၊ ထီလုပ်ငန်း၊ ကုန်ပစ္စည်းလုပ်ငန်း၊ စာပေဖြန့်ချိခြင်းလုပ်ငန်းတို့ အကျိုးပေး၏။ ၂၀၂၀-ခု မေလ (၃)ရက် ဝါရမိတ္ထု ၁၃၈၂ခု ကဆုန်လဆန်း (၁၂)ရက် တနနွေနေ့ နံနက်(၉း၄၄)နာရီအတွင်း ရှင်ပြု၊နားသ၊ စေ့စပ်၊ လက်ထပ် ပန္နက်ရိုက်၊ တိုင်ထူ၊ လှေကားတင်၊ ထီထိုး၊ တရားစီရင်ခြင်း၊ ရတနာပစ္စည်း စူးစမ်းရှာဖွေ့ခြင်း၊ ရေကြောင်း၊ လေကြောင်းခရီးသွားခြင်း တို့ကောင်း၏။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ဘုရားမှာ အုန်းညွန့်၊သပြေညွန့် (၇)ညွန့် ပူဇော်ပြီးသွားပါ။
အကျိုးပေးဂဏန်း - (၃.၅.၄)
အကျိုးပေးအရောင် - လိမ္မော်၊ ပန်းရောင်
အကျိုးပေးအရပ် - အရှေ့မြောက်
အကျိုးမပေးရှောင်ရန်အရပ် - အနောက်တောင်
ယတြာ - မိမိမွေးနေ့တွင် နံနက်(၉း၄၄)နာရီအတွင်း အုန်းညွန့်၊ သပြေညွန့်(၇)ညွန့်နှင့် အုန်းရည်တစ်ခွက်၊ သကြားတစ်ခွက် ကပ်လှူ လိုရာဆုတောင်းပါ။
တနင်္လာသားသမီး
အလုပ်အကိုင်တွေ ကောင်းလာနိုင်ပြီး ငွေကြေးကံကတော့ ပုံမှန်ထက် ကောင်းလာမှာပါ။ အလုပ်တွေက များသလောက် အဆင်ပြေပါမယ်။ အကူအညီတွေလည်း ရလာပါမယ်။ ရတနာပစ္စည်းတွေလည်း လက်ဆောင်ရတတ်သည်။ အချစ်ရေးနှင့်ပတ်သက်သည့် အကြံအစည် ရည်ရွယ်မှုများ အောင်မြင်မည်။ လူငယ်၊ လူရွယ်၊ ပျိုရွယ်သူတွေအနေနဲ့စန်းပွင့်နေချိန်ပါပဲ။ ချစ်သူက အသစ်ရသွားတတ်သည်။ မေတ္တာရေးတွင် နှလုံးသားထက် ဦးနှောက်ကို ဦးစားပေးလျှင် ပိုအဆင်မည်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်၏ ဂရုစိုက်ခြင်း၊ အလိုလိုက်ခြင်း၊ ကောင်းကျိုးပြုခြင်းကို ခံရမည်။ ကျန်းမာရေး - ဆီးကျောက်ကပ်နှင့် ပတ်သက်သော ဝေဒနာတွေခံစားရတတ်ပါတယ်။ ၂၀၂၀-ခု မေလ (၄)ရက်
၁၃၈၂ခု ကဆုန်လဆန်း (၁၃)ရက် တနင်္လာနေ့ နံနက်(၉း၄၄)နာရီအတွင်း စလွယ်တင်၊ ရှင်ပြု၊ နားသ၊ စေ့စပ်၊ လက်ထက် ပန္နက်ရိုက်၊ တိုင်ထူ၊ ကျောက်သွေးလောင်း၊ ဘုရားပင့်၊ သိဒ္ဓိတင်၊ ထီးတင်၊ သီးနှံစိုက်ပျိုး၊ ပျိုးကြဲ၊ ရိတ်သိမ်းခြင်း တို့ကောင်း၏။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် သံပုရာသီးတစ်လုံးဆောင် သွားပါ။
အကျိုးပေးဂဏန်း - (၃.၅.၉)
အကျိုးပေးအရောင် - မီးခိုးနှင့်မရမ်းရောင်
