၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း ( ၂၄-၅-၂၀၂၀ ) မှ ( ၃၀-၅-၂၀၂၀) အထိ
lotaya.mpt.com.mm
|
2020-05-24

ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၂၄-၅-၂၀၂၀ ) မှ ( ၃၀-၅-၂၀၂၀) အထိဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေသားသမီး

စိတ်ကူးဉာဏ်ပေါ်သလောက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပါ အချိန်မဖြုန်းသင့်။ စွန့်စားလုပ်ကိုင်ရသော လုပ်ငန်းများကို မကြာခဏ လုပ်ကိုင်ရတတ်ပေသည်။ မည်သည့်လုပ်ငန်းကိုမဆို သစ္စာဆို တိုင်တည်ပြီး ရဲရဲဝံ့ဝံ့သာလုပ်ကိုင်ပါ။ ရည်ရွယ်ချက်ရှိသမျှ ရဲရဲလုပ်ပါ။ အောင်မြင်မှု ပန်းတိုင်သည် မိမိလက်တကမ်းသို့ ရောက်ရှိနေပါမည်။ စည်းကမ်းစနစ်တကျ လုပ်ကိုင်ရမည်။ ရေတွင်းရေကန် တူးဖော်လုပ်ငန်း၊ အလှပြင်၊ အလှကုန်ပစ္စည်းရောင်းဝယ်ဖြန့်ချိရေးလုပ်ငန်း၊ အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းတို့ အကျိုးပေး၏။ အပျိုလူပျိုများ အဆက်ဟောင်းများနှင့် ပြန်လည်ဆုံတွေ့ရခြင်း ချစ်သူထံမှ အမှတ်တရလက်ဆောင်တစ်ခု ကြီးကြီးမားမားရခြင်းရှိလိမ့်မည်။ တစ်ဦးနဲ့တစ်ဦး နားလည်မှု မျှဝေခံစားမှုများဖြင့် မယ်တစ်ထမ်း မောင်တစ်ရွက်ဖြင့် ရှေ့သွားနောက်လိုက်ညီခြင်း အိမ်ထောင်ရေးသုခ ခံစားရ သာယာနေမည်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး အိပ်ယာထဲ လဲနေသောသူများ နာတာရှည်ဖြစ်နေသူများ ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်။

ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် အုန်းညွန့် ဆောင်သွားပါ။

အကျိုးပေးဂဏန်း - (၃.၈.၆)

အကျိုးပေးအရောင် - ကြည်ပြာရောင်၊ အနီရောင်

အကျိုးပေးအရပ် - အရှေ့မြောက်

အကျိုးမပေးရှောင်ရန်အရပ် - အနောက်တောင်

ယတြာ - မိမိမွေးနံ တနင်္ဂနွေနံဘုရားထောင့်တွင် ကံကော်၊ပုလဲပန်း၊ အုန်းညွန့်နှင့် အုန်းသီးစိတ် ၆စိပ် ကပ်လှူ ဆုတောင်းပါ။

တနင်္လာသားသမီး

စီးပွားရေးနဲ့ပတ်သက်ပြီး အပြိုင်အဆိုင်တွေရှိမယ် သူလူကိုယ်ဘက်သာတွေရှိနေမယ် ငွေကြေးနဲ့ ပတ်သက်ပြီး အရှုံးတွေနဲရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ် ငွေကြေးလက်လွန်မှုတွေ ငွေမမြဲမှုတွေနဲ့လည်း ကြုံတွေ့ရတတ်ပါတယ်။ အုပ်ချုပ်ရေး ဥပဒေ ၊ အိမ်ခြံမြေ ၊ အကျိုးဆောင်အလုပ်နှင့် ပတ်သက်သူများ ဝင်ရှုပ်လာတတ်သည်။ ပညာရှိ၊ သူတော်ကောင်းပုဂ္ဂိုလ်များကို အမြဲဆည်းကပ်ပါ။ အကြံဉာဏ်များရယူပါ။

အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်သောကတွေ များရတတ်ပါတယ် မိမိချစ်သူရဲ့ သစ္စာမဲ့ခြင်း အထင်အမြင်သေးခြင်းများ ကြုံရတတ်ပါတယ်။ အချစ်ရေးအိမ်ထောင်ရေးတွင် တနင်္ဂနွေသားသမီးများ ၊ နာမည်မှာ (အိမ့်၊ အေး၊ အိ အောင်၊ ဦး) ပါတဲ့သူများ ဝင်ရှုပ်လာတတ်သည်။ ကျန်းမာရေး လည်ပင်း ၊ ရင်ခေါင်း ဝေဒနာများ သတိထားသင့်။

၂၀၂၀-ခု မေလ (၂၅)ရက် ၁၃၈၂ခု နယုန်လဆန်း (၄)ရက် တနင်္လာနေ့

နံနက်(၉း၅၄)နာရီလွန် ရှင်ပြု၊နားသ၊ စေ့စပ်၊ လက်ထက်၊ ဝိဝါဟမင်္ဂလာ ပရဟိတလုပ်ခြင်း၊ ဆေးဖော်၊ ဆေးခန်းဖွင့် ဆိုင်းဘုတ်တင်ခြင်း၊ အဝီစိတွင်းတူးခြင်း၊ ရေကြောင်း၊ ခရီသွားခြင်းကောင်း၏။

ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ခရေညွန့်ဆောင်သွားပါ။

အကျိုးပေးဂဏန်း - (၈.၅.၁)

အကျိုးပေးအရောင် - ပန်းရောင်၊ စိမ်းပြာရောင်

အကျိုးပေးအရပ် - အနောက်

အကျိုးမပေးရှောင်ရန်အရပ် - အရှေ့

ယတြာ - အိမ်ဘုရားမှ နံနက်(၉း၅၄)နာရီတွင် အဖြူရောင်ပန်းဝေဝေဆာဆာ၊ ခရေညွန့်၊ ငွေပန်းနှင့် ကောက်ညှင်းပေါင်းဆွမ်းကပ်လှူ ဆုတောင်းပါ။

အင်္ဂါသားသမီး

မိမိရည်မှန်းထားတာထက် ပိုမိုစုဆောင်းရအံ့ ငွေကြေးတိုးပွားနိုင်ပြီး မလိုအပ်သည့်နေရာများတွင် ငွေကြေးဖြုန်းတီးမိတတ်တာကိုတော့ သိထားသင့်။ ငွေကြေးကိစ္စများ ရဲရဲတင်းတင်း ဆောင်ရွက်သင့်ကာလဖြစ်၏။ သောကြာသားသမီးများကို့တော့ အထူးသတိထားပါ။ ပညာရေး အနှောက်အယှက် တွေ့ရအံ့။ သားသမီးများထံ ပညာရေး သတင်းကောင်းကြားရတတ်သည်။

အနုပညာလုပ်ငန်း၊ ထီလုပ်ငန်း၊ ကျောက်မျက်ရတနာများရောင်းဝယ်၊ ဖက်ရှင်ဒီဇိုင်းသစ်များ လုပ်ငန်းတို့ အကျိုးပေး၏။ အချစ်ရေးစကားပြောခြင်း ကောင်း၏။ အချစ်ရေး အချစ်ရေး ဖြောင့်ဖြူးပြီး ချစ်သူထံ အဖြေရခြင်းနှင့် လက်ဆောင်ပဏ္ဍာရလိမ့်မယ်။ အပျို၊ လူပျိုများ ဖြစ်ပါက မိမိ အားကိုးအားထားပြုရသော ဖူးစာရှင်ကိုတွေ့ရတတ်ပြီး ဘဝတိုးတက်မှုရှိနိုင်သည်။

