မေလ ၂၄ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2020-05-24

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း မေလ ၂၄ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေ - ဒီနေ့မှာ တနင်္ဂနွေသားသမီးတွေအနေနဲ့ လုပ်ငန်းကိစ္စနဲ့ ပတ်သက်လို့ အလုပ်တာဝန် မနိုင်မနင်းဖြစ်နေတတ်ပြီး ငွေကြေးအပေးအယူပိုင်း သတိထားလုပ်ဆောင်သင့်ပါတယ်။ အိုးအိမ်သစ် ဝင်နိုင်မယ့် ကာလဖြစ်ပြီး ထီကံစမ်းပေးနိုင်ပါတယ်။ ငွေကြေးလူလိမ်ခံရတတ်ပြီး စာချုပ်စာတမ်း ကိစ္စများ ကြားဝင်အာမခံပေးတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး နိုင်ငံခြား ခရီးအတွက် လူလိမ်ခံရတတ်ပါတယ်။ ဒီရက်ပိုင်းမှာ ဘယ်ကိစ္စကိုမဆို ကိုယ်တိုင်လုပ်ကိုင်တာက ပိုအဆင်ပြေမှာဖြစ်ပြီး ကြားလူနဲ့ ပြုလုပ်ခြင်းတွေအတွက် အမှားဖြစ်တတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးကပြောတဲ့ အချက်အလက်တွေကို မိမိစိတ်က လက်မခံနိုင်ဖြစ်နေတတ်ပါတယ်။ လုပ်ငန်းအတွက် အကြံဉာဏ်တွေ ထွက်မလာပဲ အလုပ်ကိုစိတ်မဝင်စား ဖြစ်နေတတ်တဲ့ ကာလလည်း ဖြစ်ပါတယ်။ အိမ်အနီးအနားမှာ ဘုန်းကြီးကျောင်း ဘာသာရေးကျောင်းရှိရင် သွားရောက် ဂါရဝပြုလှူဒါန်းပေးပါ။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ အိမ်နီးနားချင်းနဲ့ မေတ္တာမျှရတတ်ပါတယ်။ ချစ်သူရှိပြီးသူတွေအနေနဲ့ ချစ်သူထံမှ တန်ဖိုးကြီးလက်ဆောင်တစ်ခု ရရှိလာတတ်ပါတယ်။ ခေါင်းမူးခေါင်းကိုက်ဝေဒနာ မကြာခဏဖြစ်တတ်သလို ကျန်းမာရေးအနည်းငယ်ညံ့နေတာကြောင့် သတိပြုသင့်တဲ့ နေ့ရက်ဖြစ်ပြီး အိမ်မှာရှိတဲ့ ပစ္စည်းအဟောင်းအပျက်တွေကို စွန့်ပစ်လိုက်ပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်းလုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - အိမ်ရှိဘုရားတွင် ဘုရားတွင် အုန်းနို့ကျောက်ကျော ကပ်လှူပေးပါ။

တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ ခက်ခဲကြန့်ကြာနေတဲ့ ကိစ္စတွေအကုန်လုံး အဆင်ပြေလာတာ တွေ့ရပါလိမ့်မယ်။ မိမိနဲ့ ပြဿနာဖြစ်ထားသူတွေနဲ့ ပြန်လည်အဆင်ပြေနိုင်သလို ကောင်းသောခရီးတွေလည်း သွားရတတ်ပါတယ်။ ငွေစုငွေချေးလုပ်ငန်း၊ အပေါင်ဆိုင်လုပ်ငန်းများ ကောင်းမွန်နေပြီး လူသုံးကုန်၊ အလှကုန်ပစ္စည်းရောင်းချသူများ အနည်းငယ်အခက်တွေ့နိုင်ပါတယ်။ ငွေကြေးကူညီမယ့်သူတွေ ပေါများနေမှာဖြစ်ပြီး ငွေဝင်သလောက်ပြန်ထွက်နေမယ့် အချိန်ပါပဲ။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ အစစ အဆင်ပြေနေပြီး အောက်လက်ငယ်သားတွေကလည်း မိမိကို အားလုံးကူညီပေးကြမယ့် အချိန်ပါပဲ။ ပညာရေးအနည်းငယ်ညံ့နေပြီး ငွေကြေးမလိုက်နိုင်လို့ မိမိတက်လှမ်းချင်တဲ့ ပညာရေးပိုင်းကို မလှမ်းနိုင်ဖြစ်နေပါလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ချစ်သူရှိလာတတ်ပြီး ချစ်သူရှိပြီးသူတွေကတော့ ချစ်သူနဲ့ ခရီးထွက်ရတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်က မိမိရဲ့ လိုအင်ဆန္ဒအကုန် လိုက်ဖြည့်ဆည်းပေးနေမှာဖြစ်လို့ စိတ်ချမ်းသာရပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ အူအတက်ပေါက်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် ခရေပန်း ကပ်လှူပေးပါ။

