
လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း ၂၀၂၀ ခုနှစ် မေလ ၉ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ရွှေဝင်ကိန်းရှိပြီး ငွေကြေးလည်း အဝင်များနေမယ့် အချိန်ဖြစ်ပါတယ်။ ဝင်လာတဲ့ငွေက အကြောင်းရှာပြန်ထွက်သွားတတ်ချိန်ဖြစ်လို့ ရွှေစုထားရင် သင့်တော်တဲ့အချိန်ပါပဲ။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုး၊ လစာတိုး ကြုံတတ်ပြီး အလုပ်မှာ နေရာတစ်ခု အခိုင်အမာ ရလာပါလိမ့်မယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်သမျှ အောင်မြင်နေပြီး နာမည်ဂုဏ်သတင်းကျော်ဇောပါလိမ့်မယ်။ ကားပွဲစား၊ အိမ်ပွဲစား၊ ငွေစုငွေချေးလုပ်ငန်းရှင်များ မထင်မှတ်ပဲ အလုပ်အကိုင်တိုးတက်လာမှာဖြစ်ပြီး အထည်အလိပ်၊ ဆေးဝါး ရောင်းဝယ်သူတွေကတော့ အနည်းငယ် အခက်တွေ့တတ်ပါတယ်။ အိမ်နေရာထိုင်ခင်းအသစ် ရလာတတ်ပြီး နိုင်ငံရပ်ခြား ခရီးသွားရကိန်းလည်း ရှိနေပါတယ်။ အမျိုးထဲ အသိမိတ်ဆွေထဲမှာ ကိုယ်ဝန်ဆောင်သည် ရှိနေရင် လက်ဆောင်တစ်ခုခု ဝယ်ပေးလိုက်ပါ။ အသိတစ်ယောက် ငွေလာချေးတာမျိုး ကြုံပါလိမ့်မယ် မချေးပေးပါနဲ့ ချေးပေးရင် ဆုံးတတ်လို့ သတိပြုပါ။ ပညာရေးနဲ့ပတ်သက်လို့ စိတ်ချမ်းသာရမယ့် အချိန်ဖြစ်ပြီး အချစ်ရေး အိမ်ထောင်ရေးလည်း အစစအရာရာ စိတ်ချမ်းမြေ့ရပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ နှလုံးရောဂါ ဖြစ်ပွားတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် အုန်းနို့ကျောက်ကျော ကပ်လှူပေးပါ။
တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ ဆုံးပြီလို့ထင်ထားတဲ့ ငွေတွေ ရှယ်ယာအစုတွေ ပြန်ပေါ်လာတတ်ပါတယ်။ မထင်မှတ်တဲ့နေရာကနေ ငွေအစုလိုက်အပုံလိုက် ဝင်ကိန်းရှိပြီး ထီပေါက်ကိန်းလည်း ရှိနေပါတယ်။ ထီဆုသေး၊ ဆုကြီး ပေါက်ကိန်းရှိနေတာမို့ ထီထိုးပေးသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အလုပ်မှာနေရာပေးခြင်း ခံရတတ်ပြီး အထက်လူကြီးရဲ့ ချစ်ခင်ခြင်းလည်း ခံရတတ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းကနေ အမြတ်ဝင်ငွေရလာမယ့် အချိန်ဖြစ်ပြီး လုပ်ငန်းခွဲတွေလည်း များစွာ တိုးချဲ့ခွင့်ကြုံပါလိမ့်မယ်။ လက်ရှိလုပ်ငန်းနဲ့ မတူတဲ့ လုပ်ငန်းမျိုးတွေအတွက်လည်း အခွင့်အလမ်းတွေပေါ်လာပါလိမ့်မယ်။ အိမ်ပေါ်မှာ စနေ၊ အင်္ဂါသားသမီး ရှိနေရင် အဆိုပါ နေ့နံသားသမီးမှ အကျိုးထူးပေးပါလိမ့်မယ်။ အိမ်နေရာထိုင်ခင်း အသစ်ဝင်ကိန်းရှိပြီး