သင့်ရာသီခွင်အရ ဘယ်လိုအကြောင်းကြောင့် သင်အသည်းကွဲရလိမ့်မလဲ?
lifestylemyanmar.com
|
2020-05-20



ရာသီခွင်တွေတိုင်းမှာ သူ့အားသာချက် အားနည်းချက်တွေနဲ့ ကိုယ်ပိုင် အပြစ်အနာဆာတွေရှိတတ်ကြပါတယ်။ တခါတရံမှာ အဲ့ဒီလို အားနည်းချက်တွေကြောင့် ကိုယ့်ဘေးနားက ကိုယ့်ကိုချစ်တဲ့လူတွေကို စွန့်ပစ်သွားစေတတ်ပါတယ်။ ပြောရရင် အသဲကွဲရတတ်ပါတယ်။ ခုပြောပြချင်တာ သင့်ရာသီခွင်အရ ဘယ်လိုအရာတွေက သင့်အသည်းကို ခွဲသွားနိုင်လဲဆိုတာ ပြောပြချင်တာပါ။ကဲ..ဖတ်ကြည့်လိုက်ရအောင်,,

Aries (March 21 – April 19)

သူတို့လေးတွေက ကြင်နာတတ်တဲ့နှလုံးသားကို ပိုင်ဆိုင်ထားသူလေးတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ကြင်နာတာ ချစ်တာကို ထုတ်မပြတတ်ပါဘူး။ Aries လေးတွေက သူတို့ကိုသူတို့စိတ်ဝင်စားကြတယ် မှားမှန်းသိရက် လုပ်ချင်တာကိုဆက်လုပ်တတ်ကြတယ် ရေရှည်ကတိကဝတ်ပြုမှုကို စိတ်မဝင်စားကြဘူး အရာအားလုံးကိုမျှဝေခံစားနိုင်ကြတယ်။ ဒီအရာတွေက သူတို့ဘေးမှာရှိတဲ့သူတွေဘက်က အလေးအနက်လိုက်ခံစားတတ်ခဲ့ရင် သူတို့အသဲကို ခွဲမယ့်အား နည်းချက်ဖြစ်လာနိုင်ပါတယ်။

Taurus (April 20 – May 20)

Taurus တွေကတော့အရမ်း သစ္စာရှိတတ်သူတွေဖြစ်ပါတယ်။ အချစ်ကြီးသလို အစွဲအလမ်းကြီးကြတယ်၊ တစ်ယောက်ဆိုတစ်ယောက်ကိုပဲ အလေးအနက်ခံစားတတ်တယ်။ ခေါင်းအရမ်းမာတယ်။ သူတို့ဘက်က သစ္စာတရားနဲအချစ်ကို အလေးအမြတ်ပြုသလောက် သစ္စာဖောက်မှုနဲ့ကြုံ့ခဲ့ရင် ဘယ်လိုမှ ခွင့်မလွှတ်တတ်ကြတော့ဘူး၊ ဒီပြဿနာက သူ့ရင်တစ်ခုလုံးနဲ့ရင်းပီးချစ်ထားတဲ့ အချစ်ကို အဆုံးရှုံးခံပီး ဆက်ချစ်နေတတ်ပါတယ်။ ပြောရရင် တောင်းပန်တာကိုလက်မခံတော့ပေမယ့် တစ်ယောက်တည်းတိတ်တိတ်လေးဆက်ချစ်နေတတ်တယ်၊ တစ်ခုဆိုးတာက သူတို့ဘေးမှာ ချစ်သူခင်သူတွေဝိုင်းနေတာတောင် အတိတ်ထဲက ရုန်းမထွက်နိုင်ကြလို့ အကောင်းဆုံးလူတွေကို ဆုံးရှုံးသွားတတ်ပါတယ်။

Gemini (May 21 – June 20)