အကျိုးပေးအရပ် - အနောက်
အကျိုးမပေးရှောင်ရန်အရပ် - အရှေ့
ယတြာ - စေတီဘုရားတစ်ဆူမှာ နံနက်(၉း၄၄)နာရီအတွင်း စံပယ်၊ သနပ်ခါးညွန့်နှင့် သံပုရာသီး (၃)လုံး ကပ်လှူ ဆုတောင်းပါ။
အင်္ဂါသားသမီး
အတိတ်ကံကိုအကြောင်းပြုပြီး ငွေအစုလိုက်အပုံလိုက်ရခြင်း၊ အိမ်ပြောင်း၊ အခန်းသစ်ပြောင်းခြင်းတို့ ပြုလုပ်ရတတ်သည်။ ဝန်ထမ်းဖြစ်လျှင် ရာထူး တတ်ခြင်း၊အခြေအနေ အဆင့်အတန်း မြင့်မားခြင်းများကြုံမည်။ လုပ်ငန်း၊ အလုပ်အကိုင်များ မိတ်ဆွေတစ်ဦး အကူညီကြောင့် လည်ပတ်လာပါမယ်။ အောက်လက်ငယ်သားရော အထက်လူကြီးပါ သင့်ကိုကူညီမှုတွေ ပေးပါလိမ့်မည်။ ငွေကြေးရလမ်း ရှိပေမယ့် ထင်သလို မရိုးရှင်းဘူး။ အများနဲ့ တွဲလုပ်ရတဲ့ အလုပ်တွေဆို ပိုလို့တောင် ဂရုစိုက်ရမယ်။ အချစ်ရေးကိစ္စမှာတော့ ပျော်စရာတွေ ကြည်နူးစရာတွေ ပိုများလာဖို့ ရှိနေပါတယ်။ အိမ်ထောင်ရေး အနည်းငယ်ညံ့မည်။ အိမ်ထောင်ရှင်များ ဘေးလူအနှောက်အယှက်ကြောင့် တစ်ဦးနှင့်တစ်ဦး နားလည်မှုလွဲပြီး ဒေါသကိုရှေ့ထားကာ စကားများ၊ ရန်ဖြစ်ရတတ် ကွဲရတတ်ပါသည်။ ကျန်းမာရေး ထွေထွေထူးထူး မရှိပါ။
၂၀၂၀-ခု မေလ (၅)ရက် ၁၃၈၂ခု ကဆုန်လဆန်း (၁၄)ရက် အင်္ဂါနေ့ ယနေ့ ရှင်ပြု၊နားသ၊ စေ့စပ်၊ လက်ထပ် ညစက်(၁၀း၃၅) နာရီအတွင်း ဝိဝါဟမင်္ဂလာ ပြုလုပ်ခြင်းကောင်း၏။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် ကံကော်ညွန့် ဆောင်သွားပါ။
အကျိုးပေးဂဏန်း - (၈.၇.၄)
အကျိုးပေးအရောင် - အဖြူရောင်
အကျိုးပေးအရပ် - အရှေ့တောင်
အကျိုးမပေးရှောင်ရန်အရပ် - အနောက်မြောက်
ယတြာ - အိမ်ဘုရားစင်မှာ နံနက်(၁၀း၃၅)နာရီအတွင်း ကံကော်ညွန့်(၂)ညွန့်၊ စိန်ပန်းညွန့်(၃)ညွန့်၊ ရွက်လှညွန့်(၄)ညွန့်နှင့် ဇီးဖျော်ရည် ကပ်လှူ ဆုတောင်းပါ။
ဗုဒ္ဓဟူးသားသမီး
ဆင်းတုတော်၊ ဘုရားပုံတော်များဝင်လာခြင်းနှင့် မမြင်ဖူး၊မမက်ဖူးသော ရဟန်းသာမဏေ အိမ်မက်နှင့် ရပ်ဝေးရဟန်း အိမ်တွင်ကြွလာခြင်းများကြုံရလျှင် အလှူပြုပါ။ ထီထိုးပါ။ ၅ စ.၄ အလယ်. ၁အပိတ် ထီထိုးပါ။ ဘုရားတည်၊ ထီးတင်၊ ဘုရားပင့်ဆောင်ခြင်း၊ ဝိဝါဟမင်္ဂလာ