အိမ်ဝယ်နိုင်ဖို့ ရှာနေသူတွေအနေနဲ့ လိုချင်နေတဲ့အိမ်ထက်ကောင်းတဲ့အိမ်အမျိုးအစား ရလာပါလိမ့်မယ်။ ယာဉ်ကား၊ စက်ပစ္စည်းနဲ့ ပတ်သက်ပြီး ဒီရက်ပိုင်း အနည်းငယ်ညံ့နေလို့ ကားဝယ်တာ၊ စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းသစ်တွေဝယ်တာမျိုးကိုတော့ ရှောင်ကြဉ်လိုက်ပါ။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ တစ်ကိုယ်တည်း ဆက်ရှိနေမှာဖြစ်ပြီး ချစ်သူရှိပြီးသူတွေကတော့ အကြောင်းပြချက်မရှိ လမ်းခွဲရတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ရဲ့ စကားကြောင့် လင်မယားစကားများပြီး အိမ်ပေါ်က ဆင်းရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ သွေးတိုးရောဂါ သတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ကိုကာကိုလာဘူး ကပ်လှူဆုတောင်းပါ။
အင်္ဂါ - အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ဒီနေ့မှာ စိတ်ကိုလျော့ထားတာက အဆင်အပြေဆုံးဖြစ်ပါလိမ့်မယ်။ မြင်မြင်သမျှ တွေ့သမျှ လူတိုင်း၊ ကိစ္စရပ်တိုင်းက ဒေါသထွက်စရာ ဖြစ်နေတတ်ပြီး အိမ်မှာ နေချင်စိတ်မရှိဖြစ်နေတတ်ပါတယ်။ စိတ်နဲ့လူနဲ့ မကပ်ဖြစ်နေတဲ့အချိန်ဖြစ်ပြီး မထင်မှတ်တဲ့ အပူသောကတွေကိုလည်း လက်ခံရတတ်ပါတယ်။ မိသားစုထဲက တစ်ဦးဦး ထိခိုက်ဒဏ်ရာ ရရှိတတ်ပြီး အိမ်ရှိအတူနေ အငယ်ဆုံးမိသားစုဝင် ချစ်သူနောက်လိုက်ပြေးတတ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းကရတဲ့ ဝင်ငွေနဲ့ အကျိုးအမြတ်အပေါ် စိတ်တိုင်းမကျဖြစ်နေတတ်ပြီး လုပ်ငန်းကို ဆက်လုပ်ချင်စိတ်မရှိဖြစ်တတ်ပါတယ်။ သတိပြုပါ။ ဝန်ထမ်းများအနေနဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးနဲ့ အကြီးအကျယ်ရန်ဖြစ်တတ်ပါတယ်။ ဆန်၊ ဆီ၊ ဆား ငရုတ်ကြက်သွန် အစရှိတဲ့ မီးဖိုချောင်သုံးအစားအစာ ရောင်းချသူတွေအနေနဲ့ ဝင်ငွေအဆင်ပြေနေတတ်ပြီး ကားရှိုးရွန်းဖွင့်ထားသူများ၊ ကန်ထရိုက်များ အရောင်းအဝယ်မရှိသလောက် အေးနေပါမယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ယခုအတိုင်း ဆက်ရှိနေမှာဖြစ်ပြီး ချစ်သူရှိပြီးသူတွေကတော့ ချစ်သူရဲ့ မိဘတွေနဲ့ အဆင်မပြေဖြစ်တတ်ပါတယ်။ အိမ်ထောင်သည်တွေကတော့ ငွေရေးကြေးရေး ခက်ခဲကြပ်တည်းတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ခြေထောက်ထိခိုက်မိတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း နဲ့ ညနေ ၄နာရီခွဲကနေ ၆နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ဇီးထန်းလျက် ကပ်လှူပေးပါ။