အင်္ဂါ - အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ အရေးကြီးလုပ်ဆောင်စရာတွေကို ခဏ ရပ်နားထားသင့်ပါတယ်။ အလုပ်သစ်ကနေ ဆက်သွယ်လာခြင်းမျိုး ကြုံတွေ့ရနိုင်ပြီး ဝင်တဲ့ငွေထက် ထွက်တဲ့ငွေက ပိုများနေမယ့် ကာလပါပဲ။ လုပ်ငန်းစပ်တူလုပ်ကိုင်သူများအနေနဲ့ တဖက်လူရဲ့ မရိုးသားမှုကြောင့် လုပ်ငန်းမှာ ငွေကြေးအရှုပ်အရှင်းပေါ်လာတတ်ပါတယ်။ တစ်ဦးတည်းလုပ်ဆောင်သင့်တဲ့ အချိန်ပါပဲ ရေလုပ်ငန်း၊ ရေထွက်ကုန်လုပ်ငန်းရှင်များ ကောင်းမွန်နေပြီး အဖိုးတန်ပစ္စည်းလက်ဆောင်ရကိန်း ရှိနေပါတယ်။ ဝန်ထမ်းဖြစ်ပါက လက်ရှိနေရာထက်ပိုကောင်းတဲ့ နေရာက ကမ်းလှမ်းလာတာမျိုး ကြုံရတတ်ပါတယ်။ လမ်းသွားရင်း အက်စီးဒင့်တစ်ခုခုမြင်တွေ့ပါက ၈ ဂဏန်းများများပါသော ထီထိုးပေးပါ။ အိမ်ထောင်ရေးမှာ နှစ်ဦးနှစ်ဖက် အဆင်ပြေနေပေမယ့် နှစ်ဖက်မိဘရဲ့ ကြားဝင်မှုကြောင့် အနည်းငယ် စိတ်အနှောက်အယှက် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ယာယီသာဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး။ အချစ်ရေးမှာ စန်းပွင့်နေပြီး ရွေးရခက်နေပါလိမ့်မယ်။ ချစ်သူရှိပြီးသူတွေကတော့ ချစ်သူက တစ်ခြားသူနဲ့ ဖောက်ပြန်သွားတတ်လို့ သတိပြုပါ။ ပညာရေးနဲ့ ပတ်သက်ပြီး လုပ်ငန်းအထောက်အကူပြု သင်တန်းသစ်တွေ တက်ရောက်ရကိန်း ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ အဖုအပိန့်ထွက်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း နဲ့ ညနေ ၄နာရီခွဲကနေ ၆နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် စပျစ်သီးဖျော်ရည် ကပ်လှူဆုတောင်းပါ။