ပြုလုပ်ခြင်း၊ လှေကားတင်၊ အိမ်ပြောင်း၊ အခန်းသစ်ပြောင်းခြင်း ၊ နာမည်မှည့်၊ ထီထိုးခြင်းတို့ကောင်း၏။ သက်ရှိသက်မဲ့အားလုံးနှင့် ကံတရား၏ မျက်နှာသာပေးခြင်း
ကို ခံရခြင်း အလှူအတန်းနှင့် ဝိဝါဟမင်္ဂလာကိစ္စများဖြစ်ပေါ်လာနိုင်သည်။ ချစ်ရေးရာတွင် မိမိရည်ရွယ်ထားသူ ချစ်သူကို အချစ်ရေးဆိုခြင်းအောင်မြင်ခြင်းနှင့် ချစ်သူနှင့်
အပန်းဖြေခရီးဝေးသွားရပြီး ပျော်ရွှင်ရပါလိမ့်မည်။ အိမ်ထောင်ရေး အသင့်တင့်ကောင်းမွန်ပြိး သားသမီးကြောင့်စိတ်ချမ်းမြေ့ရမည်။ ရွှေဝင်လိမ့်မည်။ အထူးအားဖြင့် ရောင်းဝယ် ဖောက်ကားသူများ ရန်တွေ့ခံရခြင်း၊ အရောင်းအဝယ်၌ ပြဿနာအကြီးအကျယ်နှင့် ဥပဒေနှင့် ညိစွန်းသောပစ္စည်းတွေ့ရှိခြင်း၊ ချောက်တွန်းခံရခြင်း ဖြစ်ပေါ်လာတတ်သည်။
ကျန်းမာရေးအနေနဲ့ အရေပြားရောဂါ၊ ကျောက်ပေါက် ဖြစ်ပွားနိုင်၏။ ၂၀၂၀-ခု မေလ (၆)ရက် လူပြည်ပြဿဒါး ၁၃၈၂ခု ကဆုန်လဆန်း (၁၅)ရက် လပြည့်နေ့ ဗုဒ္ဓဟူးနေ့ ဘုရားအနေကဇာတင်၊ ထီးတင်၊ ကျောက်ဆစ်ထုခြင်း၊ အဝီစိတွင်းတူး၊ ထွန်ချ၊ ပျိုးကြဲ၊ မျိုးစေ့ချခြင်း တို့ကောင်း၏။ (နရသီဟပူဇာ) (ညောင်ရေသွန်းပွဲ) ပြုလုပ်သင့်
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ဂန္ဓမာပန်း(၃)ပွင့် ဘုရားပူဇော်ပြီး သွားပါ။
အကျိုးပေးဂဏန်း - (၅.၄.၁)
အကျိုးပေးအရောင် - လိမ္မော်နှင့်နို့နှစ်ရောင်
အကျိုးပေးအရပ် - တောင်
အကျိုးမပေးရှောင်ရန်အရပ် - မြောက်
ယတြာ - အိမ်ဘုရားမှာ နံနက်(၉းဝဝ)နာရီ မေမြို့ပန်း(၅)ပွင့် ဂန္ဓမာပန်း(၃)ပွင့်နှင့် လိမ္မော်ရည်ဖျော်ရည် ကပ်လှူ ဆုတောင်းပါ။
ကြာသပတေးသားသမီး
အလုပ်စီးပွားတိုးတက်အဆင်ပြေမယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ တိုးတက်မည်။ မိမိဆိုင်လုပ်ငန်းများ မိမိလုပ်ငန်း လူစည်ကားမည်။ ဆွေမျိုးအသိုင်းအဝိုင်းထံမှ အကူအညီ အထောက်အပံ့ရမည်။ အလှူအတန်းများ ဒါနကုသိုလ်ပြုနိုင်မည်။ အပေါင်းသင်း မိတ်ဆွေများ တိုးပွားခြင်း၊ လူမှုရေးပရဟိတ အထူးလုပ်ဆောင်ရ၍ တနင်္လာ၊ ဗုဒ္ဓဟူးမွေးတို့နှင့် အကျိုးပေးကောင်းပြီး အင်္ဂါနှင့်အကျိုးတူရှောင်သင့်၏။ မြေ ၊အိမ်၊ စက်ပစ္စည်းနှင့် တနင်္လာနံငွေကြေးနဲ့ ပတ်သက်ပြီး စကားများ အမှုအခင်း ကြုံတွေ့ခြင်းမျိုး