ဗုဒ္ဓဟူး - ဗုဒ္ဓဟူးသားသမီးတွေအတွက် ဒီနေ့မှာ စိတ်ညစ်စရာတွေစုဆုံ ကြုံတွေ့ရတတ်ပါတယ်။ နေရာတကာမှာ ကိုယ့်အပေါ် မကောင်းတဲ့သူတွေ၊ ဒုက္ခပေးမယ့်သူတွေနဲ့ပဲ ဆုံရတတ်လို့ သတိပြုပါ။ လုပ်ငန်းခွင်အတွင်းမှာလည်း လုပ်ဖော်ကိုင်ဖက်တွေက မကောင်းကြံတာကြုံရတတ်ပါတယ်။ အိမ်နီးနားချင်းတွေက ကုန်းတိုက်လို့ လင်မယားချင်း၊ မိသားစုဝင်ချင်း စကားများရန်ဖြစ်ရတတ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းမကောင်းလို့ ရပ်ထားရကိန်းကြုံပါမယ်။ ပြည်ပသို့သွားရောက်ရန် ကြံစည်ထားသူတွေအနေနဲ့ အနည်းငယ်တွေဝေ ကြန့်ကြာနေမယ့် အချိန်ပါ။ ပညာရေးနဲ့ ပတ်သက်ပြီး ဘွဲ့လွန် ဒီပလိုမာသင်တန်းတစ်ခုခု တက်ရောက်ရကိန်းရှိပြီး ကြိုးစားမှ အောင်မြင်နိုင်ကိန်းရှိနေပါတယ်။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပါက လုပ်ငန်းခွင်မှာ အခက်အခဲများစွာ ကြုံရတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ချစ်သူရလာတတ်ပြီး ချစ်သူက မိမိအပေါ် လိမ်ညာလှည့်ဖျားနေတာမျိုး ကြုံရတတ်လို့ သတိပြုပါ။ ချစ်သူရှိပြီးသူတွေအနေနဲ့ ချစ်သူရဲ့ လုပ်ရပ်တွေအပေါ် စိတ်တိုဒေါသထွက်ရတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ရဲ့ အလိုက်မသိမှုကြောင့် စိတ်ဆင်းရဲရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ သွေးတိုးရောဂါ သတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီး အောင်မြင်မှု ရယူနိုင်ပါတယ်။
ယတြာ - ဘုရားတွင် လက်ဖက်ရည်ကပ်လှူပေးပါ။
ရာဟု - ရာဟုသားသမီးတွေကတော့ အိမ်မှာ လူပိုရှိနေရင် အဲဒီလူပိုကြောင့် စိတ်ညစ်ရတတ်ပါတယ်။ အိမ်အကူ၊ ဆွေမျိုးထဲက အိမ်မှာ ခေါ်ထားတဲ့သူရှိရင် လတ်တလောမှာ တနေရာကို ပို့ထားလိုက်ပါ။ လုပ်ငန်းရှင်တွေအနေနဲ့ ဒီနေ့မှာ လုပ်ငန်းတိုးချဲ့တာမျိုး လက်ရှိလုပ်ငန်းရှယ်ယာခေါ်တာမျိုးတွေ မလုပ်ပါနဲ့။ အိမ်နီးချင်းတွေထဲက မိမိအပေါ် မနာလိုသူရှိနေတတ်ပြီး မိမိအကြောင်း စကားရောင်းစကားဝယ်လုပ်လို့ စိတ်ညစ်ရတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အောက်လက်ငယ်သားရှာတဲ့ ပြဿနာတွေကို လိုက်ရှင်းနေရတတ်ပါတယ်။ အိမ်ထောင်ပရိဘောဂပစ္စည်းတစ်ခု အသစ်ဝင်လာတတ်ပြီး အနာပါလာတတ်ပါတယ်။ ငွေကုန်ကြေးကျ များနေတတ်တဲ့ ကာလဖြစ်ပြီး လတ်တလော ငွေစုမရရှိတတ်ပါတယ်။ ပညာရေးပိုင်းမှာ ပုံမှန်ပဲရှိနေပြီး အချစ်ရေးမှာတော့ ချစ်သူနဲ့ စိတ်ကောက်ရတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ရဲ့ မိဘတွေကြောင့် စိတ်ညစ်ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ခေါင်းကိုက်ဇက်ကြောတက် မကြာခဏဖြစ်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။