Gemini တွေကချစ်တတ်ကြတဲ့နှလုံးသားပိုင်ရှင်တွေပါပဲ၊ ဒါပေမယ့်သူတို့ကလူတစ်ယောက်ကို ယုံကြည်ဖို့ခက်ခဲတတ်ကြပါတယ်။ တကြိမ်တခါလောက် မဟုတ်တာလုပ်ထားဖူးရင် သူတို့နောက်ထပ်ယုံကြည်ဖို့ခက်တတ်ပါတယ်။ တချို့အရာတွေမှာ သူတို့ကိုနားလည်ဖို့ မလွယ်ကူပဲ သူတို့လုပ်ချင်တာကို တကယ်လုပ်ပစ်လိုက်ကြပါတယ်။ ဒီလိုလုပ်တတ်တာဟာ သူ့ချစ်သူ ဘဝလက်တွဲဖော်ကို မယုံနိုင်လောက်အောင်ဖြစ်သွားစေပါတယ်။ ဒါကြောင့်Gemini တွေအနေနဲ့ ဆက်ဆံရေးတစ်ခုမစတင်ခင်မှာ ကိုယ့်ချစ်မယ့်သူ့ရဲ့လိုအပ်ချက်တွေကို အရင်စဉ်းစားသင့်ပါတယ်။ ကိုယ်နဲ့ရောအဆင်ပြေပါ့မလားပေါ့။

Cancer (June 21 – July 22)

Cancer တွေက တစ်ကယ့်ကို ဂရုစိုက်တတ်သူတွေ စောင့်ရှောက်တတ်သူတွေဖြစ်ပါတယ်။ သူတို့ရဲ့အားနည်းချက်က ကိုယ့်ကိုကိုယ်အတော်အတန်မှီခိုနိုင်တယ်ဆိုပေမယ့် သူတို့ချစ်ရသူကို အရမ်းတွယ်ကပ်နေတတ်တာပါ။ ဒီလိုနေတတ်တာဟာ သူတို့ချစ်သူကို အနှောင့်အယှက်ဖြစ်စေလေ့ရှိပါတယ်။ ပြောရရင်သူ့ချစ်သူကို ပျော်စေချင်တယ် ကြင်နာပြချင်တာကကောင်းပေမယ့် စိတ်ညစ်စေရတတ်ပါတယ်။ ဒါကြောင့် သင့်ချစ်သူအတွက် သီးသန့်အချိန်လေးတွေပေးနိုင်အောင်ကြိုးစားပါ။


Leo (July 23 – August 22)


Leo တွေဆိုတာ သင့်ကိုဘယ်တော့မှ လိမ်မယ့်သူတွေမဟုတ်ပါဘူး။ အချစ်ကြီးသလောက် အတ္တလည်းကြီးတတ်ကြပါတယ်။ သူတို့တွေနဲ့ အငြင်းအခုံတော့ဘယ်တော့မှမလုပ်မိပါစေနဲ့၊ သူတို့က လူတွေရဲ့အလယ်မှာ ထင်းနေရတာမျိုး သူတို့ အနိုင်ရတာမျိုးပဲကြိုက်ကြတာပါ။ တားရပ်စ်တွေလိုပဲ ခေါင်းမာလွန်းကြပါတယ်။ အချစ်ရေးမှာ ချစ်သူခင်သူတွေ ဝိုင်းဝိုင်းလည်နေတတ်ကြပါတယ်၊ ဒါပေမယ့် သူ့အတ္တနဲ့သူ့ကိုယ်သူချစ်နေရတာကြောင့် သူတို့ဘေးကလူတွေက တော်တော်ခံစားရတတ်ပါတယ်။ သူတို့ကတော့ နှလုံးသားတွေကွဲကြေနေရင်တောင် ဟန်ဆောင်ကောင်းကောင်းနဲ့ မျက်နှာကြောတင်းတင်း ရှင်သန်ပြပါလိမ့်မယ်။ လူကြီးပုံနဲ့ကလေးဆန်တတ်ကြတဲ့အတွက် သူတို့ကိုနားလည်ဖို့ခက်ခဲပါတယ်။