ရှိတတ်ပါတယ်။ အထူးသတိထားပါ။ အထူး - ထမင်းဟင်း အရောင်းဆိုင်များ၊ အထည်အလိပ်၊ ဖျော်ဖြေရေးစင်တာလုပ်ငန်း၊ KTV. Karaok စားသောက်ဆိုင်လုပ်ငန်းများရပ်တန့်ပြီး အဆုံးရှုံးနှင့် အကျိုးမြတ်နည်းမည်။ အပေါင်းသင်းတို့ထံမှ ငွေကြေးနှင့်လုပ်ငန်းအထောက်အပံ့ရရှိတတ်သည်။
ချစ်သူကြောင့် စိတ်ဆင်းရဲငိုကြွေးနေရမည်။ ချစ်သူရဲ့ အပြစ်ပြောဆိုခြင်း၊ မိမိအချစ်ကို ဥပေက္ခာပြုခြင်းခံရမည်။ အိမ်ထောင်ရေးတွင် မကြိုက်နှစ်သက်ဘဲ မိဘ၊အဖေ အကိုတွေရဲ့ စီစဉ်မှုဖြင့် စေ့စပ်မင်္ဂလာပြုရခြင်းနှင့် လျှင်မြန်စွာလက်ထပ်ပေးခြင်းတို့ ကြုံတွေ့ရတတ်သည်။
ကျန်းမာရေး အထူးကောင်း၏။ သို့သော် မိမိရင်သွေးငယ်များ ကျန်းမာရေးချို့တဲ့ခြင်းအတွက် စိတ်ပူရမည်။ ယာယီပါ၊ပြန်ကောင်းလာအံ့။ ၂၀၂၀-ခု မေလ (၇)ရက် ရက်ရာဇာ ၁၃၈၂ခု ကဆုန်လဆုတ် (၁)ရက် ကြာသပတေးနေ့ ဘုရားပင့်၊ထီးတင်၊ နာမည်မှည့်၊ဆေးဖော်၊ ဆေးခန်းဖွင့်ခြင်း၊ ရေတွင်းရေကန်တူးဖော်ခြင်း၊အဝီစိတွင်းတူးခြင်း၊ တံတားပြုပြင်ခြင်း၊ အစုရှယ်ယာဝင်ခြင်းနှင့် ဘဏ်စာရင်းဖွင့်ခြင်း တို့ကောင်း၏။
(ဂန်ဓဆှေရီပူဇာ)
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် သပြေညွန့်ဆောင်သွားပါ။
အကျိုးပေးဂဏန်း - (၂.၄.၇)
အကျိုးပေးအရောင် - အဝါနှင့်ကြည်ပြာရောင်
အကျိုးပေးအရပ် - မြောက်
အကျိုးမပေးရှောင်ရန်အရပ် - တောင်
ယတြာ - ဘုရားမှာ ထီးဖြူ (၅)လက်နှင့် သစ်ခွပန်း၊ပိန်းပန်း၊သပြေညွန့်၊ နွားနို့ဆွမ်း ကပ်လှူ လိုရာဆုတောင်းပါ။
သောကြာသားသမီး
ကိုယ်ကို မလေးစာတဲ့လူတွေတောင် ကြည်ညိုလေးစားလာတတ်သည်။ စက်တွေ ရွှေ၊ ငွေ၊ စိန်၊ ကျောက်ရတနာ ဝင်လာမည်။ အမှုကိစ္စကြုံရသူတွေ အမှုအခင်းနိုင်ပါတယ် မိမိအား ပြသနာလုပ်နေသူများရှိလျှင် အဆင်ပြေသွားလိမ့်မည်။ ဗုဒ္ဓဟူးသားသမီးတွေကြောင့် စိတ်သောက အပူပင် ရတတ်သည်။ စကားမှားမှုကြောင့် အထင်လွဲခံရတတ်သည် ။
ဗုဒ္ဓဟူးသားသမီးများ ၊ နာမည်တွင် "ယရလဝ" ပါသောသူများ၊ လူမျိုးခြားဘာသာခြားနှင့် နိုင်ငံရပ်ခြားနှင့်ပက်သက်သူများ ဝင်ရှုပ်ခြင်း၊ အချစ်ရေးအဆင်မပြေဖြစ်နေတတ်သည်။
ပိတ်စလုပ်ငန်း၊ အဝတ်အထည်ယက်လုပ်ငန်း၊ အိမ်ခြံမြေရောင်းဝယ် အကျိုးပေး၏။