အိမ်ထောင်ရေး အနည်းငယ်အထစ်ငေါ့ကြုံတွေ့မည်။ ယာယီသာဖြစ်ပြီး ပြန်လည်အဆင်ပြေလာမည်။ ကျန်းမာရေး သွားနှင့်ခံတွင်းရောဂါများသတိထားသင့်သည်။

ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ဇွန်ညွန့်ဆောင် သွားပါ။

အကျိုးပေးဂဏန်း - (၅.၂.ဝ)

အကျိုးပေးအရောင် - ကြက်သွေး၊ခရမ်းရောင်

အကျိုးပေးအရပ် - အရှေ့တောင်

အကျိုးမပေးရှောင်ရန်အရပ် - အနောက်မြောက်

ယတြာ - အိမ်ဘုရားမှ ဇွန်ပန်း၊ သစ္စာပန်းနှင့် ရွက်လှ (၈)ညွန့်စီ နှင့် ဇီးဖျော်ရည် ကပ်လှူ ဆုတောင်းပါ။

ဗုဒ္ဓဟူးသားသမီး

အပြိုင်အဆိုင်တွေများမယ် ငွေကြေးနဲ့ပတ်သက်ပြီး စကားတွေလိုတာထက်ပို၍ ပြောဆိုရတတ်ပါတယ် ဆုံရှုံးမှုတွေများမယ်။ လုပ်ငန်းခွင်၌ အဂါၤ ၊ စနေနေနံသားသမီးများ ဖျက်လိုဖျက်စီး အတိုက်အခံ ပြုခံရမည်။ ငွေကြေးနဲ့ပတ်သက်ပြီး အခက်အခဲတွေကြုံ တွေ့မယ် ဖြစ်ချင်တာတွေနဲ့ ဖြစ်လာတာတွေတစ်ခြားစီ ဖြစ်နေရတတ်ပါတယ်။ အရှေ့ကရှာ အနောက်ကထွက် ပလိုင်းပေါက်နဲ့ ဖားကောက်နေရသလိုပါပဲ။ အစုရှယ်ယာဝင်လုပ်ငန်း၊ ရတနာနှင့်အဝတ်အထည်အငှားလုပ်ငန်း၊ အိမ်ဆောက်ပစ္စည်းနှင့် ဖုန်းစက်ပစ္စည်း ရောင်းဝယ်လုပ်ငန်းတို့ အကျိုးပေး၏။ မိတ်ဆွေဖွဲ့ခြင်း၊ အလုပ်လျှောက်ခြင်း၊ တွေ့ဆုံးဆွေးနွေခြင်း အစုရှယ်ယာဝင်ခြင်း အချစ်ရေးစကားပြောခြင်းကောင်း၏။

အိမ်ထောင်ရေးနဲ့ ပက်သက်ပြီးစိတ်အနှောက်ယှက်တွေဖြစ်မယ် အိမ်၌ မနေချင်လို့ ထွက်သွားချင်စိတ်တွေဖြစ်ပေါ် နေပါမယ်။ ရပ်ရေးရွာရေး မိသားစု အိမ်တွင်းရေး ပီတိမင်္ဂလာ အလှူဒါန ကုသိုလ်ကောင်းမှု ပြုလုပ်ရမည်။ ချစ်ခြင်းနားလည်မှုနှင့်ပေးဆပ်မှုဖြစ်ပေါ်အံ့။ တစ်ပါးသူ၏ ပယောဂမကင်းသလို ဖျက်လိုဖျက်ဆီးပေါ်လာမယ်။ ကျန်းမာရေး ထွေထွေထူးထူး မရှိပါ။

ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် လက်ဖက်ညွန့်ဆောင် သွားပါ။

အကျိုးပေးဂဏန်း - (၇.၄.၃)

အကျိုးပေးအရောင် - အစိမ်း၊အဖြူရောင်

အကျိုးပေးအရပ် - တောင်

အကျိုးမပေးရှောင်ရန်အရပ် - မြောက်

ယတြာ - မိမိမွေ့နံနေ့ ဗုဒ္ဓဟူးနံဘုရားတွင် မေမြို့ပန်း၊ သစ်ခွပန်း၊ လက်ဖက်ညွန့်နှင့် လိမ္မော်ရည် ကပ်လှူ ဆုတောင်းပါ။