ယတြာ - ရေသန့်ဒါနပြုပေးပါ။
ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ ဒီနေ့မှာ စိတ်ချမ်းမြေ့စရာကိစ္စရပ်တွေပဲ ကြုံလာရမှာဖြစ်ပါတယ်။ အရှေ့ပိုင်းမှာ ထစ်ငေါ့ခဲ့တဲ့ ကိစ္စရပ်တွေ၊ လုပ်ငန်းတိုးချဲ့မှုတွေမှန်သမျှ အစစ ပြန်လည်ကောင်းမွန်လာတာ တွေ့ရမှာဖြစ်ပြီး လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်း ၂ခု ၃ခု ဦးစီးလုပ်ကိုင်နေရမယ့် အချိန်ပါ။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးရဲ့ ယုံကြည်တာဝန်ပေးခြင်း ခံရတတ်ပြီး တာဝန်ယူမှုအပိုင်းမှာလည်း အဆင်ပြေပြေ အောင်မြင်ပါလိမ့်မယ်။ အဆိုတော်၊ စားသောက်ဆိုင်လုပ်ငန်း၊ ဘုရားထီးလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေနေမှာဖြစ်ပြီး ပင်လယ်စာရောင်းချသူတွေကတော့ အနည်းငယ် အခက်တွေ့နိုင်ပါတယ်။ နိုင်ငံရပ်ခြားသွားရောက် အလုပ်လုပ်ဖို့ စီစဉ်ထားသူတွေအနေနဲ့ အလုပ်သစ်ကနေလှမ်းချိတ်ဆက်ခေါ်တာမျိုး ကြုံရတတ်ပါတယ်။ အိမ်ခြံမြေ၊ ကားဝင်ကိန်းရှိပြီး ရုတ်တရက် အမွေရလာတတ်ပါတယ်။ အချစ်ရေးမှာ သောကြာသားသမီးနဲ့ ဖူးစာဆုံလာရတတ်ပြီး လက်ရှိကြုံလာတဲ့ ချစ်သူတွေကို ကိုယ့်ဘက်က မချစ်ပဲရှိနေတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ သားသမီးရတနာ တိုးပွားလာတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ မကြာခဏမူးဝေ အော့အန်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ယတြာ - ဘုရားတွင် ပူရီကပ်လှူပေးပါ။
သောကြာ - မင်္ဂလာကိစ္စတစ်ခုခု ဦးစီးကျင်းပပေးရတတ်ပါတယ်။ ဒီရက်ပိုင်းမှာ မင်္ဂလာရှိတဲ့ ကိစ္စတွေချည်းပဲကြားနေရမှာဖြစ်ပြီး ကိုယ်တိုင်လည်း လက်ဖျားငွေသီးနေတတ်ပါတယ်။ လုပ်ငန်းကိစ္စအဝဝ အောင်မြင်နေမှာဖြစ်ပြီး လုပ်ငန်းရှင်ဖြစ်ပါက လုပ်ငန်းတိုးချဲ့မှုမှန်သမျှ အဆင်ပြေချောမွေ့ပါလိမ့်မယ်။ စပ်တူရှယ်ယာလုပ်ငန်းလုပ်ကိုင်သူများလည်း အကျိုးအမြတ်များမယ့် အချိန်ပါ။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းရှင်ရဲ့ ချစ်ခင်နှစ်သက်မှု ခံရတတ်ပြီး ဘောနပ်စ်ကောင်းကောင်း ရလာတတ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်း၊ ကျောက်မျက်တူးဖော်ခြင်းလုပ်ငန်း