အိမ်ထောင်သာယာ၍ သားသမီးကြောင့်စိတ်ချမ်းမြေ့ရမည်။ အထက်လူကြီးများ၏ ချီးမြှင့်မြှောက်စားမှု ခံရတတ်ပါသည်။ ကျန်းမာရေး အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်ပွားနိုင်သည်။ ကိုယ်ခန္ဓာနွမ်းပင်ပန်းနေတတ်သည်။ ၂၀၂၀-ခု မေလ (၈)ရက် ရက်ရာဇာ
၁၃၈၂ခု ကဆုန်လဆုတ် (၂)ရက် သောကြာနေ့ ဘုရားအနေကဇာတင်၊ နားသ၊ ပဉ္စင်းခံ၊ နှင့် စေ့စပ်၊ လက်ထပ်၊ ရတနာရောင်းဝယ်ခြင်း၊ ရေကြောင်းခရီးသွားခြင်း တို့ကောင်း၏။
(ဝိဝါဟမင်္ဂလာအတွက် ယုဂ်မလွတ်ပါ)
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် သရက်ညွန့်ဆောင် သွားပါ။
အကျိုးပေးဂဏန်း - (၃.၇.ဝ)
အကျိုးပေးအရောင် - အညိုနှင့်လိမ္မော်ရောင်
အကျိုးပေးအရပ် - အရှေ့
အကျိုးမပေးရှောင်ရန်အရပ် - အနောက်
ယတြာ - အိမ်ဘုရားမှ အဖြူရောင်နှင်းဆီပန်း(၃)ပွင့် သို့ စံပယ်ပန်း(၂၁)ကုံး သံပုရာဖျော်ရည် ကပ်လှူ ဆုတောင်းပါ။
စနသေားသမီး
ကံနိမ့်နေတဲ့ ကာလ ဖြစ်လို့ အစစအရာရာ သတိထားပါ။ ငွေရေးကြေးရေးမှာ စိတ်ညစ်စရာလေးတွေ ပေါ်လာတတ်တယ်။ ပြောရဆိုရ ရှင်းရမယ်။ တစ်ခုအကြံပေးချင်တာက ဒိကာလမှာကိုယ်အလုပ်ကို ကြိုးစားပြီးလုပ်ပါ။ စက်ယာဉ်အဖမ်းအစီးခံရတတ်။ မိမိ အာဏာအခွင့်အရေးကို အလွဲသုံးစား မပြုမိစေရန်သာ အရေးကြီးသည်။ သတိပြုရမှာက အပေးအယူတွေ မရှုပ်ဖို့၊ လူလိမ် သတိထားဖို့ပါပဲ။ ကျောက်အတု၊ ရွှေရည်စိမ်စတာတွေ အဝင်မခံပါနဲ့။ လာဘ်ပိတ်သွားတတ်ပါတယ်။ 2D/3D လောင်းကစားမလုပ်ပါနဲ့။ အရဲစွန့် မိမိဥစ္စာပစ္စည်း ပုံအောခြင်းရှောင်။ အချစ်ရေးကံကောင်း၍ ချစ်သူမရှိသေးသူများ ချစ်သူအသစ်ရမယ်။ ချစ်သူရှိပြီးသူများ အိမ်ထောင်ကျတတ်တယ်။ အိမ်ထောင်ရေး မိမိအိမ်ထောင်ဖက်၏ အထင်မြင်လွဲမှားခြင်းကိုခံရတတ်တယ်။ ယုံကြည်ရာ ဘာသာတရား၊ ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်ပြုလုပ်ပါ။ ကျန်းမာရေး ထွေထွေထူးထူး မရှိပါ။ ၂၀၂၀-ခု မေလ (၉)ရက် ရက်ရာဇာ ၁၃၈၂ခု ကဆုန်လဆုတ် (၃)ရက် စနေနေ့ ဘုရားပင့်၊ ထီးတင်၊ ကျောက်ဆစ်ထုခြင်း၊ ရှင်ပြု၊နားသ၊ စေ့စပ်၊ လက်ထပ်၊ ရေတွင်းရေကန်တူးဖော်ခြင်း၊ အဝီစိတွင်းတူးခြင်း၊ ဆိုင်သစ်ဖွင့်ခြင်း၊ မိတ်ဆွေသစ်ဖွဲ့ခြင်း ထီထိုး၊ အသီးဆွတ်ခူးခြင်း တို့ကောင်း၏။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် အရှေအရပ်မျက်နှာမူကာ ကြေးပန်းအိုးဖြင့် နှင်းဆီးပန်း(၉)ပွင့်ဘုရားလှူပြီး သွားပါ။