ကြာသပတေးသားသမီး

အသက်မွေးဝမ်းကြောင်းအတွက် ဘဝရပ်တည် ရေးအတွက် ဦးစားပေး လုပ်ကိုင်ရတတ်သည်။ ငွေကြေးအပေးအယူ သတိနှင့်ဆောင်ရွက်ပါ။ အခင်မင်ရဆုံးသူ၊ အားထားရဆုံးသူ၊အယုံကြည်ရဆုံးသူနှင့် မုန်းရတတ်သည်။ အထူးသဖြင့် စနေသားသမီးများကြောင့် စိတ်သောကတွေ ကျရောက်ရတတ်ပါတယ်။ ပညာရေး အကြီးအကဲများ ပညာရေးဝန်ထမ်းများ လစာတိုးခြင်းနှင့် အပြောင်းအရွှေ့ပေါ်မည်။ အချစ်ရေးတွင် ပျော်ရွှင်ရမည်။ အိမ်ထောင်ရေး အထူးသတိထားဖို့တော့လိုပါလိမ့်မယ်။ အချစ်ရေးတွင် မိမိကိုစိတ်ဝင်စား ချစ်ကြိုက်နေသူများ အများအပြားပေါ်လာပြီး ဝိုင်းဝိုင်းလည်နေမည်။ အလွန်အမင်း စိတ်လှုပ်ရှား ရင်ခုန်နေရအံ့ စိတ်ကောက်လိုက် ပြန်တည့်လိုက်ဖြင့် ကြည်နူးစရာများဖြစ်နေမည်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဒီကာလမှာအထူးကောင်းမွန်ပါတယ်။ အိမ်၌ ခြေနစ်ချောင်းအဝင်မခံပါနှင့်။ ၂၀၂၀-ခု မေလ (၂၈)ရက် ၁၃၈၂ခု နယုန်လဆန်း (၈)ရက် ကြာသပတေးနေ့ ရှင်ပြု၊နားသ၊ စေ့စပ်၊ လက်ထက်၊ ဝိဝါဟမင်္ဂလာ၊ ထီထိုး၊ တိုင်ထူ၊ အိမ်ပြောင်း၊အိမ်သစ်တက်၊ အလှပြင်ဆိုင်ဖွင့်ခြင်းကောင်း၏။

ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ဘုရား ရွှေပန်းလှူပြီး သွားပါ။

အကျိုးပေးဂဏန်း - (၄.၃.၉)

အကျိုးပေးအရောင် - အပြာနုရောင်၊အဝါရောင်

အကျိုးပေးအရပ် - မြောက်

အကျိုးမပေးရှောင်ရန်အရပ် - တောင်

ယတြာ - မိမိနေ့နံထောင့်တွင် အနောက်အရပ်မျက်နှာမူကာ အုန်း၊ဇီး၊မြေပဲ ယိုများကပ်လှူ ပါ။