Virgo (August 23 – September 22)

Virgo ဆိုတာ မယုံကြည်မှုရဲ့ နိမိတ်လက္ခဏာပါပဲ။ ဖေ့ဘွတ်တွေ မင်ဆင်ဂျာတွေကစပြီး တစ်ခုခုဆို သင့်ချစ်သူကို သံသယထားနေတတ်ပါတယ်။ ဆက်ဆံရေးတစ်ခုမှာ မနာလိုတတ်တာ သဘာဝဆိုပေမယ့် ဆိုးဝါးတဲ့ သံသယနဲ့မနာလိုမှုတွေက သင်ကိုယ်တိုင်မသိလိုက်ခင် သင့်အသဲကို ခွဲစေနိုင်တတ်ပါတယ်။ ဒါကြောင့် သင့်ချစ်သူ ရည်းစား အိမ်ထောင်ဖက်ကို ယုံကြည်ပေးဖို့လိုအပ်ပါလိမ့်မယ်။ သံသယနဲ့ သဝန်တိုမှုဟာ သင့်အသည်းကို ခွဲသွားစေနိုင်တဲ့ အရာတွေဆိုတာ အမြဲသတိရနေပါ။


Libra (September 23 – October 22)


Libra ဆိုတာကတော့ မျှော်လင့်ချက် နိမိတ်လက္ခဏာပဲဖြစ်ပါတယ်။ သူတို့က သူတို့နဲ့ မလိုက်ဖက်တဲ့ မသင့်တော်တဲ့ ချစ်သူရည်းစားတွေကိုမှလိုချင်ကြပြီးသူတို့ဖြစ်ချင်တဲ့အတိုင်း ပုံသွင်းဖို့ မျှော်လင့်တတ်ကြပါတယ်။ ဒီလိုအခြေအနေဟာ တစ်စုံတစ်ခုကို ပြတ်တောက်သွားစေနိုင်ပါတယ်။ သူတို့တွေက သင့်ပြောင်းလဲမှုကိုလိုချင်ကြမှာ မဟုတ်တဲ့အတွက် သင်အချိန်မရွေး အသဲကွဲရနိုင်ပါတယ်။

Scorpio (October 23 – November 21)

Scorpio အချစ်မှာ စိတ်အားထက်သန်တတ်ကြတဲ့အမျိုးအစားပါ၊ အိပ်ရာထဲမှာ အချစ်လမ်းတွေထဲမှာ အချစ်တွေအမြဲ ပွင့်ဖူးနေချင်ကြတာမျိုးပါ။ ဒီလိုစိတ်အားထက်သန်မှုကနေ မနာလို ဝန်တိုတာတွေ သံသယတွေနဲ့ စိတ်ပျက်ဖွယ်ကောင်းတာတွေကိုလည်း ဖိတ်ခေါ်တတ်ပါတယ်။ Scorpioတွေ သိထားရမှာက သင်ချစ်သောသူကို သင်မထိန်းချုပ်နိုင်ပါ၊ သူတို့ကို သင်တွယ်ကပ်ပီးနေနိုင်မှာမဟုတ်ပါ။ သင့်ချစ်ရသူတွေကို ပိုင်ဆိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီအကျင့်တွေကို ထိန်းချုပ်ဖို့လိုပါတယ်။ သင့်မှာ မမြင်ရတဲ့ စွမ်းအင်တွေအများကြီးရှိပါတယ်။ မကောင်းတာတွေထားခဲ့ပါ။ ကောင်းတာတွေကို ယူပါ။ ထိန်းသိမ်းပါ။

Sagittarius (November 22 – December 21)