အကျိုးပေးဂဏန်း - (၅.၉.၃)
အကျိုးပေးအရောင် - အနီနှင့်ကြက်သွေးရောင်
အကျိုးပေးအရပ် - အနောက်
အကျိုးမပေးရှောင်ရန်အရပ် - အရှေ့မြောက်
ယတြာ - အိမ်ဘုရားမှာ အရှေအရပ်မျက်နှာမူကာ ကြေးပန်းအိုးဖြင့် နှင်းဆီးပန်း(၉)ပွင့်နှင့် နို့ထမင်းကပ်လှူ လိုရာဆုတောင်းပါ ။
ရာဟုသားသမီး
အထူးအားဖြင့် ဗုဒ္ဓဟူးနံ ရေလုပ်ငန်း၊ ရွှေလုပ်ငန်း၊ ဝက်မွေးမြူ ရေးလုပ်ငန်းတွေ အစစ
လုပ်ငန်းစတင်တည်ထောင် မလုပ်ကောင်းပါ။ မိတ်ဆွေရင်း လူရင်းများက သစ္စာဖောက်ခြင်းနှင့် အောက်လက်ငယ်သား ဆန့်ကျင်တော်လှန်ခြင်းတို့ ကြုံတွေ့ရမည်။ အချစ်ကံခေမည်။ အိမ်မနေချင်ဘဲ အဝေးဆုံးထွက်ပြေးချင်စိတ်ဖြစ်နေတတ် မိမိကံတရားအရ လှောင်အိမ်တွင် ပိတ်လှောင်ခံရသလို အချိန်မျိုး ထိန်းချုပ်မှုမျိုး ခံရတတ်သည်။ ိမ်ထောင်ရေးမကြာခဏဆိုသလို အထင်မြင်လွဲမှားမှုကြုံရတတ်။ တစ်ခုလပ်မုဆိုးဖိုမလွတ်မလပ်နှင့်ဆုံရတတ်ပြီး ညအချိန်မတော် သတိလွတ်ပြိး မသွားသင့်မလုပ်သင့်သောနေရာသတိပြုပါ။ ထိခိုက်ဒဏ်ရာ ကြုံတွေ့ရ
တတ်သလို အဖမ်းဆီးခံထိလိမ့်မည်။ ၂၀၂၀-ခု မေလ (၆)ရက် လူပြည့်ပြဿဒါး
၁၃၈၂ခု ကဆုန်လဆန်း (၁၅)ရက် လပြည့်နေ့ ဗုဒ္ဓဟူးနေ့ ယနေ့ ဘုရားအနေကဇာတင်၊ ထီးတင်၊ ကျောက်ဆစ်ထုခြင်း၊ အဝီစိတွင်းတူး၊ ထွန်းချ၊ ပျိုးကြဲ၊ မျိုးစေ့ချခြင်းတို့ ကောင်း၏။
(နရသီဟပူဇာ) (ညောင်ရေသွန်းပွဲ)
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် မေမြို့ပန်း (၃)ပွင့် ဘုရားပူဇော်ပြီး သွားပါ။
အကျိုးပေးဂဏန်း - (၅.၄.၁)
အကျိုးပေးအရောင် - နို့နှစ်ရောင်
အကျိုးပေးအရပ် - တောင်
အကျိုးမပေးရှောင်ရန်အရပ် - မြောက်
ယတြာ - အိမ်ဘုရားမှ နံနက်(၉းဝဝ)နာရီ မေမြို့ပန်း(၈)ပွင့် ဂန္ဓမာပန်း(၈)ပွင့်နှင့် လိမ္မော်ရည်ဖျော်ရည် ကပ်လှူ ဆုတောင်းပါ။
#lotaya_horoscope
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။