သောကြာသားသမီး

ဘာသာရေးနှင့်လူမှုရေး ကဏ္ဍများအတွက် အချိန်ကုန်နေတတ်သည်။ မမျှော်လင့်တဲ့ဆီက ငွေတွေဝင်လာတတ်သည်။ အလွန်ကောင်းတဲ့သတင်းတစ်ခုကြားရမည်။ လူချစ်လူခင်ပေါများမည်။ ရာထူးတွေလည် တိုးကိန်းရှိပြီး ပညာရေးကံ တအားကောင်း၍ ပညာရေးနှင့် ပတ်သက်ပြီး အကူအညီကောင်း အဆက်အသွယ်ကောင်းများ အကြံကောင်း ရရှိမယ်။ ရေလုပ်ငန်း၊ ခွဲစိတ်ကုသမှုပစ္စည်းအရောင်းအဝယ်၊ စက်ပစ္စည်းနှင့် အိမ်ခြံမြေရောင်းဝယ်ခြင်းတို့ အကျိုးပေး၏။ ရွှေလက်ကောက်၊ လက်စွပ်၊ ရင်ထိုး၊ ဥစ္စာပစ္စည်းပျောက်မည်။ အခိုးခံရခြင်းနှင့် လုယက်မှုကြုံတတ်။ စက်ပစ္စည်း အသစ်ဝင်ခြင်းနှင့် ဆွေမျိုးအသိုင်းအဝိုင်း အဖိုးတန်ပစ္စည်းရမယ်။ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မိမိရဲ့ အိမ်ထောင်ရေးမှာ ကြားလူသွေးထိုးခြင်းကို ရင်ဆိုင်ရတတ်ပါတယ်။ အိမ်တွင်းရေး အရှုပ်အထွေး ပဋိပက္ခများတတ်သည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးကိစ္စအတွက် ငွေကြေးကုန်ကျများမည်။ အိမ်ထောင်ရေး အထူးသတိထားသင့်ပါတယ်။

ကျန်းမာရေး အတွက်ကတော့ စိတ်ပူစရာမလိုသလို မိမိဖြစ်ပေါ်နေတဲ့ရောဂါရှိရင်လဲ သမားတော်နဲ့ ပြသ အကြံဉာဏ်တောင်းပါ။ ၂၀၂၀-ခု မေလ (၂၉)ရက် ၁၃၈၂ခု နယုန်လဆန်း (၈)ရက် သောကြာနေ့ ဘုရားအနေကဇာတင်၊ စေ့စပ်၊ လက်ထပ်၊ ညစက်(၈)နာရီအတွင်း ဝိဝါဟမင်္ဂလာ၊ နာမည်မှည့်၊ ခွဲစိတ်ကုသခံယူခြင်း၊ ငွေကြေးချေးငှားခြင်း ရေကြောင်း၊ လေကြောင်းခရီးသွားခြင်းတို့ကောင်း၏။

ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ကံ့ကော်၊ သရက်ညွန့်ဆောင် သွားပါ။

အကျိုးပေးဂဏန်း - (၉.၂.၇)

အကျိုးပေးအရောင် - ငွေ၊ မီးခိုးရောင်

အကျိုးပေးအရပ် - အရှေ့

အကျိုးမပေးရှောင်ရန်အရပ် - အနောက်

ယတြာ - မိမိမွေးနေ့နံ သောကြာနံဘုရားတွင် ကံ့ကော်၊ သက်ကယ်ညွန့်နှင့် သရက်သီး ၆လုံး ကပ်လှူ ဆုတောင်းပါ။

စနသေားသမီး

အလှူတန်းကုသိုလ် ကောင်းမှုများလည်း အောင်မြင်ပါလိမ့်မည်။ ငွေကြေးအရင်းအနှီး စိုက်ထုတ်ရခြင်းများရှိမည်။ မနိုင်ဝန်ကို မထမ်းပါနှင့်။ ဝန်ထမ်းလောကဆို ရာထူးအရာခံ၊ အကြီးအကဲ ခေါင်းဆောင်နေရာ တာဝန်ထမ်းဆောင်ရတတ်၏။ အိမ်ခြံမြေရောင်းဝယ်၊ စက်သုံးဆီရောင်းဝယ်၊ တိရိစ္ဆာန်ရောင်းဝယ်လုပ်ငန်း၊ ကြော်ငြာလုပ်ငန်းလုပ်ငန်းတို့ အကျိုးပေး၏။ အိမ်အသုံးဝင် ပရိဘောဂ အဖိုးတန်နဲ့ ရွေနှင့် ရတနာပစ္စည်းများဝင်လာတက်၏။