ဗုဒ္ဓဟူး - ဗုဒ္ဓဟူး သားသမီးတွေအတွက် ခရီးသွားရကိန်းရှိပြီး ရုတ်တရက်ငွေဝင်ကိန်းမျိုးလည်း ရှိနေပါတယ်။ ပြီးတော့ ချက်ချင်းဆုံးဖြတ်လုပ်ဆောင်လိုက်တဲ့ ကိစ္စမျိုးတွေမှာ အထူးအောင်မြင်ပါလိမ့်မယ်။ ထီကံကောင်းနိုင်လို့ ထီထိုးပေးသင့်တဲ့ နေ့ရက်ပါပဲ။ လူမျိုးခြား ဒုက္ခပေးတတ်လို့ သတိထားဆက်ဆံသင့်ပါတယ်။ အလုပ်မှာ အထက်လူကြီးက နိုင်ငံခြားသားဖြစ်ပါက စကားအပြောအဆို သတိပြုပါ။ ငွေကြေးအဝင်များနေသလို ငွေအထွက်လည်း များနေတတ်ပါတယ်။ ပန်းထိမ်လုပ်ငန်း၊ ပန်းတဉ်းလုပ်ငန်းရှင်များ အထူးကောင်းနေပြီး ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာနဲ့ စိန်ဆိုင်လုပ်ငန်းရှင်တွေကတော့ အနည်းငယ်ညံ့နေပါတယ်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ အောက်လူကြားမှာ ကြားညပ်တတ်ပြီး အလုပ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်တတ်ပါတယ်။ အိမ်ထောင်ပရိဘောဂ ပစ္စည်းသစ် ဝင်လာကိန်းရှိပြီး အနာအဆာ ပါလာတတ်ပါတယ်။ အိမ်ရှိ လျှပ်စစ်ပစ္စည်း အဟောင်းအပျက်များ စွန့်ပစ်လိုက်ပါ၊ အိမ်အနီးအနားမှာ အလှူကြီးပေးနေရင် ၆ အစ ၂ အဆုံး ထီထိုးပေးပါ။ အိမ်ထောင်သည်များအနေဖြင့် အိမ်ထောင်ဖက် စီးပွား တိုးတက်မယ့်အချိန်ပါပဲ။ ချစ်သူမရှိသေးသူများ ချစ်သူရလာတတ်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ ချစ်သူရှိပြီးသူတွေကတော့ ချစ်သူနဲ့ ခရီးသွားရတတ်ပါတယ်။ ကျန်းမာရေးပိုင်း အနေနဲ့ အမျိုးသမီးသားအိမ်ရောဂါ သတိပြုပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီး အောင်မြင်မှု ရယူနိုင်ပါတယ်။

ယတြာ - ဘုရားတွင် လက်ဖက်အသား ကပ်လှူပေးပါ။

ရာဟု - ရာဟုသားသမီးတွေကတော့ ငွေကြေးကံကောင်းနေပြီး လုပ်ငန်းရှင်တွေအနေနဲ့ဆိုရင်လည်း လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေမယ့် ကာလဖြစ်ပြီး လူသုံးကုန်၊ စက်ကိရိယာယာဉ်ယန္တရားကြီးများ ရောင်းဝယ်လုပ်ကိုင်သူတွေ ကောင်းမွန်နေပါတယ်။ အဖိုးတန်ပစ္စည်းများ၊ ယာဉ်၊ စက်ပစ္စည်းသစ် ဝင်ကိန်းရှိပြီး ဝင်လာလျှင်ကောင်းမွန်ပါတယ်။ အိမ်၊ခြံ အဝန်းအဝိုင်း တစ်ခုခုကို အမွေအဖြစ် ရုတ်တရက်ရလာတတ်ပါတယ်။ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းတွဲဖက် လုပ်ကိုင်နေသူကတစ်ဆင့် အလုပ်နေရာရာထူးတိုးတက်ခြင်း လစာပိုကောင်းတဲ့ အလုပ်အကိုင် ပြောင်းလဲလုပ်ကိုင်ရခြင်းမျိုး ရှိတတ်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး လုပ်ငန်းဌာနတဆင့်မြင့်စေမယ့် သင်တန်းမျိုး တက်ရောက်ရကိန်းရှိပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသူများ ချစ်သူရလာတတ်ပြီး ချစ်သူရှိပြီးသူတွေလည်း ချစ်သူသစ်ရလာတတ်တဲ့ အချိန်ပါ။ အိမ်ထောင်သည်တွေအနေနဲ့ ဘေးစကားနားမယောင်ပြီး အချင်းချင်း မကြာခဏ ခိုက်ရန်ဖြစ်ပွားရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါများ သတိပြုပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။