Sagittarius တွေက သူတို့ချစ်သူ လုပ်ဖော်ကိုင်ဖက်အတွက် ပျော်စရာကောင်းတယ်ထင်ရသော်လည်း အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စေနိင်ပါတယ်။ သူတို့အချစ်မှာမျှော်လင့်ချက်တွေအများကြီး တောက်လောင်နေပါတယ်။ သင့်ရဲ့ကြီးမားတဲ့ မျှော်လင့်ချက်တွေက သင့်ကို ဒုက္ခရောက်စေနိုင်ပါတယ်။ သိပ်အများကြီး မမျှော်မှန်းထားပါနဲ့။

Capricorn (December 22 – January 19)

Capricorn တွေမှာ သူတို့စိတ်ကို အလွတ်လပ်ဆုံးဖွင့်ပြီး သူတို့ချစ်သူ ရည်းစားကို ယုံကြည်ပစ်လိုက်ဖို့ အရမ်းခက်ခဲတဲ့အချိန်တွေရှိတတ်ကြပါတယ်။ ဖြစ်နိုင်ရင် သူ့ချစ်သူကို မှော်အတတ်နဲ့ကြည့်ပြီးမှ ယုံကြည်နိုင်မယ့် ပုံစံမျိုးပါ။ တလွှဲနားလည်မှုတွေ မယုံကြည်မှုတွေက သူတို့အသဲကို ခွဲနိုင်တဲ့အရာတွေပါ။ ၂နာရီ ၇ရက် သူတို့မျက်စိရှေ့ မြင်နေရမှ အဆင်ပြေမယ့် ဆက်ဆံရေးဆို ဒါဟာတချိန်ချိန်မှာ ပြတ်တောက်သွားနိုင်ပါတယ်။ သိပ်သဝန်မတိုပါနဲ့၊ သံသယက သံသယဆိုတာကို ရှင်းရှင်းလင်းလင်းနားလည်ပေးပါ။

Aquarius (January 20 – February 18)

Aquarius ဆိုတာက စမတ်ကျတဲ့လူတွေပါပဲ။ သူတို့ကစိတ်မြန်ကြပါတယ်။ အဲ့ဒီလို စိတ်မြန်လက်မြန်ရှိတဲ့သူတွေဟာ ရယ်စရာကောင်းတယ်ထင်ရပေမယ့် အဲ့ဒီအကျင့်ကို ဖျောက်ပစ်ဖို့တော့လိုပါတယ်။ စကားများမယ်ရန်ဖြစ်မယ်ဆိုတဲ့ အကျင့်ဟာ ကိုယ့်ဘေးမှာ ရှိတဲ့လူတွေကို ထွက်ပြေးစေနိုင်ပါတယ်နော်,,

Pisces (February 19 – March 20)

Pisces သူတို့ကို ခန့်မှန်းရတာ တခါတလေ စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ သူတို့က အထူးသဖြင့် ချစ်သူရည်းစားဟောင်းတွေကို တောင့်တနေတတ်ကြပါတယ်။ သူတို့က ALoneမနေချင်ကြပါဘူး။ တကယ်လို့ EXကြီးကို မမေ့နိုင်သေးဘူးဆိုရင် အချစ်သစ်မရှာတာပဲကောင်းပါတယ်။ ဘာလို့လဲဆိုတော့ EXကြီးကြောင့်ကိုယ့်အတွက် အကောင်းဆုံးဖြစ်လာနိုင်တဲ့အရာတွေကိုပါဆုံးရှုံးသွားစေနိင်လို့ပါ။ ဒါကြောင့် EXကြီးကိုမမေ့ပဲ ကိုယ့်ကိုချစ်နေသူတွေကို မဆုံးရှုံးချင်ရင် အကောင်းဆုံးနည်းကတော့ အတိတ်ထဲက ရုန်းထွက်နိုင်ဖို့ကြိုးစားလိုက်တာ အကောင်းဆုံးပါပဲ။ ကဲ..ဒီလောက်ဆို ရာသီခွင်တွေရဲ့အားနည်းချက် အားသာချက်တွေအရ အချစ်ရေး နှလုံးသားရေးကို သိလောက်ပီထင်ပါတယ်နော်..




Some text some message..