အိမ်ထောင်ရေး၊ အချစ်ရေးမှာ ကံကောင်းထားသော်လည်း ငယ်ချစ်ဟောင်းများနှင့် ပြန်တွေ့ရပြီး စိတ်နှစ်ခွနှင့် စိုးရိမ်ပူပန်မှုများ အပူသောကကြုံတွေ့ရတတ်သည်။ ဆရာသမားအထက်လူကြီး ပုဂ္ဂိုလ်မျိုးထံ အကူညီရရှိမယ်။ အထူးသဖြင့် ရေကြောင်း၊ လေကြောင်းရာထူးကြီး နိုင်ငံရပ်ခြားပြည်ပလုပ်ကိုင်နေသူများ မိမိအိမ်ထောင်ရေးသတိထားရမယ်။ တစ်ပါးသူဝင်ရောက်စွက်ဖက် အိမ်ထောင်ရေး ဒုက္ခပေးတတ်တယ်။ ကျန်းမာရေးကို သတိပြုပါ။ ဆေးစားမှားခြင်း၊ ဆေးကုသရာတွင် အနာတခြား ဆေးတခြား ဖြစ်တတ်သည်။

ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် တောင်အရပ်တွင် ဖန်ခွက်ရေတစ်ခွက်ကပ်လှူပြီးသွားပါ။

အကျိုးပေးဂဏန်း - (၆.၃.၄)

အကျိုးပေးအရောင် - လိမ္မော်၊ ပန်းရောင်၊

အကျိုးပေးအရပ် - အနောက်တောင်

အကျိုးမပေးရှောင်ရန်အရပ် - အရှေ့မြောက်

ယတြာ - အိမ်ဘုရားမှာ ကြေးဖလားဖြင့် ရေတော်တစ်ခွက်နှင့် နာနတ်သီး ကပ်လှူ ဆုတောင်းပါ။

ရာဟုသားသမီး

မမျှော်လင့်ဘဲ ရုတ်တရက် ငွေတွေဝင်လာတတ်သည်။ ငွေလည်း စုဆောင်းမိနိုင်မယ်။

အရင်က ကိုယ်နဲ့ မသင့်မြတ်သူတွေနဲ့ပြန်ပြီး သင့်မြတ်တတ်သည်။ ပစ္စည်းသစ်တွေ အဝတ်အစားသစ်တွေလည်း ဝင်လာလိမ့်မယ်။ အိမ်ထောင်ရေးသာယာပါမည်။ မိသားစုပျော်ရွှင်စွာ ဘုရားဖူးသွားရလိမ့်မည်။ မိမိအိမ်မှာ ဆွေမျိုးအသိုင်းဝိုင်းများ ရောက်လာတတ်သည်။ လူအဝင်အထွက်များမည်။ ဗုဒ္ဓဟူးသားသမီး "ယ,လ,ဝ" ထိုအက္ခရာနာမည်ရှင်များ အထူးသတိထားပါ။ မိမိမျှော်လင့်ထားသော စကားများ ကောင်းသတင်းများ ကြားရမယ်။ လူပျို အပျိုကြီးတွေစန်းပွင့်ပြီး ရင်ခုန်စရာ ကြုံလာတတ်ပါသည်။ ငယ်ရွယ်သူများ အချစ်ရေးမှာ အေးတိအေးစက်ဖြစ်နေသဖြင့် စိတ်အလိုမကျဖြစ်နေမည်။ ကျန်းမားရေး ဒူး၊ ခါး ဂရုစိုက်ရတတ်လို့ ဆေးဝါး မှား သောက်သုံးခြင်း သတိပြုပါ။

ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် လက်ဖက်ညွန့်ဆောင် သွားပါ။

အကျိုးပေးဂဏန်း - (၄.၃.၇)

အကျိုးပေးအရောင် - အစိမ်း၊အဖြူ ရောင်

အကျိုးပေးအရပ် - တောင်

အကျိုးမပေးရှောင်ရန်အရပ် - မြောက်

ယတြာ - မယ်သီလရှင် တစ်ပါးကို ဖျော်ရည်နှင့်ဆန် တတ်နိုင်သမျှ ဒါနပြုပါ။

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..