ယတြာ - ဘုရားတွင် ရေသက်စေ့လှူဒါန်းပေးပါ။

ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ အိမ်တွင်းရေးအနည်းငယ် ရှုပ်ထွေးနေပြီး အိမ်ရှိ အသက်ကြီးသူကျန်းမာရေး ဂရုစိုက်သင့်ပါတယ်။ လုပ်ငန်းရှင်ဖြစ်ပါက လုပ်ငန်းတိုးချဲ့ဖို့ အခက်အခဲတစ်ချို့ ကြုံနေရမယ့် အချိန်ပါပဲ။ ပိုင်ဆိုင်ထားတဲ့ ငွေကြေးတွေကို စနစ်တကျ သုံးတတ်ဖို့ အရေးကြီးသလို အလျင်စလို ဆုံးဖြတ်မှုတွေကြောင့် ဆုံးရှုံးမှုတွေ ကြုံနိုင်လို့ သတိပြုသင့်ပါတယ်။ ခရီးသွားရကိန်းလည်း ရှိပြီး ကောင်းသော ခရီးသွားလာခြင်းဖြစ်လာပါလိမ့်မယ်။ လမ်းသွားရင်း ပိုက်ဆံကောက်ရခဲ့ရင် အဲဒီပိုက်ဆံကို လှူပေးပါ။ အိမ်ရှိအတူနေ လူကြီးမိဘတွေနဲ့ စကားများရန်ဖြစ်တတ်လို့ လတ်တလောမှာ အရှုံးပေးပြီး နေတာမျိုးက ပိုအဆင်ပြေပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုး၊ လစာတိုးအတွက် ကြန့်ကြာနေတတ်ပါတယ်။ အိမ်ရှိ လျှပ်စစ်ပစ္စည်းတစ်ခုခု ထွက်တတ်ပျက်တတ်ပြီး အသစ်ထပ်ဝယ်မယ်ဆိုရင်လည်း အနာပါလာတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ချစ်သူရလာနိုင်ပြီး ချစ်သူရှိပြီးသူတွေကလည်း ချစ်သူနဲ့ မင်္ဂလာကိစ္စ ပြုလုပ်ဆောင်ရွက်ရတတ်ပါတယ်။ အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်ရဲ့ အကူအညီနဲ့ လုပ်ငန်းတိုးတက်မှု ရရှိပါလိမ့်မယ်။ ပညာရေးနဲ့ပတ်သက်လို့ နာမည်ဂုဏ်သတင်း ကျော်ကြားနိုင်ပြီး လူမျိုးခြားနဲ့ ဆက်ဆံရေးအောင်မြင်နိုင်ပါတယ်။ ကျန်းမာရေးအနေနဲ့ အဆစ်ရောင်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ယတြာ - ဘုရားတွင် ပန်းသီး ကပ်လှူပေးပါ။