လုပ်ကိုင်သူများ အထူးကောင်းမွန်နေပြီး ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေကတော့ လုပ်ငန်းအနည်းငယ်အေးနေပါတယ်။ လုပ်ငန်းအတွက် အထောက်အကူဖြစ်မယ့် ပညာရပ်ဆိုင်ရာ သင်တန်းတွေ တက်ရောက်ရကိန်းရှိပြီး နိုင်ငံရပ်ခြား ပညာတော်သင်အတွက်လည်း ဒီရက်မှာ မျှော်လင့်ချက်ရှိလာနိုင်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူတွေရော ချစ်သူရှိပြီးသူတွေပါ စိတ်ချမ်းမြေ့ရမယ့်အချိန်ပါ။ အိမ်ထောင်သည်တွေအနေနဲ့ သားသမီးပညာရေး ထူးထူးချွန်ချွန်အောင်မြင်ပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ အစာအိမ်ရောဂါ သတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။
ယတြာ - ဘုရားတွင် သံပုရာရည်ကပ်လှူပေးပါ။
စနေ - မိမိက သေချာထောင့်စိအောင်လုပ်ကိုင်ထားတဲ့ ကိစ္စရပ်တွေမှာတောင် မှားယွင်းမှုတွေ ပေါ်လာတတ်ပါတယ်။ မိမိနဲ့ တွဲဖက်လုပ်ကိုင်ရသူတွေက မိမိအပေါ် မယုံမကြည်ဖြစ်ခြင်း၊ လုပ်ငန်းစပ်တူလုပ်ကိုင်သူတွေအနေနဲ့ လုပ်ငန်းက ရှယ်ယာငွေပြန်ထုတ်ချင်တာမျိုးတွေအထိ ကြုံလာရကိန်းရှိပါတယ်။ အိမ်ရှိမိသားစုနဲ့လည်း ဘာမဟုတ်တာလေးနဲ့ မကြာခဏ စကားများရန်ဖြစ်နေရတတ်ပြီး စိတ်နဲ့လူနဲ့ မကပ်တာမျိုးဖြစ်နေတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက ဝင်ငွေ၊ လစာကိစ္စ စိတ်ညစ်ရတတ်ပြီး လုပ်နေရတဲ့အလုပ်နဲ့ ရတဲ့လခ မကာမိတာမျိုး မစုဖြစ်တာမျိုး ရှိနေပါလိမ့်မယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လက်ရှိလုပ်ငန်းကိုပဲ ဆက်ထိန်းထားသင့်ပြီး တစ်ခြားသဘာဝမတူတဲ့ လုပ်ငန်းသစ်တွေ စတင်တာမျိုး တိုးချဲ့တာမျိုး ရှယ်ယာလှမ်းထည့်တာမျိုး မလုပ်သင့်သေးပါဘူး။ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းဆိုင်များ၊ အနုပညာလုပ်ငန်းလုပ်ကိုင်သူများ အနည်းငယ်ညံ့နေပြီး ရေထွက်ကုန်လုပ်ငန်း၊ ရေသန့်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းရှင်များကတော့ အလုပ်အကိုင်ပြန်ကောင်းလာနိုင်ပါတယ်။ အချစ်ရေး အိမ်ထောင်ရေးပုံမှန်ရှိနေပြီး သားသမီးပညာရေးညံ့လို့ စိတ်ညစ်ရတာမျိုးတော့ ရှိတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ကတော့ အလာဂျီဖြစ်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။
ယတြာ - ဘုရားတွင် ထမင်းနှင့်ဟင်း ကပ်လှူဆုတောင်းပေးပါ။
LEO
#lotaya_horoscope
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။