သောကြာ - ဘယ်လိုလုပ်ငန်းမှာမဆို လူမျိုးခြားနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ အကျိုးအမြတ်ကောင်း ရရှိပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့လည်း မထင်မှတ်ထားတဲ့နေရာက ငွေဝင်တာမျိုး ကြုံရနိုင်ပါတယ်။ လုပ်ငန်းပိုင်းမှာ မြှုပ်နှံထားတာ ကြာနေပြီး မရနိုင်တော့ဘူးလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာပါလိမ့်မယ်။ ငွေကြေးကံကောင်းနေပြီး လုပ်ငန်းရှင်တွေအနေနဲ့ဆိုရင်လည်း လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်ပါတယ်။ ဒီနေ့မှာ ရပ်ဝေးက ဧည့်သည်ရောက်လာတတ်ပြီး အဆိုပါဧည့်သည်တွေထဲမှာ ကိုယ်ဝန်ဆောင်သည်ပါလာပါက ထီထိုးပေးပါ။ အိမ်ထောင်ပရိဘောဂလုပ်ငန်း၊ သစ်လုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ အိမ်ဆောက်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူများ အကျိုးများပြီး ရေလုပ်ငန်းလုပ်ကိုင်သူတွေကတော့ အနည်းငယ် အလုပ်အေးနေပါလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူထံမှ တန်ဖိုးကြီး ပစ္စည်းတစ်ခု လက်ဆောင်ရလာတတ်ပြီး ချစ်သူမရှိသေးသူတွေကတော့ ငယ်စဉ်ကသူငယ်ချင်းထံမှ ချစ်ရေးဆိုစကား ကြားလာရတတ်ပါတယ်။ အိမ်ထောင်သည်တွေကတော့ နှစ်ဖက်အသိုင်းအဝိုင်းရဲ့ စကားတွေကြောင့် မကြာခဏ ရန်ဖြစ်စကားများနေရတတ်ပါတယ်။ ကျန်းမာရေးပိုင်း အနေနဲ့ မျက်စိညောင်းညာကိုက်ခဲတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။

ယတြာ - အိမ်ရှိဘုရားတွင် သခွားသီးသုပ် ကပ်လှူပေးပါ။

စနေ - ဒီနေ့မှာ စနေသားသမီးတွေအတွက် နေရာထိုင်ခင်း အပြောင်းအလဲကြုံနိုင်တဲ့ နေ့ရက်တစ်ရက်လည်း ဖြစ်ပါတယ်။ လုပ်ငန်းအောင်မြင်မှုအပေါ် မနာလိုသူပေါများနေမှာဖြစ်ပြီး ဒီရန်တွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။ အိမ်တွင်းရေးအနည်းငယ် ရှုပ်ထွေးနေပြီး အိမ်ရှိ အသက်ကြီးသူကျန်းမာရေး ဂရုစိုက်သင့်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းစတင်လိုသူများ အချိန်ကောင်းဖြစ်ပြီး အထည်အလိပ်လုပ်ငန်း အထူးကောင်းမွန်နေပါတယ်။ ပညာရေးအနေနဲ့ သင်တန်းများ စာမေးပွဲများမှာ ဂုဏ်ထူးနဲ့ ထူးချွန်စွာ အောင်မြင်မယ့် အချိန်ဖြစ်ပြီး မိမိအတွက် ပညာရေးလိုအပ်ချက်တွေကို ထောက်ပံ့မယ့်သူလည်း ပေါ်ပေါက်လာတတ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေလည်း ပေါ်လာတတ်ပြီး အိမ်အနားမှာ အပူသည်ရှိရင် အိမ်အနီးအနား ဘုရားတစ်ဆူကိုသွားပြီး ရေသပ္ပာယ်ပေးပါ။ အချစ်ရေး၊ အိမ်ထောင်ရေးကံကောင်းနေတဲ့ နေ့ရက်တစ်ရက်ပါပဲ။ ချစ်သူမရှိသေးသူများ ချစ်သူရလာနိုင်ပြီး စန်းပွင့်နေပါလိမ့်မယ်။ စနေ၊ အင်္ဂါသားသမီးတွေနဲ့ ချစ်သူဖြစ်ပါက တသက်တာ လက်တွဲဖြစ်ပါလိမ့်မယ်။ အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်ရဲ့ လုပ်ငန်းစီးပွားတိုးတက်နေမယ့် အချိန်ဖြစ်ပြီး ဝင်ငွေနဲ့ ထွက်ငွေလည်း မျှတနေပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ သွေးပေါင်ကျတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။

ယတြာ - ဘုရားတွင် ထန်းသီး ကပ်လှူပေးပါ။

LEO

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..